Voice Of Myanmar (VOM) မှ အေအေအဖွဲ့ ပြန်ကြားရေး တာဝန်ခံနှင့် ဆက်သွယ်မေးမြန်းချက်ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တိုင်ကြားခြင်းကို ဖြေရှင်းချက်

Voice Of Myanmar (VOM) မှ အေအေအဖွဲ့ ပြန်ကြားရေး တာဝန်ခံနှင့် ဆက်သွယ်မေးမြန်းချက်ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တိုင်ကြားခြင်းကို ဖြေရှင်းချက်
ရက်စွဲ ။ ။ ၂၅၊ ၆၊ ၂၀၂၀

မတ်လ (၂၇) ရက်၊ ၂၀၂၀ ခုနှစ်တွင် VOM က တင်ဆက်ခဲ့သည့် ” ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားပြီ” ခေါင်းစဉ်နှင့် ရေးသားခဲ့သော အေအေအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့် အင်တာဗျူးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေရန်၊ မိမိတို့ သတင်းမီဒီယာကျင့်ဝတ်များအရ နိုင်ငံသားတိုင်း သိပိုင်ခွင့်ရှိသည့် သတင်းအချက်အလက်ကို ဖြည့်ဆည်းပေးခြင်း သက်သက် ဖြစ်ပါသည်။

အဆိုပါ အင်တာဗျူးကို တင်ဆက်ခဲ့ခြင်းကြောင့် VOM ၏ တာဝန်ရှိသူ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို မှုခင်းရဲတပ်ဖွဲ့မှ ၁၀ ရက်ကြာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊ တည်ဆဲဥပဒေများနှင့် ငြိစွန်းခြင်း မရှိသောကြောင့် ပြန်လည်လွှတ်ပေးခဲ့ပါသည်။

ထို့နောက် သတင်းမီဒီယာ ဥပဒေ ၉ (ဇ) အရ အရေးယူပေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ ထပ်မံတိုင်ကြားချက်ကို ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် မီဒီယာ ကောင်စီကော်မတီဝင် လူကြီးများ ရှေ့မှောက်တွင် ရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်။

အေအေအဖွဲ့မှ ခိုင်သုခကို VOM အနေဖြင့် လူချင်းရင်းနှီးမှု မရှိသလို သတင်းကိစ္စမှလွဲ၍ အခြား မည်သည့်ကိစ္စကိုမျှ မဆက်သွယ်ဖူးပါ။ ၎င်းနှင့် လူမှုရေး ရင်းနှီးမှုလည်း မရှိသလို အပြင်လောကတွင်လည်း တွေ့ဆုံခဲ့ဖူးခြင်း မရှိပါ။

ယခုလို အင်တာဗျူး တင်ဆက်ခြင်းသည်လည်း ငြိမ်းချမ်းရေးအတွက် လိုအပ်သဖြင့် သတင်းမီဒီယာ ကျင့်ဝတ် ၉.၄ အရ၊ အင်တာဗျူး ဖြေဆိုသူ၏ သဘောထား ရပ်တည်ချက်ကို မေးမြန်းခြင်းသာ ဖြစ်ပါသည်။ ၎င်း၏ ဖြေဆိုချက်ကို မမှန်မကန် ပုံဖျက် ဖော်ပြခြင်းမျိုးလည်း မရှိခဲ့ပါ။ ပြည်ထောင်စုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရန် ရည်ရွယ်ခြင်းမျိုးလည်း တလုံးတပါဒမျှ မပါရှိသလို၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုလည်း ထိပါးစေလိုခြင်းမျိုး လုံးဝ မရှိခဲ့ပါ။ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ရရှိရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တင်ဆက်ခဲ့ခြင်း သက်သက်သာ ဖြစ်ပါသည်။

ဤအင်တာဗျူးနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း၊ သတင်းမီဒီယာကောင်စီတွင် တိုင်ကြားခြင်းသည်လည်း နားလည်မှု လွဲမှားသည်ဟု ထင်မြင်ယူဆပါသည်။ ဤကဲ့သို့ အနက်အဓိပ္ပါယ် အကောက်လွဲစေနိုင်သော စကားလုံးများ ပါရှိသည် ဆိုပါကလည်း များစွာ စိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြအပ်ပါသည်။

အယ်ဒီတာအဖွဲ့
Voice of Myanmar (VOM)

…………………………………..

Voice Of Myanmar (VOM) မွ ေအေအအဖြဲ႔ ျပန္ၾကားေရး တာဝန္ခံႏွင့္ ဆက္သြယ္ေမးျမန္းခ်က္ေၾကာင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔မွ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ တိုင္ၾကားျခင္းကို ေျဖရွင္းခ်က္

ရက္စြဲ ။              ။ ၂၅၊ ၆၊ ၂၀၂၀

 

မတ္လ (၂၇) ရက္၊ ၂၀၂၀ ခုႏွစ္တြင္ VOM က တင္ဆက္ခဲ့သည့္ ” ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ရပ္တန္႔သြားျပီ” ေခါင္းစဥ္ႏွင့္ ေရးသားခဲ့ေသာ ေအေအအဖြဲ႔မွ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခႏွင့္ အင္တာဗ်ဴးသည္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို အေထာက္အကူ ျဖစ္ေစရန္၊ မိမိတို႔ သတင္းမီဒီယာက်င့္ဝတ္မ်ားအရ ႏ္ိုင္ငံသားတိုင္း သိပိုင္ခြင့္ရွိသည့္ သတင္းအခ်က္အလက္ကို ျဖည့္ဆည္းေပးျခင္း သက္သက္ ျဖစ္ပါသည္။

အဆိုပါ အင္တာဗ်ဴးကို တင္ဆက္ခဲ့ျခင္းေၾကာင့္ VOM ၏ တာဝန္ရွိသူ အယ္ဒီတာခ်ဳပ္ ကိုေနမ်ိဳးလင္းကို မႈခင္းရဲတပ္ဖြဲ႔မွ ၁၀ ရက္ၾကာ ဖမ္းဆီးစစ္ေဆးခဲ့ျပီး၊ တည္ဆဲဥပေဒမ်ားႏွင့္ ျငိစြန္းျခင္း မရွိေသာေၾကာင့္ ျပန္လည္လႊတ္ေပးခဲ့ပါသည္။

ထို႔ေနာက္ သတင္းမီဒီယာ ဥပေဒ ၉ (ဇ) အရ အေရးယူေပးရန္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔မွ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီထံ ထပ္မံတိုင္ၾကားခ်က္ကို ယေန႔ ဇြန္လ ၂၅ ရက္ေန႔တြင္ မီဒီယာ ေကာင္စီေကာ္မတီဝင္ လူၾကီးမ်ား ေရွ႔ေမွာက္တြင္ ရွင္းလင္းခဲ့ျပီး ျဖစ္ပါသည္။

ေအေအအဖြဲ႔မွ ခိုင္သုခကို VOM အေနျဖင့္ လူခ်င္းရင္းႏွီးမႈ မရွိသလို သတင္းကိစၥမွလြဲ၍ အျခား မည္သည့္ကိစၥကိုမွ် မဆက္သြယ္ဖူးပါ။ ၄င္းႏွင့္ လူမႈေရး ရင္းႏွီးမႈလည္း မရွိသလို အျပင္ေလာကတြင္လည္း ေတြ႔ဆံုခ့ဲဖူးျခင္း မရွိပါ။

ယခုလို အင္တာဗ်ဴး တင္ဆက္ျခင္းသည္လည္း ျငိမ္းခ်မ္းေရးအတြက္ လိုအပ္သျဖင့္ သတင္းမီဒီယာ က်င့္ဝတ္ ၉.၄ အရ၊ အင္တာဗ်ဴး ေျဖဆိုသူ၏ သေဘာထား ရပ္တည္ခ်က္ကို ေမးျမန္းျခင္းသာ ျဖစ္ပါသည္။ ၄င္း၏ ေျဖဆိုခ်က္ကို မမွန္မကန္ ပံုဖ်က္ ေဖာ္ျပျခင္းမ်ိဳးလည္း မရွိခဲ့ပါ။ ျပည္ေထာင္စုႏွင့္ တိုင္းရင္းသား စည္းလံုးညီညြတ္ေရးကို ျပိဳကြဲေစရန္ ရည္ရြယ္ျခင္းမ်ိဳးလည္း တလံုးတပါဒမွ် မပါရွိသလို၊ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကိုလည္း ထိပါးေစလိုျခင္းမ်ိဳး လံုးဝ မရွိခဲ့ပါ။ တိုင္းရင္းသား စည္းလံုးညီညႊတ္မႈ ရရွိေရးႏွင့္ ျပည္တြင္းျငိမ္းခ်မ္းေရးအတြက္ တင္ဆက္ခဲ့ျခင္း သက္သက္သာ ျဖစ္ပါသည္။

ဤအင္တာဗ်ဴးႏွင့္ ပတ္သက္၍ တရားစြဲဆိုျခင္း၊ သတင္းမီဒီယာေကာင္စီတြင္ တိုင္ၾကားျခင္းသည္လည္း နားလည္မႈ လြဲမွားသည္ဟု ထင္ျမင္ယူဆပါသည္။ ဤကဲ့သို႔ အနက္အဓိပၸါယ္ အေကာက္လြဲေစႏိုင္ေသာ စကားလံုးမ်ား ပါရွိသည္ ဆိုပါကလည္း မ်ားစြာ စိတ္မေကာင္းျဖစ္မိေၾကာင္း ေဖာ္ျပအပ္ပါသည္။

 

အယ္ဒီတာအဖြဲ႔

Voice of Myanmar (VOM)

Related posts

Leave a Comment

VOM News

FREE
VIEW