ကိုဗစ်ကာလ မလေးရှားနိုင်ငံမှာ တရားမဝင်လုပ်သားဖမ်းဆီးမှု မြင့်တက်

ကိုဗစ်ကာလ မလေးရှားနိုင်ငံမှာ တရားမဝင်လုပ်သားဖမ်းဆီးမှု မြင့်တက် ရန်ကုန်၊ ဇူလိုင် ၄-၂၀၂၀ သိင်္ဂီ (VOM) မလေးရှားနိုင်ငံမှာ ကိုဗစ်ကာလအတွင်း တရားမဝင်လုပ်သားဖမ်းဆီးမှုဟာ မြင့်တက်လာနေတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအုပ် ဦးနိုင်မင်းကပြောပါတယ်။ “တရားမဝင်လုပ်သားဖမ်းဆီးမှုက ခုကိုဗစ်ကာလမှာ နည်းနည်းပိုမြင့်လာတဲ့ အနေအထားရှိပါတယ်။ မြန်မာနိုင်ငံသားကိုပဲ ရွေးဖမ်းတာတော့မဟုတ်ဘူး၊ တခြားနိုင်ငံသားတွေရောပါတယ် တရားမဝင်နိုင်ငံသားတွေ အကုန်ပါတယ်။ သူတို့ထိန်းသိမ်းခံရရင် လ.ဝ.က ထိန်းသိန်းရေးစခန်းတွေကို ရောက်တယ်။ အဲ့ကနေဆက်သွယ်ရင် သွားစိစစ်ပြိးတော့ ကျတော်တို့က သူတို့ပြန်ဖို့အတွက်ကို ဆောင်ရွက်ပေးတယ်။” လို့ ဦးနိုင်မင်းကပြောပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလမှာ တရားမဝင်မြန်မာလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ပြီး နေထိုင် စားသောက်ရေး အဆင်မပြေတဲ့အပြင် နေရပ်ပြန်ဖို့ပါ မဖြစ်နိုင်တဲ့အခြေအနေတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသူ ၈ ဦးရှိခဲ့ပါတယ်။ ဒါကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ဆက်နေထိုင်ဖို့ အဆင်မပြေတော့တဲ့ တရားမဝင်လုပ်သား ၅၀၀၀ ကျော်ဟာ နေရပ်ကို အစိုးရအစီအစဉ်နဲ့ပြန်ခွင့်ရဖို့ စာရင်းပေးထားတယ်လို့သိရပါတယ်။ လက်ရှိမှာတော့…

Read More

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၁) သန်းကျော်ရှိလာ

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၁) သန်းကျော်ရှိလာ ဝါရှင်တန်၊ ဇူလိုင်-၄-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ဇွန် ၃ ရက်နေ့အထိ ၁၁ သန်းကျော်ရှိသွားပြီဖြစ်ပြီး (၇)လအတွင်းမှာ သေဆုံးသူ သန်းတစ်ဝက်ကျော်ရှိနေပါတယ်။ ဒီအရေအတွက်ဟာ နှစ်စဉ်နှစ်တိုင်း ပြင်းထန်းတုပ်ကွေးရောဂါဖြစ်ပွားမှုထက် နှစ်ဆပိုများနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဗိုင်းရပ်စ်ကာကွယ်ဆေးရရှိဖို့ တစ်နှစ်ကျော်ကြာမှာဖြစ်တဲ့အတွက် လုပ်ငန်းခွင်နဲ့ လူမှုဆိုင်ရာ အပြောင်းအလဲ တွေပြုလုပ်နေစဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နည်းပါးသွားတဲ့နေရာတွေမှာ ဖြေလျှော့မှုတွေကို နိုင်ငံအများပြားက လုပ်ဆောင်နေကြပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ဇူလိုင် ၂ ရက်နေ့မှာ ကူးစက်ခံရသူ ၅၅၄၀၀ ဦးအထိ စံချိန်တင်ခဲ့ပြီး ကူးစက်မှုတွေ မြင့်တင်လာတာကြောင့် စီးပွားရေးလုပ်ငန်းတွေပြန်ဖွင့်ဖို့ စီစဉ်ထားတာတွေကို ပြည်နယ်အစိုးရအချို့က ဆိုင်းငံ့လိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု လေးပုံတစ်ပုံဟာ အမေရိကန်မှာဖြစ်ပြီး သေဆုံး ၁၂၉၀၀၀ ဦးထိရှိနေပါတယ်။ လက်တင်အမေရိကနိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာတော့…

Read More

ပုသိမ်တွင် ထိုင်းနိုင်ငံကပြန်လာသူ Quarantine စင်တာမှာ ကြိုးဆွဲချသေဆုံး

ပုသိမ်တွင် ထိုင်းနိုင်ငံကပြန်လာသူ Quarantine စင်တာမှာ ကြိုးဆွဲချသေဆုံး ပုသိမ် ၊ ဇူလိူင် ၄-၂၀၂၀ ကိုအောင်(VOM) ပုသိမ်မြို့က နိုင်ငံခြားပြန်တွေကို ကွာရန်တင်းထားရှိတဲ့ အမှတ်၁၃ရပ်ကွက်က ဧရာဝတီတိုင်းသမဝါယမသင်တန်းကျောင်းမှာ ထိုင်းနိုင်ငံကနေပြန်လာသူတစ်ဦးဟာ မနေ့ဇူလိုင် ၃ ရက် ည၁၂နာရီ၃၀အချိန်က ကြိုးဆွဲချသေဆုံးခဲ့တယ်လို့သိရပါတယ်။ သေဆုံးသူဟာ ဇွန်လ ၂၅ရက်နေ့က ထိုင်းနိုင်ငံကနေပြန်လာပြီး တိုင်းသမဝါယမသင်တန်းကျောင်းမှာ ကွာရန်တင်းဝင်ရောက်နေတဲ့ အသက်၂၇နစ်အရွယ် နေထက်လင်းဆိုသူဖြစ်ပြီး မြန်အောင်မြို့နယ်မှာ နေထိုင်သူလို့ သိရပါတယ်။ “ မနေ့ကညက သူနေထိုင်တဲ့အဆောင်က အိမ်သာထုတ်တန်းမှာ ပလစ်စတစ်ကြိုးနဲ့ချည်ပြီး ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်ပြီး အိမ်သာကပလစ်စတစ်ရေပုံးကိုခုပြီး ခုလိုသတ်သေခဲ့တာ”လို့ သွားရောက်စစ်ဆေးခဲ့တဲ့ ပုသိမ်မြို့မရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးကပြောပါတယ်။ သေဆုံးသူဟာ ကွာရန်တင်းစတင်ဝင်နေစဉ်ကထဲက တစ်ဦးထဲ သီးသန့်နေထိုင်တတ်သူဖြစ်ပြီး နေ့စဉ်ငေးငိုင်နေတာကိုတွေ့ရှိရကာ ခုလို ကြိုးဆွဲချသေဆုံးတဲ့ အခြေအနေကို သူ့ရဲ့အခန်းဖော်ဖြစ်သူပြောပြမှ သိရှိခဲ့ရတာလို့ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေတဲ့ ပုသိမ်ခရိုင်ကြက်ခြေနီဒုခရိုင်တပ်ဖွဲ့မှုး ဦးထွန်းထွန်းဝင်းကပြောပါတယ်။ လက်ရှိမှာတော့ သေဆုံးသူရဲ့အလောင်းကို ပုသိမ်ဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးနေတဟ်လို့သိရပြီး…

Read More

ပါကစ္စတန်မှာ မီးရထားနဲ့ကားတိုက်မိမှုကြောင့် လူ ၂၁ ဦးသေဆုံး

ပါကစ္စတန်မှာ မီးရထားနဲ့ကားတိုက်မိမှုကြောင့် လူ ၂၁ ဦးသေဆုံး အစ္စလာမ္မာဘတ်၊ ဇူလိုင်-၄-၂၀၂၀ မျိုးဆက် (VOM) ပါကစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဆစ်ခ်ဘုရားဖူးတွေကိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးနဲ့ ရထားတိုက်မိပြီး လူ ၂၁ ဦးထက်မနည်း သေဆုံးသွားပါတယ်။ ဗင်ကားကိုတိုက်မိခဲ့တဲ့ရထားဟာ ကာရချိ-လာဟိုးကို ပြေးဆွဲနေတာဖြစ်ပြီး ပန်ချပ်ပြည်နယ်ရှိ ရှိတ်ဟူပူရာလမ်းပိုင်းမှာ မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ မိသားစုတစ်ခုတည်းကဖြစ်ပြီး ဘာသာရေးအထင်ကရနေရာတစ်ခုဖြစ်တဲ့ နန်ကာနာကနေ နေအိမ်ကိုပြန်တဲ့လမ်းမှာ မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ကာ အခြားလူ ၁၀ ဦးလည်း ဒါဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးဒါဏ်ရာရသူတွေထဲမှာ မီးရထားပေါ်မှ ခရီးသည်တွေ မပါဝင်ပါဘူး။ ဒီဖြစ်စဉ်ဟာ လူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့ နောက်ဆုံးမတော်တဆမှုတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာလည်း ကရာချိ-ရာဝယ်ပင်ဒီကိုပြေးဆွဲနေတဲ့ ရထားတစ်စင်း မီးလောင်တာကြောင့် လူ ၇၀ ကျော်သေဆုံးခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်အတွင်း မီးရထားမတော်တဆမှု ၁၀၀ ကျော်ထိ ဖြစ်ပွားခဲ့ပါတယ်။ Ref : BBC Photo:AFP #voiceofmyanmar #VOM…

Read More
VOM News

FREE
VIEW