ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၁) သန်းကျော်ရှိလာ

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၁) သန်းကျော်ရှိလာ

ဝါရှင်တန်၊ ဇူလိုင်-၄-၂၀၂၀
မျိုးဆက် (VOM)

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ဇွန် ၃ ရက်နေ့အထိ ၁၁ သန်းကျော်ရှိသွားပြီဖြစ်ပြီး (၇)လအတွင်းမှာ သေဆုံးသူ သန်းတစ်ဝက်ကျော်ရှိနေပါတယ်။

ဒီအရေအတွက်ဟာ နှစ်စဉ်နှစ်တိုင်း ပြင်းထန်းတုပ်ကွေးရောဂါဖြစ်ပွားမှုထက် နှစ်ဆပိုများနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ဗိုင်းရပ်စ်ကာကွယ်ဆေးရရှိဖို့ တစ်နှစ်ကျော်ကြာမှာဖြစ်တဲ့အတွက် လုပ်ငန်းခွင်နဲ့ လူမှုဆိုင်ရာ အပြောင်းအလဲ တွေပြုလုပ်နေစဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နည်းပါးသွားတဲ့နေရာတွေမှာ ဖြေလျှော့မှုတွေကို နိုင်ငံအများပြားက လုပ်ဆောင်နေကြပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ဇူလိုင် ၂ ရက်နေ့မှာ ကူးစက်ခံရသူ ၅၅၄၀၀ ဦးအထိ စံချိန်တင်ခဲ့ပြီး ကူးစက်မှုတွေ မြင့်တင်လာတာကြောင့် စီးပွားရေးလုပ်ငန်းတွေပြန်ဖွင့်ဖို့ စီစဉ်ထားတာတွေကို ပြည်နယ်အစိုးရအချို့က ဆိုင်းငံ့လိုက်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု လေးပုံတစ်ပုံဟာ အမေရိကန်မှာဖြစ်ပြီး သေဆုံး ၁၂၉၀၀၀ ဦးထိရှိနေပါတယ်။ လက်တင်အမေရိကနိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာတော့ ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းရှိပြီး ကမ္ဘာလုံးဆိုင်ရာကူးစက်မှုရဲ့ ၂၃ ရာခိုင်နူန်းရှိပါတယ်။

အိန္ဒိယနိုင်ငံကတော့ အာရှမှာ ကူးစက်မှုရဲ့ ဗဟိုချက်ဖြစ်ပြီး ၆၂၅၀၀၀ ဦးအထိ ကူးစက်ခံနေရပါတယ်။ အာရှဒေသဟာ ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှုရဲ့ ၁၂ ရာခိုင်နှုန်းရှိပြီး အရှေ့အလယ်ပိုင်းဒေသမှာတော့ ၉ ရာခိုင်နှုန်းထိရှိနေပါတယ်။

Ref : CNA
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

ကမၻာတစ္၀န္းမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ (၁၁) သန္းေက်ာ္ရိွလာ

၀ါရွင္တန္၊ ဇူလိုင္-၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ကမၻာတစ္၀န္းမွာ ကုိရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဟာ ဇြန္ ၃ ရက္ေန႔အထိ ၁၁ သန္းေက်ာ္ရိွသြားျပီျဖစ္ျပီး (၇)လအတြင္းမွာ ေသဆံုးသူ သန္းတစ္၀က္ေက်ာ္ရိွေနပါတယ္။

ဒီအေရအတြက္ဟာ နွစ္စဥ္နွစ္တိုင္း ျပင္းထန္းတုပ္ေကြးေရာဂါျဖစ္ပြားမႈထက္ နွစ္ဆပိုမ်ားေနတယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႕က ေျပာပါတယ္။

ဗိုင္းရပ္စ္ကာကြယ္ေဆးရရိွဖို႔ တစ္နွစ္ေက်ာ္ၾကာမွာျဖစ္တဲ႔အတြက္ လုပ္ငန္းခြင္နဲ႔ လူမႈဆိုင္ရာ အေျပာင္းအလဲ ေတြျပဳလုပ္ေနစဥ္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ နည္းပါးသြားတဲ႔ေနရာေတြမွာ ေျဖေလွ်ာ႔မႈေတြကို နိုင္ငံအမ်ားျပားက လုပ္ေဆာင္ေနၾကပါတယ္။

အေမရိကန္္နိုင္ငံမွာေတာ႔ ဇူလိုင္ ၂ ရက္ေန႔မွာ ကူးစက္ခံရသူ ၅၅၄၀၀ ဦးအထိ စံခ်ိန္တင္ခဲ႔ျပီး ကူးစက္မႈေတြ ျမင္႔တင္လာတာေၾကာင္႔ စီးပြားေရးလုပ္ငန္းေတြျပန္ဖြင္႔ဖို႔ စီစဥ္ထားတာေတြကို ျပည္နယ္အစိုးရအခ်ိဳ႕က ဆိုင္းငံ့လိုက္ပါတယ္။

ကမၻာတစ္၀န္းမွာ ဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးမႈ ေလးပံုတစ္ပံုဟာ အေမရိကန္မွာျဖစ္ျပီး ေသဆံုး ၁၂၉၀၀၀ ဦးထိရိွေနပါတယ္။ လက္တင္အေမရိကနိုင္ငံျဖစ္တဲ႔ ဘရာဇီးနိုင္ငံမွာေတာ႔ ကူးစက္ခံရသူ ၁ ဒသမ ၅ သန္းရိွျပီး ကမၻာလံုးဆိုင္ရာကူးစက္မႈရဲ႕ ၂၃ ရာခိုင္ႏူန္းရိွပါတယ္။

အိႏၵိယနုိင္ငံကေတာ႔ အာရွမွာ ကူးစက္မႈရဲ႕ ဗဟိုခ်က္ျဖစ္ျပီး ၆၂၅၀၀၀ ဦးအထိ ကူးစက္ခံေနရပါတယ္။ အာရွေဒသဟာ ကမၻာလံုးဆိုင္ရာ ကူးစက္မႈရဲ႕ ၁၂ ရာခိုင္နႈန္းရွိျပီး အေရွ႕အလယ္ပိုင္းေဒသမွာေတာ႔ ၉ ရာခိုင္နႈန္းထိရိွေနပါတယ္။

Ref : CNA
Photo: Reuters
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW