ပုသိမ်တွင် ထိုင်းနိုင်ငံကပြန်လာသူ Quarantine စင်တာမှာ ကြိုးဆွဲချသေဆုံး

ပုသိမ်တွင် ထိုင်းနိုင်ငံကပြန်လာသူ Quarantine စင်တာမှာ ကြိုးဆွဲချသေဆုံး

ပုသိမ် ၊ ဇူလိူင် ၄-၂၀၂၀
ကိုအောင်(VOM)

ပုသိမ်မြို့က နိုင်ငံခြားပြန်တွေကို ကွာရန်တင်းထားရှိတဲ့ အမှတ်၁၃ရပ်ကွက်က ဧရာဝတီတိုင်းသမဝါယမသင်တန်းကျောင်းမှာ ထိုင်းနိုင်ငံကနေပြန်လာသူတစ်ဦးဟာ မနေ့ဇူလိုင် ၃ ရက် ည၁၂နာရီ၃၀အချိန်က ကြိုးဆွဲချသေဆုံးခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူဟာ ဇွန်လ ၂၅ရက်နေ့က ထိုင်းနိုင်ငံကနေပြန်လာပြီး တိုင်းသမဝါယမသင်တန်းကျောင်းမှာ ကွာရန်တင်းဝင်ရောက်နေတဲ့ အသက်၂၇နစ်အရွယ် နေထက်လင်းဆိုသူဖြစ်ပြီး မြန်အောင်မြို့နယ်မှာ နေထိုင်သူလို့ သိရပါတယ်။

“ မနေ့ကညက သူနေထိုင်တဲ့အဆောင်က အိမ်သာထုတ်တန်းမှာ ပလစ်စတစ်ကြိုးနဲ့ချည်ပြီး ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်ပြီး အိမ်သာကပလစ်စတစ်ရေပုံးကိုခုပြီး ခုလိုသတ်သေခဲ့တာ”လို့ သွားရောက်စစ်ဆေးခဲ့တဲ့ ပုသိမ်မြို့မရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးကပြောပါတယ်။

သေဆုံးသူဟာ ကွာရန်တင်းစတင်ဝင်နေစဉ်ကထဲက တစ်ဦးထဲ သီးသန့်နေထိုင်တတ်သူဖြစ်ပြီး နေ့စဉ်ငေးငိုင်နေတာကိုတွေ့ရှိရကာ ခုလို ကြိုးဆွဲချသေဆုံးတဲ့ အခြေအနေကို သူ့ရဲ့အခန်းဖော်ဖြစ်သူပြောပြမှ သိရှိခဲ့ရတာလို့ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေတဲ့ ပုသိမ်ခရိုင်ကြက်ခြေနီဒုခရိုင်တပ်ဖွဲ့မှုး ဦးထွန်းထွန်းဝင်းကပြောပါတယ်။

လက်ရှိမှာတော့ သေဆုံးသူရဲ့အလောင်းကို ပုသိမ်ဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးနေတဟ်လို့သိရပြီး ပြီးခဲ့တဲ့ ဇွန်လ၁၇ရက်နေ့ကလည်း ပုသိမ်ဆေးရုံကြီးမှာ ကွာရန်တင်းဝင်နေတဲ့ တရုတ်ပြန်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #ပုသိမ်

Zawgyi

ပုသိမ္တြင္ ထိုင္းႏိုင္ငံကျပန္လာသူ Quarantine စင္တာမွာ ႀကိဳးဆြဲခ်ေသဆုံး

ပုသိမ္ ၊ ဇူလိူင္ ၄-၂၀၂၀
ကိုေအာင္(VOM)

ပုသိမ္ၿမိဳ႕က ႏိုင္ငံျခားျပန္ေတြကို ကြာရန္တင္းထားရွိတဲ့ အမွတ္၁၃ရပ္ကြက္က ဧရာ၀တီတိုင္းသမဝါယမသင္တန္းေက်ာင္းမွာ ထိုင္းႏုိင္ငံကေနျပန္လာသူတစ္ဦးဟာ မေန႔ဇူလုိင္ ၃ ရက္ ည၁၂နာရီ၃၀အခ်ိန္က ႀကိဳးဆြဲခ်ေသဆုံးခဲ့တယ္လို႔သိရပါတယ္။

ေသဆုံးသူဟာ ဇြန္လ ၂၅ရက္ေန႔က ထိုင္းႏုိင္ငံကေနျပန္လာၿပီး တိုင္းသမဝါယမသင္တန္းေက်ာင္းမွာ ကြာရန္တင္း၀င္ေရာက္ေနတဲ့ အသက္၂၇နစ္အ႐ြယ္ ေနထက္လင္းဆိုသူျဖစ္ၿပီး ျမန္ေအာင္ၿမိဳ႕နယ္မွာ ေနထိုင္သူလို႔ သိရပါတယ္။

“ မေန႔ကညက သူေနထိုင္တဲ့အေဆာင္က အိမ္သာထုတ္တန္းမွာ ပလစ္စတစ္ႀကိဳးနဲ႔ခ်ည္ၿပီး ႀကိဳးဆြဲခ်ေသဆုံးခဲ့တာျဖစ္ၿပီး အိမ္သာကပလစ္စတစ္ေရပုံးကိုခုၿပီး ခုလိုသတ္ေသခဲ့တာ”လို႔ သြားေရာက္စစ္ေဆးခဲ့တဲ့ ပုသိမ္ၿမိဳ႕မရဲစခန္းက တာ၀န္က်ရဲအရာရွိတစ္ဦးကေျပာပါတယ္။

ေသဆုံးသူဟာ ကြာရန္တင္းစတင္၀င္ေနစဥ္ကထဲက တစ္ဦးထဲ သီးသန္႔ေနထိုင္တတ္သူျဖစ္ၿပီး ေန႔စဥ္ေငးငိုင္ေနတာကိုေတြ႕ရွိရကာ ခုလို ႀကိဳးဆြဲခ်ေသဆုံးတဲ့ အေျခအေနကို သူ႔ရဲ႕အခန္းေဖာ္ျဖစ္သူေျပာျပမွ သိရွိခဲ့ရတာလို႔ ေစတနာ့၀န္ထမ္းအျဖစ္လုပ္ကိုင္ေနတဲ့ ပုသိမ္ခ႐ိုင္ၾကက္ေျခနီဒုခ႐ိုင္တပ္ဖြဲ႕မႈး ဦးထြန္းထြန္း၀င္းကေျပာပါတယ္။

လက္ရွိမွာေတာ့ ေသဆုံးသူရဲ႕အေလာင္းကို ပုသိမ္ေဆး႐ုံႀကီးမွာ ရင္ခြဲစစ္ေဆးေနတဟ္လို႔သိရၿပီး ၿပီးခဲ့တဲ့ ဇြန္လ၁၇ရက္ေန႔ကလည္း ပုသိမ္ေဆး႐ုံႀကီးမွာ ကြာရန္တင္း၀င္ေနတဲ့ တ႐ုတ္ျပန္အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးမႈျဖစ္ပြားခဲ့ပါတယ္။

#voiceofmyanmar #VOM #ပုသိမ္

Related posts

Leave a Comment

VOM News

FREE
VIEW