ကိုဗစ်ကာလ မလေးရှားနိုင်ငံမှာ တရားမဝင်လုပ်သားဖမ်းဆီးမှု မြင့်တက်

ကိုဗစ်ကာလ မလေးရှားနိုင်ငံမှာ တရားမဝင်လုပ်သားဖမ်းဆီးမှု မြင့်တက်

ရန်ကုန်၊ ဇူလိုင် ၄-၂၀၂၀
သိင်္ဂီ (VOM)

မလေးရှားနိုင်ငံမှာ ကိုဗစ်ကာလအတွင်း တရားမဝင်လုပ်သားဖမ်းဆီးမှုဟာ မြင့်တက်လာနေတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအုပ် ဦးနိုင်မင်းကပြောပါတယ်။

“တရားမဝင်လုပ်သားဖမ်းဆီးမှုက ခုကိုဗစ်ကာလမှာ နည်းနည်းပိုမြင့်လာတဲ့ အနေအထားရှိပါတယ်။ မြန်မာနိုင်ငံသားကိုပဲ ရွေးဖမ်းတာတော့မဟုတ်ဘူး၊ တခြားနိုင်ငံသားတွေရောပါတယ် တရားမဝင်နိုင်ငံသားတွေ အကုန်ပါတယ်။ သူတို့ထိန်းသိမ်းခံရရင် လ.ဝ.က ထိန်းသိန်းရေးစခန်းတွေကို ရောက်တယ်။ အဲ့ကနေဆက်သွယ်ရင် သွားစိစစ်ပြိးတော့ ကျတော်တို့က သူတို့ပြန်ဖို့အတွက်ကို ဆောင်ရွက်ပေးတယ်။” လို့ ဦးနိုင်မင်းကပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလမှာ တရားမဝင်မြန်မာလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ပြီး နေထိုင် စားသောက်ရေး အဆင်မပြေတဲ့အပြင် နေရပ်ပြန်ဖို့ပါ မဖြစ်နိုင်တဲ့အခြေအနေတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသူ ၈ ဦးရှိခဲ့ပါတယ်။

ဒါကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ဆက်နေထိုင်ဖို့ အဆင်မပြေတော့တဲ့ တရားမဝင်လုပ်သား ၅၀၀၀ ကျော်ဟာ နေရပ်ကို အစိုးရအစီအစဉ်နဲ့ပြန်ခွင့်ရဖို့ စာရင်းပေးထားတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ တရားမဝင်လုပ်သားတွေကို နေရပ်ပြန်ခေါ်နိုင်ဖို့အတွက် မလေးရှား ၊မြန်မာ နှစ်နိုင်ငံအစိုးရချင်း ဆွေးနွေးညှိနိူင်းမှုတွေပြုလုပ်နေဆဲအဆင့်သာရှိတာကြောင့် ပြန်ခေါ်နိုင်မယ့် ကာလကို မသိရသေးပါဘူး။

“ပြန်ခေါ်ရင် ဘယ်လိုပြန်ခေါ်မလဲ အစိုးရကုန်ကျစရိတ်ခံခေါ်မလားဆိုတာ ဒုတိယအဆင့်ညှိနိူင်းမှုဖြစ်နိုင်တယ်၊ ခုပထမအဆင့်ကတော့ ပြန်ခေါ်ဖို့ညှိနိူင်းမယ်။ဒုတိယအဆင့်ကတော့ တင်ပြရမှာပဲ။ခုတော့ခန့်မှန်းလိူ့မရသေးပါဘူး၊ အစိုးရကတော့အကောင်းဆုံးစီမံနေပါတယ် ဒီကအဖွဲ့အစည်းအတွက်ပေါ့။” လို့ ဦးနိုင်မင်းကပြောပါတယ်။

မလေးရှားကနေ နေရပ်ပြန်လိုတဲ့ တရားမဝင်လုပ်သားစာရင်းကိုတော့ ခုချိန်ထိလက်ခံနေတာကြောင့် အမှန်တကယ် အခက်အခဲရှိနေပြီး မြန်မာနိုင်ငံကို ပြန်လိုသူတွေအနဲ့ မြန်မာသံရုံးရဲ့ အီးမေးလ်ဖြစ်တဲ့ consulammenbassy@gmil. com ကို စာရင်းပေးရမှာဖြစ်ပါတယ်။

လက်ရှိ မလေးရှားနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သားက ၂ သိန်းကျော်လောက်ရှိပြီး ၊ တရားဝင်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားက ၃ သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

Photo _ Thi Ha MaungMaung
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ကိုဗစ္ကာလ မေလး႐ွားႏုိင္ငံမွာ တရားမဝင္လုပ္သားဖမ္းဆီးမႈ ျမင့္တက္

ရန္ကုန္၊ ဇူလိုင္ ၄-၂၀၂၀
သိဂႌ (VOM)

မေလး႐ွားႏိုင္ငံမွာ ကိုဗစ္ကာလအတြင္း တရားမဝင္လုပ္သားဖမ္းဆီးမႈဟာ ျမင့္တက္လာေနတယ္လို႔ မေလးရွားနိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးအုပ္ ဦးနိုင္မင္းကေျပာပါတယ္။

“တရားမဝင္လုပ္သားဖမ္းဆီးမႈက ခုကိုဗစ္ကာလမွာ နည္းနည္းပိုျမင့္လာတဲ့ အေနအထား႐ွိပါတယ္။ ျမန္မာႏိုင္ငံသားကိုပဲ ေရြးဖမ္းတာေတာ့မဟုတ္ဘူး၊ တျခားႏိုင္ငံသားေတြေရာပါတယ္ တရားမဝင္ႏိုင္ငံသားေတြ အကုန္ပါတယ္။ သူတို႔ထိန္းသိမ္းခံရရင္ လ.ဝ.က ထိန္းသိန္းေရးစခန္းေတြကို ေရာက္တယ္။ အဲ့ကေနဆက္သြယ္ရင္ သြားစိစစ္ၿပိးေတာ့ က်ေတာ္တို႔က သူတို႔ျပန္ဖို႔အတြက္ကို ေဆာင္ရြက္ေပးတယ္။” လို႔ ဦးနိုင္မင္းကေျပာပါတယ္။

ဒါ့အျပင္ ကိုဗစ္ကာလမွာ တရားမဝင္ျမန္မာလုပ္သားေတြ အလုပ္လက္မဲ့ျဖစ္ၿပီး ေနထိုင္ စားေသာက္ေရး အဆင္မေျပတဲ့အျပင္ ေနရပ္ျပန္ဖို႔ပါ မျဖစ္ႏိုင္တဲ့အေျခအေနေတြေၾကာင့္ ကိုယ့္ကိုယ္ကို အဆုံးစီရင္သြားသူ ၈ ဦး႐ွိခဲ့ပါတယ္။

ဒါေၾကာင့္ အလုပ္လက္မဲ့ျဖစ္ၿပီး ဆက္ေနထိုင္ဖို႔ အဆင္မေျပေတာ့တဲ့ တရားမဝင္လုပ္သား ၅၀၀၀ ေက်ာ္ဟာ ေနရပ္ကို အစိုးရအစီအစဥ္နဲ႔ျပန္ခြင့္ရဖို႔ စာရင္းေပးထားတယ္လို႔သိရပါတယ္။

လက္႐ွိမွာေတာ့ တရားမဝင္လုပ္သားေတြကို ေနရပ္ျပန္ေခၚႏိုင္ဖို႔အတြက္ မေလး႐ွား ၊ျမန္မာ ႏွစ္ႏိုင္ငံအစိုးရခ်င္း ေဆြးေႏြးညႇိႏိူင္းမႈေတြျပဳလုပ္ေနဆဲအဆင့္သာ႐ွိတာေၾကာင့္ ျပန္ေခၚႏိုင္မယ့္ ကာလကို မသိရေသးပါဘူး။

“ျပန္ေခၚရင္ ဘယ္လိုျပန္ေခၚမလဲ အစိုးရကုန္က်စရိတ္ခံေခၚမလားဆိုတာ ဒုတိယအဆင့္ညႇိႏိူင္းမႈျဖစ္ႏိုင္တယ္၊ ခုပထမအဆင့္ကေတာ့ ျပန္ေခၚဖို႔ညႇိႏိူင္းမယ္။ဒုတိယအဆင့္ကေတာ့ တင္ျပရမွာပဲ။ခုေတာ့ခန္႔မွန္းလိူ႔မရေသးပါဘူး၊ အစိုးရကေတာ့အေကာင္းဆုံးစီမံေနပါတယ္ ဒီကအဖြဲ႔အစည္းအတြက္ေပါ့။” လို႔ ဦးနိုင္မင္းကေျပာပါတယ္။

မေလးရွားကေန ေနရပ္ျပန္လိုတဲ့ တရားမဝင္လုပ္သားစာရင္းကိုေတာ့ ခုခ်ိန္ထိလက္ခံေနတာေၾကာင့္ အမွန္တကယ္ အခက္အခဲရွိေနၿပီး ျမန္မာနိုင္ငံကို ျပန္လိုသူေတြအနဲ႔ ျမန္မာသံ႐ုံးရဲ႕ အီးေမးလ္ျဖစ္တဲ့ consulammenbassy@gmil. com ကို စာရင္းေပးရမွာျဖစ္ပါတယ္။

လက္႐ွိ မေလး႐ွားႏုိင္ငံမွာ တရားမဝင္ ေရႊ႔ေျပာင္းျမန္မာလုပ္သားက ၂ သိန္းေက်ာ္ေလာက္႐ွိၿပီး ၊ တရားဝင္လုပ္ကိုင္ေနတဲ့ ျမန္မာလုပ္သားက ၃ သိန္းေလာက္႐ွိတယ္လို႔ သိရပါတယ္။

Photo _ Thi Ha MaungMaung
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW