မန္တလေးမြို့မှာ NLDအစိုးရ အလိုမရှိ စာသားပါတဲ့ စာရွက်တွေကို လိုက်လံဖြန့်ကြဲထား

မန္တလေးမြို့မှာ NLDအစိုးရ အလိုမရှိ စာသားပါတဲ့ စာရွက်တွေကို လိုက်လံဖြန့်ကြဲထား

မန္တလေး၊ ဇူလိုင် ၁၄-၂၀၂၀
ဟိန်းကို(VOM)

မန္တလေးမြို့မှာ NLD အစိုးရအလိုမရှိ စာသားတွေပါဝင်တဲ့ စာရွက်တွေကို မနေ့ဇူလိုင် (၁၃)ရက်ညပိုင်းက လူစည်းကားတဲ့မီးပွိုင့်ထောင့်တွေမှာ လာရောက်ဖြန့်ကြဲထားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီစာရွက်တွေကို မျက်မြင်တွေ့ရှိခဲ့တဲ့ ကိုမိုးမင်းအောင်ကVOM ကို အတည်ပြုပြောပါတယ်။

“မနေ့ည ၁၂ နာရီထိုးခါနီးမို့ နန်းရှေ့ကနေ ဆိုင်ကယ်ကိုသုတ်ချေတင်ပြီး မောင်းလာတာ၊၂၆ လမ်း ၆၂ လမ်း ထောင့်(လူစည်ကားတဲ့မီးပွင့်)မှာ စာရွက်အပုံတွေတွေ့တယ်၊ ဂရုမစိုက်ဘူး ကုမ္ပဏီတစ်ခုခုရဲ့ ကြော်ငြာတွေပဲလို့ထင်တာ၊ နောက်ထပ် မီးပွင့်တစ်ခု လမ်း၃၀နဲ့ ၆၂လမ်းမှာလည်း အလားတူ စာရွာရွက်ပုံတွေတွေ့တော့ ဆိုင်ကယ်ရပ်ပြီး ဆင်းကြည့်ဖြစ်တယ်၊ ပုံမှာပါတဲ့အတိုင်း ပါတီနိုင်ငံရေးအတွက် လှုပ်ရှားတယ်ဆိုတာသိလိုက်ရတယ်၊ အဲ့စာရွက်ကိုတွေ့တော့ စိတ်ပူသွားတယ်၊ ကျနော်တို့တွေက ဘယ်ပါတီကိုမှ မဝင်ထားသလို ဘယ်ပါတီကိုမှ ထောက်ခံ အားပေးနေတဲ့သူတွေမဟုတ်ဘူး၊ လူအဖွဲ့အစည်းအတွင်းမှာ အခုဒီလို စာရွက်တွေကို တခြားစဉ်းစားနိုင်စွမ်းနည်းတဲ့ လူ့အဖွဲ့အစည်းထဲရောက်သွားရင် အရမ်းအန္တရယ်ကြီးတယ်၊ လူ့အဖွဲ့အစည်းအချင်းချင်း ပြသနာတွေတက်နိုင်တယ်။”လို့ ကိုမိုးမင်းအောင်ကပြောပါတယ်။

ဒါ့အပြင် အခုလိုအချိန်မှာ လူထုအသိပညာပေးရမယ့်နည်းလမ်းက စဉ်းစားနိုင်စွမ်းနဲ့ လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်အလုပ်လုပ်ပေးနိုင်မဲ့သူတွေကို ပြည်သူတွေစဉ်းစားရွေးချယ်နိုင်ဖို့ အသိပညာပေးရမယ့်ကာလဖြစ်ပြီး အခုလိုလုပ်ရပ်က ပြည်သူတွေကို စဉ်းစားဖို့အတွက်လုပ်တာမဟုတ်ဘဲ ပါတီတခုခုအကျိုးစီးပွားအတွက်၊ ပါတီတစ်ခု အကျိုးစီးပွားအတွက် လုပ်တယ်လို့ မြင်ကြောင်း ကိုမိုးမင်းအောင်ကဆက်ပြောပါတယ်။

“ပြည်သူအချင်းချင်း မတူညီတဲ့ရပ်တည်မှုတွေကြားမှာ နားလည်မှုမရဘဲ ခွဲခြားတဲ့ပုံရိပ်တွေကို ပိုမိုကြီးထွားစေမယ့်လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာက ( UEC၊ GAD)တွေက အမြန်ဆုံးဖော်ထုတ် အရေးယူဖို့ တိုက်တွန်းပါတယ်။ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းကို အသုံးချပြီး နိုင်ငံရေးလုပ်စားတဲ့ ဘယ်ပါတီမဆို ကျနော်တို့ လုံးဝရှုံချပါတယ်။”လို့ ကိုမိုးမင်းအောင်ကပြောပါတယ်။

အခုလိုကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မဟာအောင်မြေမြို့မရဲစခန်းက မနေ့ဇူလိုင်လ(၁၃)ရက် ညပိုင်းမှာ တာဝန်ကျတဲ့ တာဝန်မှူးရဲအရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ” ကျွန်တော်တို့က သတင်းထောက်ကို အဲ့ဒီလို အလွတ်ဖြေလို့ မရဘူး ၊ သက်ဆိုင်ရာကိုပဲ ဆက်လိုက်ပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

NLDအစိုးရ အလိုမရှိ စာသားပါတဲ့ စာရွက်တွေကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ထဲက ၂၆လမ်းနဲ့ ၆၂လမ်း၊ လမ်း၃၀နဲ့ ၆၂လမ်း နဲ့ မဟာအောင်မြေမြို့နယ်ထဲက ၃၅လမ်းနဲ့ ၆၂လမ်းထောင့်က မီးပွိုင့်တွေအပြင် အောင်မြေသာစံမြို့နယ်ထဲမှာလည်း လာရောက်ဖြန့်ကြဲထားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

မႏၲေလးၿမိဳ႕မွာ NLDအစိုးရ အလိုမရွိ စာသားပါတဲ့ စာ႐ြက္ေတြကို လိုက္လံျဖန႔္ႀကဲထား

မႏၲေလး၊ ဇူလိုင္ ၁၄-၂၀၂၀
ဟိန္းကို(VOM)

မႏၲေလးၿမိဳ႕မွာ NLD အစိုးရအလိုမရွိ စာသားေတြပါ၀င္တဲ့ စာ႐ြက္ေတြကို မေန႔ဇူလိုင္ (၁၃)ရက္ညပိုင္းက လူစည္းကားတဲ့မီးပြိဳင့္ေထာင့္ေတြမွာ လာေရာက္ျဖန႔္ႀကဲထားတဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့တယ္လို႔ အဲ့ဒီစာ႐ြက္ေတြကို မ်က္ျမင္ေတြ႕ရွိခဲ့တဲ့ ကိုမိုးမင္းေအာင္ကVOM ကို အတည္ျပဳေျပာပါတယ္။

“မေန႔ည ၁၂ နာရီထိုးခါနီးမို႔ နန္းေရွ႕ကေန ဆိုင္ကယ္ကိုသုတ္ေခ်တင္ၿပီး ေမာင္းလာတာ၊၂၆ လမ္း ၆၂ လမ္း ေထာင့္(လူစည္ကားတဲ့မီးပြင့္)မွာ စာ႐ြက္အပုံေတြေတြ႕တယ္၊ ဂ႐ုမစိုက္ဘူး ကုမၸဏီတစ္ခုခုရဲ႕ ေၾကာ္ျငာေတြပဲလို႔ထင္တာ၊ ေနာက္ထပ္ မီးပြင့္တစ္ခု လမ္း၃၀နဲ႔ ၆၂လမ္းမွာလည္း အလားတူ စာ႐ြာ႐ြက္ပုံေတြေတြ႕ေတာ့ ဆိုင္ကယ္ရပ္ၿပီး ဆင္းၾကည့္ျဖစ္တယ္၊ ပုံမွာပါတဲ့အတိုင္း ပါတီႏိုင္ငံေရးအတြက္ လႈပ္ရွားတယ္ဆိုတာသိလိုက္ရတယ္၊ အဲ့စာ႐ြက္ကိုေတြ႕ေတာ့ စိတ္ပူသြားတယ္၊ က်ေနာ္တို႔ေတြက ဘယ္ပါတီကိုမွ မဝင္ထားသလို ဘယ္ပါတီကိုမွ ေထာက္ခံ အားေပးေနတဲ့သူေတြမဟုတ္ဘူး၊ လူအဖြဲ႕အစည္းအတြင္းမွာ အခုဒီလို စာ႐ြက္ေတြကို တျခားစဥ္းစားႏိုင္စြမ္းနည္းတဲ့ လူ႔အဖြဲ႕အစည္းထဲေရာက္သြားရင္ အရမ္းအႏၲရယ္ႀကီးတယ္၊ လူ႔အဖြဲ႕အစည္းအခ်င္းခ်င္း ျပသနာေတြတက္ႏိုင္တယ္။”လို႔ ကိုမိုးမင္းေအာင္ကေျပာပါတယ္။

ဒါ့အျပင္ အခုလိုအခ်ိန္မွာ လူထုအသိပညာေပးရမယ့္နည္းလမ္းက စဥ္းစားႏိုင္စြမ္းနဲ႔ လူ႔အဖြဲ႕အစည္းအတြက္ အမွန္တကယ္အလုပ္လုပ္ေပးႏိုင္မဲ့သူေတြကို ျပည္သူေတြစဥ္းစားေ႐ြးခ်ယ္ႏိုင္ဖို႔ အသိပညာေပးရမယ့္ကာလျဖစ္ၿပီး အခုလိုလုပ္ရပ္က ျပည္သူေတြကို စဥ္းစားဖို႔အတြက္လုပ္တာမဟုတ္ဘဲ ပါတီတခုခုအက်ိဳးစီးပြားအတြက္၊ ပါတီတစ္ခု အက်ိဳးစီးပြားအတြက္ လုပ္တယ္လို႔ ျမင္ေၾကာင္း ကိုမိုးမင္းေအာင္ကဆက္ေျပာပါတယ္။

“ျပည္သူအခ်င္းခ်င္း မတူညီတဲ့ရပ္တည္မႈေတြၾကားမွာ နားလည္မႈမရဘဲ ခြဲျခားတဲ့ပုံရိပ္ေတြကို ပိုမိုႀကီးထြားေစမယ့္လုပ္ရပ္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ သက္ဆိုင္ရာက ( UEC၊ GAD)ေတြက အျမန္ဆုံးေဖာ္ထုတ္ အေရးယူဖို႔ တိုက္တြန္းပါတယ္။ မတူကြဲျပားတဲ့ လူ႔အဖြဲ႕အစည္းကို အသုံးခ်ၿပီး ႏိုင္ငံေရးလုပ္စားတဲ့ ဘယ္ပါတီမဆို က်ေနာ္တို႔ လုံးဝရႈံခ်ပါတယ္။”လို႔ ကိုမိုးမင္းေအာင္ကေျပာပါတယ္။

အခုလိုကိစၥနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာ မဟာေအာင္ေျမၿမိဳ႕မရဲစခန္းက မေန႔ဇူလိုင္လ(၁၃)ရက္ ညပိုင္းမွာ တာ၀န္က်တဲ့ တာ၀န္မႉးရဲအရာရွိတစ္ဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ” ကြၽန္ေတာ္တို႔က သတင္းေထာက္ကို အဲ့ဒီလို အလြတ္ေျဖလို႔ မရဘူး ၊ သက္ဆိုင္ရာကိုပဲ ဆက္လိုက္ပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

NLDအစိုးရ အလိုမရွိ စာသားပါတဲ့ စာ႐ြက္ေတြကို မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ထဲက ၂၆လမ္းနဲ႔ ၆၂လမ္း၊ လမ္း၃၀နဲ႔ ၆၂လမ္း နဲ႔ မဟာေအာင္ေျမၿမိဳ႕နယ္ထဲက ၃၅လမ္းနဲ႔ ၆၂လမ္းေထာင့္က မီးပြိဳင့္ေတြအျပင္ ေအာင္ေျမသာစံၿမိဳ႕နယ္ထဲမွာလည္း လာေရာက္ျဖန႔္ႀကဲထားခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းကေန သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW