လက်ပစ်ဗုံးပေါက်ကွဲရာမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး အရပ်သားတစ်ဦးဒဏ်ရာရ

လက်ပစ်ဗုံးပေါက်ကွဲရာမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး အရပ်သားတစ်ဦးဒဏ်ရာရ

ပင်လောင်း ၊ ဇူလိုင် ၁၆-၂၀၂၀
‌ကောင်းလက်ျာ၊ ငြိမ်းသူမင်း(VOM)

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်မြောက်ပိုင်းရှိ ဆံသဆိုင်တစ်ဆိုင်မှာ မနေ့ဇူလိုင် ၁၅ ရက် ညပိုင်းက လက်ပစ်ဗုံးပေါက်ကွဲရာကနေ ရဲတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပင်လောင်းမြို့မရဲစခန်းကနေ သိရပါတယ်။

“တွဲဘက်နဲ့ပို့ထားတုန်း ဖြစ်စဉ်ဖြစ်ပွားတာပါ။ လက်ပစ်ဗုံးဆော့တဲ့ ရဲတပ်ဖွဲ့ဝင်ကလည်း သေသွားပြီဆိုတော့ အမှုကလည်း မှတ်တမ်းတင်ရုံပဲလုပ်လို့ရမယ်”လို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်ဖြစ်တဲ့ ဆံသဆိုင်ပိုင်ရှင် ကိုမောင်ဇော်၊ဇော်ဝင်းနဲ့ အောင်ပန်းနယ်မြေရဲစခန်းမှ ရဲတပ်သား ကျော်ဇင်လတ်၊ ရဲတပ်သား ခွန်စိန်ထွဋ်တို့(၄)ဦးဟာ အရက်အတူသောက်နေကြစဉ် ရဲတပ်သားခွန်စိန်ထွဋ်က လက်ပစ်ဗုံးကိုထုတ်ယူ ဆော့ကစားနေတာဖြစ်ပါတယ်။

လက်ပစ်ဗုံးကိုမဆော့ဖို့အတွက် တားမြစ်ချိန် ဗုံးလုံခြုံရေး ပင်ကလစ်ကို ဆွဲဖြုတ်ယူလိုက်တဲ့အတွက် ကိုမောင်ဇော်၊ဇော်ဝင်းနှင့် ရဲတပ်သား ကျော်ဇင်လတ်တို့ကဆံသဆိုင်အပြင်ကို ထွက်ပြေး‌ခဲ့ပေမယ့်လည်း ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အတွက် ရဲတပ်သားကျော်ဇင်လက်နဲ့ ခွန်စိန်ထွဋ်တို့ဟာ ထိခိုက်ဒဏ်ရာများနဲ့ သေဆုံးသွားပြီး ဇော်ဝင်းဆိုသူမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပေမယ့် ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောင်တရားနယ်မြေရဲစခန်းမှာ (ပ)၁၅/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၈/၂၈၆ တို့နဲ့ အမှုဖွင့်ပြီး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပင်လောင်း

Zawgyi

လက္ပစ္ဗုံးေပါက္ကြဲရာမွ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးေသဆုံး အရပ္သားတစ္ဦးဒဏ္ရာရ

ပင္ေလာင္း ၊ ဇူလိုင္ ၁၆-၂၀၂၀
‌ေကာင္းလက္်ာ၊ ၿငိမ္းသူမင္း(VOM)

ရွမ္းျပည္နယ္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္ေလာင္းၿမိဳ႕နယ္၊ တီက်စ္ေက်း႐ြာအုပ္စု၊ တီက်စ္ေျမာက္ပိုင္းရွိ ဆံသဆိုင္တစ္ဆိုင္မွာ မေန႔ဇူလိုင္ ၁၅ ရက္ ညပိုင္းက လက္ပစ္ဗုံးေပါက္ကြဲရာကေန ရဲတပ္ဖြဲ႕ဝင္(၂)ဦးေသဆုံးၿပီး အရပ္သားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ပင္ေလာင္းၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

“တြဲဘက္နဲ႔ပို႔ထားတုန္း ျဖစ္စဥ္ျဖစ္ပြားတာပါ။ လက္ပစ္ဗုံးေဆာ့တဲ့ ရဲတပ္ဖြဲ႕၀င္ကလည္း ေသသြားၿပီဆိုေတာ့ အမႈကလည္း မွတ္တမ္းတင္႐ုံပဲလုပ္လို႔ရမယ္”လို႔ ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႕မွရဲမႉးအဆင့္ရွိသူတစ္ဦးက ေျပာပါတယ္။

ျဖစ္စဥ္ျဖစ္တဲ့ ဆံသဆိုင္ပိုင္ရွင္ ကိုေမာင္ေဇာ္၊ေဇာ္ဝင္းနဲ႔ ေအာင္ပန္းနယ္ေျမရဲစခန္းမွ ရဲတပ္သား ေက်ာ္ဇင္လတ္၊ ရဲတပ္သား ခြန္စိန္ထြဋ္တို႔(၄)ဦးဟာ အရက္အတူေသာက္ေနၾကစဥ္ ရဲတပ္သားခြန္စိန္ထြဋ္က လက္ပစ္ဗုံးကိုထုတ္ယူ ေဆာ့ကစားေနတာျဖစ္ပါတယ္။

လက္ပစ္ဗုံးကိုမေဆာ့ဖို႔အတြက္ တားျမစ္ခ်ိန္ ဗုံးလုံၿခဳံေရး ပင္ကလစ္ကို ဆြဲျဖဳတ္ယူလိုက္တဲ့အတြက္ ကိုေမာင္ေဇာ္၊ေဇာ္ဝင္းႏွင့္ ရဲတပ္သား ေက်ာ္ဇင္လတ္တို႔ကဆံသဆိုင္အျပင္ကို ထြက္ေျပး‌ခဲ့ေပမယ့္လည္း ေပါက္ကြဲမႈျဖစ္ခဲ့တဲ့အတြက္ ရဲတပ္သားေက်ာ္ဇင္လက္နဲ႔ ခြန္စိန္ထြဋ္တို႔ဟာ ထိခိုက္ဒဏ္ရာမ်ားနဲ႔ ေသဆုံးသြားၿပီး ေဇာ္ဝင္းဆိုသူမွာ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေပမယ့္ က်န္တစ္ဦးမွာ ထိခိုက္ဒဏ္ရာ မရရွိခဲ့ဘူးလို႔ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေနာင္တရားနယ္ေျမရဲစခန္းမွာ (ပ)၁၅/၂၀၂၀၊ရာဇသတ္ႀကီးပုဒ္မ ၃၀၄(က)/၃၃၈/၂၈၆ တို႔နဲ႔ အမႈဖြင့္ၿပီး ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ပင္ေလာင္း

Related posts

Leave a Comment

VOM News

FREE
VIEW