မြဝတီမြို့က Quarantine Centreနှစ်ခုမှာ လူ(၈၀)ကျော် အစာဆိပ်သင့်

မြဝတီမြို့က Quarantine Centreနှစ်ခုမှာ လူ(၈၀)ကျော် အစာဆိပ်သင့်

နေပြည်တော်၊ ဇူလိုင်၂၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ Facility Quarantine Centre ဖြစ်တဲ့ ရွှေမြဝတီနဲ့ ကျောက်လုံးကြီးစခန်းတို့မှာ မနေ့ဇူလိုင်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသား၊အမျိုးသမီး ၈၀ ကျော်ခန့် အစာဆိပ်သင့်မှု ဖြစ်ပေါ်ခဲ့တယ်လို့ မြဝတီမြို့ ပြည်နယ်လွှတ်တော်အမတ် ဦးသန့်ဇင်အောင်ကပြောပြပါတယ်။

“မနက်ပိုင်းစားပြီးချိန် လူအချို့ မူးဝေအော့အန်တာ၊ ပရက်ရှာကျတာတွေဖြစ်ကုန်တယ်။ တစ်ချို့က ညနေစာ စာပြီးမှဖြစ်တာ။ လက်တလောတော့ဆေးရုံမှာ လူနာအချို့ကျန်နေသေးပေမယ့် စိုးရိမ်စရာမရှိတော့ဘူး”လို့ ဦးသန့်ဇင်အောင်ကပြောပါတယ်။

အဲ့ဒီကွာရန်တင်းစခန်းနှစ်ခုမှာ ဖြစ်စဉ်ဖြစ်တဲ့မနက် ၁၁ နာရီခန့်က အသီး ရွက်ကြော်နဲ့ ငါးပေါင်းဟင်းကို ည‌‌နေစာအဖြစ် ကြက်သားကုန်းဘောင်ကြီး၊ ငရုတ်သီးကြော်တို့ ကျွေးမွေးခဲ့တယ်လို့ သိရပြီး မွန်းလွဲပိုင်းမှာ လူအချို့ မူးဝေအော့အန်ခြင်း၊ သတိလစ်တာတွေဖြစ်ပေါ်ခဲ့တဲ့အတွက် မြဝတီဆေးရုံကြီးကို အရေးပေါ်ပို့ဆောင် ကုသ‌ပေးခဲ့ရတဲ့အပြင် ညပိုင်းမှာလည်း လူနာအချို့ ထပ်မံ ပို့ဆောင်ပေးခဲ့ရတယ်လို့ လူမှုကူညီရေးလုပ်ကိုင်နေသူတွေနဲ့ တာဝန်ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

မြဝတီပြည်သူ့‌ဆေးရုံကြီးကို အစာဆိပ်သင့်လို့ လူနာစုစုပေါင်း(၈၈)ယောက်ကို ပို့‌ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူပြီးနောက်ပိုင်း သက်သာလာသူတွေကို သက်ဆိုင်ရာ Quarantine စခန်းတွေကို လူ မှုကူညီရေးအသင်းအဖွဲ့တွေက လူနာတင်ကားတွေနဲ့ ပြန်လည်ပို့ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

Photo – သန့်ဇင်အောင်
#voiceofmyanmar #VOM #မြဝတီ

Zawgyi

ျမဝတီၿမိဳ႕က Quarantine Centreႏွစ္ခုမွာ လူ(၈၀)ေက်ာ္ အစာဆိပ္သင့္

ေနျပည္ေတာ္၊ ဇူလိုင္၂၀-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ရွိ Facility Quarantine Centre ျဖစ္တဲ့ ေ႐ႊျမဝတီနဲ႔ ေက်ာက္လုံးႀကီးစခန္းတို႔မွာ မေန႔ဇူလိုင္လ ၁၉ ရက္ေန႔ ေန႔လယ္ပိုင္းက အမ်ိဳးသား၊အမ်ိဳးသမီး ၈၀ ေက်ာ္ခန႔္ အစာဆိပ္သင့္မႈ ျဖစ္ေပၚခဲ့တယ္လို႔ ျမဝတီၿမိဳ႕ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးသန႔္ဇင္ေအာင္ကေျပာျပပါတယ္။

“မနက္ပိုင္းစားၿပီးခ်ိန္ လူအခ်ိဳ႕ မူးေဝေအာ့အန္တာ၊ ပရက္ရွာက်တာေတြျဖစ္ကုန္တယ္။ တစ္ခ်ိဳ႕က ညေနစာ စာၿပီးမွျဖစ္တာ။ လက္တေလာေတာ့ေဆး႐ုံမွာ လူနာအခ်ိဳ႕က်န္ေနေသးေပမယ့္ စိုးရိမ္စရာမရွိေတာ့ဘူး”လို႔ ဦးသန္႔ဇင္ေအာင္ကေျပာပါတယ္။

အဲ့ဒီကြာရန္တင္းစခန္းႏွစ္ခုမွာ ျဖစ္စဥ္ျဖစ္တဲ့မနက္ ၁၁ နာရီခန႔္က အသီး ႐ြက္ေၾကာ္နဲ႔ ငါးေပါင္းဟင္းကို ည‌‌ေနစာအျဖစ္ ၾကက္သားကုန္းေဘာင္ႀကီး၊ င႐ုတ္သီးေၾကာ္တို႔ ေကြၽးေမြးခဲ့တယ္လို႔ သိရၿပီး မြန္းလြဲပိုင္းမွာ လူအခ်ိဳ႕ မူးေဝေအာ့အန္ျခင္း၊ သတိလစ္တာေတြျဖစ္ေပၚခဲ့တဲ့အတြက္ ျမဝတီေဆး႐ုံႀကီးကို အေရးေပၚပို႔ေဆာင္ ကုသ‌ေပးခဲ့ရတဲ့အျပင္ ညပိုင္းမွာလည္း လူနာအခ်ိဳ႕ ထပ္မံ ပို႔ေဆာင္ေပးခဲ့ရတယ္လို႔ လူမႈကူညီေရးလုပ္ကိုင္ေနသူေတြနဲ႔ တာဝန္ရွိသူေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ျမဝတီျပည္သူ႔‌ေဆး႐ုံႀကီးကို အစာဆိပ္သင့္လို႔ လူနာစုစုေပါင္း(၈၈)ေယာက္ကို ပို႔‌ေဆာင္ခဲ့ၿပီး ေဆးကုသမႈခံယူၿပီးေနာက္ပိုင္း သက္သာလာသူေတြကို သက္ဆိုင္ရာ Quarantine စခန္းေတြကို လူ မႈကူညီေရးအသင္းအဖြဲ႕ေတြက လူနာတင္ကားေတြနဲ႔ ျပန္လည္ပို႔ေဆာင္ေပးေနတယ္လို႔လည္း သိရပါတယ္။

Photo – သန႔္ဇင္ေအာင္
#voiceofmyanmar #VOM #ျမဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW