ရခိုင်မြောက်ပိုင်းက နယ်ခြားစောင့်ရဲကင်းစခန်း(၂)ခုကို ရုပ်သိမ်း

ရခိုင်မြောက်ပိုင်းက နယ်ခြားစောင့်ရဲကင်းစခန်း(၂)ခုကို ရုပ်သိမ်း

စစ်တွေ၊ ဇူလိုင် ၂၀- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အနောက်ဖက်ကမ်းက သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းနဲ့ ညောင်ပင်လှနယ်ခြားစောင့်စခန်း(၂)ခုလုံးကို ရုပ်သိမ်းသွားပြီး စေတီပြင်ရဲကင်းစခန်းကို လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ရဲကင်းစခန်းနှစ်ခုကို ဇူလိုင်လ ၁၈ ရက်နေ့က ရုပ်သိမ်းခဲ့ပြီးနောက် အဲ့ဒီနေ့ညက ရဲကင်းစခန်းတွေမီးလောင်တာတွေကို မြင်တွေ့ရပြီး ဒေသခံတွေထွက်ပြေးကြကြောင်းနဲ့ လက်ရှိမှာလည်း သဇင်မြိုင်ကျေးရွာက ဒေသခံတွေ ထွက်ပြေးနေတယ်လို့ သိရပါတယ်။

သဇင်မြိုင်ကျေးရွာဟာ သိမ်တောင်ကျေးရွာအုပ်စုမှာပါဝင်တာကြောင့် သိမ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်ကိုအတည်ပြုပြောပါတယ်။

သိမ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးမောင်အေးညွှန့် ပြောပြတာက” ဟုတ်ကဲ့ နယ်ခြားစောင့်စခန်းတွေ သိမ်းရုတ်သိမ်းသွားပါပြီ။ ဇူလှိုင်လ ၁၈ရက်နေ့က ရုတ်သိမ်းသွားတာပါ ၊ သူတို့က စေတီပြင်စခန်းကို သွားပူးပေါင်းတယ်လို့ သိရတယ်။ နယ်မြေတစ်ခုမှာ စခန်းတစ်ခုပဲထားမယ်ဆိုတဲ့သဘောမျိုး ထင်ပါတယ်။ ညောင်ပင်လှရွာကနေ နယ်ခြားစောင့်စခန်း လည်းအဲ့နေ့မှာပဲ ရုတ်သိမ်းသွားတယ်လို့သိရတယ်။ အဲ့နေ့ ည၇နာရီလောက်မှာပဲ နယ်ခြားစောင့်စခန်းတွေ မီးလောင်တယ်။ ကျေးရွာထဲကလူတွေလည်း ထွက်ပြေးတာတွေရှိပါတယ်။” လို့ ပြောပါတယ်။

သဇင်မြိုင်ကျေးရွာက ဒေသခံတစ်ဦးရဲ့ပြောပြချက်အရ အဲ့ဒီ မေလ ၁၈ ရက်နေ့က နယ်ခြားစောင့် ရဲကင်းစခန်းကိုရုပ်သိမ်းပြီးနောက်ပိုင်း မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သူပြောပြတာက” ဟုတ်ကဲ့နယ်ခြားစောင့်စခန်းတွေ ရုတ်သိမ်းသွားပါပြီ။ တယောက်မှမရှိတော့ပါဘူး။ အကုန်လုံးဆုတ်သွားကြပါပြီ။ အဲ့ဒီနေ့က နယ်ခြားစောင့်စခန်း မီးလောင်တာဟုတ်ပါတယ်၊ ဘယ်သူရှို့လဲဆိုတာ အတိအကျမသိပါဘူး။ “လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်ပြီး ရခိုင်ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၉ ခုနှစ်နေ့ မနက်အစောပိုင်းမှာ သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းကို အေအေဖက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေလည်းရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ဒုံးပိုက်နယ်ခြားစောင့်ရဲကင်းစခန်းကို အေအေအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေလည်း ရှိပါတယ်။

အဲ့ဒီလို နယ်ခြားစောင့်ရဲကင်းစခန်းတွေကို အေအေအဖွဲ့က တိုက်ခိုက်တာကို တပ်မတော်ဖက်က ရှုတ်ချပြီး ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ က တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ အေအေအဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တန်ပြန်အကြမ်းဖက်စစ်ဆင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားဖူးပါတယ်။
၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ ၊ ငမြင်းဘော်၊ ဂုပ္ပိ နှင့် ကျောက်တောင်ရဲကင်းစခန်း ၊ မတ်လ ၉ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်း၊ ဧပြီလ ၁၀ ရက်နေ့မှာ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်နဲ့ ဇူလိုင် ၁၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းတွေကို အသီးသီးဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ပါရှိတာဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ရဲကင်းစခန်းတွေကို အေအေအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရခိုင္ေျမာက္ပိုင္းက နယ္ျခားေစာင့္ရဲကင္းစခန္း(၂)ခုကို ႐ုပ္သိမ္း

စစ္ေတြ၊ ဇူလိုင္ ၂၀- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမယုျမစ္အေနာက္ဖက္ကမ္းက သဇင္ၿမိဳင္နယ္ျခားေစာင့္ရဲကင္းစခန္းနဲ႔ ေညာင္ပင္လွနယ္ျခားေစာင့္စခန္း(၂)ခုလုံးကို ႐ုပ္သိမ္းသြားၿပီး ေစတီျပင္ရဲကင္းစခန္းကို လာေရာက္ပူးေပါင္းခဲ့တယ္လုိ႔ သိရပါတယ္။

အဲ့ဒီ ရဲကင္းစခန္းႏွစ္ခုကို ဇူလိုင္လ ၁၈ ရက္ေန႔က ႐ုပ္သိမ္းခဲ့ၿပီးေနာက္ အဲ့ဒီေန႔ညက ရဲကင္းစခန္းေတြမီးေလာင္တာေတြကို ျမင္ေတြ႕ရၿပီး ေဒသခံေတြထြက္ေျပးၾကေၾကာင္းနဲ႔ လက္ရွိမွာလည္း သဇင္ၿမိဳင္ေက်း႐ြာက ေဒသခံေတြ ထြက္ေျပးေနတယ္လုိ႔ သိရပါတယ္။

သဇင္ၿမိဳင္ေက်း႐ြာဟာ သိမ္ေတာင္ေက်း႐ြာအုပ္စုမွာပါဝင္တာေၾကာင့္ သိမ္ေတာင္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးကို ဆက္သြယ္ခဲ့ရာ ျဖစ္စဥ္ကိုအတည္ျပဳေျပာပါတယ္။

သိမ္ေတာင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးဦးေမာင္ေအးၫႊန္႔ ေျပာျပတာက” ဟုတ္ကဲ့ နယ္ျခားေစာင့္စခန္းေတြ သိမ္း႐ုတ္သိမ္းသြားပါၿပီ။ ဇူလႈိင္လ ၁၈ရက္ေန႔က ႐ုတ္သိမ္းသြားတာပါ ၊ သူတို႔က ေစတီျပင္စခန္းကို သြားပူးေပါင္းတယ္လို႔ သိရတယ္။ နယ္ေျမတစ္ခုမွာ စခန္းတစ္ခုပဲထားမယ္ဆိုတဲ့သေဘာမ်ိဳး ထင္ပါတယ္။ ေညာင္ပင္လွ႐ြာကေန နယ္ျခားေစာင့္စခန္း လည္းအဲ့ေန႔မွာပဲ ႐ုတ္သိမ္းသြားတယ္လို႔သိရတယ္။ အဲ့ေန႔ ည၇နာရီေလာက္မွာပဲ နယ္ျခားေစာင့္စခန္းေတြ မီးေလာင္တယ္။ ေက်း႐ြာထဲကလူေတြလည္း ထြက္ေျပးတာေတြရွိပါတယ္။” လို႔ ေျပာပါတယ္။

သဇင္ၿမိဳင္ေက်း႐ြာက ေဒသခံတစ္ဦးရဲ႕ေျပာျပခ်က္အရ အဲ့ဒီ ေမလ ၁၈ ရက္ေန႔က နယ္ျခားေစာင့္ ရဲကင္းစခန္းကို႐ုပ္သိမ္းၿပီးေနာက္ပိုင္း မီးေလာင္မႈေတြ ျဖစ္ပြားခဲ့တယ္လို႔သိရပါတယ္။

သူေျပာျပတာက” ဟုတ္ကဲ့နယ္ျခားေစာင့္စခန္းေတြ ႐ုတ္သိမ္းသြားပါၿပီ။ တေယာက္မွမရွိေတာ့ပါဘူး။ အကုန္လုံးဆုတ္သြားၾကပါၿပီ။ အဲ့ဒီေန႔က နယ္ျခားေစာင့္စခန္း မီးေလာင္တာဟုတ္ပါတယ္၊ ဘယ္သူရႈိ႕လဲဆိုတာ အတိအက်မသိပါဘူး။ “လို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္ၿပီး ရခိုင္ျပည္နယ္လုံၿခဳံေရးနဲ႔နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ေမလ ၂၉ ခုႏွစ္ေန႔ မနက္အေစာပိုင္းမွာ သဇင္ၿမိဳင္နယ္ျခားေစာင့္ရဲကင္းစခန္းကို ေအေအဖက္က အင္အားအလုံးအရင္းနဲ႔ ဝင္ေရာက္တိုက္ခိုက္ခဲ့တာေတြလည္းရွိခဲ့ၿပီး ၿပီးခဲ့တဲ့ ဇြန္လ ၁၃ ရက္ေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ ဒုံးပိုက္နယ္ျခားေစာင့္ရဲကင္းစခန္းကို ေအေအအဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ခဲ့တာေတြလည္း ရွိပါတယ္။

အဲ့ဒီလို နယ္ျခားေစာင့္ရဲကင္းစခန္းေတြကို ေအေအအဖြဲ႕က တိုက္ခိုက္တာကို တပ္မေတာ္ဖက္က ရႈတ္ခ်ၿပီး ၿပီးခဲ့တဲ့ ေမလ ၂၉ ရက္ေန႔ က တပ္မေတာ္ရဲ႕ထုတ္ျပန္ခ်က္မွာ ေအေအအဖြဲ႕ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြကို တန္ျပန္အၾကမ္းဖက္စစ္ဆင္ေရး ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ေဖာ္ျပထားဖူးပါတယ္။
၂၀၁၉ ခုႏွစ္ ၊ ဇန္နဝါရီ ၄ ရက္ေန႔မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ကထီးလွ ၊ ငျမင္းေဘာ္၊ ဂုပၸိ ႏွင့္ ေက်ာက္ေတာင္ရဲကင္းစခန္း ၊ မတ္လ ၉ရက္ေန႔မွာ ပုဏၰားကြၽန္းၿမိဳ႕နယ္ရွိ ယိုးတ႐ုတ္ ရဲကင္းစခန္း၊ ဧၿပီလ ၁၀ ရက္ေန႔မွာ ေျမာက္ဦးၿမိဳ႕ရွိ ရဲတပ္ရင္းဌာနခ်ဳပ္နဲ႔ ဇူလိုင္ ၁၆ ရက္ေန႔မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ေညာင္ေခ်ာင္းနယ္ေျမရဲကင္းစခန္းေတြကို အသီးသီးဝင္ေရာက္တိုက္ခိုက္ခဲ့တယ္လုိ႔ တပ္မေတာ္ရဲ႕ထုတ္ျပန္ခ်က္မွာ ပါရွိတာျဖစ္ပါတယ္။

အထက္မွာေဖာ္ျပခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း ရဲကင္းစခန္းေတြကို ေအေအအဖြဲ႕ရဲ႕ တိုက္ခိုက္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၂၅ ဦးက်ဆုံးၿပီး ၁၆ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW