NLD ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ကိစ္စမကျေနပ်လို့ လာရောက်ကန့်ကွက်

NLD ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ကိစ္စမကျေနပ်လို့ လာရောက်ကန့်ကွက်

နေပြည်တော်၊ဇူလိုင်၊ ၂၇ -၂၀၂၀
စွမ်းရဲထွဋ် (VOM)

NLDပါတီက ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အခါ သူ့လူထိုးထည့် ကိုယ့်လူထိုးထည့်တာတွေရှိခဲ့လို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးခွန်မောင်စိုးက နေပြည်တော်မှာရှိတဲ့ NLDပါတီ ယာယီဌာနချုပ်ရုံးခွဲကို လာရောက်ကန့်ကွက်ခဲ့ပေမယ့် ပါတီတာဝန်ရှိသူတွေနဲ့ တွေ့ခွင့်မရသေးတဲ့အတွက် ကန့်ကွက်စာတင်ခဲ့တယ်လို့ သတင်းမီဒီယာတွေကို ဒီကနေ့မနက်ပိုင်းကပြောပါတယ်။

အထက်ပါကိစ္စတွေနဲ့ပက်သက်ပြီး ရှင်းလင်းပြောပြနိုင်ဖို့အတွက် ပါတီယာယီဌာနချုပ်ရုံးကို စာရေးသားတင်ပြတာလည်း တွေ့လိုက်ရပါတယ်။ ကိုယ်စားလှယ်လောင်းကိစ္စအပြင် မြို့နယ်တွင်းမှာဖြစ်ပေါ်နေတဲ့ လယ်ယာမြေကိစ္စတွေလည်း တင်ပြဖို့ရှိတယ်လို့ သိရပါတယ်။

အလားတူ တခြား ပြည်နယ်နဲ့တိုင်းမှာလည်း ကိုယ်စားလှယ်လောင်းရွေးချယ်တာတွေကို မကျေနပ်မှုတွေရှိနေပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

NLD ပါတီ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္တဲ့ကိစၥမေက်နပ္လို႔ လာေရာက္ကန္႔ကြက္

ေနျပည္ေတာ္၊ဇူလိုင္၊ ၂၇ -၂၀၂၀
စြမ္းရဲထြဋ္ (VOM)

NLDပါတီက ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္တဲ့အခါ သူ႔လူထိုးထည့္ ကိုယ့္လူထိုးထည့္တာေတြရွိခဲ့လို႔ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕နယ္၊ NLD ပါတီ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ဦးခြန္ေမာင္စိုးက ေနျပည္ေတာ္မွာရွိတဲ့ NLDပါတီ ယာယီဌာနခ်ဳပ္႐ုံးခြဲကို လာေရာက္ကန္႔ကြက္ခဲ့ေပမယ့္ ပါတီတာဝန္ရွိသူေတြနဲ႔ ေတြ႔ခြင့္မရေသးတဲ့အတြက္ ကန္႔ကြက္စာတင္ခဲ့တယ္လုိ႔ သတင္းမီဒီယာေတြကို ဒီကေန႔မနက္ပိုင္းကေျပာပါတယ္။

အထက္ပါကိစၥေတြနဲ႔ပက္သက္ၿပီး ရွင္းလင္းေျပာျပႏိုင္ဖို႔အတြက္ ပါတီယာယီဌာနခ်ဳပ္႐ုံးကို စာေရးသားတင္ျပတာလည္း ေတြ႕လိုက္ရပါတယ္။ ကိုယ္စားလွယ္ေလာင္းကိစၥအျပင္ ၿမိဳ႕နယ္တြင္းမွာျဖစ္ေပၚေနတဲ့ လယ္ယာေျမကိစၥေတြလည္း တင္ျပဖို႔ရွိတယ္လို႔ သိရပါတယ္။

အလားတူ တျခား ျပည္နယ္နဲ႔တုိင္းမွာလည္း ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္တာေတြကို မေက်နပ္မႈေတြရိွေနပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW