ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ အင်တာနက်ဖြတ်တောက်မှု အဆုံးသတ်ဖို့ မြန်မာအစိုးရကို HRW တိုက်တွန်း

ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ အင်တာနက်ဖြတ်တောက်မှု အဆုံးသတ်ဖို့ မြန်မာအစိုးရကို HRW တိုက်တွန်း

နယူးယောက်၊ ဇူလိုင်-၂၉
မျိုးဆက် (VOM)

အရပ်သားတွေအပေါ် ဆိုးကျိုးသက်ရောက်စေတာကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကို မြန်မာအစိုးရအနေနဲ့ ချက်ချင်းရုပ်သိမ်းပေးဖို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဇူလိုင် ၂၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

မြန်မာအစိုးရရဲ့ အင်တာနက်ကန့်သတ်ထားမှုတွေဟာ အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊ သတင်းအချက်အလက်ရရှိရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်ရာမှာ အဟန့်အတားဖြစ်စေတယ်လို့ HRW ကပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့အကြား ပဋိပက္ခတွေကြောင့် ဒီလိုအင်တာနက်ဖြတ်တောက်မှုဟာ ပြည်နယ်နှစ်ခုမှာနေထိုင်တဲ့ ဒေသခံတစ်သန်းကျော်အပေါ် သက်ရောက်မှုရှိနေပါတယ်။

ဒီလိုအင်တာနက်ဖြတ်တောက်မှုဟာ မိုဘိုင်းအင်တာနက် နည်းပညာကိုအသုံးပြုပြီး အေအေအဖွဲ့က ဖောက်ခွဲမှုတွေပြုလုပ်တာတွေနဲ့ မြေမြှပ်မိုင်းတွေထောင်တာကို ကာကွယ်တားဆီးဖို့အတွက် လိုအပ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဇွန် ၃၀ ရက်နဲ့ ဇူလိုင် ၈ ရက်က ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက်ဖြတ်တောက်ထားရတဲ့ နောက်ဆုံးအကြောင်းပြချက်ဟာ အခြေအမြစ်မရှိပဲ လက်တွေ့ဖြစ်ရပ်တွေနဲ့ ကွဲလွဲနေတယ်လို့ HRW ရဲ့ ပဋိပက္ခဆိုင်ရာ သုတေသီRichard Weir ကထောက်ပြပြောဆိုပါတယ်။
မြန်မာအစိုးရဟာ ၂၀၁၉ ခုနှစ် ဇွန်လကစပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အင်တာနက်ဖြတ် တောက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Ref : HRW
Photo: AFP
#voiceofmyanmar #VOM #နယူးယောက်

Zawgyi

ရခိုင္နဲ႔ခ်င္းျပည္နယ္ေတြမွာ အင္တာနက္ျဖတ္ေတာက္မႈ အဆံုးသတ္ဖို႔ ျမန္မာအစိုးရကို HRW တိုက္တြန္း

နယူးေယာက္၊ ဇူလိုင္-၂၉
မ်ိဳးဆက္ (VOM)

အရပ္သားေတြအေပၚ ဆိုးက်ိဳးသက္ေရာက္ေစတာေၾကာင္႔ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားတာကို ျမန္မာအစိုးရအေနနဲ႔ ခ်က္ခ်င္းရုပ္သိမ္းေပးဖို႔ နယူးေယာက္အေျခစိုက္ လူ႔အခြင္႔အေရးေစာင္႔ၾကည္႔အဖြဲ႔ HRW က ဇူလိုင္ ၂၇ ရက္မွာ တိုက္တြန္းလိုက္ပါတယ္။

ျမန္မာအစိုးရရဲ႕ အင္တာနက္ကန္႔သတ္ထားမႈေတြဟာ အကူအညီေပးေရး ပူးေပါင္းေဆာင္ရြက္မႈေတြ၊ သတင္းအခ်က္အလက္ရရိွေရးနဲ႔ လူ႔အခြင္႔အေရးခ်ိဳးေဖာက္မႈေတြကို ေစာင္႔ၾကည္႔ရာမွာ အဟန္႔အတားျဖစ္ေစတယ္လို႔ HRW ကေျပာပါတယ္။

ျမန္မာ႔တပ္မေတာ္နဲ႔ ေအေအလက္နက္ကိုင္အဖြဲ႔တို႔အၾကား ပဋိပကၡေတြေၾကာင္႔ ဒီလိုအင္တာနက္ျဖတ္ေတာက္မႈဟာ ျပည္နယ္နွစ္ခုမွာေနထိုင္တဲ႔ ေဒသခံတစ္သန္းေက်ာ္အေပၚ သက္ေရာက္မႈရိွေနပါတယ္။

ဒီလိုအင္တာနက္ျဖတ္ေတာက္မႈဟာ မိုဘိုင္းအင္တာနက္ နည္းပညာကိုအသံုးျပဳျပီး ေအေအအဖြဲ႔က ေဖာက္ခြဲမႈေတြျပဳလုပ္တာေတြနဲ႔ ေျမျမွပ္မိုင္းေတြေထာင္တာကို ကာကြယ္တားဆီးဖို႔အတြက္ လိုအပ္တယ္လို႔ ျမန္မာနုိင္ငံျခားေရး၀န္ၾကီးဌာနက ကုလသမဂၢလူ႔အခြင္႔အေရးေကာင္စီကို ဇြန္ ၃၀ ရက္နဲ႔ ဇူလိုင္ ၈ ရက္က ေပးပို႔တဲ႔စာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာအစိုးရက ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အင္တာနက္ျဖတ္ေတာက္ထားရတဲ႔ ေနာက္ဆံုးအေၾကာင္းျပခ်က္ဟာ အေျခအျမစ္မရိွပဲ လက္ေတြ႔ျဖစ္ရပ္ေတြနဲ႔ ကြဲလြဲေနတယ္လို႔ HRW ရဲ႕ ပဋိပကၡဆိုင္ရာ သုေတသီRichard Weir ကေထာက္ျပေျပာဆိုပါတယ္။
ျမန္မာအစိုးရဟာ ၂၀၁၉ ခုနွစ္ ဇြန္လကစျပီး ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္တို႔မွာ အင္တာနက္ျဖတ္ ေတာက္မႈေတြျပဳလုပ္ခဲ႔တာျဖစ္ပါတယ္။

Ref : HRW
Photo: AFP
#voiceofmyanmar #VOM #နယူးေယာက္

Related posts

Leave a Comment

VOM News

FREE
VIEW