ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းကို လက်ရှိလွှတ်တော်သက်တမ်းအတွင်း အတည်ပြုမယ်

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းကို လက်ရှိလွှတ်တော်သက်တမ်းအတွင်း အတည်ပြုမယ်

နေပြည်တော်၊ ဇူလိုင် ၃၁-၂၀၂၀
စွမ်းရဲထွဋ် (VOM)

အခုလွှတ်တော်သက်တမ်းအတွင်း ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ဇူလိုင်လ ၃၀ ရက်နေ့မှာ VOM ကို ပြောပါတယ်။

အတည်ပြုပြီးတဲ့နောက် လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ကျင့်သုံးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ရေရှည်မှာလည်း နိုင်ငံ့ဝန်ထမ်းတွေသာမကဘဲ ပုဂ္ဂလိကဏ္ဍက ဝန်ထမ်းတွေပါ ပင်စင်ခံစားခွင့်ရရှိစေဖို့လည်း ဝန်ကြီးဌာနက တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi


စွမ်းရဲထွဋ် (VOM)




Related posts

Leave a Comment

VOM News

FREE
VIEW