အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လူမျိုးထွက်ပြေး
အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လူမျိုးထွက်ပြေး ရန်ကုန်၊ ဇူလိုင် ၇-၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်ထဲက ABLE GLAD Myanmar အထည်ချုပ် စက်ရုံပိုင်ရှင်တရုတ်နိုင်ငံသားဟာ အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပြေးသွားခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် အလုပ်သမားတွေအတွက် လုပ်ခလစာကို စက်ရုံမှာကျန်ခဲ့တဲ့ Buyer တွေရဲ့ အထည်အော်ဒါတွေကို ငွေပေးချေခိုင်းပြီး ဒီကနေ့ ဇူလိုင် ၆ ရက်မှာ လစာခွဲဝေပေးနေရတယ်လို့ သိရပါတယ်။ ” ဇူလိုင် ၃ ရက်နေ့ရုံးတက်တော့ ပိုင်ရှင်တရုတ်ကို မတွေ့ရဘူး ။ ညနေ့ထိ မလာဘူး။ ဒါနဲ့ သူနေတဲ့ဆီလိုက်သွားကြတော့ အိမ်မှာလည်းမရှိတော့ဘူး။ ပတ်ဝန်းကျင်ကသိရတာက ညထဲက ကား ၂ စီးနဲ့ ပစ္စည်းတွေယူပြီးသွားတယ် သိရတယ်။ ဒါနဲ့ အလုပ်သမားဌာနကို အကြောင်းကြားတယ်။ ဝန်ကြီးလည်းပါတယ်။ အလုပ်သမားတွေကလည်း လစာမရတော့ ဆူချင်ကြတဲ့သဘောပေါ့။ ဒါနဲ့…
Read More
ကျောက်တော်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အပေါက်ဝဒေသခံ (၅) ဦးအနက် (၂) ဦးကိုပြန်လွှတ်
ကျောက်တော်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အပေါက်ဝဒေသခံ (၅) ဦးအနက် (၂) ဦးကိုပြန်လွှတ် မြောက်ဦး၊ ဇူလိုင် ၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်က ဒေသခံ (၅)ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ကို မိသားစုနာရေးတစ်ခုသွားစဉ် လမ်းခုလတ်မှာ တပ်မတော်စစ်ဆေးရေးဂိတ်က ဖမ်းဆီးတာခံခဲ့ရကြောင်း လွှတ်မြောက်လာသူနဲ့ မိသားစုဝင်တွေက VOMကို ပြောထားတာ ဖြစ်ပါတယ်။ အဲ့ဒီဖမ်းဆီးခံရသူတွေ (၅) ဦးထဲက ကားမောင်သူနဲ့ အခြားနှစ်ယောက်ကို ဆက်လက်ဖမ်းဆီးထားပြီး ပြန်လွှတ်လာသူ(၂)ဦးကိုတော့ အပေါက်ဝရဲစခန်းကနေတဆင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်လွှတ်လာသူတစ်ဦးကပြောပါတယ်။ ပြန်လွှတ်လာသူတွေမှာ အပေါက်ဝတိုက်နယ်က ဦးအောင်နိုင်စိုး အသက် (၃၈) နှစ်နဲ့ ဦးမြင့်ဇော် အသက် (၃၄) နှစ်အရွယ်တို့ဖြစ်ပြီး သူတို့နှစ်ယောက်ကို ဇူလိုင်လ (၅) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကာ ဦးအောင်နိုင်စိုးမှာ ရိုက်နှက်စစ်ဆေးခံရတဲ့ အတွင်းဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူနေရတယ်လို့…
Read More
စစ်ဆေးရေးဂိတ် ဆောက်လုပ်ရာမှ ရဲတပ်ဖွဲ့နဲ့ ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ဖြိုခွင်း
စစ်ဆေးရေးဂိတ် ဆောက်လုပ်ရာမှ ရဲတပ်ဖွဲ့နဲ့ ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ဖြိုခွင်း မုံရွာ၊ ဇူလိုင် ၇-၂၀၂၀ ရန်နိုင်စိုး(VOM) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာမှာ သက်ဆိုင်ရာကနေ စစ်ဆေးရေးဂိတ် လာရောက်ဆောက်လုပ်မှုကြောင့် ဒီကနေ့မနက်ပိုင်းက ကျေးရွာဒေသခံတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ဖြိုခွင်းတဲ့အတွက် ဒေသခံတွေ ဒဏ်ရာရရှိခဲ့ပါတယ်။ သက်ဆိုင်ရာက စစ်ဆေးရေးဂိတ်ကို ကျေးရွာပိုင်စိုက်ခင်းအနီးမှာ ပြုလုပ်ဖို့ဆောင်ရွက်ရာမှာ ဒေသခံတွေက လက်မခံတဲ့အတွက် အခုလို ပဋိပက္ခဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ” ဂိတ်ဆောက်တာကတော့ လမ်းဘေးပဲ ။ အခုက ရွာပိုင်စိုက်ခင်းကို ဖျက်လုပ်မယ့် အနေထားကြောင့် ရွာကလက်မခံဘူး။ ရွာက ထွက်တားတော့ ဒေသခံတွေကို ဖမ်းတယ်။ ရွာဘက်ကလဲ ပြန်ဆွဲရင်း ရုန်းရင်ဆန်ခတ်ဖြစ်ကြတာ။ အဲ့ဒီတော့ ရွာဘက်ကို သေနတ်နဲ့ပစ်တယ်။ ၇ ချက် မှန်သူရှိတယ် ၊ ၅ ချက်မှန်သူရှိတယ် ၊ ၂…
Read More
ပထမဦးဆုံးအကြိမ် ပါမောက္ခချုပ်တက်ရောက်တဲ့ ရတနာပုံတက္ကသိုလ်က 7Julyအခမ်းအနား
ပထမဦးဆုံးအကြိမ် ပါမောက္ခချုပ်တက်ရောက်တဲ့ ရတနာပုံတက္ကသိုလ်က 7Julyအခမ်းအနား မန္တလေး၊ ဇူလိုင် ၇-၂၀၂၀ ဟိန်းကို(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်ကျောင်း၀င်းအတွင်းမှာ ဒီကနေ့မနက်ကပြုလုပ်တဲ့ (၅၈)နှစ်မြောက် 7JULY အောက်မေ့ဖွယ်အခမ်းအနားကို ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ” ကျွန်တော်တို့ 7JULYပွဲမျိုး ‌ပါမောက္ခချုပ်တက်တာ ပထမဆုံးပဲ၊ ခုလက်ရှိ ဒီပါမောက္ခချုပ်အသစ် ဒေါက်တာအောင်အောင်မင်းအနေနဲ့က ကျွန်တော်တို့နဲ့က ညှိလို့နှိုင်းလို့အဆင်ပြေတဲ့အခါကြတော့ ကျွန်တော်‌တို့ကျောင်းသားတွေရဲ့လိုအပ်ချက်ကို တက်နိုင်တဲ့ဖက်က ဖြည့်ပေးနေပါတယ် အခုလက်ရှိထိတော့၊ အခုလိုမျိုးညှိနှိုင်းပြီး ဆက်သွားမယ်ဆိုတဲ့အခါကျတော့ တောင်းဆိုတဲ့တောင်းဆိုချက်တွေ ကျောင်းသားထုအခွင့်အရေးတွေဟာ ဒီထက်ပိုပြီးရလာမယ်လို့လည်း မျှော်လင့်ပါတယ်၊ အရင်တုန်းက ပါမောက္ခတွေမှာ ဘာမှထောက်ပံ့မှုမရှိခဲ့ပါဘူး”လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဒု-ဥက္ကဌ ကိုဘုန်းမြင့်ကျော်ကပြောပါတယ်။ ရတနာပုံတက္ကသိုလ်ထဲမှာတော့ ရတကသ နဲ့ ဗကသဆိုကာ ကျောင်းသား(၂)ဖွဲ့ရှိတဲ့အတွက် ဗကသတွေအနေနဲ့က ကဗျာရွတ်ပွဲနဲ့ အောင်မေ့ဖွယ် အခမ်းအနားလေးလုပ်တာဖြစ်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသား/သူတွေလုပ်တဲ့ပွဲဖြစ်တဲ့အတွက် ကူညီထားမှုလည်းရှိတယ်လို့ ရတနာပုံတက္ကသိုလ် တာ၀န်ခံပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကပြောပြပါတယ်။ “ကျောင်းဘက်ကလည်း အခမ်းအနားပြင်တွေ…
Read More
မြေပုံမြို့နယ် ရက်ချောင်းစစ်ဘေးရှောင်စခန်း ရေကြီးတဲ့အတွက် လေးတောင်ရွာသို့ ယာယီရွေ့ပြောင်းရ
မြေပုံမြို့နယ် ရက်ချောင်းစစ်ဘေးရှောင်စခန်း ရေကြီးတဲ့အတွက် လေးတောင်ရွာသို့ ယာယီရွေ့ပြောင်းရ မြောက်ဦး၊ ဇူလိုင် ၆- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းက၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်မှာ မိုးတွင်းကာလ တောင်ကျရေတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၅၀၀ နီးပါး ခိုလုံနေရတဲ့ ရက်ချောင်း စစ်ဘေးရှောင်စခန်းဟာ ရေကြီးရေလျှံမှုကြောင့် အဲ့ဒီစခန်းအနီးက လေးတောင်ကျေးရွာကို ယာယီပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။ ယခုလို မြောင်အနီးမှာတည်ဆောက်ထားတဲ့ စစ်ဘေးရှောင်စခန်းကို ရေတက်လာတာဟာ မိုးရွာသွန်းမှုသုံးရက်ဆက်တိုက်ရွာသွန်းပြီး ဒီရေကြီးတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ရက်ချောင်းစစ်ဘေးရှောင်စခန်းမှာ မနေ့ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းကနေ ဒီကနေ့အချိန်ထိ မိုးရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ ဒီရေတွေကြောင့် ရေမျက်နှာပြင်အမြင့် (၅) ပေထိ မြင့်တက်ပြီး စစ်ဘေးရှောင်တွေနေထိုင်ဖို့ အခက်အခဲရှိတာကြောင့် လေးတောင်ရွာကို ပြောင်းရွေ့ခဲ့ရတာလို့ စစ်ဘေးရှောင်စခန်းတာဝန်ခံ မြတန်ဇောင်းဆရာတော်က VOM ကို မိန့်ပါတယ်။ မြတန်းဇောင်းဆရာတော် မိန့်တာကတော့” မနေ့က…
Read More
ကိုဗစ်လူနာ Case-311 ဆိုင်ကယ်ကယ်ရီနဲ့ YBSကို စီးနင်းခဲ့ခြင်းရှိမရှိ အတည်မပြုနိုင်သေး၊ ရန်ကုန် ၊ ဇူလိုင် ၆-၂၀၂၀ သိင်္ဂီ (VOM) လာအိုနိုင်ငံကပြန်လာတဲ့ ကိုဗစ် လူနာအမှတ်-၃၁၁ အမျိုးသားဟာ YBS 90 နဲ့ ဆိုင်ကယ် ကယ်ရီကို အမှန်တကယ်စီးနင်းခဲ့ခြင်းရှိမရှိ လတ်တလောမှာ အတည်မပြုနိုင်သေးဘူးလို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးခိုင်ကပြောပါတယ်။ လူနာအမှတ်-၃၁၁အနေနဲ့ ရွာကိုပြန်လာတာတော့ မှန်ကန်ပြီး ဘယ်လိုပုံစံနဲ့ ပြန်လာသလဲဆိုတာကို အတိအကျမသိရသေးတဲ့အတွက် အတည်ပြုသိရှိနိုင်ဖို့ ကာယကံရှင်ကိုယ်တိုင်ပြောရမှာဖြစ်ကြောင်းနဲ့ ဒီကိစ္စကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။ ” ရွာကို ပြန်လာတော့ဟုတ်တယ်။ ရွာကအဝင်မခံဘဲ ပြန်ပို့ခဲ့တယ်။ သူ YBS 90 စီးလာသလား ၊ ဆိုင်ကယ် ကယ်ရီတကယိပဲစီးလာသလား အတိအကျ မသိရသေးဘူး။ လူတွေအပြောပဲရှိသေးတယ်။ ကာယကံရှင်ဆီက ဘာမှမသိရသေးဘူး။ သူဆီကသိရတော့မှ ကားလိုင်းကဘာလဲ ၊ဆိုင်ကယ် ကယ်ရီ…
Read More
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးအဖြစ် အိန္ဒိယနိုင်ငံ ကမ္ဘာ့အဆင့်သုံး ဖြစ်လာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးအဖြစ် အိန္ဒိယနိုင်ငံ ကမ္ဘာ့အဆင့်သုံး ဖြစ်လာ ဒေလီ၊ ဇူလိုင်-၆-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ခုနှစ်သိန်းနီးပါးရှိနေပြီး ကမ္ဘာပေါ်မှာ ကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေထဲမှာ အဆင့်သုံးနေရာက ရပ်တည်နေကာ ကူးစက်ပျံ့နှံ့မှုတွေ နှေးကွေးသွားမယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။ ဇူလိုင် ၆ ရက်အထိ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှု ၂၃၀၀၀ ကျော်ရှိနေပြီး ဇူလိုင် ၅ ရက်နေ့ကတော့ ၂၅၀၀၀ အထိ ကူးစက်မှုရှိနေပါတယ်။ နိုင်ငံအတွင်းမှာ ဇန်နဝါရီလအတွင်းက ပထမဆုံးကူးစက်မှုကို တွေ့ရှိပြီးနောက် သေဆုံးသူ နှစ်သောင်းနီး ပါးထိရှိနေပါတယ်။ ကူးစက်မှုမြင့်မားလာတာကြောင့် လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတို့ပြီးရင် ကူးစက်မှုအများဆုံး ဖြစ်နေပါတယ်။ ကူးစက်မှုအရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအတွင်း ကူးစက်မှုနှုန်းထက် ရှစ်ဆများနေပါတယ်။ ကူးစက်မှုတွေမြင့်မားနေတာကြောင့် ခရီးသွားတွေကို ဆွဲဆောင်မှုအရှိဆုံး အိန္ဒိယရဲ့…
Read More
ကနီမြို့နယ်မှာ ကျေးရွာချင်းဆက် လမ်းခင်းဖို့ မြေတူးရာကနေ ရှေးဟောင်းသံထည်ပစ္စည်းများတွေ့
ကနီမြို့နယ်မှာ ကျေးရွာချင်းဆက် လမ်းခင်းဖို့ မြေတူးရာကနေ ရှေးဟောင်းသံထည်ပစ္စည်းများတွေ့ ကလေး ဇူလိုင် ၆-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ ပါဟဲမြောက်ရွာအနီးမှာ ကျေးရွာချင်းဆက် လမ်းခင်းဖို့ ကုန်းကမူတစ်ခုကို တူးဖော်ရာကနေ ရှေးဟောင်းပစ္စည်းလို့ယူဆရတဲ့ သံထည်ပစ္စည်းတွေကို မနေ့ဇူလိုင်(၅)ရက်နေ့ကတွေ့ရှိခဲ့တယ်လို့ ကနီမြို့နယ် အုပ်ချုပ်ရေးမှူးဦးသိုက်စိုးထွန်း က ပြောပါတယ်။ တွေ့ရှိခဲ့တဲ့ပစ္စည်းတွေကတော့ ပစ္စည်းပေါင်း အခု(၂၀)ဝန်းကျင်ရှိပြီး သံထည်ပစ္စည်းတွေကတော့ လှံသွား ၊ ဓါးကောက် ၊ပုဆိန် ကဲ့သို့သော ပစ္စည်းတွေ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း ပြောပြတာက “ကျွန်တော်တို့ကတော့ ရှေးဟောင်းလို့ယူဆရ တယ်လို့ပဲ ပြောလို့ရတယ်။ ပညာရှင်တွေလာကြည့်မှ ဘယ်နှစ်ခုနှစ်ကဟာဆိုတာ သိရမယ်။ အဲ့ချိန်ကျမှ တိတိကျကျ ပြောလို့ရမယ်။ ပစ္စည်းကတော့ ဓါးတို့၊ လှံတို့ အဲ့လိုပစ္စည်းတွေ့ရတယ်။ အခု လောလောဆယ်တော့ ပါဟဲရွာမှာ ထိန်းသိမ်းထားတယ်။ ရှေးဟောင်းပညာရှင်တွေကို အကြောင်း ကြားထားတယ်။ မနက်ဖြန်…
Read More
ကျောင်းပြန်ဖွင့်ချိန်မှာ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ဘာတွေပြင်ဆင်ထားလဲ
Read More
ဂျပန်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၄၀ နီးပါးသေဆုံး၊ နှစ်သိန်းကျော်ဘေးလွတ်ရာရွှေ့ပြောင်း
ဂျပန်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၄၀ နီးပါးသေဆုံး၊ နှစ်သိန်းကျော်ဘေးလွတ်ရာရွှေ့ပြောင်း တိုကျို၊ ဇူလိုင်-၆-၂၀၂၀ မျိုးဆက် (VOM) ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူရှူးကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၀ ဦးနီးပါးသေဆုံးသွားပြီး ဒီကနေ့ဇူလိုင် ၆ ရက်မနက်ပိုင်းမှာ မြစ်ရေကြီးမြင့်လာခြင်းနဲ့အတူ ဘေးလွတ်ရာပြောင်းရွှေ့ဖို့ ညွှန်ကြားချက်အသစ်တွေလည်း ထုတ်ပြန်ခဲ့ရပါတယ်။ ရေကြီးပြီး မြေပြိုမှုတွေကြောင့် လက်ရှိအချိန်ထိ ၂၁ ဦးသေဆုံးခဲ့ပြီး အခြား ၁၈ ဦးမှာလည်း သေဆုံးသွားဖွယ်ရှိကာ ၁၃ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒါဆူဂါက ပြောပါတယ်။ ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ဆူဂါကပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ဂျပန်တပ်ဖွဲ့ဝင် လေးသောင်းစေလွှတ်ထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တားဆီးရေးအတွက် ကယ်ဆယ်ရေးဌာနတွေမှာ ပိုးသတ်ဆေးဖြန်းတာတွေလုပ်ဆောင်နေပြီး ရေဘေးသင့်ပြည်သူတွေအနေနဲ့ ခပ်ခွာခွာနေရေးစည်းမျဉ်းတွေကို လိုက်နာကြဖို့တိုက်တွန်းထားတယ်လို့ သူကပြောပါတယ်။ လက်ရှိအချိန်ထိ ရေဘေးကြောင့် လူနှစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ကြဖို့ အမိန့်ထုတ်ထားတာ…
Read More
VOM News
FREE
VIEW