နန်ဆမ်ယန်တွင်မဲဆန္ဒရှင်တချို့ မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားအတွက်အခက်ကြုံ

နန်ဆမ်ယန်တွင်မဲဆန္ဒရှင်တချို့ မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားအတွက်အခက်ကြုံ

နန်ဆမ်ယန်-ဩဂုတ်၁-၂၀၂၀
ရန်အောင်ထွန်း (VOM)

ကချင်ပြည်နယ်မှာ ပထမဆုံး စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်အခြေချ နေထိုင်တဲ့ ဝိုင်းမော်မြို့နယ် ၊ နမ်ဆန်ယန်ကျေးရွာမှာ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်း မဲဆန္ဒရှင် ၅၁၁ ဦး ရှိပြီး အဲ့ဒီအထဲက မဲဆန္ဒရှင် တချို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ပျက်စီးပျောက်ဆုံးတာတွေရှိလို့ အခက်ကြုံနေရတယ်လို့ နန်ဆန်ယန်ဒေသခံတွေက ပြောပါတယ်။

ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားတဲ့ စာရင်းလာကြည့်သူတွေထဲမှာ အိမ်ထောင်စု ဇယားပျောက်ဆုံးတာ ၊ ပျက်စီးတာ ၊ မှတ်ပုံတင် မပီပြင်တော့တာ စတဲ့ ပြဿနာရှိသူတချို့ကို တွေ့ရပါတယ်။ ကျေးရွာဥက္ကဋ္ဌ ဦးဘရန်နီကို ဒါနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်နေသလဲ တိတိကျကျ သိရဖို့ VOM က မေးပေမယ့် ဖြေကြာပေးခြင်းတော့ မရှိပါဘူး။

မဲဆန္ဒရှင်တွေဘက်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကိုယ်စာလှယ်တွေ၊ ပါတီတွေရဲ့အကြောင်း မသိကြသေးပါဘူးလို့ နန်ဆန်ယန်ကျေးရွာက သင်းအုပ်ဆရာ ဆရာဇော်လေးက ပြောပါတယ်။

နန်ဆမ်ယန်ကျေးရွာမှာ နေရပ်ပြန်စစ်ရှောင်အိမ်ထောင်စုပေါင်း ၉၈ စုရှိပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ဒီဇင်ဘာလက စတင်ပို့ဆောင်ခဲ့ပြီး သုံးကြိမ်တိုင်တိုင် ပို့ထားပြီးဖြစ်ပါတယ်။ လေးကြိမ်မြောက်အဖြစ် အိမ်ခြေ ၁၀၀ ကျော် ဆက်ပို့ဖို့ ဆောင်ရွက်နေစဉ်မှာပဲ Covid-19 ရောဂါကာကွယ်ရေး ကာလနဲ့ ကြုံခဲ့လို့ လုပ်ငန်းစဉ်တွေ ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နန်ဆမ်ယန်

 

နန္ဆမ္ယန္တြင္မဲဆႏၵရွင္တခ်ိဳ႕ မွတ္ပုံတင္ႏွင့္အိမ္ေထာင္စုဇယားအတြက္အခက္ႀကဳံ

နန္ဆမ္ယန္-ဩဂုတ္၁-၂၀၂၀
ရန္ေအာင္ထြန္း (VOM)

ကခ်င္ျပည္နယ္မွာ ပထမဆုံး စစ္ေရွာင္ျပည္သူေတြ ေနရပ္ျပန္အေျခခ် ေနထိုင္တဲ့ ဝိုင္းေမာ္ၿမိဳ႕နယ္ ၊ နမ္ဆန္ယန္ေက်း႐ြာမွာ ႏိုဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္မဲဆႏၵရွင္စာရင္း မဲဆႏၵရွင္ ၅၁၁ ဦး ရွိၿပီး အဲ့ဒီအထဲက မဲဆႏၵရွင္ တခ်ိဳ႕ မွတ္ပုံတင္နဲ႔ အိမ္ေထာင္စုဇယား ပ်က္စီးေပ်ာက္ဆုံးတာေတြရွိလို႔ အခက္ႀကဳံေနရတယ္လို႔ နန္ဆန္ယန္ေဒသခံေတြက ေျပာပါတယ္။

ေက်း႐ြာေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲက ထုတ္ျပန္ထားတဲ့ စာရင္းလာၾကည့္သူေတြထဲမွာ အိမ္ေထာင္စု ဇယားေပ်ာက္ဆုံးတာ ၊ ပ်က္စီးတာ ၊ မွတ္ပုံတင္ မပီျပင္ေတာ့တာ စတဲ့ ျပႆနာရွိသူတခ်ိဳ႕ကို ေတြ႕ရပါတယ္။ ေက်း႐ြာဥကၠ႒ ဦးဘရန္နီကို ဒါနဲ႔ပတ္သက္ၿပီး ဘယ္လိုေဆာင္႐ြက္ေနသလဲ တိတိက်က် သိရဖို႔ VOM က ေမးေပမယ့္ ေျဖၾကာေပးျခင္းေတာ့ မရွိပါဘူး။

မဲဆႏၵရွင္ေတြဘက္ကေတာ့ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ကိုယ္စာလွယ္ေတြ၊ ပါတီေတြရဲ႕အေၾကာင္း မသိၾကေသးပါဘူးလို႔ နန္ဆန္ယန္ေက်း႐ြာက သင္းအုပ္ဆရာ ဆရာေဇာ္ေလးက ေျပာပါတယ္။

နန္ဆမ္ယန္ေက်း႐ြာမွာ ေနရပ္ျပန္စစ္ေရွာင္အိမ္ေထာင္စုေပါင္း ၉၈ စုရွိပါတယ္။ ပထမဆုံးအႀကိမ္အျဖစ္ ၂၀၁၈ ဒီဇင္ဘာလက စတင္ပို႔ေဆာင္ခဲ့ၿပီး သုံးႀကိမ္တိုင္တိုင္ ပို႔ထားၿပီးျဖစ္ပါတယ္။ ေလးႀကိမ္ေျမာက္အျဖစ္ အိမ္ေျခ ၁၀၀ ေက်ာ္ ဆက္ပို႔ဖို႔ ေဆာင္႐ြက္ေနစဥ္မွာပဲ Covid-19 ေရာဂါကာကြယ္ေရး ကာလနဲ႔ ႀကဳံခဲ့လို႔ လုပ္ငန္းစဥ္ေတြ ရပ္နားထားခဲ့ရတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #နန္ဆမ္ယန္

Related posts

Leave a Comment

VOM News

FREE
VIEW