အာဖဂန်အကျဉ်းထောင်ကို အိုင်အက်စ်တို့တိုက်ခိုက်မှု လူ ၂၉ ဦးသေဆုံး၊ အကျဉ်းသား တစ်ထောင်ကျော် ထွက်ပြေး

အာဖဂန်အကျဉ်းထောင်ကို အိုင်အက်စ်တို့တိုက်ခိုက်မှု လူ ၂၉ ဦးသေဆုံး၊ အကျဉ်းသား တစ်ထောင်ကျော် ထွက်ပြေး

အာဖဂန်အကျဉ်းထောင်ကို အိုင်အက်စ်တို့တိုက်ခိုက်မှု လူ ၂၉ ဦးသေဆုံး၊ အကျဉ်းသား တစ်ထောင်ကျော် ထွက်ပြေး

ကဘူး၊ သြဂုတ်-၄-၂၀၂၀
မျိုးဆက် (VOM)

အာဖရန်နစ္စတန်နိုင်ငံ ဂျလာလာဘတ်မြို့ရှိ အကျဉ်းထောင်တစ်ခုကို အိုင်အက်စ်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၉ ဦးသေဆုံးပြီး အကျဉ်းသား ၁၀၀၀ ကျော်ထွက်ပြေးခဲ့ကြပါတယ်။

ထောင်ဝင်ပေါက်ကို သေနတ်သမားတွေက ကားဗုံးဖောက်ခွဲပြီး တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ အိုင်အက်စ်အဖွဲ့က ဆိုပါတယ်။

အိုင်အက်စ်အဖွဲ့နဲ့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား နာရီ ၂၀ နီးပါးကြာမြင့်တဲ့ တိုက်ခိုက်မှုတွေမှာ အိုင်အက်စ်အဖွဲ့ဝင် ရှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ နန်ဂါဟာပြည်နယ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ လက်ရှိအချိန်ထိ အကျဉ်းသား ၃၀၀ ကျော်လောက်ထွက်ပြေးလွတ်မြောက်နေတယ်လို့ ယုံကြည်ရပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်မှာ အကျဉ်းထောင်အတွင်း အကျဉ်းသား ၁၇၉၃ ဦးရှိနေပြီး အများစုကတော့ တာလီဘန်တွေနဲ့ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေလို့ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေထဲက ၁၀၂၅ ဦးကို ထောင်ကိုပြန်ပို့ထားပြီး ၄၃၀ ဦးကိုကယ်တင်နိုင်ခဲ့ကာ ၅၀ ကျော်ဒါဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #အာဖကန်အကျဥ◌်းထောင်

Zawgyi


ကဘူး၊ သြဂုတ်-၄-၂၀၂၀
မျိုးဆက် (VOM)






Ref : BBC
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW