ရန်ကုန်-မန္တလေး မီးရထားလမ်း ပြန်ဖွင့်

ရန်ကုန်-မန္တလေး မီးရထားလမ်း ပြန်ဖွင့်

နေပြည်တော်၊ ဩဂုတ် ၆-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိဘူတာနဲ့ ပိန်းဇလုပ်ဘူတာကြား မီးရထားလမ်း ရေတိုက်စားမှုဖြစ်ခဲ့တဲ့အတွက် ဩဂုတ်လ ၄ ရက် မနက်ပိုင်းက စတင်ပိတ်ထားရတဲ့ ရထားခရီးစဉ်များကို ဒီကနေ့မနက် ၈ နာရီက ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ တောင်ငူဘူ တာရုံပိုင်ကြီး ဦးကျော်မိုးလွင်က ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးဘက်ကတော့ လက်မှတ်ပြန်ရောင်းပြီ၊ ကြားဘူတာတွေ ဒီကနေ့ ညနေလောက်မှ စရောင်းပေးရမယ်”လို့ ဦးကျော်မိုးလွင်က ပြောပါတယ်။

ညောင်လေးပင်မြို့နယ်အတွင်း ရေကြီးရေလျံမှုတွေကြောင့် ရန်ကုန်-မန္တလေးမီးရထား
လမ်း၊ တော်ဝိဘူတာနဲ့ ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင် ၉၈ အနီး တံတားတစ်စင်း ရေတိုက်စားပြီး ရေကျော် ပျက်ဆီးခဲ့တာ‌ကြောင့် ဩဂုတ်လ ၄ ရက်က တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီးနောက် အမှတ်(၅)အဆန်နဲ့ အမှတ် (၃)အဆန်အမြန်ရထားတို့ကို ယာယီဖျက်သိမ်းခဲ့ကာ နှစ်ရက်အကြာမှာတော့ ပြန်လည်သွာလာခွင့်ပြုလိုက်ပြီလို့မြန်မာ့မီးရထား(တိုင်း ၆)ကနေ သိရပါတယ်။

ပဲခူးတိုင်းအ‌ရှေ့ခြမ်းရှိ မြို့နယ်အချို့မှာ ဩဂုတ်လ ၃ ရက်နေ့မနက်ပိုင်းက စတင်ပြီး ‌ မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျံမှုတွေဖြစ်ခဲ့တာကြောင့် ရန်ကုန်-မန္တလေး
မီးရထားလမ်းနဲ့ ကားလမ်းပိုင်းအချို့ရေကျော်ပြီး ခရီးသည်တင်ယာဉ်နဲ့ အိမ်စီးယာဉ်များယာဉ်ကျောပိတ်ဆို့တာတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် မီးရထားခရီးစဉ်အချို့ကိုလည်းရုတ်
သိမ်းလိုက်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ-မီးရထား
#voiceofmyanmar #VOM # ပဲခူး

Zawgyi

ရန္ကုန္-မႏၲေလး မီးရထားလမ္း ျပန္ဖြင့္

ေနျပည္ေတာ္၊ ဩဂုတ္ ၆-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ေတာ္ဝိဘူတာနဲ႔ ပိန္းဇလုပ္ဘူတာၾကား မီးရထားလမ္း ေရတိုက္စားမႈျဖစ္ခဲ့တဲ့အတြက္ ဩဂုတ္လ ၄ ရက္ မနက္ပိုင္းက စတင္ပိတ္ထားရတဲ့ ရထားခရီးစဥ္မ်ားကို ဒီကေန႔မနက္ ၈ နာရီက ျပန္လည္ဖြင့္ေပးလိုက္တယ္လို႔ ေတာင္ငူဘူ တာ႐ုံပိုင္ႀကီး ဦးေက်ာ္မိုးလြင္က ေျပာပါတယ္။

ရန္ကုန္နဲ႔ မႏၲေလးဘက္ကေတာ့ လက္မွတ္ျပန္ေရာင္းၿပီ၊ ၾကားဘူတာေတြ ဒီကေန႔ ညေနေလာက္မွ စေရာင္းေပးရမယ္”လို႔ ဦးေက်ာ္မိုးလြင္က ေျပာပါတယ္။

ေညာင္ေလးပင္ၿမိဳ႕နယ္အတြင္း ေရႀကီးေရလ်ံမႈေတြေၾကာင့္ ရန္ကုန္-မႏၲေလးမီးရထား
လမ္း၊ ေတာ္ဝိဘူတာနဲ႔ ပိန္းဇလုပ္ဘူတာအၾကား မိုင္တိုင္ ၉၈ အနီး တံတားတစ္စင္း ေရတိုက္စားၿပီး ေရေက်ာ္ ပ်က္ဆီးခဲ့တာ‌ေၾကာင့္ ဩဂုတ္လ ၄ ရက္က တာဝန္ရွိသူေတြ သြားေရာက္စစ္ေဆးခဲ့ၿပီးေနာက္ အမွတ္(၅)အဆန္နဲ႔ အမွတ္ (၃)အဆန္အျမန္ရထားတို႔ကို ယာယီဖ်က္သိမ္းခဲ့ကာ ႏွစ္ရက္အၾကာမွာေတာ့ ျပန္လည္သြာလာခြင့္ျပဳလုိက္ၿပီလို႔ျမန္မာ့မီးရထား(တုိင္း ၆)ကေန သိရပါတယ္။

ပဲခူးတိုင္းအ‌ေရွ႕ျခမ္းရွိ ၿမိဳ႕နယ္အခ်ိဳ႕မွာ ဩဂုတ္လ ၃ ရက္ေန႔မနက္ပိ္ုင္းက စတင္ၿပီး ‌ မိုးသည္းထန္စြာ႐ြာသြန္းကာ ေရႀကီးေရလ်ံမႈေတြျဖစ္ခဲ့တာေၾကာင့္ ရန္ကုန္-မႏၲေလး
မီးရထားလမ္းနဲ႔ ကားလမ္းပိုင္းအခ်ိဳ႕ေရေက်ာ္ၿပီး ခရိီးသည္တင္ယာဥ္နဲ႔ အိမ္စီးယာဥ္မ်ားယာဥ္ေက်ာပိတ္ဆို႔တာေတြ ျဖစ္ေပၚခဲ့တဲ့အျပင္ မီးရထားခရီးစဥ္အခ်ိဳ႕ကိုလည္း႐ုတ္
သိမ္းလိုက္ရတာျဖစ္ပါတယ္။

ဓာတ္ပုံ-မီးရထား
#voiceofmyanmar #VOM # ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW