တောဆင်ရိုင်တစ်ကောင်း ဓာတ်လိုက်ပြီး သေဆုံးခဲ့တာကြောင့် လူနှစ်ဦးကို အမှုဖွင့်အရေးယူ

တောဆင်ရိုင်တစ်ကောင်း ဓာတ်လိုက်ပြီး သေဆုံးခဲ့တာကြောင့် လူနှစ်ဦးကို အမှုဖွင့်အရေးယူ

မုံရွာ၊ သြဂုတ် ၈-၂၀၂၀
ကိုတိုးကြီး (VOM)

တိုက်ကြီးမြို့နယ် ၊ သနပ်ချောင်းကျေးရွာအုပ်စု ၊ မြောက်လိုင်းရိုးမကြိုးဝိုင်း အကွက်အမှတ် (၂၁)အတွင်း သေဆုံးခဲ့တဲ့ တောရိုင်းဆင်အထီး တစ်ကောင်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူ လူနှစ်ဦးကို ဇီဝမျိုးစုံ မျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ မနေ့သြဂုတ်လ ၇ ရက်နေ့က အမှုဖွင့်အရေးယူခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းကနေ သိရပါတယ်။

“ သေဆုံးတဲ့ဆင်က အမြင့် (၇)ပေ ၊ အလျားလုံးပတ် (၁၀ ပေ ၉ လက္မ) ၊ကျောရိုး (၆ပေ ၉ လက္မ )အမြီး (၃ ပေ ၇ လက္မ ) ခွာဖုံး (၃ ပေ ၈ လက္မ) နှာမောင်း (၄ ပေ) အသက် (၁၈) နှစ်ခန့် အရွယ် ဟန်ကုတ်အမျိုးအစား တောရိုင်ဆင်အထီး တစ်ကောင်ဖြစ်တယ်၊
အဲ့ဒီ ဆင်သေဆုံးခဲ့တဲ့နေရာဟာ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်ကို နှစ်ရှည်ငှားရမ်းထားတဲ့ စိုက်ခင်းနေရာဖြစ်တယ် အဲ့ဒီကနေ ဦးမြင့်ဌေး (ခေါ်) ဦးမှတ်ကြီးနဲ့ ဦးနိုင်ချစ်ထွန်းတို့က တဆင့်ငှားရမ်းပြီး ကြံစိုက်ခင်း လုပ်ကိုင်နေတာ ၊ မြေပုံညွှန်းအရဆို (46Q / 1883301) ဖြစ်တယ် ၊ ဆင်သေဆုံးရတဲ့ အဓိက အကြောင်းအရင်းကတော့ နှာမောင်းပြတ်ရှဒဏ်ရာတွေ့ရတယ် မြန်မာ့သစ်လုပ်ငန်း ဆင်ဆရာဝန်ရဲ့ သုံးသပ်ချက်ကတော့ လျှပ်စစ်ဓာတ်လိုက်လို့ သေဆုံးတာ ”လို့ တိုက်ကြီးမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ဆင်သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး ၊မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာနကို တိုက်ကြီးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးဇော်ဇော်မင်းက တင်ပြချက်များအရ ကြံစိုက်ခင်းအတွင်း ခွင့်မပြုချက်မရှိဘဲ လျှပ်စစ်ဓာတ်ကြိုးများ သွယ်တန်းခဲ့တဲ့ လူနှစ်ဦးကို အမှုဖွင့်အရေးယူဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြန်ကြားခဲ့ပါတယ်။

အဲ့ဒါကြောင့် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဇော်ဇော်မင်းက တိုက်ကြီးမြို့မရဲစခန်းမှာ တရားလိုပြုလုပ်တိုင်တန်းခဲ့တာကို ရဲစခန်းက မနေ့သြဂုတ်လ(၇) ရက်နေ့မှာ (ပ) ၁၄၆၂ /၂၀၂၀ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁ (က)အရ အမှုဖွင့်အရေးယူခဲ့တာ ဖြစ်ပါတယ်

ဓာတ်ပုံ-တိုက်ကြီးမြို့မရဲစခန်း
#voiceofmyanmar #VOM #တိုက်ကြီး

Zawgyi

ေတာဆင္ရိုင္တစ္ေကာင္း ဓာတ္လိုက္ျပီး ေသဆံုးခဲ႔တာေၾကာင္႔ လူႏွစ္ဦးကို အမႈဖြင္႔အေရးယူ

မံုရြာ၊ ၾသဂုတ္ ၈-၂၀၂၀
ကိုတိုးၾကီး (VOM)

တိုက္ၾကီးျမိဳ႕နယ္ ၊ သနပ္ေခ်ာင္းေက်းရြာအုပ္စု ၊ ေျမာက္လိုင္းရိုးမႀကိဳး၀ိုင္း အကြက္အမွတ္ (၂၁)အတြင္း ေသဆံုးခဲ႔တဲ႔ ေတာရိုင္းဆင္အထီး တစ္ေကာင္နဲ႔ ပတ္သက္ျပီး တာ၀န္ရွိသူ လူႏွစ္ဦးကို ဇီ၀မ်ိဳးစံု မ်ိဳးကြဲနဲ႔ သဘာ၀ထိန္းသိမ္းေရးနယ္ေျမမ်ား ကာကြယ္ေစာင္႔ေရွာက္ျခင္းဆိုင္ရာ ဥပေဒအရ မေန႔ၾသဂုတ္လ ၇ ရက္ေန႔က အမႈဖြင္႔အေရးယူခဲ႔တယ္လို႔ တိုက္ၾကီးျမိဳ႕မရဲစခန္းကေန သိရပါတယ္။

“ ေသဆံုးတဲ့ဆင္က အျမင္႔ (၇)ေပ ၊ အလ်ားလံုးပတ္ (၁၀ ေပ ၉ လကၼ) ၊ေက်ာရိုး (၆ေပ ၉ လကၼ )အျမီး (၃ ေပ ၇ လကၼ ) ခြာဖံုး (၃ ေပ ၈ လကၼ) ႏွာေမာင္း (၄ ေပ) အသက္ (၁၈) ႏွစ္ခန္႔ အရြယ္ ဟန္ကုတ္အမ်ိဳးအစား ေတာရိုင္ဆင္အထီး တစ္ေကာင္ျဖစ္တယ္၊
အဲ႔ဒီ ဆင္ေသဆံုးခဲ႔တဲ႔ေနရာဟာ ျမန္မာ႔စီးပြားေရး ဦးပိုင္လီမီတက္ကို ႏွစ္ရွည္ငွားရမ္းထားတဲ႔ စိုက္ခင္းေနရာျဖစ္တယ္ အဲ႔ဒီကေန ဦးျမင္႔ေဌး (ေခၚ) ဦးမွတ္ၾကီးနဲ႔ ဦးနိုင္ခ်စ္ထြန္းတို႔က တဆင္႔ငွားရမ္းျပီး ၾကံစိုက္ခင္း လုပ္ကိုင္ေနတာ ၊ ေျမပံုညႊန္းအရဆို (46Q / 1883301) ျဖစ္တယ္ ၊ ဆင္ေသဆံုးရတဲ႔ အဓိက အေၾကာင္းအရင္းကေတာ႔ ႏွာေမာင္းျပတ္ရွဒဏ္ရာေတြ႔ရတယ္ ျမန္မာ႔သစ္လုပ္ငန္း ဆင္ဆရာ၀န္ရဲ႕ သံုးသပ္ခ်က္ကေတာ့ လွ်ပ္စစ္ဓာတ္လိုက္လို႔ ေသဆံုးတာ ”လို႔ တိုက္ၾကီးျမိဳ႕မရဲစခန္းမွာ တာ၀န္ထမ္းေဆာင္ေနတဲ႔ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

အဲ႔ဒီ ဆင္ေသဆံုးခဲ႔တာနဲ႔ ပတ္သက္လို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႔ စိုက္ပ်ိဳးေရး ၊ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္၀န္ၾကီးဌာနကို တိုက္ၾကီးျမိဳ႕နယ္ သစ္ေတာဦးစီးအရာရွိ ဦးေဇာ္ေဇာ္မင္းက တင္ျပခ်က္မ်ားအရ ၾကံစိုက္ခင္းအတြင္း ခြင္႔မျပဳခ်က္မရွိဘဲ လွ်ပ္စစ္ဓာတ္ၾကိဳးမ်ား သြယ္တန္းခဲ႔တဲ့ လူႏွစ္ဦးကို အမႈဖြင္႔အေရးယူဖို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႔က ျပန္ၾကားခဲ႔ပါတယ္။

အဲ႔ဒါေၾကာင္႔ ျမိဳ႕နယ္သစ္ေတာဦးစီးအရာရွိ ဦးေဇာ္ေဇာ္မင္းက တိုက္ၾကီးျမိဳ႕မရဲစခန္းမွာ တရားလိုျပဳလုပ္တိုင္တန္းခဲ႔တာကို ရဲစခန္းက မေန႔ၾသဂုတ္လ(၇) ရက္ေန႔မွာ (ပ) ၁၄၆၂ /၂၀၂၀ ဇီ၀မ်ိဳးစံုမ်ိဳးကြဲနဲ႔ သဘာ၀ထိန္းသိမ္းေရးနယ္ေျမမ်ား ကာကြယ္ေစာင္႔ေရွာက္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၄၁ (က)အရ အမႈဖြင္႔အေရးယူခဲ႔တာ ျဖစ္ပါတယ္

ဓာတ္ပံု-တိုက္ၾကီးျမိဳ႕မရဲစခန္း
#voiceofmyanmar #VOM #တိုက္ႀကီး

Related posts

Leave a Comment

VOM News

FREE
VIEW