ဘဏ်ငွေသွင်းချလံ အတုပြုလုပ်ပြီး ငွေကျပ်သိန်း ၃၇၀ ကျော်လိမ်လည်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရ

ဘဏ်ငွေသွင်းချလံ အတုပြုလုပ်ပြီး ငွေကျပ်သိန်း ၃၇၀ ကျော်လိမ်လည်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရ

စစ်ကိုင်း၊ သြဂုတ် ၁၂-၂၀၂၀
ရှိုင်းအောင် (VOM)

စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်မှာ စက်ရုံတည်ဆောက်ခွင့်ဆိုင်းဘုတ်အတုနဲ့ ဘဏ်ငွေသွင်းချလံအတုတွေ ပြုလုပ်ပြီး သိန်း ၃၇၀ ကျော် လိမ်လည်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးကို အလွဲသုံးစားပြုလုပ်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ စစ်ကိုင်းရဲကင်းစခန်းမှူး ဦးခင်ရွှေက ပြောပါတယ်။

“ လောပန်းက တရုတ် အဲ့ဒီအဆောက်အဦး ပတ္တမြားရပ်ကွက်ပိုင် ဖုန်းအားသွင်းကြိုးလုပ်မယ့် စက်ရုံဆောက်မှာ သက်ဆိုင်ရာခွင့်ပြုချက်ရဲ့ စာရွက်စာတန်းတွေလိုအပ်လို့ အုပ်ချုပ်ရေးမှူးကို အကူအညီတောင်းတာ အုပ်ချုပ်ရေးမှူးကလည်း ကူညီပေးမယ်ဆိုပြီး ဘာအတွက်ပေးရမယ်၊ ညာအတွက်ပေးရမယ် ခွင့်ပြုမိန့်တင်ဖို့ပေးရမယ်ဆိုပြီးတောင်းတာ သိန်းသုံးရာကျော်သွားတာပေါ့၊ သူက ချလံအဟောင်းတစ်ခုကို သူကောက်ရတာပေါ့ အဲ့ဒါကို မိတ္တူပွားပြီး ကိန်းဂဏန်း ငွေအမောင့်တွေကို သူ့လက်ရေးနဲ့ရေးပြီး ယုတ္တိတန်အောင် သွားပေးတယ်လို့” စစ်ကိုင်းရဲကင်းစခန်းမှူး ဦးခင်ရွှေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဝင်းနိုင်ကို ဒီကိစ္စနဲ့ပါတ်သတ်ပြီး မေးမြန်းကြည့်တဲ့အခါမှာတော့ “ အကိုတို့ကတော့ ဖိုးတွမ်တီးနဲ့ တရားလိုပြုလုပ်ပြီး စွဲထားတာပေါ့ ၊ အကိုတို့ဆီမှာ အဆောက်အဦး ဆောက်လုပ်ခွင့်တင်ပြီး ဆောက်လုပ်တယ်လို့ ကနဦးသတင်းရတဲ့အတွက် ဒီအဆောက်အဦးကိုဝင်စစ်တော့ လက်ရှိပြီးနေတဲ့ အနေအထားနဲ့ သူတို့သွင်းနေတဲ့အနေအထားတွေအပေါ်မှာ တစ်ဖက်က ကာယကံရှင်ကလည်း တရုတ်မျိုးလြူဖစ်နေတဲ့အတွက်ကြောင့် မြန်မာစကား ကောင်းကောင်းမပြောတတ်တော့ စကားပြန်နဲ့ပြောနေရတဲ့အခါကျတော့ အုပ်ချုပ်ရေးမှူးကို အကျိုးဆောင် သဘောမျိုးအပ်နှံပြီးတော့ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဘာတွေဆောင်ရွက်ပေးထားလည်းမေးတော့ စည်ပင်ရဲ့ဆောက်လုပ်ခွင့်ကဒ်ပြားထုတ်ပြတော့ ကဒ်ပြားက ရုံးကထုတ်ပေးတဲ့ကဒ်ပြားမဟုတ်ဘူးဆိုပြီးသွားတွေ့ရတာတော့ လက်ရှိတာဝန်ယူတည်ဆောက်နေတဲ့ တရုတ်နဲ့စကားပြန်ကို ကိုယ်တို့က ရုံးမှာခေါ်ယူပြီးတော့မှ စစ်ချက်ပေါ်မှာအခြေခံပြီး ကျနော်တို့က စခန်းမှာ အမှုဖွင့်လိုက်တာ” လို့ ပြောပါတယ်။

စက်ရုံတည်ဆောက်ခွင့်ဆိုင်းဘုတ်အတုနဲ့ ဘဏ်ငွေသွင်းချလံအတုတွေပြုလုပ်ပြီး သိန်း ၃၇၀ ကျော် လိမ်လည်ခဲ့တဲ့ ပတ္တမြားရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ဇော်သိန်းနဲ့ အာကာမင်းထွန်း( ရွှေမင်းဝံရပ်ကွက် )၊ ရဲဇော်အောင် ( ဇေယျာကွက်သစ်ရပ်ကွက်) နေထိုင်သူ သုံးယောက်ကို (ပ)၅၅၁/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀/၄၆၈ နဲ့ စစ်ကိုင်းမြို့မရဲစခန်းကနေ ဖမ်းဆီးအရေးယူထားတယ် လို့ သိရပါတယ်။

Photo – စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ
#VoiceofMyanmar #VOM #အလွဲသုံးစားပြုလုပ်မှု #အုပ်ချုပ်ရေးမှူး

Zawgyi

ဘဏ္ေငြသြင္းခ်လံ အတုျပဳလုပ္ၿပီး ေငြက်ပ္သိန္း ၃၇၀ ေက်ာ္လိမ္လည္ခဲ့တဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဖမ္းဆီးခံရ

စစ္ကုိင္း၊ ၾသဂုတ္ ၁၂-၂၀၂၀
ရႈိင္းေအာင္ (VOM)

စစ္ကုိင္းၿမိဳ႕၊ ပတၱျမားရပ္ကြက္မွာ စက္ရုံတည္ေဆာက္ခြင့္ဆုိင္းဘုတ္အတုနဲ႔ ဘဏ္ေငြသြင္းခ်လံအတုေတြ ျပဳလုပ္ၿပီး သိန္း ၃၇၀ ေက်ာ္ လိမ္လည္ခဲ့တဲ့ အုပ္ခ်ဳပ္ေရးမွဴးအပါအဝင္ သုံးဦးကုိ အလြဲသုံးစားျပဳလုပ္မႈနဲ႔ ဖမ္းဆီးလုိက္တယ္လုိ႔ စစ္ကုိင္းရဲကင္းစခန္းမွဴး ဦးခင္ေရႊက ေျပာပါတယ္။

“ ေလာပန္းက တရုတ္ အဲ့ဒီအေဆာက္အဦး ပတၱျမားရပ္ကြက္ပုိင္ ဖုန္းအားသြင္းႀကိဳးလုပ္မယ့္ စက္ရုံေဆာက္မွာ သက္ဆုိင္ရာခြင့္ျပဳခ်က္ရဲ႕ စာရြက္စာတန္းေတြလုိအပ္လုိ႔ အုပ္ခ်ဳပ္ေရးမွဴးကုိ အကူအညီေတာင္းတာ အုပ္ခ်ဳပ္ေရးမွဴးကလည္း ကူညီေပးမယ္ဆုိၿပီး ဘာအတြက္ေပးရမယ္၊ ညာအတြက္ေပးရမယ္ ခြင့္ျပဳမိန္႔တင္ဖုိ႔ေပးရမယ္ဆုိၿပီးေတာင္းတာ သိန္းသုံးရာေက်ာ္သြားတာေပါ့၊ သူက ခ်လံအေဟာင္းတစ္ခုကုိ သူေကာက္ရတာေပါ့ အဲ့ဒါကုိ မိတၱဴပြားၿပီး ကိန္းဂဏန္း ေငြအေမာင့္ေတြကုိ သူ႔လက္ေရးနဲ႔ေရးၿပီး ယုတၱိတန္ေအာင္ သြားေပးတယ္လုိ႔” စစ္ကုိ္င္းရဲကင္းစခန္းမွဴး ဦးခင္ေရႊက ေျပာပါတယ္။

စစ္ကုိင္းၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးဝင္းႏုိင္ကုိ ဒီကိစၥနဲ႔ပါတ္သတ္ၿပီး ေမးျမန္းၾကည့္တဲ့အခါမွာေတာ့ “ အကုိတုိ႔ကေတာ့ ဖုိးတြမ္တီးနဲ႔ တရားလုိျပဳလုပ္ၿပီး စြဲထားတာေပါ့ ၊ အကုိတုိ႔ဆီမွာ အေဆာက္အဦး ေဆာက္လုပ္ခြင့္တင္ျပီး ေဆာက္လုပ္တယ္လုိ႔ ကနဦးသတင္းရတဲ့အတြက္ ဒီအေဆာက္အဦးကုိဝင္စစ္ေတာ့ လက္ရွိၿပီးေနတဲ့ အေနအထားနဲ႔ သူတုိ႔သြင္းေနတဲ့အေနအထားေတြအေပၚမွာ တစ္ဖက္က ကာယကံရွင္ကလည္း တရုတ္မ်ိဳးျလူဖစ္ေနတဲ့အတြက္ေၾကာင့္ ျမန္မာစကား ေကာင္းေကာင္းမေျပာတတ္ေတာ့ စကားျပန္နဲ႔ေျပာေနရတဲ့အခါက်ေတာ့ အုပ္ခ်ဳပ္ေရးမွဴးကုိ အက်ိဳးေဆာင္ သေဘာမ်ိဳးအပ္နွံၿပီးေတာ့ ေဆာင္ရြက္ထားတာျဖစ္တဲ့အတြက္ေၾကာင့္ ဘာေတြေဆာင္ရြက္ေပးထားလည္းေမးေတာ့ စည္ပင္ရဲ႕ေဆာက္လုပ္ခြင့္ကဒ္ျပားထုတ္ျပေတာ့ ကဒ္ျပားက ရုံးကထုတ္ေပးတဲ့ကဒ္ျပားမဟုတ္ဘူးဆုိၿပီးသြားေတြ႕ရတာေတာ့ လက္ရွိတာဝန္ယူတည္ေဆာက္ေနတဲ့ တရုတ္နဲ႔စကားျပန္ကုိ ကုိယ္တုိ႔က ရုံးမွာေခၚယူၿပီးေတာ့မွ စစ္ခ်က္ေပၚမွာအေျခခံၿပီး က်ေနာ္တုိ႕က စခန္းမွာ အမႈဖြင့္လုိက္တာ” လုိ႔ ေျပာပါတယ္။

စက္ရုံတည္ေဆာက္ခြင့္ဆုိင္းဘုတ္အတုနဲ႔ ဘဏ္ေငြသြင္းခ်လံအတုေတြျပဳလုပ္ၿပီး သိန္း ၃၇၀ ေက်ာ္ လိမ္လည္ခဲ့တဲ့ ပတၱျမားရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ေအာင္ေဇာ္သိန္းနဲ႔ အာကာမင္းထြန္း( ေရႊမင္းဝံရပ္ကြက္ )၊ ရဲေဇာ္ေအာင္ ( ေဇယ်ာကြက္သစ္ရပ္ကြက္) ေနထုိင္သူ သုံးေယာက္ကုိ (ပ)၅၅၁/၂၀၂၀ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၂၀/၄၆၈ နဲ႔ စစ္ကုိင္းၿမိဳ႕မရဲစခန္းကေန ဖမ္းဆီးအေရးယူထားတယ္ လုိ႔ သိရပါတယ္။

Photo – စစ္ကုိင္းၿမိဳ႔နယ္စည္ပင္သာယာေရးေကာ္မတီ
#VoiceofMyanmar #VOM #အလြဲသုံးစားျပဳလုပ္မႈ #အုပ္ခ်ဳပ္ေရးမွဴး

Related posts

Leave a Comment

VOM News

FREE
VIEW