မသန်စွမ်းသူတွေအတွက် ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေအခမဲ့သင်ကြားပေးမယ့် Training Centre ရန်ကုန်မှာဖွင့်

မသန်စွမ်းသူတွေအတွက် ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေအခမဲ့သင်ကြားပေးမယ့် Training Centre ရန်ကုန်မှာဖွင့်

ရန်ကုန်၊ သြဂုတ် ၁၃-၂၀၂၀
ကျော်ကျော်(VOM)

မသန်စွမ်းသူတွေအတွက် ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေသင်ကြားပေးမယ့် Golden HopeTraining Centreကို မနေ့ဩဂုတ် ၁၂ ရက်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးတောင်ပိုင်းရပ်ကွက်၊ အောင်သိဒ္ဓိလမ်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

Golden HopeTraining Centre ကို ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ဖွင့်လှစ်တာဖြစ်ပြီး မသန်စွမ်းသူတွေအတွက် သင်တန်းတွေအခမဲ့သင်ကြားပေးမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ မုန့်ဖုတ်သင်တန်း၊ ကော်ဖီဖျော်သင်တန်း၊ ကွန်ပျူတာသင်တန်းတွေကို စတင်သင်ကြားပေးဖို့ရည်ရွယ်ထားပြီး မုန့်ဖုတ်သင်တန်းအတွက် သင်တန်းသား ၁၀ ဦးကို တစ်ပတ်ခြောက်ရက်နဲ့ တစ်လတာသင်တန်း စတင်သင်ကြားပေးနေပြီဖြစ်ပါတယ်။

“မသန်စွမ်းတွေက အလုပ်အကိုင်အခွင့်အလမ်းဆုံးရံှူးမှုတွေရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အတတ်ပညာတတ်ဖို့လိုလိမ့်မယ်။ အဲဒါကြောင့် ပထမအသုတ်အဖြစ် သင်တန်းသား သင်တန်းစပေးနေပြီ။ ဒီနှစ်ထဲမှာ ကျွန်တော်တို့ ၆၀ လောက်မွေးထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ အခမဲ့သင်တန်းပေးတာအပြင် သင်တန်းသားတွေအတွက် နေစရာ၊ စားစရာစီစဉ်ပေးပါတယ်”လို့ ရွှေမင်းသာဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဌ ဦးမြတ်သူဝင်းက ပြောပါတယ်။

ဒီသင်တန်းတွေကို ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေနဲ့သင်ကြားပေးတာဖြစ်ပြီး ရန်ပုံငွေအခက်အခဲတွေရှိနေတာကြောင့် နောက်ပိုင်းမှာ ရန်ပုံငွေရရှိဖို့ သန်စွမ်းသူတွေအတွက်လည်း သက်သာတဲ့နှုန်းထားတစ်ခုနဲ့ သင်တန်းတွေဖွင့်ပေးဖို့လည်း စီစဉ်ထားပါတယ်လို့ ဦးမြတ်သူဝင်းက ဆက်ပြောပါတယ်။

“ကျွန်တော်က မိသားစုအတွက်တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုချင်လို့ မုန့်ဖုတ်သင်တန်းလာတက်တာပါ။ ဒီသင်တန်းပြီးရင် ကျွန်တော် ကိတိမုန့်ဆိုင်အသေးလေးဖွင့်နိုင်အောင် ကြိုးစားနေပါတယ်”လို့ မုန့်ဖုတ်သင်တန်းမှာ တက်ရောက်နေသော
မသန်စွမ်းတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ငြိမ်းက ပြောပါတယ်။

အခုလိုသင်တန်းတွေ တက်ရောက်ပြီးပါက မသန်စွမ်းတွေအတွက် အလုပ်အကိုင်တွေချိတ်ဆက်ပေးမယ်လို့လည်း ပြောပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

မသန္စြမ္းသူေတြအတြက္ ကြန္ပ်ဴတာနဲ႔ အသက္ေမြး၀မ္းေက်ာင္းပညာရပ္ေတြအခမဲ့သင္ၾကားေပးမယ့္ Training Centre ရန္ကုန္မွာဖြင့္

ရန္ကုန္၊ ၾသဂုတ္ ၁၃-၂၀၂၀
ေက်ာ္ေက်ာ္(VOM)

မသန္စြမ္းသူေတြအတြက္ ကြန္ပ်ဴတာနဲ႔ အသက္ေမြး၀မ္းေက်ာင္းပညာရပ္ေတြသင္ၾကားေပးမယ့္ Golden HopeTraining Centreကို မေန႔ဩဂုတ္ ၁၂ ရက္က ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ႀကီးပြားေရးေတာင္ပိုင္းရပ္ကြက္၊ ေအာင္သိဒၶိလမ္းမွာ စတင္ဖြင့္လွစ္ခဲ့ပါတယ္။

Golden HopeTraining Centre ကို ေရႊမင္းသားေဖာင္ေဒးရွင္း(ျမန္မာ)က ဖြင့္လွစ္တာျဖစ္ျပီး မသန္စြမ္းသူေတြအတြက္ သင္တန္းေတြအခမဲ့သင္ၾကားေပးမွာျဖစ္ပါတယ္။

လက္ရိွမွာေတာ့ မုန္႔ဖုတ္သင္တန္း၊ ေကာ္ဖီေဖ်ာ္သင္တန္း၊ ကြန္ပ်ဴတာသင္တန္းေတြကို စတင္သင္ၾကားေပးဖို႔ရည္ရြယ္ထားၿပီး မုန္႔ဖုတ္သင္တန္းအတြက္ သင္တန္းသား ၁၀ ဦးကို တစ္ပတ္ေျခာက္ရက္နဲ႔ တစ္လတာသင္တန္း စတင္သင္ၾကားေပးေနၿပီျဖစ္ပါတယ္။

“မသန္စြမ္းေတြက အလုပ္အကိုင္အခြင့္အလမ္းဆံုး႐ံႉးမႈေတြရိွေနတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔မွာ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့ အတတ္ပညာတတ္ဖို႔လိုလိမ့္မယ္။ အဲဒါေၾကာင့္ ပထမအသုတ္အျဖစ္ သင္တန္းသား သင္တန္းစေပးေနၿပီ။ ဒီႏွစ္ထဲမွာ ကြၽန္ေတာ္တို႔ ၆၀ ေလာက္ေမြးထုတ္ေပးဖို႔ စီစဥ္ထားပါတယ္။ အခမဲ့သင္တန္းေပးတာအျပင္ သင္တန္းသားေတြအတြက္ ေနစရာ၊ စားစရာစီစဥ္ေပးပါတယ္”လို႔ ေရႊမင္းသာေဖာင္ေဒးရွင္း(ျမန္မာ)ဥကၠဌ ဦးျမတ္သူ၀င္းက ေျပာပါတယ္။

ဒီသင္တန္းေတြကုိ ေရႊမင္းသားေဖာင္ေဒးရွင္းရဲ႕ ရန္ပံုေငြနဲ႔သင္ၾကားေပးတာျဖစ္ၿပီး ရန္ပံုေငြအခက္အခဲေတြရိွေနတာေၾကာင့္ ေနာက္ပိုင္းမွာ ရန္ပံုေငြရရိွဖို႔ သန္စြမ္းသူေတြအတြက္လည္း သက္သာတဲ့ႏႈန္းထားတစ္ခုနဲ႔ သင္တန္းေတြဖြင့္ေပးဖို႔လည္း စီစဥ္ထားပါတယ္လို႔ ဦးျမတ္သူဝင္းက ဆက္ေျပာပါတယ္။

“ကြၽန္ေတာ္က မိသားစုအတြက္တစ္ေထာင့္တစ္ေနရာကေန အေထာက္အကူျပဳခ်င္လို႔ မုန္႔ဖုတ္သင္တန္းလာတက္တာပါ။ ဒီသင္တန္းၿပီးရင္ ကြၽန္ေတာ္ ကိတိမုန္႔ဆိုင္အေသးေလးဖြင့္ႏိုင္ေအာင္ ႀကိဳးစားေနပါတယ္”လို႔ မုန္႔ဖုတ္သင္တန္းမွာ တက္ေရာက္ေနေသာ
မသန္စြမ္းတစ္ဦးျဖစ္တဲ့ ဦးေမာင္ေမာင္ၿငိမ္းက ေျပာပါတယ္။

အခုလိုသင္တန္းေတြ တက္ေရာက္ၿပီးပါက မသန္စြမ္းေတြအတြက္ အလုပ္အကိုင္ေတြခ်ိတ္ဆက္ေပးမယ္လို႔လည္း ေျပာပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW