မှတ်ကျောက်တင် စစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုများ မြဝတီ ရွှေဈေးကွက်အတွင်းဝင်ရောက်လာ

မှတ်ကျောက်တင် စစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုများ မြဝတီ ရွှေဈေးကွက်အတွင်းဝင်ရောက်လာ

မြဝတီ ၊ သြဂုတ် ၁၂ – ၂၀၂၀
ကိုတိုးကြီး (VOM)

ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့ မြဝတီမြို့မှာ ဒီရက်ပိုင်းအတွင်း မှတ်ကျောက်တင် စစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုတွေ ဝင်ရောက်လာတာကြောင့် ရောင်းမှား၊ ဝယ်မှား ဖြစ်မှာကို ဒေသခံ ရွှေရတနာလုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။

မြဝတီမြို့ အမှတ်(၄) ရပ်ကွက် ၊ ဘုရင့်နောင်ဈေးကြီးအနီးမှာရှိတဲ့ ရွှေပြည့်လျှံ ရွှေရတနာ ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်ပြောပြတာက “ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က အမျိုးသမီးတစ်ယောက်ဟာ သာမန် မှတ်ကျောက်တင် အစစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုတွေကို လာရောက်ပေါင်နှံတယ် ၊ သုံးကြိမ်မြောက် လာရောက်ပေါင်နှံတာကြောင့် မသင်္ကာလို့ အဲ့ဒီ ပစ္စည်းတွေကို ဓားသွေးကျောက် အကြမ်းကြီးပေါ် သေခြာပွတ်တိုက်ပြီး စစ်ဆေးကြည့်တဲ့အခါ ရွှေထည်ပစ္စည်းတွေက အတုဖြစ်နေတာကို သိရတယ် ၊ ဒီလ ၁၀ ရက်နေ့က ဖြစ်တာပါ ၊ အဲ့ဒါကြောင့် ရဲစခန်းကို သွားရောက်အမှုဖွင့်ခဲ့တယ် ၊ ရဲစခန်း(ပ) ၄၆၀ /၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ပေးထားတယ် ” လို့ ပြောပါတယ်။

ရွှေထည်ပစ္စည်း အတုတွေကို လာရောက်ပေါင်နှံတဲ့ အမျိုးသမီးနဲ့အဖွဲ့ဟာ အဲ့ဒီရွှေဆိုင်မှာ ရွှေထည်ပစ္စည်း သိန်းတစ်ရာကျော်ဖိုး ပေါင်နှံထားတယ်လို့ လိမ်လည် ပေါင်နှံခြင်းခံရတဲ့ ရွှေလုပ်ငန်းရှင် မိသားစုကဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြဝတီမြို့ပေါ်က ရွှေဆိုင်တစ်ခုမှာလဲ အဲ့ဒီလို မှတ်ကျောက်တင် အစစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုတွေကို မှားယွင်းအပေါင်ခံမိလို့ ရဲစခန်းကို အကြောင်းကြားတိုင်တန်းထားပြီး အပေါင်ခံ ရွှေထည်ပစ္စည်းတွေကိုလည်း ရဲစခန်းကို အပ်နှံထားတာဖြစ်ပါတယ်။

“ သက်ဆိုင်ရာက ဒီကိစ္စကို အမြန်ဆုံး ဖော်ထုတ်အရေးယူပေးစေချင်တယ် ၊ အချိန်တွေ ကြန့်ကြာလာတာနဲ့အမျှ အဲ့ဒီ ရွှေထည်ပစ္စည်းအတုတွေဟာ ကျယ်ပြန့်လာနိုင်တယ် ၊ ရွှေထည်ပစ္စည်းအတုတွေကို မှားယွင်းစွာလက်ခံမိတဲ့ ရွှေရတနာ အရောင်းဆိုင်တွေ ၊ အပေါင်ဆိုင်တွေ ၊ သာမန်ပြည်သူတွေက မသိနားမလည်ပဲ ရွှေထည်ပစ္စည်းအတုတွေကို အစစ်အမှန်ထင်မှတ်ပြီး ဝယ်ယူစုဆောင်ထားမိရင် နောင်တချိန် ပိုက်ဆံလိုအပ်လို့ ပြန်ရောင်းတဲ့အခါ ပေါင်နှံတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်မိတဲ့အတွက် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိစေနိုင်အောင် အခုလို သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတာဖြစ်တယ် “ လို့ မြဝတီမြို့ခံ ရွှေရတနာ လုပ်ငန်းရှင်တွေက ပြောပါတယ်

အခုလို မှတ်ကျောက်တင်ခံနိုင်တဲ့ ရွှေထည်ပစ္စည်းတွေ တွေ့ရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြဝတီမြို့က ရွှေကမ္ဘာဟိုတယ်မှာ ဒေသခံ ရွှေရတနာလုပ်ငန်းရှင်တွေဟာ သတင်းမီဒီယာတွေကို အခုလ ၁၁ ရက်က ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြဝတီ

Zawgyi

မွတ္ေက်ာက္တင္ စစ္ေဆးခံနိုင္တဲ႔ ေရႊထည္ပစၥည္းအတုမ်ား ျမ၀တီ ေရႊေစ်းကြက္အတြင္း၀င္ေရာက္လာ

ျမ၀တီ ၊ ၾသဂုတ္ ၁၂ – ၂၀၂၀
ကိုတိုးၾကီး (VOM)

ထိုင္း – ျမန္မာနယ္စပ္ ကုန္သြယ္ေရးျမိဳ႕တစ္ခုျဖစ္တဲ႔ ျမ၀တီျမိဳ႕မွာ ဒီရက္ပိုင္းအတြင္း မွတ္ေက်ာက္တင္ စစ္ေဆးခံနိုင္တဲ႔ ေရႊထည္ပစၥည္းအတုေတြ ၀င္ေရာက္လာတာေၾကာင္႔ ေရာင္းမွား၊ ၀ယ္မွား ျဖစ္မွာကို ေဒသခံ ေရႊရတနာလုပ္ငန္းရွင္ေတြက စိုးရိမ္ေနၾကပါတယ္။

ျမ၀တီျမိဳ႕ အမွတ္(၄) ရပ္ကြက္ ၊ ဘုရင္႔ေနာင္ေစ်းၾကီးအနီးမွာရွိတဲ႔ ေရႊျပည္႔လွ်ံ ေရႊရတနာ ေရာင္း၀ယ္ေရးလုပ္ငန္းပိုင္ရွင္ေျပာျပတာက “ ရန္ကုန္တိုင္း၊ သန္လ်င္ျမိဳ႕နယ္က အမ်ိဳးသမီးတစ္ေယာက္ဟာ သာမန္ မွတ္ေက်ာက္တင္ အစစ္ေဆးခံနိုင္တဲ႔ ေရႊထည္ပစၥည္းအတုေတြကို လာေရာက္ေပါင္ႏွံတယ္ ၊ သံုးၾကိမ္ေျမာက္ လာေရာက္ေပါင္ႏွံတာေၾကာင္႔ မသကၤာလို႔ အဲ႔ဒီ ပစၥည္းေတြကို ဓားေသြးေက်ာက္ အၾကမ္းၾကီးေပၚ ေသျခာပြတ္တိုက္ျပီး စစ္ေဆးၾကည္႔တဲ႔အခါ ေရႊထည္ပစၥည္းေတြက အတုျဖစ္ေနတာကို သိရတယ္ ၊ ဒီလ ၁၀ ရက္ေန႔က ျဖစ္တာပါ ၊ အဲ႔ဒါေၾကာင္႔ ရဲစခန္းကို သြားေရာက္အမႈဖြင္႔ခဲ႔တယ္ ၊ ရဲစခန္း(ပ) ၄၆၀ /၂၀၂၀ ရာဇသတ္ၾကီး ဥပေဒပုဒ္မ ၄၂၀ နဲ႔ အမႈဖြင္႔ေပးထားတယ္ ” လို႔ ေျပာပါတယ္။

ေရႊထည္ပစၥည္း အတုေတြကို လာေရာက္ေပါင္ႏွံတဲ႔ အမ်ိဳးသမီးနဲ႔အဖြဲ႔ဟာ အဲ႔ဒီေရႊဆိုင္မွာ ေရႊထည္ပစၥည္း သိန္းတစ္ရာေက်ာ္ဖိုး ေပါင္ႏွံထားတယ္လို႔ လိမ္လည္ ေပါင္ႏွံျခင္းခံရတဲ႔ ေရႊလုပ္ငန္းရွင္ မိသားစုက၀င္တစ္ဦးက ေျပာပါတယ္။

ဒါ့အျပင္ ျမ၀တီျမိဳ႕ေပၚက ေရႊဆိုင္တစ္ခုမွာလဲ အဲ႔ဒီလို မွတ္ေက်ာက္တင္ အစစ္ေဆးခံနိုင္တဲ႔ ေရႊထည္ပစၥည္းအတုေတြကို မွားယြင္းအေပါင္ခံမိလို႔ ရဲစခန္းကို အေၾကာင္းၾကားတိုင္တန္းထားျပီး အေပါင္ခံ ေရႊထည္ပစၥည္းေတြကိုလည္း ရဲစခန္းကို အပ္ႏွံထားတာျဖစ္ပါတယ္။

“ သက္ဆိုင္ရာက ဒီကိစၥကို အျမန္ဆံုး ေဖာ္ထုတ္အေရးယူေပးေစခ်င္တယ္ ၊ အခ်ိန္ေတြ ၾကန္႔ၾကာလာတာနဲ႔အမွ် အဲ႔ဒီ ေရႊထည္ပစၥည္းအတုေတြဟာ က်ယ္ျပန္႔လာနိုင္တယ္ ၊ ေရႊထည္ပစၥည္းအတုေတြကို မွားယြင္းစြာလက္ခံမိတဲ႔ ေရႊရတနာ အေရာင္းဆိုင္ေတြ ၊ အေပါင္ဆိုင္ေတြ ၊ သာမန္ျပည္သူေတြက မသိနားမလည္ပဲ ေရႊထည္ပစၥည္းအတုေတြကို အစစ္အမွန္ထင္မွတ္ျပီး ၀ယ္ယူစုေဆာင္ထားမိရင္ ေနာင္တခ်ိန္ ပိုက္ဆံလိုအပ္လို႔ ျပန္ေရာင္းတဲ႔အခါ ေပါင္ႏွံတဲ႔အခါ မလိုလားအပ္တဲ႔ ေနာက္ဆက္တြဲ ျပႆနာေတြ ျဖစ္လာမွာကို စိုးရိမ္မိတဲ႔အတြက္ အမ်ားျပည္သူ က်ယ္က်ယ္ျပန္႔ျပန္႔ သိေစနိုင္ေအာင္ အခုလို သတင္းမီဒီယာေတြနဲ႔ ေတြ႔ဆံုတာျဖစ္တယ္ “ လို႔ ျမ၀တီျမိဳ႕ခံ ေရႊရတနာ လုပ္ငန္းရွင္ေတြက ေျပာပါတယ္

အခုလို မွတ္ေက်ာက္တင္ခံႏိုင္တဲ့ ေရႊထည္ပစၥည္းေတြ ေတြ႕ရွိတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ျမ၀တီျမိဳ႕က ေရႊကမၻာဟိုတယ္မွာ ေဒသခံ ေရႊရတနာလုပ္ငန္းရွင္ေတြဟာ သတင္းမီဒီယာေတြကို အခုလ ၁၁ ရက္က ရွင္းလင္းတင္ျပ ေဆြးေႏြးခဲ႔တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ျမဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW