Covid19 ရောဂါကုသပျောက်ကင်းတာ ၆လကျော်ကြာရှိတဲ့အမျိုးသမီးမှာ ရောဂါပိုး ပြန်တွေ့

Covid19 ရောဂါကုသပျောက်ကင်းတာ ၆လကျော်ကြာရှိတဲ့အမျိုးသမီးမှာ ရောဂါပိုး ပြန်တွေ့

ဂျင်ဂျုံ ၊ ဩဂုတ် -၁၃-၂၀၂၀
လဲ့လဲ့ဝင်း (VOM)

ဩဂုတ်၉ရက်နေ့က ဟူးပိန့်ပြည်နယ် ၊ ဂျင်ဂျုံမြို့က အသက် ၆၈နှစ် အရွယ်အမျိုးသမီးတစ်ယောက်ဟာ ဂျင်ဂျုံမြို့က ဆေးရုံမှာ နေမကောင်းလို့ ဆေးကုသမှုခံရင်း စစ်ဆေးကြည့်တဲ့အခါမှာ Covid‌19 ရောဂါပိုး ပြန်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအမျိုးသမီးဟာ ဖေဖေါ်ဝါရီ ၈ ရက်နေ့က Covid‌19ရောဂါကုသပျောက်ကင်းခဲ့သူဖြစ်ပြီး ခုလို ၆လကျော်ကြာမှ Covid‌19ရောဂါပိုး ပြန်လည်တွေ့ရှိတာကြောင့် ဆရာဝန်တွေအံ့ဩစေရပါတယ်။

ဒါ့ကြောင့် အဲဒီအမျိုးသမီးနဲ့ ထိတွေ့သူတွေကို စစ်ဆေးတဲ့အခါမှာတော့ ရောဂါကူးစက်ခံရတာမရှိဘူးလို့ ဒေသတွင်းသတင်းတွေက ရေးသားကြပါတယ်။

ဒါပေမယ့် ရောဂါထပ်မံကူးဆက်မပြန့်ပွားစေဖို့ ဝေဒနာရှင်အမျိုးသမီးနေတဲ့အိမ်နဲ့ ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖြန်းတာ အသွားအလာကန့်သတ်တာတွေလုပ်ပြီး ထိန်းချုပ်ထားနိုင်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။

ဩဂုတ်လ ၁၂ရက် ညပိုင်းအချိန်ထိ တရုတ်နိုင်ငံက ပြည်နယ် ၃၁ ခုမှာ ကူးစက်ခံရသူစုစုပေါင်း ၈၄၇၅၆ ဦး၊ ပြန်ကောင်းမွန်လာသူ၇၉၃၉၈ သေဆုံးသူ ၄၆၃၄ ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

ဟောင်ကောင်မှာ ကူးစက်ခံရသူ ၄၂၄၃ ယောက်အနက် သေဆုံးသူ ၆၃ ယောက်ရှိခဲ့ပြီး၊ ပြန်ကောင်းမွန်လာသူ ၃၁၈၉ ခု ယောက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကူးစက်ခံရသူ ၃၆၁ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၆ ယောက်ပဲရှိခဲ့ပါတယ်။

လက်ရှိအခြေအနေအရ ကမ္ဘာတလွှားမှာ Covid19ရောဂါကူးစက်ခံရသူပေါင်း၂၀၈၁၅၂၃၀ရှိပြီး သေဆုံးသူ ၇၄၇၃၅၂ ယောက် ပြန်လည်ကောင်းမွန်လာသူ ၁၃၇၁၃၆၁၃ ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ဒီလို ကူးစက်ခံရတဲ့ထဲမှာ အမေရိကန်က ၅သန်းကျော်၊ ဘရာဇီးက ၃သန်းကျော်နဲ့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံက ၂၃သိန်းကျော်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ဩဂုတ်လ ၁၂ရက်က အိန္ဒိယနိုင်ငံက ပြန်လာသူတယောက်ဆီကနေ Covid 19 ရောဂါပိုး နောက်ဆုံးတွေ့ ရှိခဲ့ပါတယ်။

ဒီကပ်ရောဂါကြီးဟာ ကင်းစင်သွားတာမဟုတ်သေးဘဲ စိုးရိမ်ရတဲ့အနေအထားမှာရှိနေသေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကထုတ်ပြန်ကြေငြာထားပေမယ့် ယခုမြန်မာနိုင်ငံ ပြည်သူတွေဟာ အပြင်သွားလာတဲ့အခါနှာခေါင်းစည်း Mask တွေတပ်ဆင်တာ အင်မတန်ပေါ့နည်းပြီး ပေါ့ပေါ့ဆဆ သွားလာလှုပ်ရှားနေတဲ့အတွက် သက်ဆိုင်ရာက အမြဲတန်းလိုလို သတိပေးဆော်ဩနေရပါတယ်။

Ref:Jingzhou, Covid-19 Prevention and Control Headquarters
AFP Via Getty Image
#voiceofmyanmar #VOM #COVID19

Zawgyi

Covid19 ေရာဂါကုသေပ်ာက္ကင္းတာ ၆လေက်ာ္ၾကာရွိတဲ့အမ်ိဳးသမီးမွာ ေရာဂါပိုး ျပန္ေတြ႕

ဂ်င္ဂ်ံု ၊ ဩဂုတ္ -၁၃-၂၀၂၀
လဲ့လဲ့ဝင္း (VOM)

ဩဂုတ္၉ရက္ေန႔က ဟူးပိန႔္ျပည္နယ္ ၊ ဂ်င္ဂ်ဳံၿမိဳ႕က အသက္ ၆၈ႏွစ္ အ႐ြယ္အမ်ိဳးသမီးတစ္ေယာက္ဟာ ဂ်င္ဂ်ဳံၿမိဳ႕က ေဆး႐ုံမွာ ေနမေကာင္းလို႔ ေဆးကုသမႈခံရင္း စစ္ေဆးၾကည့္တဲ့အခါမွာ Covid‌19 ေရာဂါပိုး ျပန္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

အဲဒီအမ်ိဳးသမီးဟာ ေဖေဖၚဝါရီ ၈ ရက္ေန႔က Covid‌19ေရာဂါကုသေပ်ာက္ကင္းခဲ့သူျဖစ္ၿပီး ခုလို ၆လေက်ာ္ၾကာမွ Covid‌19ေရာဂါပိုး ျပန္လည္ေတြ႕ရွိတာေၾကာင့္ ဆရာဝန္ေတြအံ့ဩေစရပါတယ္။

ဒါ့ေၾကာင့္ အဲဒီအမ်ိဳးသမီးနဲ႔ ထိေတြ႕သူေတြကို စစ္ေဆးတဲ့အခါမွာေတာ့ ေရာဂါကူးစက္ခံရတာမရွိဘူးလို႔ ေဒသတြင္းသတင္းေတြက ေရးသားၾကပါတယ္။

ဒါေပမယ့္ ေရာဂါထပ္မံကူးဆက္မျပန႔္ပြားေစဖို႔ ေဝဒနာရွင္အမ်ိဳးသမီးေနတဲ့အိမ္နဲ႔ ပတ္ဝန္းက်င္ကို ပိုးသတ္ေဆးျဖန္းတာ အသြားအလာကန႔္သတ္တာေတြလုပ္ၿပီး ထိန္းခ်ဳပ္ထားႏိုင္တယ္လို႔ သက္ဆိုင္ရာအာဏာပိုင္ေတြက ေျပာပါတယ္။

ဩဂုတ္လ ၁၂ရက္ ညပိုင္းအခ်ိန္ထိ တ႐ုတ္ႏိုင္ငံက ျပည္နယ္ ၃၁ ခုမွာ ကူးစက္ခံရသူစုစုေပါင္း ၈၄၇၅၆ ဦး၊ ျပန္ေကာင္းမြန္လာသူ၇၉၃၉၈ ေသဆုံးသူ ၄၆၃၄ ရွိတယ္လို႔ထုတ္ျပန္ထားပါတယ္။

ေဟာင္ေကာင္မွာ ကူးစက္ခံရသူ ၄၂၄၃ ေယာက္အနက္ ေသဆုံးသူ ၆၃ ေယာက္ရွိခဲ့ၿပီး၊ ျပန္ေကာင္းမြန္လာသူ ၃၁၈၉ ခု ေယာက္ရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ကူးစက္ခံရသူ ၃၆၁ ေယာက္ရွိခဲ့ၿပီး ေသဆုံးသူ ၆ ေယာက္ပဲရွိခဲ့ပါတယ္။

လက္ရွိအေျခအေနအရ ကမာၻတလႊားမွာ Covid19ေရာဂါကူးစက္ခံရသူေပါင္း၂၀၈၁၅၂၃၀ရွိၿပီး ေသဆုံးသူ ၇၄၇၃၅၂ ေယာက္ ျပန္လည္ေကာင္းမြန္လာသူ ၁၃၇၁၃၆၁၃ ရွိတယ္လို႔ ထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။

ဒီလို ကူးစက္ခံရတဲ့ထဲမွာ အေမရိကန္က ၅သန္းေက်ာ္၊ ဘရာဇီးက ၃သန္းေက်ာ္နဲ႔ ျမန္မာ့အိမ္နီးခ်င္း အိႏၵိယႏိုင္ငံက ၂၃သိန္းေက်ာ္နဲ႔ တတိယေနရာမွာ ရပ္တည္ေနၿပီး ဩဂုတ္လ ၁၂ရက္က အိႏၵိယႏိုင္ငံက ျပန္လာသူတေယာက္ဆီကေန Covid 19 ေရာဂါပိုး ေနာက္ဆုံးေတြ႕ ရွိခဲ့ပါတယ္။

ဒီကပ္ေရာဂါႀကီးဟာ ကင္းစင္သြားတာမဟုတ္ေသးဘဲ စိုးရိမ္ရတဲ့အေနအထားမွာရွိေနေသးတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးကထုတ္ျပန္ေၾကျငာထားေပမယ့္ ယခုျမန္မာႏိုင္ငံ ျပည္သူေတြဟာ အျပင္သြားလာတဲ့အခါႏွာေခါင္းစည္း Mask ေတြတပ္ဆင္တာ အင္မတန္ေပါ့နည္းၿပီး ေပါ့ေပါ့ဆဆ သြားလာလႈပ္ရွားေနတဲ့အတြက္ သက္ဆိုင္ရာက အၿမဲတန္းလိုလို သတိေပးေဆာ္ဩေနရပါတယ္။

Ref:Jingzhou, Covid-19 Prevention and Control Headquarters
AFP Via Getty Image
#voiceofmyanmar #VOM #COVID19

Related posts

Leave a Comment

VOM News

FREE
VIEW