ကိုဗစ်ကာလ ချေးငွေအခက်အခဲ

ကိုဗစ်ကာလ ချေးငွေအခက်အခဲ

ရန်ကုန်၊ သြဂုတ် ၁၆-၂၀၂၀
ယဉ်ပပထွန်း(VOM)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လကုန်ကနေစတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ၁၉ရောဂါကြောင့် အသေးစား ချေးငွေယူထားသူအချို့ဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒဂုံမြို့သစ် ( တောင်ပိုင်း) နေထိုင်သူ ကုမ္ပဏီဝန်ထမ်းတစ်ဦးကတော့ “ကုမ္ပဏီက ယူထားတာက ၇သိန်း ။ကိုဗစ်ကာလမှာဖြေလျော့မလားဆိုတာကို ပထမ တစ်လမှာ ဘာမှမပြောဘူး အတိအလင်းမကြေငြာဘူး။ နောက်တစ်လမှာ ထုတ်ပြန်ချက်ထုတ်တယ်။ ရက်အတိအကျမပေးလဲ ဘာမှမဖြစ်ဘူးပေါ့ ။ ကုမ္ပဏီကဝန်ထမ်းတွေ ကိုဗစ်ကာလမှာ အလုပ်မဆင်းတဲ့အတွက်ကြောင့်လို့ပြောပါတယ် ။ ချေးငွေကိုသွင်းရမှာလား မသွင်းရဘူးလား ဖြေလျော့ပေးမှာလား မပေးဘူးလားဆိုတာသေသေချာချာမပြောဘူး ပုံမှန်အတိုင်းပဲဆက်သွင်းနေရတယ်။ အဒေါ်တွေ အစ်မတွေကတော့ယူထားပေမဲ့ သူတို့က မေ လမှာမသွင်းဘဲနဲ့နောက်လမှ သွင်းရတယ်ပြောတယ် ။ဖုန်းဆက်သွယ်တော့ သူတို့ဘက်ကပြန်ပြောပေးတယ်လို့တော့ သိရပါတယ်။”လို့ ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုထင်ကျော်ကတော့ “ကိုဗစ်ကာလမှာ ချေးငွေယူထားတဲ့သူတွေအတွက် ဘဏ်အနေနဲ့က ချေးငွေကာလကို ဆိုင်းငံ့ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာလမှာ စီးပွားရေးအဆင်မပြေကြဘူးလေ ။ တချို့က အလုပ်ရပ်နားခံရတဲ့ ဝန်ထမ်းတွေရှိတယ်လေ ။တချို့ဘဏ်တွေဆိုရင် ၆ လတန်သည် ၁ နှစ်တန်သည် ဘဏ်ချေးငွေကို မဆပ်ခိုင်းဘဲ အတိုးပဲဆပ်ခိုင်းတာရှိပါတယ် ။အဲ့လိုမျိုးဖြေလျော့ပေးသင့်ပါတယ် ။ အခုက ကြပ်တည်းနေတဲ့ကာလမှာ ၆ လလောက်ဆိုင်းငံ့ပေးပေးပြီးမှ စီးပွားရေးပြန်လည်ကောင်းလာမှ ပြန်ဆပ်ရတာမျိုးဆိုရင်တော့ အဆင်ပြေနိုင်ပါတယ် ။ အခုကာလကတော့ အားလုံးကြပ်ကြပ်တည်းတည်းဖြစ်နေတဲ့အခါကျတော့ ဒီချေးငွေက ဝန်ထုတ်ဝန်ဖိုးတစ်ခုဖြစ်နေပါတယ်။ သူတို့ဘက်ကအကြောင်းကြားတယ် ။ ဘယ်နေ့ဘယ်နေ့မှာ ငွေလက်ခံမယ် ။ အန်တီတို့က ၄ လပိုင်း ၃ ရက် နေ့က သွင်းရမှာ ကနဦးသွင်းရမယ် ဒါပေမဲ့ သူတို့ဘက်ကနောက်ဆုတ်ပေးတယ် ။၂ လမြောက်မှာသူတို့ဘက်ကဆက်သွယ်တယ်။လုပ်ငန်းတွေလုပ်ရပြီလား အဆင်ပြေပြိလားမေးတယ် ။အန်တီတို့ကလဲ အခုမှ အချိန်ယူတုံး ၅ လပိုင်း ၃ ရက်နေ့ရောက်မှသွင်းရတာပေါ့ ။ ကိုဗစ်ကာလမှာ ငွေကြေးကတော့ အဆင်မပြေပါဘူးလှည့်ပတ်နေရတာပေါ့လေ ။”လို့ ပြောပါတယ်။

ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ မအေးအောင်ဆိုသူကတော့ “ကိုဗစ်ကာလမှာ ချေးငွေတွေက လစဉ်ပေးရတယ် ။ ပေးသွင်းငွေကို လကုန်ပြီး ၂ရက်နေ့အထိသတ်မှတ်ထားပေမယ့် သူတို့က ၂၇ ရက်နေ့တွေ ၂၈ ရက်နေ့ကစပြီး မက်ဆေ့ပို့တယ် ။ ဖုန်းဆက်တယ် ။ ဒီနေ့ကစပြီး သွင်းလို့ရပါပြီ စိတ်အနှောက်အယှက်အရမ်းပေးတယ် ။ပြီးရင် ဖုန်းဆက်တိုက်ခေါ်တယ် ။ ကိုယ်ဘက်ကဆက်ရင် ဆက်မရဘူး၊ သူတို့ဘက်ကပဲ ဆက်ရတာ၊ အဝင်ကောကို သူတို့ကလက်မခံဘူး ။ ၄ လပိုင်းမှာနားတယ်လို့ပြောပေမယ့် တရားဝင်နားတယ်လို့မပြောဘဲနဲ့မလိပ်တစ်ဘက်နဲ့သွင်းရတယ် ။ မသွင်းလဲရတယ်ဆိုပေမယ့်လည်း အကုန်လုံးသွင်းရတာပါပဲ၊ တနေ့ကို ဖုန်း ၁၅ခါလေက်ခေါ်ပါတယ် ။အစိုးရက ပြောထားပါတယ် ကိုဗစ်ကာလမှာ အသေးစာချေးငွေတွေကို ဆိုင်းငံ့ပေးဖို့ပြောဆိုထားပေမယ့် ရပ်ဆိုင်းထားတာလည်းမရှိဘူး ။ ၄ လပိုင်းဆိုတာက ပြည်သူတွေအခက်အခဲဆုံးလဖြစ်တယ် ။ အလုပ်ရပ်ဆိုင်းထားတာရယ် ရုံးတွေပိတ်ထားတာရယ်နဲ့ အဲ့လိုမျိုးတွေရှိနေတာတောင် တရားဝင်နားမပေးခဲ့ဘူး ။ ဒီလမသွင်းနိုင်ရင် နောက်လမှ ၂ လစာပေါင်းသွင်းလို့ရတယ်ဆိုပြီးဖုန်းဆက်တယ် ။ ရက်ပဲနောက်ဆုတ်ပေးတာရှိတာ ။ ချေးငွေကုမ္ပဏီကအကြီးကြီးပါ သူတို့ဆီကယူရတာကလဲ အဆင်ပြေပါတယ် ။ သူတို့လောက်မကြီးတဲ့ ကုမ္ပဏီတွေတောင်မှ ၄ လပိုင်းမှာရပ်ဆိုင်းထားပေးသေးတာပဲ ။အခုဆိုရင် ချေးငွေကိုပဲသွင်းလို့ရတယ် ။ ယူတာကျတော့ လုပ်လို့မရဘူး၊ ဒုက္ခရောက်နေတဲ့လူတွေလည်းအများကြီးပါ။” လို့ ပြောပါတယ်။

ဒလမြို့နယ်မှာနေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်း မမြင့်ဆန်းကလည်း “ညီမဆီကို ဖုန်းဆက်တယ် ။ ချေးငွေသွင်းနိုင်လား မသွင်းနိုင်ဘူးလားပေါ့လေ ။ ဘယ်နေ့ဘယ်ရက်သွင်းလို့ရပါတယ်ဆိုပြီးပြောပါတယ် ။ ညီမ ဘက်ကလဲ အဆင်ပြေအောင် ညှိရပါတယ် ။ ညီမ ၆ လပိုင်းမှာ အပြတ်သွင်းရမှာကို ၇ လပိုင်းကျမှ အပြတ်သွင်းရတာပါ ။ အဆင်တော့ပြေပါတယ် ။ စောင့်ပေးပါတယ် ။ အခုညီမက ချေးငွေကျေသွားပေမဲ့ နောက်ထက်လိုအပ်မူကြောင့်လိုချင်ပေမယ့် ထုတ်ယူငွေကို ခေတ္တဆိုင်းငံ့ထားတော့ နည်းနည်းလေးတော့ ခက်ခဲတာပဲရှိတာပါ ။”လို့ ပြောပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ကိုဗစ္ကာလ ေခ်းေငြအခက္အခဲ

ရန္ကုန္၊ ၾသဂုတ္ ၁၆-၂၀၂၀
ယဥ္ပပထြန္း(VOM)

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ မတ္လကုန္ကေနစတင္ျဖစ္ပြားခဲ့တဲ့ ကိုဗစ္ ၁၉ေရာဂါေၾကာင့္ အေသးစား ေခ်းေငြယူထားသူအခ်ိဳ႔ဟာ အခက္အခဲမ်ိဳးစံုနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။

ဒဂုံၿမိဳ႕သစ္ ( ေတာင္ပိုင္း) ေနထိုင္သူ ကုမၸဏီဝန္ထမ္းတစ္ဦးကေတာ့ “ကုမၸဏီက ယူထားတာက ၇သိန္း ။ကိုဗစ္ကာလမွာေျဖေလ်ာ့မလားဆိုတာကို ပထမ တစ္လမွာ ဘာမွမေျပာဘူး အတိအလင္းမေၾကျငာဘူး။ ေနာက္တစ္လမွာ ထုတ္ျပန္ခ်က္ထုတ္တယ္။ ရက္အတိအက်မေပးလဲ ဘာမွမျဖစ္ဘူးေပါ့ ။ ကုမၸဏီကဝန္ထမ္းေတြ ကိုဗစ္ကာလမွာ အလုပ္မဆင္းတဲ့အတြက္ေၾကာင့္လို႔ေျပာပါတယ္ ။ ေခ်းေငြကိုသြင္းရမွာလား မသြင္းရဘူးလား ေျဖေလ်ာ့ေပးမွာလား မေပးဘူးလားဆိုတာေသေသခ်ာခ်ာမေျပာဘူး ပုံမွန္အတိုင္းပဲဆက္သြင္းေနရတယ္။ အေဒၚေတြ အစ္မေတြကေတာ့ယူထားေပမဲ့ သူတို႔က ေမ လမွာမသြင္းဘဲနဲ ႔ေနာက္လမွ သြင္းရတယ္ေျပာတယ္ ။ဖုန္းဆက္သြယ္ေတာ့ သူတို႔ဘက္ကျပန္ေျပာေပးတယ္လို႔ေတာ့ သိရပါတယ္။”လို႔ ေျပာပါတယ္။

သဃၤန္းကြၽန္းၿမိဳ႕နယ္မွာ ေနထိုင္သူ ဝန္ထမ္းတစ္ဦးျဖစ္တဲ့ ကိုထင္ေက်ာ္ကေတာ့ “ကိုဗစ္ကာလမွာ ေခ်းေငြယူထားတဲ့သူေတြအတြက္ ဘဏ္အေနနဲ႔က ေခ်းေငြကာလကို ဆိုင္းငံ့ေပးသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီကာလမွာ စီးပြားေရးအဆင္မေျပၾကဘူးေလ ။ တခ်ိဳ႕က အလုပ္ရပ္နားခံရတဲ့ ဝန္ထမ္းေတြရွိတယ္ေလ ။တခ်ိဳ႕ဘဏ္ေတြဆိုရင္ ၆ လတန္သည္ ၁ ႏွစ္တန္သည္ ဘဏ္ေခ်းေငြကို မဆပ္ခိုင္းဘဲ အတိုးပဲဆပ္ခိုင္းတာရွိပါတယ္ ။အဲ့လိုမ်ိဳးေျဖေလ်ာ့ေပးသင့္ပါတယ္ ။ အခုက ၾကပ္တည္းေနတဲ့ကာလမွာ ၆ လေလာက္ဆိုင္းငံ့ေပးေပးၿပီးမွ စီးပြားေရးျပန္လည္ေကာင္းလာမွ ျပန္ဆပ္ရတာမ်ိဳးဆိုရင္ေတာ့ အဆင္ေျပႏိုင္ပါတယ္ ။ အခုကာလကေတာ့ အားလုံးၾကပ္ၾကပ္တည္းတည္းျဖစ္ေနတဲ့အခါက်ေတာ့ ဒီေခ်းေငြက ဝန္ထုတ္ဝန္ဖိုးတစ္ခုျဖစ္ေနပါတယ္။ သူတို႔ဘက္ကအေၾကာင္းၾကားတယ္ ။ ဘယ္ေန႔ဘယ္ေန႔မွာ ေငြလက္ခံမယ္ ။ အန္တီတို႔က ၄ လပိုင္း ၃ ရက္ ေန႔က သြင္းရမွာ ကနဦးသြင္းရမယ္ ဒါေပမဲ့ သူတို႔ဘက္ကေနာက္ဆုတ္ေပးတယ္ ။၂ လေျမာက္မွာသူတို႔ဘက္ကဆက္သြယ္တယ္။လုပ္ငန္းေတြလုပ္ရၿပီလား အဆင္ေျပၿပိလားေမးတယ္ ။အန္တီတို႔ကလဲ အခုမွ အခ်ိန္ယူတုံး ၅ လပိုင္း ၃ ရက္ေန႔ေရာက္မွသြင္းရတာေပါ့ ။ ကိုဗစ္ကာလမွာ ေငြေၾကးကေတာ့ အဆင္မေျပပါဘူးလွည့္ပတ္ေနရတာေပါ့ေလ ။”လို႔ ေျပာပါတယ္။

ကုမၸဏီဝန္ထမ္းတစ္ဦးျဖစ္တဲ့ မေအးေအာင္ဆိုသူကေတာ့ “ကိုဗစ္ကာလမွာ ေခ်းေငြေတြက လစဥ္ေပးရတယ္ ။ ေပးသြင္းေငြကို လကုန္ၿပီး ၂ရက္ေန႔အထိသတ္မွတ္ထားေပမယ့္ သူတို႔က ၂၇ ရက္ေန႔ေတြ ၂၈ ရက္ေန႔ကစၿပီး မက္ေဆ့ပို႔တယ္ ။ ဖုန္းဆက္တယ္ ။ ဒီေန႔ကစၿပီး သြင္းလို႔ရပါၿပီ စိတ္အေႏွာက္အယွက္အရမ္းေပးတယ္ ။ၿပီးရင္ ဖုန္းဆက္တိုက္ေခၚတယ္ ။ ကိုယ္ဘက္ကဆက္ရင္ ဆက္မရဘူး၊ သူတို႔ဘက္ကပဲ ဆက္ရတာ၊ အဝင္ေကာကို သူတို႔ကလက္မခံဘူး ။ ၄ လပိုင္းမွာနားတယ္လို႔ေျပာေပမယ့္ တရားဝင္နားတယ္လို႔မေျပာဘဲနဲ ႔မလိပ္တစ္ဘက္နဲ႔သြင္းရတယ္ ။ မသြင္းလဲရတယ္ဆိုေပမယ့္လည္း အကုန္လုံးသြင္းရတာပါပဲ၊ တေန႔ကို ဖုန္း ၁၅ခါေလက္ေခၚပါတယ္ ။အစိုးရက ေျပာထားပါတယ္ ကိုဗစ္ကာလမွာ အေသးစာေခ်းေငြေတြကို ဆိုင္းငံ့ေပးဖို႔ေျပာဆိုထားေပမယ့္ ရပ္ဆိုင္းထားတာလည္းမရွိဘူး ။ ၄ လပိုင္းဆိုတာက ျပည္သူေတြအခက္အခဲဆုံးလျဖစ္တယ္ ။ အလုပ္ရပ္ဆိုင္းထားတာရယ္ ႐ုံးေတြပိတ္ထားတာရယ္နဲ႔ အဲ့လိုမ်ိဳးေတြရွိေနတာေတာင္ တရားဝင္နားမေပးခဲ့ဘူး ။ ဒီလမသြင္းႏိုင္ရင္ ေနာက္လမွ ၂ လစာေပါင္းသြင္းလို႔ရတယ္ဆိုၿပီးဖုန္းဆက္တယ္ ။ ရက္ပဲေနာက္ဆုတ္ေပးတာရွိတာ ။ ေခ်းေငြကုမၸဏီကအႀကီးႀကီးပါ သူတို႔ဆီကယူရတာကလဲ အဆင္ေျပပါတယ္ ။ သူတို႔ေလာက္မႀကီးတဲ့ ကုမၸဏီေတြေတာင္မွ ၄ လပိုင္းမွာရပ္ဆိုင္းထားေပးေသးတာပဲ ။အခုဆိုရင္ ေခ်းေငြကိုပဲသြင္းလို႔ရတယ္ ။ ယူတာက်ေတာ့ လုပ္လို႔မရဘူး၊ ဒုကၡေရာက္ေနတဲ့လူေတြလည္းအမ်ားႀကီးပါ။” လို႔ ေျပာပါတယ္။

ဒလၿမိဳ႕နယ္မွာေနထိုင္တဲ့ ကုမၸဏီဝန္ထမ္း မျမင့္ဆန္းကလည္း “ညီမဆီကို ဖုန္းဆက္တယ္ ။ ေခ်းေငြသြင္းႏိုင္လား မသြင္းႏိုင္ဘူးလားေပါ့ေလ ။ ဘယ္ေန႔ဘယ္ရက္သြင္းလို႔ရပါတယ္ဆိုၿပီးေျပာပါတယ္ ။ ညီမ ဘက္ကလဲ အဆင္ေျပေအာင္ ညႇိရပါတယ္ ။ ညီမ ၆ လပိုင္းမွာ အျပတ္သြင္းရမွာကို ၇ လပိုင္းက်မွ အျပတ္သြင္းရတာပါ ။ အဆင္ေတာ့ေျပပါတယ္ ။ ေစာင့္ေပးပါတယ္ ။ အခုညီမက ေခ်းေငြေက်သြားေပမဲ့ ေနာက္ထက္လိုအပ္မူေၾကာင့္လိုခ်င္ေပမယ့္ ထုတ္ယူေငြကို ေခတၱဆိုင္းငံ့ထားေတာ့ နည္းနည္းေလးေတာ့ ခက္ခဲတာပဲရွိတာပါ ။”လို႔ ေျပာပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW