UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက် သဘောတူဆုံးဖြတ်နိုင်ခဲ့

 UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက် သဘောတူဆုံးဖြတ်နိုင်ခဲ့
နေပြည်တော်၊ သြဂုတ် ၁၇-၂၀၂၀
စွမ်းရဲထွဋ် (VOM)
 (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းအဝေးမှာ  ဆုံးဖြတ်ချက်ပေါင်း ၉ ချက် သဘောတူဆုံးဖြတ်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယဥက္ကဌ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကပြောပါတယ်။
 နေပြည်တော် MICC 2 မှာ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး နိဂုံးချုပ်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ဒီကနေ့ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက်ကို သဘောတူဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက်တွေဟာ လာမယ့် သြဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစု ပင်လုံအစည်းအဝေးတွေ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကတာဝန်ယူရတဲ့ UPDJC ရဲ့ သန္ဒိဌာန်ကို ဖော်ပြနေတယ်လို့ ဆိုနိုင်ပါတယ်”လို့ ပြောပါတယ်။
ဒီကနေ့ UPDJC အစည်းအဝေးမှာ သဘောတူခဲ့ကြတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ၅ ချက်အပြင် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုဆိုင်ရာ ဇယာတစ်ခုလည်း ပါဝင်လာကြမှာဖြစ်တယ်လို့ ပြောပါတယ်။
“UPDJC အဖွဲ့ဝင်တွေအနေနဲ့ ၂၀၁၆ ကနေစပြီးတော့ UPDJC အစည်းအဝေး ၁၄ ကြိမ်ကျင်းပခဲ့ပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ၄ ကြိမ်အထိ ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း ၁ နဲ့ ၂ မှာ အခြေခံမူ ၅၁ ချက်အထိ ချမှတ်နိုင်ခဲ့ပြီး၊ လာမယ့် စတုတ္ထအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ချုပ်ဆိုနိုင်တော့မှာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ဘယ်အစိုးရပဲ တက်လာသည်ဖြစ်စေ အဆင်သင့်ဖော်ဆောင်သွားနိုင်မယ့် အဆင့်လိုက်လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွက်လာခြင်းဟာ ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ထူးခြား လေးနက်တဲ့ မှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေတော့မှာဖြစ်ပါတယ်”လိုလည်း ဒေါက်တာတင်မျိုးဝင်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
UPDJC ရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဟာ ရလဒ်ကောင်းတွေ၊ တိုးတက်မှုတွေ ရှိလာမယ်ဆို ရင် နိုင်ငံရေးဆွေးနွေးပွဲတွေအပေါ် ယုံကြည်မှုတွေ တိုးတက်မြင့်မားလာမှဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံရေးစာပွဲဝိုင်းတွေဆီကို ရောက်မလာနိုင်သေးဘဲ ကျန်ရစ်နေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့လည်း နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှု အဖြေရှာနိုင်ရေးကို ပိုမိုပြီး စိတ်ဝင်စားလာကြမှာဖြစ်တယ်လို့ ပြောပါတယ်။
အခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးတစ်ခုတည်းမဟုတ်သလို ငြိမ်းချမ်းရေးတစ်ခုတည်းအတွက်လည်းမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ နိုင်ငံတည် ဆောက်ရေး၊ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေ ပါဝင်စုစည်းနေတဲ့ ရေရှည်သဘောဆောင်တဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ကြိုးပမ်းဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရလဒ် သုည လုပ်ငန်းစဉ်မဟုတ်သလို ဆွေးနွေးပွဲစားပွဲဝိုင်းတွေမှာပါဝင်နေတဲ့ အစုအဖွဲ့တွေအတွက် သက်သက်လည်းမဟုတ်ကြောင်း၊ ထို့အတူ လက်နက်ကိုင်ပဋိပက္ခပါဝင်နေကြသူတွေအတွက်လည်းမဟုတ်ကြောင်း၊ ဒီကနေ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ Process ဟာ ပါဝင်သူအားလုံးအတွက်သာမက ပြည်ထောင်စုတစ်ခုလုံးအတွက် မျှော်မှန်းဆောင်ရွက်နေကြ တာဖြစ်ကြောင်း၊ ဒီကနေ့အထိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခငြိမ်းချမ်းရေးအတွက်လည်း ထည့်သွင်းစဉ်း စားပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်နေကြတာတွေလည်း ထူးခြားချက်လို့ဆိုနိုင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
 UPDJC အစည္းအေဝးမွာ ဆံုးၿဖတ္ခ်က္ေပါင္း ၉ ခ်က္ သေဘာတူဆံုးၿဖတ္နုိင္ခဲ့
ေနၿပည္ေတာ္၊ ၾသဂုတ္ ၁၇-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
 (၁၉) ၾကိမ္ေၿမာက္ ၿပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC)အစည္းအေဝးမွာ  ဆံုးၿဖတ္ခ်က္ေပါင္း ၉ ခ်က္ သေဘာတူဆံုးၿဖတ္နုိင္ခဲ့တယ္လို႔ ၿပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ UPDJC ဒုတိယဥကၠဌ၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ ဥကၠဌ ေဒါက္တာတင္မ်ိဳးဝင္းကေၿပာပါတယ္။
 ေနၿပည္ေတာ္ MICC 2 မွာ ဒီကေန႔မနက္ပိုင္းကျပဳလုပ္တဲ့ (၁၉) ၾကိမ္ေၿမာက္ ၿပည္ေထာင္စုၿငိမ္းခ်မ္း ေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီအစည္းအေဝး နိဂံုးခ်ဳပ္အမွာစကားမွာ ထည့္သြင္းေၿပာၾကားခဲ့တာၿဖစ္ပါတယ္။
“ဒီကေန႔ UPDJC အစည္းအေဝးမွာ ဆံုးၿဖတ္ခ်က္ေပါင္း ၉ ခ်က္ကုိ သေဘာတူဆံုးၿဖတ္နုိင္ခဲ့ပါတယ္။ ဒီ ဆံုးၿဖတ္ခ်က္ေတြဟာ လာမယ့္ ၾသဂုတ္လ ၁၉ ရက္ကေန ၂၁ ရက္ေန႔အထိ က်င္းပမယ့္ ၿပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၂၁ ရာစု ပင္လံုအစည္းအေဝးေတြ ေအာင္ၿမင္စြာက်င္းပနုိင္ေရးအတြက္ အဓိကတာဝန္ယူရတဲ့ UPDJC ရဲ့ သႏိၵဌာန္ကုိ ေဖာ္ၿပေနတယ္လုိ႔ ဆုိနုိင္ပါတယ္”လုိ႔ ေျပာပါတယ္။
ဒီကေန႔ UPDJC အစည္းအေဝးမွာ သေဘာတူခဲ့ၾကတဲ့ ၿပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပုိင္း ၃ မွာ NCA အေကာင္အထည္ေဖာ္မႈဆုိင္ရာ မူေဘာင္သေဘာတူညီခ်က္ ၁၅ ခ်က္၊ ဒီမုိကေရစီဖက္ဒရယ္ၿပည္ ေထာင္စုတည္ေဆာက္ေရးဆုိင္ရာ လမ္းညႊန္အေၿခခံမူ ၅ ခ်က္အၿပင္ ၂၀၂၀ အလြန္ အဆင့္လိုက္လုပ္ငန္းစဥ္နဲ႔ အဆင့္လုိက္အေကာင္အထည္ေဖာ္မႈဆုိင္ရာ ဇယာတစ္ခုလည္း ပါဝင္လာၾကမွာၿဖစ္တယ္လို႔ ေျပာပါတယ္။
“UPDJC အဖြဲ႔ဝင္ေတြအေနနဲ႔ ၂၀၁၆ ကေနစၿပီးေတာ့ UPDJC အစည္းအေဝး ၁၄ ၾကိမ္က်င္းပခဲ့ၿပီးေတာ့ ၿပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လံု ၄ ၾကိမ္အထိ က်င္းပနုိင္ေတာ့မွာၿဖစ္ပါတယ္။ ၿပည္ေထာင္စု သေဘာတူစာခ်ဳပ္အစိတ္အပုိင္း ၁ နဲ႔ ၂ မွာ အေၿခခံမူ ၅၁ ခ်က္အထိ ခ်မွတ္နုိင္ခဲ့ၿပီး၊ လာမယ့္ စတုတၳအစည္းအေဝးမွာ ၿပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပုိင္း ၃ ကုိ ခ်ဳပ္ဆုိနုိင္ေတာ့မွာၿဖစ္ပါတယ္။ ၂၀၂၀ ေရြးေကာက္ပြဲအလြန္မွာ ဘယ္အစုိးရပဲ တက္လာသည္ၿဖစ္ေစ အဆင္သင့္ေဖာ္ေဆာင္သြားနုိင္မယ့္ အဆင့္လုိက္လုပ္ငန္းစဥ္တစ္ရပ္ ေပၚထြက္လာၿခင္းဟာ က်ေနာ္တို႔ နုိင္ငံရဲ့ ၿငိမ္းခ်မ္းေရးအတြက္ ထူးၿခား ေလးနက္တဲ့ မွတ္တုိင္တစ္ခုအၿဖစ္ တည္ရွိေနေတာ့မွာၿဖစ္ပါတယ္”လိုလည္း ေဒါက္တာတင္မ်ိဳးဝင္းက ထည့္သြင္း ေၿပာၾကားခဲ့ပါတယ္။
UPDJC ရဲ့ ေဆြးေႏြးညွိနိႈင္းမႈေတြဟာ ရလဒ္ေကာင္းေတြ၊ တုိးတက္မႈေတြ ရွိလာမယ္ဆုိ ရင္ နုိင္ငံေရးေဆြးေႏြးပြဲေတြအေပၚ ယံုၾကည္မႈေတြ တိုးတက္ၿမင့္မားလာမွၿဖစ္သလုိ တစ္ဖက္မွာလည္း နုိင္ငံေရးစာပြဲဝုိင္းေတြဆီကုိ ေရာက္မလာနုိင္ေသးဘဲ က်န္ရစ္ေနေသးတဲ့ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔အစည္းေတြ အေနနဲ႔လည္း နုိင္ငံေရးအရေတြ႔ဆံုေဆြးေႏြးမႈ အေၿဖရွာနုိင္ေရးကုိ ပုိမုိၿပီး စိတ္ဝင္စားလာၾကမွာၿဖစ္တယ္လုိ႔ ေၿပာပါတယ္။
အခုေဆာင္ရြက္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ပစ္ခတ္တုိက္ခုိက္မႈရပ္ဆဲေရးတစ္ခုတည္းမဟုတ္သလုိ ၿငိမ္းခ်မ္းေရးတစ္ခုတည္းအတြက္လည္းမဟုတ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးတည္ေဆာက္ေရး၊ နုိင္ငံတည္ ေဆာက္ေရး၊ ၿပည္ေထာင္စုတည္ေဆာက္ေရးလုပ္ငန္းစဥ္ေတြ ပါဝင္စုစည္းေနတဲ့ ေရရွည္သေဘာေဆာင္တဲ့ လုပ္ငန္းစဥ္ပဲ ၿဖစ္ေၾကာင္း ေၿပာပါတယ္။
ဒါ့အၿပင္ ဒီေန႔ ၾကိဳးပမ္းေဖာ္ေဆာင္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ရလဒ္ သုည လုပ္ငန္းစဥ္မဟုတ္သလို ေဆြးေႏြးပြဲစားပြဲဝုိင္းေတြမွာပါဝင္ေနတဲ့ အစုအဖြဲ႔ေတြအတြက္ သက္သက္လည္းမဟုတ္ေၾကာင္း၊ ထုိ႔အတူ လက္နက္ကုိင္ပဋိပကၡပါဝင္ေနၾကသူေတြအတြက္လည္းမဟုတ္ေၾကာင္း၊ ဒီကေန႔ ၾကိဳးပမ္းေဆာင္ရြက္ေနတဲ့ Process ဟာ ပါဝင္သူအားလံုးအတြက္သာမက ၿပည္ေထာင္စုတစ္ခုလံုးအတြက္ ေမွ်ာ္မွန္းေဆာင္ရြက္ေနၾက တာၿဖစ္ေၾကာင္း၊ ဒီကေန႔အထိၿဖစ္ပြားေနတဲ့ လက္နက္ကုိင္ပဋိပကၡၿငိမ္းခ်မ္းေရးအတြက္လည္း ထည့္သြင္းစဥ္း စားၿပီး ေဆြးေႏြးညွိႏိႈင္းမႈေတြ ေဆာင္ရြက္ေနၾကတာေတြလည္း ထူးၿခားခ်က္လုိ႔ဆုိနုိင္ေၾကာင္း ေၿပာၾကားခဲ့တာျဖစ္ပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW