ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၂၀ ရွေးကောင်ပွဲမှာ ကိုယ်စားလှယ်စုစုပေါင်း ၁၁၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်မယ်

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၂၀ ရွေးကောင်ပွဲမှာ ကိုယ်စားလှယ်စုစုပေါင်း ၁၁၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်မယ်

နေပြည်တော်၊ သြဂုတ် ၁၈-၂၀၂၀
ကိုထွန်း(VOM)

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အသီးသီး ကိုယ်စားလှယ်စုစုပေါင်း ၁၁၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်အရွေးခံမှာဖြစ်ပြီး တိုင်းရင်းသားဒေသရှိ တိုင်းရင်းသားအချို့ရဲ့ သဘောထားဆန္ဒအရ မဲဆန္ဒနယ် (၂၇)နေရာမှာတော့ ဝင်ရောက်အရွေးခံမှာမဟုတ်ဘူးလို့ ဒီကနေ့မနက်ပိုင်းက နေပြည်တော်ပြည်ခိုင်ဖြိုးပါတီဌာနချူပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

“ကိုယ်စားလှယ်အဟောင်း ( ၂၀၁၀/၂၀၁၅ ) ၄၉၅ ဦးပြန်လည်ပါဝင်လာပြီး ကိုယ်စားလှယ်အသစ် ၆၃၄ ဦးရှိပါတယ် ၊ အသက်အရွယ်အပိုင်းအခြားအနေဖြင့် အသက် ၂၅ နှစ်မှ အသက် ၄၀က (၉၉) ဦး၊ အသက် ၄၁ မှ ၆၀ထိ (၆၆၂) ဦး၊ အသက် ၆၀ နှစ်အထက် (၃၆၈) ဦးပါဝင်ပါတယ်၊ ကျား (၁၀၁၈) ဦး၊ မ (၁၁၁) ဦး၊ ဒေါက်တာဘွဲ့ (ဆရာဝန်အပါအဝင် ပညာရပ်ရပ်ဆိုင်ရာဒေါက်တာဘွဲ့) ရရှိသူ (၆၀) ဦး၊ မဟာဘွဲ့နဲ့ အခြားဘွဲ့ရ (၈၂၇) ဦး၊ ဒီပလိုမာနဲ့ အထက်တန်းအဆင့် (၂၄၂) ဦးပါဝင်ပါတယ်”လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ် (၁၁၂၉) ဦးတွင် တပ်မတော်မှအငြိမ်းစားယူထားသူ (၈၈)ဦးပါဝင်ပြီး အငြိမ်းစားယူထားတဲ့ တပ်မတော်သားအများစုမှာ ယခင်ကတည်းက အငြိမ်းစားယူထားသူများဖြစ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

“ကိုယ်စားလှယ်တွေဟာ ပြည်သူကိုကိုယ်စားပြုတဲ့သူဖြစ်ရမယ်၊ လွှတ်တော်ဆိုတာဥပဒေပြုရေးဖြစ်လို့ ဥပဒေတွေကို နားလည်တတ်ကျွမ်းသူတွေလည်းဖြစ်ရပါမယ်”လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

ကိုယ်စားလှယ်ရွေးချယ်မှုကို ဗဟိုမှထိန်းချူပ်ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ ဒေသခံဖြစ်ခြင်း ၊ဒေသခံများနှစ်သက်မှုရှိခြင်း ၊ဒေသတွင်တာဝန်ထမ်းဆောင်ခဲ့ခြင်းစတဲ့အချက်များပါဝင်သလို ပါတီဝင်ဖြစ်ခြင်းနှင့်ပါတီရဲ့မူဝါဒသဘောထားကို ယုံကြည်သက်ဝင်မှုရှိခြင်းအပေါ်မူတည်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့ ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ၂၀၂၀ ေ႐ြးေကာင္ပြဲမွာ ကိုယ္စားလွယ္စုစုေပါင္း ၁၁၂၉ ဦးဝင္ေရာက္ယွဥ္ၿပိဳင္မယ္

ေနျပည္ေတာ္၊ ၾသဂုတ္ ၁၈-၂၀၂၀
ကိုထြန္း(VOM)

ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ၂၀၂၀ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမွာ မဲဆႏၵနယ္ အသီးသီး ကိုယ္စားလွယ္စုစုေပါင္း ၁၁၂၉ ဦးဝင္ေရာက္ယွဥ္ၿပိဳင္အေ႐ြးခံမွာျဖစ္ၿပီး တိုင္းရင္းသားေဒသရွိ တိုင္းရင္းသားအခ်ိဳ႕ရဲ႕ သေဘာထားဆႏၵအရ မဲဆႏၵနယ္ (၂၇)ေနရာမွာေတာ့ ဝင္ေရာက္အေ႐ြးခံမွာမဟုတ္ဘူးလို႔ ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္ျပည္ခိုင္ၿဖိဳးပါတီဌာနခ်ဴပ္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ပါတီ၏ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ကေျပာပါတယ္။

“ကိုယ္စားလွယ္အေဟာင္း ( ၂၀၁၀/၂၀၁၅ ) ၄၉၅ ဦးျပန္လည္ပါဝင္လာၿပီး ကိုယ္စားလွယ္အသစ္ ၆၃၄ ဦးရွိပါတယ္ ၊ အသက္အ႐ြယ္အပိုင္းအျခားအေနျဖင့္ အသက္ ၂၅ ႏွစ္မွ အသက္ ၄၀က (၉၉) ဦး၊ အသက္ ၄၁ မွ ၆၀ထိ (၆၆၂) ဦး၊ အသက္ ၆၀ ႏွစ္အထက္ (၃၆၈) ဦးပါဝင္ပါတယ္၊ က်ား (၁၀၁၈) ဦး၊ မ (၁၁၁) ဦး၊ ေဒါက္တာဘြဲ႕ (ဆရာဝန္အပါအဝင္ ပညာရပ္ရပ္ဆိုင္ရာေဒါက္တာဘြဲ႕) ရရွိသူ (၆၀) ဦး၊ မဟာဘြဲ႔နဲ႔ အျခားဘြဲ႕ရ (၈၂၇) ဦး၊ ဒီပလိုမာနဲ႔ အထက္တန္းအဆင့္ (၂၄၂) ဦးပါဝင္ပါတယ္”လို႔ ေဒါက္တာနႏၵာလွျမင့္ကေျပာပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ကိုယ္စားလွယ္ (၁၁၂၉) ဦးတြင္ တပ္မေတာ္မွအၿငိမ္းစားယူထားသူ (၈၈)ဦးပါဝင္ၿပီး အၿငိမ္းစားယူထားတဲ့ တပ္မေတာ္သားအမ်ားစုမွာ ယခင္ကတည္းက အၿငိမ္းစားယူထားသူမ်ားျဖစ္တယ္လို႔ ေဒါက္တာနႏၵာလွျမင့္ကေျပာပါတယ္။

“ကိုယ္စားလွယ္ေတြဟာ ျပည္သူကိုကိုယ္စားျပဳတဲ့သူျဖစ္ရမယ္၊ လႊတ္ေတာ္ဆိုတာဥပေဒျပဳေရးျဖစ္လို႔ ဥပေဒေတြက္ို နားလည္တတ္ကြၽမ္းသူေတြလည္းျဖစ္ရပါမယ္”လို႔ ေဒါက္တာနႏၵာလွျမင့္ကေျပာပါတယ္။

ကိုယ္စားလွယ္ေ႐ြးခ်ယ္မႈကို ဗဟိုမွထိန္းခ်ဴပ္ေ႐ြးခ်ယ္ျခင္းမ်ိဳးမဟုတ္ဘဲ ေဒသခံျဖစ္ျခင္း ၊ေဒသခံမ်ားႏွစ္သက္မႈရွိျခင္း ၊ေဒသတြင္တာဝန္ထမ္းေဆာင္ခဲ့ျခင္းစတဲ့အခ်က္မ်ားပါဝင္သလို ပါတီဝင္ျဖစ္ျခင္းႏွင့္ပါတီရဲ႕မူဝါဒသေဘာထားကို ယုံၾကည္သက္ဝင္မႈရွိျခင္းအေပၚမူတည္ကာ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္တယ္လို႔ ပါတီ၏ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW