ဟုမ္မလင်းမှာ ရွေးကောက်ပွဲကို စိတ်မဝင်စားသူ ၆၀ရာခိုင်နူန်းလောက်ရှိနေ

ဟုမ္မလင်းမှာ ရွေးကောက်ပွဲကို စိတ်မဝင်စားသူ ၆၀ရာခိုင်နူန်းလောက်ရှိနေ ဟုမ္မလင်း ၊ သြဂုတ် ၁၉ – ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ကျေးလက်ဒေသမှာနေတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တွေဟာ လာမယ့်နိုဝင်ဘာ ရွေးကောက်ပွဲအပေါ် မဲပေးရမှာကို စိတ်ဝင်စားမှု အလွန်နည်းပါးနေတယ်လို့ အဲ့ဒီဒေသမှာ လူငယ်ရေးရာကိစ္စရပ်တွေနဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ ကိုဖိုးသားကြီးကပြောပါတယ်။ “ အသက် ၁၈ နှစ် နဲ့ အသက် ၂၃ နှစ်အကြား လူငယ်တွေကို ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူတစ်ယောက်အနေနဲ့ မဲပေးရာမှာ ပါဝင်ဖို့ နိုင်ငံသားတာဝန်တွေကျေပွန်ဖို့ ကာယကံရှင်တွေကို မေးမြန်းလို့ စစ်တမ်းကောက်ကြည့်တယ်၊ လူငယ် ၁၀ ယောက်မှာ ၄ ယောက်က စိတ်ဝင်စားပြီး ကျန် ၆ ယောက်က စိတ်ဝင်စားမှု မရှိသလောက်နည်းနေတာကို တွေ့ရတယ် ၊…

Read More

စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို မုဒိမ်းကျင့်သတ်ခဲ့သူအား သေဒဏ်ချမှတ်

စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို မုဒိမ်းကျင့်သတ်ခဲ့သူအား သေဒဏ်ချမှတ် စစ်ကိုင်း သြဂုတ် ၁၈ -၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဝင်းအတွင်းမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ဦး မုဒိန်းကျင့်အသတ်ခံရတဲ့အမှုက တရားခံတစ်ဦးကို ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့မှာပဲ စစ်ကိုင်းခရိုင်တရားရုံးကနေ သေဒဏ်ချမှတ်လိုက်‌ပါတယ်။ ၂၀၂၀ခုနှစ်၊ မေလ ၃ ရက်နေ့၊ည ၁၁ နာရီအချိန့်က စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဝင်းမြောက်ဘက်မုခ်ဦးအနီး ဆောက်လက်စ သုံးထပ်ဆောင်ဓမ္မာရုံအတွင်းမှာ အသက် ၆၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံထားရတဲ့ အနေအထားနဲ့ သေဆုံးနေတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ရာမှာပါဝင်တဲ့ ဇင်မျိုး (ခ) ဂျက် (၂၄) နှစ် ၊ အောင်ကျော်ထက် (ခ) စိုးပေ (၁၇) နှစ် စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်နေသူတွေကို အခင်းဖြစ်တဲ့နေရာမှာ တွေ့ရှိပြီး ဖမ်းဆီးစစ်ဆေးရာမှာတော့ သူတို့နှစ်ဦးဟာ အရက်သေစာသောက်စားမူးယစ်ပြီး မုဒိမ်းကျင့်သတ်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူနှစ်ဦးကို စစ်ကိုင်းမြို့မရဲစခန်းကနေ…

Read More

သတ်မှတ်စည်းကမ်းဖောက်ဖျက်တဲ့ ငါးဖမ်းစက်လှေတွေကို VMS စနစ်နဲ့ စောင့်ကြည့်ပြီး စက်လှေသိမ်းတဲ့အထိ အရေးယူမယ်

သတ်မှတ်စည်းကမ်းဖောက်ဖျက်တဲ့ ငါးဖမ်းစက်လှေတွေကို VMS စနစ်နဲ့ စောင့်ကြည့်ပြီး စက်လှေသိမ်းတဲ့အထိ အရေးယူမယ် ရန်ကုန်၊ သြဂုတ် ၁၈-၂၀၂၀ သိင်္ဂီ (VOM) မကြာခင် စတင်တော့မယ့် ကမ်းဝေးငါးဖမ်းရာသီမှာ ဧရာဝတီတိုင်းအတွင်းက ကျားဖောင်တွေ စည်းကမ်းလိုက်နာမှုရှိမရှိကို Vessel Monitoring System (VMS) စနစ်နဲ့စောင့်ကြည့်ထိန်းချုပ်သွားမယ်လို့ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ ကမ်းဝေးငါးဖမ်းစက်လှေတွေအနေနဲ့ တားမြစ်ကန့်သတ်ချက်တွေကို ဖောက်ဖျက်ပါက ပထမအကြိမ် ငါးဖမ်းခွင့် သုံးလပိတ်ခြင်း၊ ဒုတိယအကြိမ် ထပ်မံကျူးလွန်ခဲ့ရင် ဒဏ်ကြေးငွေ ကျပ်သိန်း (၃၀) ပေးဆောင်စေခြင်း၊ တတိယအကြိမ် ကျူးလွန်ခဲ့ရင်တော့ ငါးဖမ်းစက်လှေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတဲ့အထိ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” ငါးဖမ်းလုပ်ငန်းရှင်တွေကို မြန်မာ့ပင်လယ်ငါးဖန်းလုပ်ငန်း ဥပဒေ ၊အမိန့်ညွှန့်ကြားချက်တွေကို အကုန်ရှင်းပြထားပြီးသားဖြစ်တယ်။စောင့်ကြည့်တဲ့ စစ်ဆေးရေးစခန်းတွေလည်းရှိပါတယ်။”လို့် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ခရိုင်မှူး ဦးကိုကိုလွင်ကပြောပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ် ကမ်းဝေးငါးဖမ်းရာသီကို လာမယ့်စက်တင်ဘာလမှာ…

Read More

ခရီးသည်တင် ရေယာဉ်လိုင်းတွေ ပြေးဆွဲသွားလာမှုကို မြစ်ရေအခြေအနေကြည့်ပြီး ကန့်သတ်ပိတ်ထားဖို့ တိုင်းအစိုးရအဖွဲ့က စီစဉ်

ခရီးသည်တင် ရေယာဉ်လိုင်းတွေ ပြေးဆွဲသွားလာမှုကို မြစ်ရေအခြေအနေကြည့်ပြီး ကန့်သတ်ပိတ်ထားဖို့ တိုင်းအစိုးရအဖွဲ့က စီစဉ် မုံရွာ ၊ သြဂုတ် ၁၈ – ၂၀၂၀ ကိုတိုးကြီး (VOM) ချင်းတွင်းမြစ်ဖြားက ဒေသတွေမှာ ဒီရက်ပိုင်း မိုးရွာသွန်းမှုတွေ နေ့ညမပြတ် ဖြစ်ပေါ် နေပြီး မြစ်ရေ မြင့်တက်နေတာကြောင့် ခရီးသည်တင် ရေယာဉ်လိုင်းတွေ ပြေးဆွဲသွားလာမှုကို မြစ်ရေအခြေအနေကြည့်ပြီး ကန့်သတ်ပိတ်ထားမယ်လို့ သိရပါတယ်။ “ အခုလို မြစ်ရေကြီးတဲ့ကာလမှာ ရေလမ်းသွားခရီးသည်တွေရဲ့ အသက်အန္တရာယ်က စိုးရိမ်ရတယ်၊ ရေယာဉ်တွေပေါ်မှာ ခရီးသည်အရေအတွက်နဲ့ အညီအမျှ အသက်ကယ် အင်္ကျီတွေ ပလပ်စတစ်ပုံးအဝါတွေ အသင့်စောင်ထားတာကို မတွေ့ရဘူး ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ပို့ဆောင်ရေးနဲ့ လမ်းပန်းဝန်ကြီးဌာနနဲ့ ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီတို့ ပူးပေါင်းပြီး မြစ်ရေအခြေအနေကို ကြည့်ပြီး ခရီးသည်တင်ရေယာဉ်လိုင်း တွေ ပြေးဆွဲသွားလာမှုကို ကန့်သတ်ပိတ်ထားဖို့ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။…

Read More

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရှေ့တောင်အာရှစီးပွားရေး သိသိသာသာကျဆင်း

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရှေ့တောင်အာရှစီးပွားရေး သိသိသာသာကျဆင်း စင်ကာပူ၊ သြဂုတ်-၁၈-၂၀၂၀ မျိုးဆက် (VOM) ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုမှာ သိသိသာသာ ကျဆင်းသွားပါတယ်။ အရှေ့တောင်အာရှရှိ စီးပွားရေးအင်အားကြီးနိုင်ငံတွေက ဧပြီလကနေ ဇွန်လအထိ သူတို့ရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုအချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အချက်အလက်တွေအရ စင်ကာပူနိုင်ငံရဲ့စီးပွားရေးဟာ ယမန်နှစ်အလားတူကာလထက် ၁၃ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားပြီး စီးပွားရေးဆိုင်ရာအချက်အလက်တွေ စတင်မှတ်တမ်းထားခဲ့တဲ့ ၁၉၇၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့စီးပွားရေးကတော့ ၁၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းသွားပြီး အာရှဘဏ္ဍာရေးအကြပ်အတည်း ရိုက်ခတ်ခံခဲ့ရတဲ့ ၁၉၉၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုလည်းဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ စီးပွားရေးဟာလည်း ၁၇ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားပြီး ဖိလစ်ပိုင်နိုင်ငံတော့ ၁၆ ဒသမ ၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံက ၅ ဒသမ…

Read More

ပြည်ခိုင်ဖြိုးပါတီက တာဝန်ယူခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်နိုင်မယ်

ပြည်ခိုင်ဖြိုးပါတီက တာဝန်ယူခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်နိုင်မယ် နေပြည်တော်၊ သြဂုတ် ၁၈-၂၀၂၀ စွမ်းရဲထွဋ် (VOM) ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တာဝန်ယူခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နိုင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဒီကနေ့ နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့က ပြည်သူက ရွေးချယ်တာဝန်ပေးအပ်ခဲ့မယ်ဆိုရင် တိုင်းပြည်ကို အစိုးရဖွဲ့ပြီး တာဝန်ယူပြီးတော့မှ ပြည်သူကိုအလုပ်အကျွေးပြုနိုင်မယ့် ပါတီကြီးဖြစ်ပါတယ်။ ပါတီကြီးဖြစ်တဲ့အတွက် မိမိဖြစ်လာခဲ့ရင်၊ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ကျနော်တို့ သေသေချာချာ ကျကျနနပြင်ဆင်ပြီး စဉ်းစား စီမံဆောင်ရွက်ထားတာရှိပါတယ်။ စီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်တွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းစဉ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ။ အဲ့ဒီ လုပ်ငန်းစဉ်တွေထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာလည်း ဦးစားပေးတစ်ရပ်ဖြစ်တဲ့အတွက် ကျနော်တို့ တာဝန်ယူခဲ့ရမယ်ဆိုရင် ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင်လုပ်နိုင်မယ့် လုပ်ငန်းစဉ်လည်းရှိပါတယ်။ လုပ်ဖို့လည်း အစီအမံတွေရှိပါတယ်။ တာဝန်ယူခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေးကို လုံးဝရအောင် ကျနော်တို့ တာဝန်ယူဆောင်ရွက်နိုင်ပါတယ်”လို့…

Read More

ဗိုလ်ချုပ်အောင်ဆန်း လွှတ်တော်ကိုပထမဦးဆုံးတက်တဲ့ပုံစံရုပ်ထု မကွေးတိုင်းလွှတ်တော်မှာထားမယ်

ဗိုလ်ချုပ်အောင်ဆန်း လွှတ်တော်ကိုပထမဦးဆုံးတက်တဲ့ပုံစံရုပ်ထု မကွေးတိုင်းလွှတ်တော်မှာထားမယ် မကွေး၊ သြဂုတ် ၁၈-၂၀၂၀ ဂျန်ကိုးလ်(VOM) ဗိုလ်ချုပ်အောင်ဆန်း အရပ်ဝတ်လဲပြီး အမတ်ဦးအောင်ဆန်းအဖြစ် လွှတ်တော်ကို ပထမဦးဆုံးတက်တဲ့ ဓာတ်ပုံမှတ်တမ်းကိုအခြေခံယူပြီး အမြင့်၁၆ပေခန့်ရှိတဲ့ စကျင်ရုပ်ထုကို မကွေးတိုင်းလွှတ်တော်ဝင်းအတွင်းမှာ ထားရှိသွားမယ်လို့ မကွေးတိုင်းလွှတ်တော်ဥက္ကဌ ဦးတာကပြောပါတယ်။ ”ဒီပုံမျိုးကထူးခြားတယ်၊ တခြားမှာထားတာထက် လွှတ်တော်မှာထားတာပိုကောင်းတယ် ၊ ဗိုလ်ချုပ်မဟုတ်တော့ဘူး ဦးအောင်ဆန်းအဖြစ် ပထမဆုံးတိုင်းပြုပြည်ပြုလွှတ်တော်တက်တာ၊ ထုဆစ်တာကတော့ ပလတ်စတစ်နဲ့ရုပ်ပုံမိုလောင်းပြီး ပုံကိုကြည့်ပြီး အချိုးညီထုဆစ်ရတာ၊ ဒီဇိုင်းကို လွှတ်တော်ဆောက်တဲ့အဖွဲ့က ကူညီပါတယ်၊ ကုန်ကျစားရိတ်ကတော့ ဗိုလ်ချုပ်ချစ်သူတွေစုပေါင်းတဲ့သဘောပါ၊ ပုံသဏ္ဍန်က တောင်ရှည်ကို မပြီးတိုက်ပုံအမည်းနဲ့လွှတ်တော်တက်တဲ့ပုံပေါ့”လို့ မကွေးတိုင်းလွှတ်တော်ဥက္ကဌ ဦးတာကပြောပါတယ်။ တန် ၃၀ခန့်ရှိတဲ့ စကျင်ကျောက်တလုံးထဲနဲ့ ထုဆစ်ထားတဲ့ရုပ်ထုကို မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စကျင်ရွာမှာထုဆစ်နေတာဖြစ်ပါတယ်။ ”ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအမှီလုပ်နေတာ အခုပြီးစီးပြီး သယ်ယူတော့မှာပါ၊ လည်ပင်းနဲ့ ခြေထောက်ပိုင်းအနည်းငယ်ပြန်ပြင်နေလို့ အခုသယ်ယူဖို့ ဘောင်ရိုက်ပြီးနေပြီ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတွေနဲ့ အကျဉ်းပေါ့ ဖွင့်ပွဲလုပ်မှာပါ”လို့လွှတ်တော်ဥက္ကဋ္ဌဦးတာကပြောပါတယ်။ အဲ့ဒီရုပ်ထုကို ထုလုပ်ရာမှာ…

Read More

၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း တစ်သီပုဂ္ဂလကိုယ်စားလှယ်တွေ ဝင်ပြိုင်မယ့်ဦးရေ ၄၂ ဦးထိရှိ

၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း တစ်သီပုဂ္ဂလကိုယ်စားလှယ်တွေ ဝင်ပြိုင်မယ့်ဦးရေ ၄၂ ဦးထိရှိ စစ်တွေ၊ ဩဂုတ် ၁၈- ၂၀၂၀ ထက်အောင်စိုင်း (VOM) ၂၀၂၀ ခုနှစ် နိုဝင်ဘာမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေရဲ့ မဲဆန္ဒနယ်တွေမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၄၂) ဦးထိ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကနေ သိရပါတယ်။ ” ရခိုင်ပြည်နယ်မှာက မဲဆန္ဒနယ်အသီးသီးမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် (၄၂) ယောက်ဝင်ပြိုင်ဖို့ရှိပါတယ်။ အားလုံး အဲလောက်ပဲရှိပါတယ်။” လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွန်းက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း လာမယ့် ရွေးကောက်ပွဲမှာ ပါတီတချို့က နုတ်ထွက်ခွင့်တင်ထားသူတွေရှိပြီး ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီမှာ ပါတီဝင်တချို့ နုတ်ထွက်ခွင့်တင်ထားပေမယ့် ပါတီမူဝါဒအရ နုတ်ထွက်ခွင့်မပေးတာကြောင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။ တချို့မဲဆန္ဒနယ်တွေမှာ…

Read More

ပြည်နယ်ဖွဲ့စည်းပုံအခြေခဥပဒေဟာ ငြိမ်းချမ်းရေးရဲ့ အဓိကသော့ချက်ဖြစ်

ပြည်နယ်ဖွဲ့စည်းပုံအခြေခဥပဒေဟာ ငြိမ်းချမ်းရေးရဲ့ အဓိကသော့ချက်ဖြစ် နေပြည်တော်၊သြဂုတ် ၁၈-၂၀၂၀ အေးချမ်းသူ(VOM) ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးများနှစ်ပေါင်း ၇၀ ကျော် ကျင့်သုံးလာတဲ့ ဖက်ဒရယ်မူထဲက အရေးကြီးဆုံးအခြေခံမူဖြစ်ပြီး တိုက်ပွဲများဆင်နွဲရခြင်းခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ငြိမ်းချမ်းရေ းရဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ မနေ့သြဂုတ် ၁၇ရက်က နေပြည်တော်မှာပြုလုပ်တဲ့ UPDJCအစည်းအဝေးမှာ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဒုတိယဥက္ကဌ(၂) ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောခဲ့တာဖြစ်ပါတယ်။ “ဒီကိစွမှာ ကျွန်တော့အမြင်က ဖွဲ့စည်းပုံဆိုတဲ့စကားလုံးပါရင်လည်း ရတယ်။ မပါရင်လည်း ရတယ်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေသုံးရင်တော့ ပိုကောင်းတာပေါ့၊ ဒါက ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေနိူင်ငံရေးဆန္ဒအရ တောင်းဆိုနေပါ”လို ဒေါက်တာလျန်မှုန်းဆာခေါင်းကပြောပါတယ်။ အဓိကအရေးကြီးဆုံးဟာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေ နဲ့ တိုင်းဒေသကြီးတွေက မိမိတို့ကျင့်သုံးမယ့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို မိမိတို့အခြေအနေနဲ့ကိုက်ညီအောင် ရေးသားပြဌာန်းပြီးကျင့်သုံးဖို့လိုအပ်တယ်လို့လည်း ထပ်မံရှင်းပြပါတယ်။ ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတို့ကြားထဲ သဘောမတူနိုင်ခဲ့တာကိုကြိုဆိုတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမီုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှုး ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့…

Read More

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၂၀ ရွေးကောင်ပွဲမှာ ကိုယ်စားလှယ်စုစုပေါင်း ၁၁၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်မယ်

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၂၀ ရွေးကောင်ပွဲမှာ ကိုယ်စားလှယ်စုစုပေါင်း ၁၁၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်မယ် နေပြည်တော်၊ သြဂုတ် ၁၈-၂၀၂၀ ကိုထွန်း(VOM) ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အသီးသီး ကိုယ်စားလှယ်စုစုပေါင်း ၁၁၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်အရွေးခံမှာဖြစ်ပြီး တိုင်းရင်းသားဒေသရှိ တိုင်းရင်းသားအချို့ရဲ့ သဘောထားဆန္ဒအရ မဲဆန္ဒနယ် (၂၇)နေရာမှာတော့ ဝင်ရောက်အရွေးခံမှာမဟုတ်ဘူးလို့ ဒီကနေ့မနက်ပိုင်းက နေပြည်တော်ပြည်ခိုင်ဖြိုးပါတီဌာနချူပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။ “ကိုယ်စားလှယ်အဟောင်း ( ၂၀၁၀/၂၀၁၅ ) ၄၉၅ ဦးပြန်လည်ပါဝင်လာပြီး ကိုယ်စားလှယ်အသစ် ၆၃၄ ဦးရှိပါတယ် ၊ အသက်အရွယ်အပိုင်းအခြားအနေဖြင့် အသက် ၂၅ နှစ်မှ အသက် ၄၀က (၉၉) ဦး၊ အသက် ၄၁ မှ ၆၀ထိ (၆၆၂) ဦး၊ အသက် ၆၀ နှစ်အထက် (၃၆၈) ဦးပါဝင်ပါတယ်၊ ကျား (၁၀၁၈)…

Read More
VOM News

FREE
VIEW