ပြည်ခိုင်ဖြိုးပါတီက တာဝန်ယူခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်နိုင်မယ်

ပြည်ခိုင်ဖြိုးပါတီက တာဝန်ယူခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်နိုင်မယ်
နေပြည်တော်၊ သြဂုတ် ၁၈-၂၀၂၀
စွမ်းရဲထွဋ် (VOM)
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တာဝန်ယူခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နိုင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဒီကနေ့ နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့က ပြည်သူက ရွေးချယ်တာဝန်ပေးအပ်ခဲ့မယ်ဆိုရင် တိုင်းပြည်ကို အစိုးရဖွဲ့ပြီး တာဝန်ယူပြီးတော့မှ ပြည်သူကိုအလုပ်အကျွေးပြုနိုင်မယ့် ပါတီကြီးဖြစ်ပါတယ်။ ပါတီကြီးဖြစ်တဲ့အတွက် မိမိဖြစ်လာခဲ့ရင်၊ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ကျနော်တို့ သေသေချာချာ ကျကျနနပြင်ဆင်ပြီး စဉ်းစား စီမံဆောင်ရွက်ထားတာရှိပါတယ်။ စီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်တွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းစဉ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ။ အဲ့ဒီ လုပ်ငန်းစဉ်တွေထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာလည်း ဦးစားပေးတစ်ရပ်ဖြစ်တဲ့အတွက် ကျနော်တို့ တာဝန်ယူခဲ့ရမယ်ဆိုရင် ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင်လုပ်နိုင်မယ့် လုပ်ငန်းစဉ်လည်းရှိပါတယ်။ လုပ်ဖို့လည်း အစီအမံတွေရှိပါတယ်။ တာဝန်ယူခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေးကို လုံးဝရအောင် ကျနော်တို့ တာဝန်ယူဆောင်ရွက်နိုင်ပါတယ်”လို့  ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ငြိမ်းချမ်းရေးရရှိဖို့အတွက် အဓိကအချက်မှာ တိုင်းရင်းသား ညီ၊ အစ်ကို၊ မောင်၊ နှမချင်း ယုံကြည်မှုရဖို့လိုပြီး ယုံကြည်မှုရအောင်လည်း သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက  NCA Frameworkကို စတည်ပြီးတော့မှ ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အဲ့ဒီအချိန်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့လောက် လက်မှတ်ထိုးပြီးသားဖြစ်ခဲ့ပေမယ့် အခုအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ Delay ဖြစ်သွားတယ်လို့  ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။
“အစည်းအဝေးတွေ မခေါ်နိုင်ဘူး တိုက်ပွဲတွေပြန်ဖြစ်လာတယ်။ စစ်ဘေးရှောင်တွေများလာတယ်။ ငြိမ်းချမ်းနေတဲ့ အရိပ်အငွေ့တွေဟာ တဖြည်းဖြည်းနဲ့ စစ်မီးလျှံတွေ ပြန်ပေါ်လာတယ်”လို့  ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။
အခု အစိုးရလက်ထပ်နဲ့ ပြီးခဲ့တဲ့ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၂ ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုရှိ၊ မရှိကို သိနိုင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးတဲ့ အဖွဲ့လိုက်လုပ်ပိုင်ခွင့်တွေ ပေးနိုင်၊ မပေးနိုင်တဲ့အပေါ် လည်း မူတည်တယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောပါတယ်။
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ကာလက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ အောက်မှာရှိတဲ့အဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့်အတိုင်းအတာတစ်ခုထိပေးထားခဲ့ဖူးတာကို လေ့လာသိရှိရပြီး လက်ရှိမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်ရာမှာ ဆွေးနွေးတာပဲရှိကာ ဆွေးနွေးမှုတွေမှာ ရလဒ်ပြတ်သားမှုမရှိကြောင်း၊ ဆွေးနွေးရရှိလာတဲ့ အကြောင်းအရာတွေကို အဆုံးအဖြတ်ပေးနိုင်မယ့်သူဆီကို ပြန်သယ်တင်ပြနေရတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးမှုတွေရှိတာကို သုံးသပ်တာတွေရှိလာတယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမှန်တကယ်အောင်မြင်ချင်တယ်ဆိုရင် နံပတ် (၁) အနေနဲ့ Mind-set တွေ ပြောင်းဖို့လိုအပ်ပြီး နံပတ် (၂) မှာ ဘုံသဘောတူညီချက်တွေလုပ်ရမှာဖြစ်တဲ့အပြင် နံပတ်(၃)အနေနဲ့ အဖွဲ့အစည်းအလိုက် လုပ်ပိုင်ခွင့်တွေပေးဖို့လိုအပ်မယ်လို့ ဦးသိန်းထွန်းဦးက သုံးသပ် ပြောကြားခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
ၿပည္ခုိင္ၿဖိဳးပါတီက တာဝန္ယူခြင့္ရမယ္ဆုိရင္ ၿငိမ္းခ်မ္းေရးရေအာင္ေဆာင္ရြက္နုိင္မယ္
ေနၿပည္ေတာ္၊ ၾသဂုတ္ ၁၈-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ တာဝန္ယူခြင့္ရမယ္ဆုိရင္ ၿငိမ္းခ်မ္းေရးရေအာင္ ေဆာင္ရြက္နုိင္တယ္လုိ႔ ၿပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ ဖြံ႔ ၿဖိဳးေရးပါတီ ေၿပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွၿမင့္က ဒီကေန႔ ေနၿပည္ေတာ္က ၿပည္ခုိင္ၿဖိဳးပါတီဌာနခ်ဳပ္ရံုးမွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေၿပာၾကားခဲ့တာၿဖစ္ပါတယ္။
“က်ေနာ္တို႔ ၿပည္ခုိင္ၿဖိဳးပါတီအေနနဲ႔က ၿပည္သူက ေရြးခ်ယ္တာဝန္ေပးအပ္ခဲ့မယ္ဆိုရင္ တုိင္းၿပည္ကုိ အစုိးရဖြဲ႔ၿပီး တာဝန္ယူၿပီးေတာ့မွ ၿပည္သူကုိအလုပ္အေကၽြးၿပဳနုိင္မယ့္ ပါတီၾကီးၿဖစ္ပါတယ္။ ပါတီၾကီးၿဖစ္တဲ့အတြက္ မိမိၿဖစ္လာခဲ့ရင္၊ လုပ္ရမယ့္ လုပ္ငန္းစဥ္ေတြကုိ က်ေနာ္တို႔ ေသေသခ်ာခ်ာ က်က်နနၿပင္ဆင္ၿပီး စဥ္းစား စီမံေဆာင္ရြက္ထားတာရွိပါတယ္။ စီးပြားေရးဆိုင္ရာလုပ္ငန္းစဥ္ေတြ၊ ဖြံ႔ၿဖိဳးတုိးတက္မႈဆုိင္ရာလုပ္ငန္းစဥ္ေတြ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ။ အဲ့ဒီ လုပ္ငန္းစဥ္ေတြထဲမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာလည္း ဦးစားေပးတစ္ရပ္ၿဖစ္တဲ့အတြက္ က်ေနာ္တို႔ တာဝန္ယူခဲ့ရမယ္ဆုိရင္ ဒီ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကုိ ေအာင္ၿမင္ေအာင္လုပ္နုိင္မယ့္ လုပ္ငန္းစဥ္လည္းရွိပါတယ္။ လုပ္ဖုိ႔လည္း အစီအမံေတြရွိပါတယ္။ တာဝန္ယူခြင့္ရမယ္ဆုိရင္ ၿငိမ္းခ်မ္းေရးကုိ လံုးဝရေအာင္ က်ေနာ္တို႔ တာဝန္ယူေဆာင္ရြက္နုိင္ပါတယ္”လို႔  ေဒါက္တာနႏၵာလွၿမင့္က ေၿပာပါတယ္။
ၿငိမ္းခ်မ္းေရးရရွိဖုိ႔အတြက္ အဓိကအခ်က္မွာ တုိင္းရင္းသား ညီ၊ အစ္ကုိ၊ ေမာင္၊ ႏွမခ်င္း ယံုၾကည္မႈရဖုိ႔လုိၿပီး ယံုၾကည္မႈရေအာင္လည္း သမၼတဦးသိန္းစိန္လက္ထက္ကတည္းက  NCA Frameworkကုိ စတည္ၿပီးေတာ့မွ ေဆြးေႏြးခဲ့တာၿဖစ္တယ္လုိ႔ ေျပာပါတယ္။
အဲ့ဒီအခ်ိန္ကတည္းက တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ရွစ္ဖြဲ႔ေလာက္ လက္မွတ္ထုိးၿပီးသားၿဖစ္ခဲ့ေပမယ့္ အခုအစိုးရလက္ထက္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြဟာ Delay ၿဖစ္သြားတယ္လို႔  ေဒါက္တာနႏၵာလွၿမင့္ကေျပာပါတယ္။
“အစည္းအေဝးေတြ မေခၚနုိင္ဘူး တုိက္ပြဲေတြၿပန္ၿဖစ္လာတယ္။ စစ္ေဘးေရွာင္ေတြမ်ားလာတယ္။ ၿငိမ္းခ်မ္းေနတဲ့ အရိပ္အေငြ႔ေတြဟာ တၿဖည္းၿဖည္းနဲ႔ စစ္မီးလွ်ံေတြ ၿပန္ေပၚလာတယ္”လို႔  ေဒါက္တာနႏၵာလွၿမင့္ကေျပာပါတယ္။
အခု အစုိးရလက္ထပ္နဲ႔ ၿပီးခဲ့တဲ့ၿပည္ခုိင္ၿဖိဳးအစိုးရလက္ထက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ၂ ခုကို ႏွိဳင္းယွဥ္ၾကည့္မယ္ဆုိရင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ တုိးတက္မႈရွိ၊ မရွိကုိ သိနုိင္မွာျဖစ္ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ ေဆြးေႏြးတဲ့ အဖြဲ႔လုိက္လုပ္ပုိင္ခြင့္ေတြ ေပးနုိင္၊ မေပးနုိင္တဲ့အေပၚ လည္း မူတည္တယ္လုိ႔ ၿပည္ခုိင္ၿဖိဳးပါတီရဲ့ ေၿပာေရးဆုိခြင့္ရွိသူ ဦးသိန္းထြန္းဦးကေျပာပါတယ္။
သမၼတဦးသိန္းစိန္ ဦးေဆာင္တဲ့ကာလက ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြကို ေဆာင္ရြက္တဲ့အခါမွာ ေအာက္မွာရွိတဲ့အဖြဲ႔အစည္းေတြကုိ လုပ္ပုိင္ခြင့္အတုိင္းအတာတစ္ခုထိေပးထားခဲ့ဖူးတာကုိ ေလ့လာသိရွိရၿပီး လက္ရွိမွာေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြလုပ္ေဆာင္ရာမွာ ေဆြးေႏြးတာပဲရွိကာ ေဆြးေႏြးမႈေတြမွာ ရလဒ္ၿပတ္သားမႈမရွိေၾကာင္း၊ ေဆြးေႏြးရရွိလာတဲ့ အေၾကာင္းအရာေတြကို အဆံုးအၿဖတ္ေပးနုိင္မယ့္သူဆီကုိ ၿပန္သယ္တင္ၿပေနရတဲ့အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေနွာင့္ေနွးမႈေတြရွိတာကို သံုးသပ္တာေတြရွိလာတယ္လို႔ ေၿပာပါတယ္။
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အမွန္တကယ္ေအာင္ၿမင္ခ်င္တယ္ဆိုရင္ နံပတ္ (၁) အေနနဲ႔ Mind-set ေတြ ေၿပာင္းဖုိ႔လုိအပ္ၿပီး နံပတ္ (၂) မွာ ဘံုသေဘာတူညီခ်က္ေတြလုပ္ရမွာၿဖစ္တဲ့အျပင္ နံပတ္(၃)အေနနဲ႔ အဖြဲ႔အစည္းအလုိက္ လုပ္ပုိင္ခြင့္ေတြေပးဖို႔လိုအပ္မယ္လို႔ ဦးသိန္းထြန္းဦးက သံုးသပ္ ေၿပာၾကားခဲ့တာျဖစ္ပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW