ဟုမ္မလင်းမှာ ရွေးကောက်ပွဲကို စိတ်မဝင်စားသူ ၆၀ရာခိုင်နူန်းလောက်ရှိနေ

ဟုမ္မလင်းမှာ ရွေးကောက်ပွဲကို စိတ်မဝင်စားသူ ၆၀ရာခိုင်နူန်းလောက်ရှိနေ

ဟုမ္မလင်း ၊ သြဂုတ် ၁၉ – ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ကျေးလက်ဒေသမှာနေတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တွေဟာ လာမယ့်နိုဝင်ဘာ ရွေးကောက်ပွဲအပေါ် မဲပေးရမှာကို စိတ်ဝင်စားမှု အလွန်နည်းပါးနေတယ်လို့ အဲ့ဒီဒေသမှာ လူငယ်ရေးရာကိစ္စရပ်တွေနဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ ကိုဖိုးသားကြီးကပြောပါတယ်။

“ အသက် ၁၈ နှစ် နဲ့ အသက် ၂၃ နှစ်အကြား လူငယ်တွေကို ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူတစ်ယောက်အနေနဲ့ မဲပေးရာမှာ ပါဝင်ဖို့ နိုင်ငံသားတာဝန်တွေကျေပွန်ဖို့ ကာယကံရှင်တွေကို မေးမြန်းလို့ စစ်တမ်းကောက်ကြည့်တယ်၊ လူငယ် ၁၀ ယောက်မှာ ၄ ယောက်က စိတ်ဝင်စားပြီး ကျန် ၆ ယောက်က စိတ်ဝင်စားမှု မရှိသလောက်နည်းနေတာကို တွေ့ရတယ် ၊ စိတ်ဝင်စားတဲ့ ၄ ယောက်ကလည်း မိန်းကလေး ၃ ယောက်ဖြစ်ပြီး ယောက်ျားလေးက ၁ ယောက်ပဲပါတယ် ၊ အရွယ်ရောက်ပြီး ယောက်ျားလေးတွေ အများစုက စိတ်ဝင်စားမှု အားနည်းနေတာ တွေ့ရတယ် ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ မဆုံးရှုံးရအောင် Voter education ( ဆန္ဒမဲ အသိပညာပေးရေး )လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးဖို့ လိုအပ်နေပါတယ် ” လို့ ကိုဖိုးသားကြီးကပြောပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ ကျေးရွာအုပ်စု (၈၉)အုပ်စု၊ ကျေးရွာပေါင်း (၃၂၀)ရှိတဲ့အနက် ချင်းတွင်းမြစ်အထက်ပိုင်းမှာ ၂၂ အုပ်စု ၊ ချင်းတွင်းမြစ်အောက်ပိုင်းမှာ (၃၃)အုပ်စု နဲ့ ဥရုမြစ်အတွင်းမှာ ကျေးရွာအုပ်စု (၃၄)အုပ်စုရှိတာ ဖြစ်ပါတယ်။

ဥရုမြစ်အတွင်းရှိ ကျေးရွာအုပ်စု (၃၄) အုပ်စုက လူငယ်တွေကို စစ်တမ်းကောက်ယူခဲ့ရာမှာတော့ အခုလို လူငယ်တွေ ရွေးကောက်ပွဲအပေါ် မဲပေးနိုင်ဖို့အတွက် သိရှိမှုအားနည်းနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ ဒီဒေသက မြေရှိရင် ရွှေထွက်တယ် ၊ ရွှေရှိရင် ငွေရတယ်လေ ၊ ငွေရလွယ်တဲ့ ဒေသဆိုတော့ လူငယ်အများစုက မူးယစ်ဆေးဝါးကို လက်တည့်စမ်းကြတာကများတယ် ၊ အဲ့ဒီကနေတဆင့် မူးယစ်ဆေးဝါးက အနိုင်ရပြီး လူငယ်အများစုက မူးယစ်ဆေးဝါး ကျေးကျွန်တွေဖြစ်ကုန်တယ် ၊ ဆေးသုံးဖို့ကလွဲလို့ သူတို့ ဘာကိုမှ စိတ်မဝင်စားကြဘူး ” နမ့်တောကျေးရွာ မူးယစ်ဆန့်ကျင်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မိုင်းကိုင်း ၊ နောင်ခမ်း ၊ပုံနွှဲ့ ၊ ထိန်ကုန်း ၊နောင်မိုး ၊စေတီဆိပ် ၊နံ့သာ ၊ ဟဲဖက် ၊ ညောင်ကုန်း ၊ဘိုကုန်း ၊ သပြေကုန်း /နောင်မိုး ၊ အထက်တောင်ပေါ် ၊ အောက်တောင်ပေါ် ၊နောင်မဟတ် ၊ မန်ဇော်ဆိုင်း ၊မန်မော် ၊ဟွေဖလား ၊ နန်းခမ်းစီ ၊ကွေ့ပေ ၊လက်ပံသာ ၊မယ်ဇလီကုန်း၊ ချောင်း၀ ၊သာယာကုန်း၊ နန်းစက် ၊သဲခပတ်နဲ့ တုံပဟေ့ စတဲ့ကျေးရွာတွေမှာတော့ မူးယစ်ဆေးဝါး ဝင်ရောက်တာတွေရှိပြီး မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

မူးယစ်ဆေးစွဲ လူငယ်အများစုဟာ ဆန္ဒမဲပေးရမယ့် အခွင့်အလမ်းကို စိတ်ဝင်စားမှု အလွန်နည်းနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း

Zawgyi

ဟုမၼလင္းမွာ ေ႐ြးေကာက္ပြဲကို စိတ္မ၀င္စားသူ ၆၀ရာခိုင္ႏူန္းေလာက္ရွိေန

ဟုမၼလင္း ၊ ၾသဂုတ္ ၁၉ – ၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕နယ္ထဲက ေက်းလက္ေဒသမွာေနတဲ့ အသက္ ၁၈ ႏွစ္ျပည့္ၿပီးတဲ့ လူငယ္ေတြဟာ လာမယ့္ႏို၀င္ဘာ ေ႐ြးေကာက္ပြဲအေပၚ မဲေပးရမွာကို စိတ္၀င္စားမႈ အလြန္နည္းပါးေနတယ္လို႔ အဲ့ဒီေဒသမွာ လူငယ္ေရးရာကိစၥရပ္ေတြနဲ႔ မူးယစ္ေဆးဝါး ဆန႔္က်င္ေရးလုပ္ငန္းေတြကိုလုပ္ကိုင္ေနတဲ့ ကိုဖိုးသားႀကီးကေျပာပါတယ္။

“ အသက္ ၁၈ ႏွစ္ နဲ႔ အသက္ ၂၃ ႏွစ္အၾကား လူငယ္ေတြကို ေ႐ြးေကာက္ပြဲမွာ မဲဆႏၵရွင္ ျပည္သူတစ္ေယာက္အေနနဲ႔ မဲေပးရာမွာ ပါ၀င္ဖို႔ ႏိုင္ငံသားတာ၀န္ေတြေက်ပြန္ဖို႔ ကာယကံရွင္ေတြကို ေမးျမန္းလို႔ စစ္တမ္းေကာက္ၾကည့္တယ္၊ လူငယ္ ၁၀ ေယာက္မွာ ၄ ေယာက္က စိတ္၀င္စားၿပီး က်န္ ၆ ေယာက္က စိတ္၀င္စားမႈ မရွိသေလာက္နည္းေနတာကို ေတြ႕ရတယ္ ၊ စိတ္၀င္စားတဲ့ ၄ ေယာက္ကလည္း မိန္းကေလး ၃ ေယာက္ျဖစ္ၿပီး ေယာက္်ားေလးက ၁ ေယာက္ပဲပါတယ္ ၊ အ႐ြယ္ေရာက္ၿပီး ေယာက္်ားေလးေတြ အမ်ားစုက စိတ္၀င္စားမႈ အားနည္းေနတာ ေတြ႕ရတယ္ ၊ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ အခြင့္အေရးေတြ မဆုံးရႈံးရေအာင္ Voter education ( ဆႏၵမဲ အသိပညာေပးေရး )လုပ္ငန္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္လုပ္ေပးဖို႔ လိုအပ္ေနပါတယ္ ” လို႔ ကိုဖိုးသားႀကီးကေျပာပါတယ္။

ဟုမၼလင္းၿမိဳ႕နယ္မွာ ေက်း႐ြာအုပ္စု (၈၉)အုပ္စု၊ ေက်း႐ြာေပါင္း (၃၂၀)ရွိတဲ့အနက္ ခ်င္းတြင္းျမစ္အထက္ပိုင္းမွာ ၂၂ အုပ္စု ၊ ခ်င္းတြင္းျမစ္ေအာက္ပိုင္းမွာ (၃၃)အုပ္စု နဲ႔ ဥ႐ုျမစ္အတြင္းမွာ ေက်း႐ြာအုပ္စု (၃၄)အုပ္စုရွိတာ ျဖစ္ပါတယ္။

ဥ႐ုျမစ္အတြင္းရွိ ေက်း႐ြာအုပ္စု (၃၄) အုပ္စုက လူငယ္ေတြကို စစ္တမ္းေကာက္ယူခဲ့ရာမွာေတာ့ အခုလို လူငယ္ေတြ ေ႐ြးေကာက္ပြဲအေပၚ မဲေပးႏိုင္ဖို႔အတြက္ သိရွိမႈအားနည္းေနတာကို ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

“ ဒီေဒသက ေျမရွိရင္ ေ႐ႊထြက္တယ္ ၊ ေ႐ႊရွိရင္ ေငြရတယ္ေလ ၊ ေငြရလြယ္တဲ့ ေဒသဆိုေတာ့ လူငယ္အမ်ားစုက မူးယစ္ေဆးဝါးကို လက္တည့္စမ္းၾကတာကမ်ားတယ္ ၊ အဲ့ဒီကေနတဆင့္ မူးယစ္ေဆးဝါးက အႏိုင္ရၿပီး လူငယ္အမ်ားစုက မူးယစ္ေဆးဝါး ေက်းကြၽန္ေတြျဖစ္ကုန္တယ္ ၊ ေဆးသုံးဖို႔ကလြဲလို႔ သူတို႔ ဘာကိုမွ စိတ္မ၀င္စားၾကဘူး ” နမ့္ေတာေက်း႐ြာ မူးယစ္ဆန႔္က်င္ေရးအဖြဲ႕၀င္တစ္ဦးက ေျပာပါတယ္။

မိုင္းကိုင္း ၊ ေနာင္ခမ္း ၊ပုံႏႊဲ႕ ၊ ထိန္ကုန္း ၊ေနာင္မိုး ၊ေစတီဆိပ္ ၊နံ႔သာ ၊ ဟဲဖက္ ၊ ေညာင္ကုန္း ၊ဘိုကုန္း ၊ သေျပကုန္း /ေနာင္မိုး ၊ အထက္ေတာင္ေပၚ ၊ ေအာက္ေတာင္ေပၚ ၊ေနာင္မဟတ္ ၊ မန္ေဇာ္ဆိုင္း ၊မန္ေမာ္ ၊ေဟြဖလား ၊ နန္းခမ္းစီ ၊ေကြ႕ေပ ၊လက္ပံသာ ၊မယ္ဇလီကုန္း၊ ေခ်ာင္း၀ ၊သာယာကုန္း၊ နန္းစက္ ၊သဲခပတ္နဲ႔ တုံပေဟ့ စတဲ့ေက်း႐ြာေတြမွာေတာ့ မူးယစ္ေဆးဝါး ၀င္ေရာက္တာေတြရွိၿပီး မူးယစ္ေဆးစြဲေနတဲ့ လူငယ္ေတြလည္း ရွိတယ္လို႔ သိရပါတယ္။

မူးယစ္ေဆးစြဲ လူငယ္အမ်ားစုဟာ ဆႏၵမဲေပးရမယ့္ အခြင့္အလမ္းကို စိတ္၀င္စားမႈ အလြန္နည္းေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဟုမၼလင္း

Related posts

Leave a Comment

VOM News

FREE
VIEW