သတ်မှတ်စည်းကမ်းဖောက်ဖျက်တဲ့ ငါးဖမ်းစက်လှေတွေကို VMS စနစ်နဲ့ စောင့်ကြည့်ပြီး စက်လှေသိမ်းတဲ့အထိ အရေးယူမယ်

သတ်မှတ်စည်းကမ်းဖောက်ဖျက်တဲ့ ငါးဖမ်းစက်လှေတွေကို VMS စနစ်နဲ့ စောင့်ကြည့်ပြီး စက်လှေသိမ်းတဲ့အထိ အရေးယူမယ်

ရန်ကုန်၊ သြဂုတ် ၁၈-၂၀၂၀
သိင်္ဂီ (VOM)

မကြာခင် စတင်တော့မယ့် ကမ်းဝေးငါးဖမ်းရာသီမှာ ဧရာဝတီတိုင်းအတွင်းက ကျားဖောင်တွေ စည်းကမ်းလိုက်နာမှုရှိမရှိကို Vessel Monitoring System (VMS) စနစ်နဲ့စောင့်ကြည့်ထိန်းချုပ်သွားမယ်လို့ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

ကမ်းဝေးငါးဖမ်းစက်လှေတွေအနေနဲ့ တားမြစ်ကန့်သတ်ချက်တွေကို ဖောက်ဖျက်ပါက ပထမအကြိမ် ငါးဖမ်းခွင့် သုံးလပိတ်ခြင်း၊ ဒုတိယအကြိမ် ထပ်မံကျူးလွန်ခဲ့ရင် ဒဏ်ကြေးငွေ ကျပ်သိန်း (၃၀) ပေးဆောင်စေခြင်း၊ တတိယအကြိမ် ကျူးလွန်ခဲ့ရင်တော့ ငါးဖမ်းစက်လှေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတဲ့အထိ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” ငါးဖမ်းလုပ်ငန်းရှင်တွေကို မြန်မာ့ပင်လယ်ငါးဖန်းလုပ်ငန်း ဥပဒေ ၊အမိန့်ညွှန့်ကြားချက်တွေကို အကုန်ရှင်းပြထားပြီးသားဖြစ်တယ်။စောင့်ကြည့်တဲ့ စစ်ဆေးရေးစခန်းတွေလည်းရှိပါတယ်။”လို့် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ခရိုင်မှူး ဦးကိုကိုလွင်ကပြောပါတယ်။

၂၀၂၀-၂၀၂၁ ခုနှစ် ကမ်းဝေးငါးဖမ်းရာသီကို လာမယ့်စက်တင်ဘာလမှာ ငါးဖမ်းဆီးခွင့် ခွင့်ပြုပေးသွားမှာဖြစ်ပြီး ငါးဖမ်းလိုင်စင်ရ စက်လှေတစ်စီးမှာ အင်္ဂလန်ကျားပိုက် (ကျားဖောင်) (၈)ဖောင်ထက်ပိုပြီး လုပ်ကိုင်ခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။

အင်္ဂလန်ကျားပိုက်(ကျားဖောင်) ငါးဖမ်းနည်းက ဧရာဝတီအတွင်းက ဖျာပုံမြို့နယ် အမာမြို့အနီး မြစ်ဝတစ်ဝိုက်မှာသာ လုပ်ကိုင်ကြတာဖြစ်ပြီး ကျားဖောင်ငါးလုပ်ငန်းရှင်တွေကတော့ ငါးဖမ်းလိုင်စင်ရ စက်လှေတစ်စီးကို ကျားဖောင် (၁၂)ဖောင်ကနေ (၁၅)ဖောင်အထိ လုပ်ကိုင်ခွင့်ပြုဖို့ တောင်းဆိုမှုတွေရှိနေပေမယ့် ညွှန်ကြားချက်မရတာကြောင့် ပုံမှန်အတိုင်းသာ ခွင့်ပြုထားတယ်လို့သိရပါတယ်။

“အရင်ကလည်း ၈ ဖောင်ပဲ ၊ ဒါပေမယ့် လုပ်ငန်းရှင်တွေကတော့ ၁၂ ဖောင်၊ ၁၅ ဖောင် ခွင့်ပြုပေးဖို့ လျှောက်တာတွေရှိတယ် ၊ အဲ့ဒီအပေါ်ကိုမှ ကျွန်တော် တိုင်းရုံးကနေ ခွင့်ပြုချက်ကို ထုတ်ပေးတယ်၊ အဓိက ကျွန်တော်တို့က လုပ်ငန်းရှင်တွေ တရားဝင်လိုင်စင်လုပ်ပေးတာ ရေလုပ်သားစာရင်းမှန်ကန်ရေး စတာတွေကို လုပ်ပေးတာပေါ့။ အခုနှစ်အတွက်လိုင်စင်လျှောက်တဲ့နူန်းကတော့ ကောက်နေတုန်းပဲ၊ သူတို့ငွေသွင်း စာရင်းကောက်တာတော့လုပ်နေကြပြီ။ တိုင်းကိုတော့ ရောက်မလာသေးဘူး။ ” လို့ ဧရာဝတီတိုင်း ငါးလုပ်ငန်းဦးစီးဌာန မှ လက်ထောက်ဦးစီးမှူး ကိုစည်သူအောင်ကပြောပါတယ်။

ဖျာပုံခရိုင်အတွင်းမှာ ၂၀၁၉-၂၀၂၀ ကမ်းဝေးငါးဖမ်းရာသီအတွက် အင်္ဂလန် ကျားပိုက်(ကျားဖောင်) စက်လှေ(၂၀၄)စီး လိုင်စင်လျှောက်ထားသူရှိခဲ့ပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနဟာ မြန်မာ့ပင်လယ်ငါးဖမ်းလုပ်ငန်း ရေပြင်အတွင်းရှိ ငါး၊ ပုစွန် သယံဇာတတွေ ထိန်းသိမ်းနိုင်ဖို့နဲ့ ရေရှည်ဖမ်းဆီးထုတ်လုပ်နိုင်ရေးအတွက် ငါး၊ ပုစွန်သားပေါက်ရာသီချိန်ဖြစ်တဲ့ မေလ ၁၆ရက်ကနေ သြဂုတ် ၁၆ရက်အထိ သုံးလကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

Photo – Chan Nyein
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

သတ္မွတ္စည္းကမ္းေဖာက္ဖ်က္တဲ့ ငါးဖမ္းစက္ေလွေတြကို VMS စနစ္နဲ႔ ေစာင့္ၾကည့္ျပီး စက္ေလွသိမ္းတဲ့အထိ အေရးယူမယ္

ရန္ကုန္၊ ၾသဂုတ္ ၁၈-၂၀၂၀
သိဂႌ (VOM)

မျကာခင္ စတင္​ေတာ့မယ့္ ကမ္း​ေဝးငါးဖမ္းရာသီမွာ ဧရာဝတီတိုင္းအတြင္းက က်ားေဖာင္ေတြ စည္းကမ္းလိုက္နာမႈ႐ွိမ႐ွိကို Vessel Monitoring System (VMS) စနစ္နဲ႔ေစာင့္ၾကည့္ထိန္းခ်ဳပ္သြားမယ္လို႔ တိုင္းေဒသၾကီး ငါးလုပ္ငန္းဦးစီးဌာနကေန သိရပါတယ္။

ကမ္းေဝးငါးဖမ္းစက္ေလွေတြအေနနဲ႔ တားျမစ္ကန္႔သတ္ခ်က္ေတြကို ေဖာက္ဖ်က္ပါက ပထမအႀကိမ္ ငါးဖမ္းခြင့္ သုံးလပိတ္ျခင္း၊ ဒုတိယအႀကိမ္ ထပ္မံက်ဴးလြန္ခဲ့ရင္ ဒဏ္ေၾကးေငြ က်ပ္သိန္း (၃၀) ေပးေဆာင္ေစျခင္း၊ တတိယအႀကိမ္ က်ဴးလြန္ခဲ့ရင္ေတာ့ ငါးဖမ္းစက္ေလွကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းတဲ့အထိ အေရးယူသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

” ငါးဖမ္းလုပ္ငန္း႐ွင္ေတြကို ျမန္မာ့ပင္လယ္ငါးဖန္းလုပ္ငန္း ဥပေဒ ၊အမိန္႔ၫႊန္႔ၾကားခ်က္ေတြကို အကုန္႐ွင္းျပထားၿပီးသားျဖစ္တယ္။ေစာင့္ျကည့္တဲ့ စစ္ေဆးေရးစခန္းေတြလည္း႐ွိပါတယ္။”လို္႔ ဖ်ာပုံခ႐ိုင္ ငါးလုပ္ငန္းဦးစီးဌာနက ခ႐ိုင္မႉး ဦးကိုကိုလြင္ကေျပာပါတယ္။

၂၀၂၀-၂၀၂၁ ခုႏွစ္ ကမ္းေဝးငါးဖမ္းရာသီကို လာမယ့္စက္တင္ဘာလမွာ ငါးဖမ္းဆီးခြင့္ ခြင့္ျပဳေပးသြားမွာျဖစ္ၿပီး ငါးဖမ္းလိုင္စင္ရ စက္ေလွတစ္စီးမွာ အဂၤလန္က်ားပိုက္ (က်ားေဖာင္) (၈)ေဖာင္ထက္ပိုျပီး လုပ္ကိုင္ခြင့္ျပဳမွာမဟုတ္ဘူးလို႔ သိရပါတယ္။

အဂၤလန္က်ားပိုက္(က်ားေဖာင္) ငါးဖမ္းနည္းက ဧရာ၀တီအတြင္းက ဖ်ာပုံၿမိဳ့နယ္ အမာၿမိဳ့အနီး ျမစ္ဝတစ္ဝိုက္မွာသာ လုပ္ကိုင္ၾကတာျဖစ္ၿပီး က်ားေဖာင္ငါးလုပ္ငန္းရွင္ေတြကေတာ့ ငါးဖမ္းလိုင္စင္ရ စက္ေလွတစ္စီးကို က်ားေဖာင္ (၁၂)ေဖာင္ကေန (၁၅)ေဖာင္အထိ လုပ္ကိုင္ခြင့္ျပဳဖို႔ ေတာင္းဆိုမွုေတြ႐ွိေနေပမယ့္ ၫႊန္ၾကားခ်က္မရတာေၾကာင့္ ပုံမွန္အတိုင္းသာ ခြင့္ျပဳထားတယ္လို႔သိရပါတယ္။

“အရင္ကလည္း ၈ ေဖာင္ပဲ ၊ ဒါေပမယ့္ လုပ္ငန္း႐ွင္ေတြကေတာ့ ၁၂ ေဖာင္၊ ၁၅ ေဖာင္ ခြင့္ျပဳေပးဖို႔ ေလ်ွာက္တာေတြ႐ွိတယ္ ၊ အဲ့ဒီအေပၚကိုမွ ကၽြန္ေတာ္ တိုင္း႐ုံးက​ေန ခြင့္ျပဳခ်က္ကို ထုတ္ေပးတယ္၊ အဓိက ကၽြန္ေတာ္တို႕က လုပ္ငန္း႐ွင္ေတြ တရားဝင္လိုင္စင္လုပ္ေပးတာ ​ေရလုပ္သားစာရင္းမွန္ကန္​ေရး စတာ​ေတြကို လုပ္​ေပးတာေပါ့။ အခုႏွစ္အတြက္လိုင္စင္ေလွ်ာက္တဲ့ႏူန္းကေတာ့ ေကာက္ေနတုန္းပဲ၊ သူတို႔ေငြသြင္း စာရင္းေကာက္တာေတာ့လုပ္ေနၾကၿပီ။ တိုင္းကိုေတာ့ ေရာက္မလာေသးဘူး။ ” လို႔ ဧရာဝတီတိုင္း ငါးလုပ္ငန္းဦးစီးဌာန မွ လက္ေထာက္ဦးစီးမွဴး ကိုစည္သူေအာင္ကေျပာပါတယ္။

ဖ်ာပုံခရိုင္အတြင္းမွာ ၂၀၁၉-၂၀၂၀ ကမ္းေဝးငါးဖမ္းရာသီအတြက္ အဂၤလန္ က်ားပိုက္(က်ားေဖာင္) စက္ေလွ(၂၀၄)စီး လိုင္စင္ေလွ်ာက္ထားသူ႐ွိခဲ့ပါတယ္။

ငါးလုပ္ငန္းဦးစီးဌာနဟာ ျမန္မာ့ပင္လယ္ငါးဖမ္းလုပ္ငန္း ေရျပင္အတြင္းရွိ ငါး၊ ပုစြန္ သယံဇာတေတြ ထိန္းသိမ္းႏိုင္ဖို႔နဲ႔ ေရရွည္ဖမ္းဆီးထုတ္လုပ္ႏိုင္ေရးအတြက္ ငါး၊ ပုစြန္သားေပါက္ရာသီခ်ိန္ျဖစ္တဲ့ ေမလ ၁၆ရက္ကေန ၾသဂုတ္ ၁၆ရက္အထိ သံုးလကို ငါးမဖမ္းရရာသီအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

Photo – Chan Nyein
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW