ရန်ကုန်ရောက် ခူမီးချင်း စစ်ဘေးရှောင်တွေရဲ့ အနာဂတ်

ရန်ကုန်ရောက် ခူမီးချင်း စစ်ဘေးရှောင်တွေရဲ့ အနာဂတ်

ရန်ကုန်၊ သြဂုတ် ၁၈-၂၀၂၀
အေးချမ်းသူ(VOM)

“ဒီနေရာကနေ ဘယ်အချိန်ပြောင်းရမယ်မှန်း မသိဘူး။နောက် ဘယ်မှာနေရမှန်း စဉ်းစားလို့မရဘူး။ ဖြစ်နိုင်ရင် ကိုယ့်အရပ်ဒေသမှာပဲ နေချင်တာပေါ့။ တိုက်ပွဲတွေ ဖြစ်နေလို့သာ”လို့ ပြောလာသူကတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ စစ်ဘေးရှောင်ရင်း ရန်ကုန်ကို ရောက်ရှိလာသူ အသက်၅၂အရွယ် ခူမီးတိုင်းရင်းသား ဦးအောင်ကျော်ဦးပဲ ဖြစ်ပါတယ်။

၂၀၁၉ခုနှစ်က ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ရဲ့ မကြာခဏဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ပလက်ဝမြို့၊ ကြွေသောင် ကျေးရွာမှာ ဆက်လက်နေထိုင်မယ်ဆိုရင် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် ကိုအောင်ကျော်ဦးတို့နေထိုင်ရာ ဒေသကနေ ၁၅မိုင်ဝေးတဲ့ ပီချောင်းကို စက်လှေနဲ့ဖြတ်ပြီး ရန်ကုန်ကို ကားနဲ့ မိသားစုလေးယောက် ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့ ဦးအောင်ကျော်ဦးက ပြောပါတယ်။

“ရန်ကုန်လာတာတော့ ခက်ခဲတာပေါ့။ လမ်းမှာ AA နဲ့ပဲ တွေ့မလား စစ်တပ်နဲ့ပဲ တွေ့မလား ပိုက်ဆံကိုလည်း ချွေတာပြီးလာရတာ လမ်းမှာ ထမင်းတောင်ငတ်တယ်” လို့ ဦးအောင်ကျော်ဦးက ရှင်းပြပါတယ်။

ဦးအောင်ကျော်ဦးတို့ မိသားစုဟာ ရန်ကုန်မြို့ကို ၂၀၂၀ခုနှစ် မတ်လ အစောပိုင်းက စတင်ရောက်ရှိလာခဲ့ပြီး ခူမီး ချင်းမျိုးနွယ်မှ ဘာသာရေးဆရာတွေနဲ့ဆက်သွယ်ကာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ တပ်ကြီးကုန်းကျေးရွာ၊ စာဖြူစုရပ်ကွက်ကို ပြောင်းရွှေနေထိုင်နေကြတာဖြစ်ပါတယ်။်

လက်ရှိအခြေအနေမှာတော့ အသက် (၂၇)နှစ်အရွယ် သမီးဖြစ်သူက အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့အတွက် သမီးဖြစ်သူရဲ့ လုပ်အားခနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်။

“ဘယ်သူက ကိုယ့်အရပ်ဒေသမှာ မနေချင်ပဲရှိပါ့မလဲ။ နေချင်တာပေါ့။ အဲ့ဒီမှာနေရင် ဘယ်နေ့သေမှန်းမသိဘူး။ အာ့ကြောင့် ဒီကိုပြောင်းလာရတာ” လို့ ချင်းပြည်နယ် မီးလက်ဝ ကျေးရွာကနေ မှော်ဘီစစ်ဘေးရှောင်စခန်းကို ပြောင်းရွှေ့လာတဲ့ ဒေါ်ဘိုးဟွေ့က ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ အေအေတို့တိုက်ပွဲဖြစ်ခဲ့တာကြောင့် ယခင်ဆန်တစ်အိတ်ကို ငွေကျပ် နှစ်သောင်းခွဲကနေ ငွေကျပ် ခုနှစ်သောင်း၊ ငွေကျပ် တစ်သိန်းအထိမြင့်တက်သွားတဲ့အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

အနေနဲ့ ကိုယ့်ရပ်ကိုယ့်ဒေသကို စွှန့်ခွာပြီး ရန်ကုန်မြို့ကို ရောက်ခါစမှာလည်း ဘာသာစကားမတူညီမှု၊ နယ်မြေမကျွမ်းကျင်မှာ စတဲ့ အခက်အခဲတွေ ကြုံတွေ့ရတဲ့အတွက် အလုပ်အကိုင်ရရှိဖို့ ခက်ခဲခဲ့ပေမယ့် အိမ်ထောင်ဦးစီးအမျိုးသားက ရရာအလုပ်ကို လုပ်ကိုင်ပြီး ရှာဖွေကျွေးမွေးနေတာကြောင့်သာ အဆင်ပြေနေတာဖြစ်တယ်လို့ ပြောပါတယ်။

“ခလေးက သုံးယောက်ရှိတယ်၊ နို့စိုအရွယ်ရယ်၊ လေးတန်း တစ်ယောက်နဲ့ KG တစ်ယောက် ဘယ်လိုမအဆင်မပြေဘူး။ယောက်ကျ်ားက ကျပန်းလုပ်တော့ အလုပ်ကမရှိတစ်ရက်ရှိတစ်ရက်ပေါ့”လို့ ဒေါ်ဘိုးဟွေ့ကပြောပါတယ်။

မှော်ဘီစစ်ဘေးရှောင်စခန်းကို ရောက်ရှိလာတဲ့ ကျောင်းသူ/သား တွေအနေနဲ့ ကျောင်းအပ်ရာသီမှာ ကျောင်းထွက်လက်မှတ် မပြနိုင်တာတွေ၊ ဘာသာစကားအခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

“ကလေးတွေ ကျောင်းတက်ဖို့အခက်အခဲက ကျောင်းထွက်လက်မှတ်ယူဖို့ဆိုတာ ပလက်ဝပြန်သွားရတာလေ။ တစ်ချို့ကပြန်သွား တာ AAကဖမ်းတာနဲ့ လမ်းမှာမိုင်းထိပြီးသေတာနဲ့ ပစ်ခတ်ခံရပြီး သေတာနဲ့ အာ့ကြောင့်ဘယ်သူမှမသွားရဲတော့တာ” လို့ ဒေါ်ဘိုးဟွေ့ကပြောပါတယ်။

ပလက်ဝမြို့နယ်ကနေ ပြောင်းရွှေ့လာတဲ့ ကျောင်းသား/သူတွေအနေနဲ့ ကျောင်းပညာ သင်ယူနိုင်ရေးအတွက် မှော်ဘီမြို့နယ် ပညာရေးမှူးနဲ့တွေ့ဆုံကာ ညိုနှိုင်းပြီးဖြစ်ကြောင်း ချင်းစစ်ဘေးရှောင်ပြည်သူမျး အရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI)ဆီကနေ သိရပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ တပ်ကြီးကုန်းကျေးရွာမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့ ဆမီး၊ မီးလက်ဝ၊ မယိုင်၊ ကျီးလေ၊ လောင်းကဒူး၊ ရိက္ခာ၊ မြို့သစ်၊ သာကျော်၊ ကူတန်ဝ၊ တွီဆီးဝ၊ ကြွေသောင်၊ လှယ်လှ၊ ရဲအောင်ကျေးရွာကနေ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စုပေါင်း (၃၄)စု ရှိပြီး လူဦးရေ (၁၃၆) ဦးရှိတယ်လို့ တပ်ကြီးကုန်းကျေးရွာ စစ်ရှောင်စခန်းက တာဝန်ခံဖြစ်သူ ဦးထွန်းဘဲ့ဆီကနေ သိရပါတယ်။

စစ်ဘေးရှောင်တွေ ယာယီနေထိုင်နိုင်ဖို့အတွက် ဓနိမိုး၊ ထရံကာ ဝါးခင်းတဲတွေကို ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီက ဆောက်လုပ်ပေးထားတာ ဖြစ်ပါတယ်။

“ ဗုံးနဲ့ကျဲတယ် မိုင်းထောင်တယ်။ အဲ့ဒါကြောင့် ကျမတို့တောထဲမှာသွားရင် မိုင်းနင်းမိတယ်။ တိုက်ပွဲမိရင် ဗုံးကျဲခံရလို့သေတယ်။ ပလက်ဝမှာ ဘာသွားလုပ်စားမှာလဲ မသေရုံတမယ်ပဲ လူတွေက အသက်လုပြေးနေရတာ” လို့ ဒေါ်ဘိုးဟွေ့က ပလက်ဝမြို့မီးလက်၀ ကျေးရွာမှာ နေထိုင်ခဲ့စဉ်က အတွေ့အကြုံကို ပြန်ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်က ချင်းစစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်သူ (၄,၇၉၅) ဦး ရှိပြီး စိမ်းစင်းရွာမှာ စစ်ရှောင်သူ (၅၁၄) ဦး၊ ဆမီးမြို့မှာ စစ်ရှောင်သူ (၃,၄၀၁) ဦး၊ မီးဇာရွာမှာ စစ်ရှောင်သူ (၂,၀၂၂)ဦး၊ စုစုပေါင်း စစ်ရှောင်သူ (၁၀,၇၃၂)ဦး စုစုပေါင်းအိမ်ခြေ (၂၄၁၄) စုရှိတယ်လို့ ချင်စစ်ဘေးရှောင် ပြည်သူများအရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI)ရဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိမှာလည်း ပလက်ဝမြို့ စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်ပြည်သူ ဦးရေ (၂၀,၀၀၀)ကနေ (၆၀,၀၀၀) ဝန်းကျင် ကျန်ရှိနေသေးတယ်လို့ RRCCI ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာတော့ တပ်မတော်နဲ့ အေအေတို့ရဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်ဘက်က ချင်းစစ်ဘေးရှောင်သူဦးရေ ၈ထောင် ကျော်ရှိတယ်လို့ ချင်းစစ်ရှောင်ပြည်သူများအရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပလက်ဝမြို့နယ်အတွင်း ပြည်သူတွေလွတ်လပ်စွာ ခရီးသွားလာခွင့်မရခြင်း၊ မြို့အတွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေရပ်ဆိုင်းသွားခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြှင့်ခြင်း၊ ဆန်ဝယ်ယူ၍ မရရှိနိုင်ခြင်းတို့ကြောင့် အိမ်ထောင်စု (၁၇၇၁)စု၊ လူဦးရေ (၈၃၀၃)မှာ စားနိပ်ရိက္ခာပြတ်လတ်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် သက်ဆိုင်ရာအစိုးရနင့်လူမှုရေးအဖွဲ့အစည်းများမှ ကူညီပေးဖို့အတွက် သြဂုတ် (၃)ရက်နေ့က ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီက ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ အကူအညီတောင်းခဲ့ပါတယ်။

ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ်ကနေ လက်ရှိအချိန်ထိပျောက်ဆုံးနေတဲ့ လူဦးရေ (၂၀)အထိရှိပြီး သေဆုံးသူ ဦးရေမှာ ၂၀၂၀ဇန်နဝါရီကနေ လက်ရှိအခြေအနေထိ လူဦးရေ (၄၀)ခန့်ရှိတယ်လို့ ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့်သဘာဝဘေးကူညီရေးအဖွဲ့(CISC)ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU၊ DKBA၊ KNU/KNLA-PC၊ ABSDF၊ CNF၊ PNLO ALP၊ RCSS၊ NMPS နဲ့ LUD တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်ရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားပေမယ့် AAနဲ့ မြန်မာ့တပ်မတော်တို့အကြား၊ TNLA နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်း

ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၀ခုနှစ် မတ်လ (၂၃)ရက်နေ့မှာ (AA)ကို အကြမ်းဖက် အုပ်စုနဲ့ မတရားအသင်းအဖြစ် ကြေညာခဲ့ပါတယ်။

၂၀၂၀ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ALP/AA နဲ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ဘေးရှောင်ဦးရေဟာ သုံးသောင်းခန့်ရှိတယ်လို့ ငြိမ်းချမ်းရေးနှင့်လုံခြုံမှုဆိုင်ရာမြန်မာအင်စတီကျူ(MIPS)ရဲ့ စစ်တမ်းအရ သိရပါတယ်။

“ကျနော်ညီနဲ့ သူ့သူငယ်ချင်းလေးယောက်ကို AAက ဖမ်းသွားတာ အခုထိ ဘာသတင်းမှမကြားရဘူး၊ ကျနော်လည်း ဒါကြောင့် ပလက်ဝကနေ ရန်ကုန်ကို ပြေးလာရတယ်။ အမေလည်းရှိသေးတာကိုး ကျွန်တော့အမေကို သူများသတ်လို့မသေစေချင်ဘူး”လို့ တပ်ကြီးကုန်းကျေးရွာ စစ်ရှောင်စခန်းက ကံလွတ်က ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး အမှန်တကယ် ခံစားရသည်မှာ ပြည်သူများသာဖြစ်တဲ့အတွက် အမြန်ဆုံး ငြိမ်းချမ်းစေချင်ကြောင်း မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာ စစ်ရှောင်စခန်းက စစ်ဘေးသင့်ပြည်သူတွေက ပြောဆိုနေကြပါတယ်။

“နေစရာရှိတာမှန်ပေမဲ့ ဘယ်တော့ပြောင်းရမယ်မှန်းမသိဘူး ။ အဲဒါကိုတွေးပြီးပဲ စိတ်ပူနေရတာ ပလက်ဝက တိုက်ပွဲတွေကလည်း ဘယ်တော့ပြီးမယ်မှန်းသိသေးတာမဟုတ်ဘူး။ ဖြစ်နိုင်ရင် ကိုယ့်ဒေသကိုပဲ ပြန်ချင်တယ် အရင်လိုဘဝမျိုးမှာ နေချင်တယ်”လို့ ပြောရင်း ဦးအောင်ကျော်ဦးတစ်ယောက် စစ်ပွဲတွေ ရပ်မယ့်တစ်နေ့ကို မျှော်မှန်းရင်း မျက်ရည်တွေဝဲကာ အပြင်ကိုငေးကြည့်နေပါတော့တယ်။

#voiceofmyanmar #VOM #ရန်ကုန် #ခူမီးချင်းစစ်ဘေးရှောင်တွေရဲ့အနာဂတ်

Zawgyi

ရန္ကုန္ေရာက္ ခူမီးခ်င္း စစ္ေဘးေရွာင္ေတြရဲ႕ အနာဂတ္

ရန္ကုန္၊ ၾသဂုတ္ ၁၈-၂၀၂၀
ေအးခ်မ္းသူ(VOM)

“ဒီေနရာကေန ဘယ္အခ်ိန္ေျပာင္းရမယ္မွန္း မသိဘူး။ေနာက္ ဘယ္မွာေနရမွန္း စဥ္းစားလို႔မရဘူး။ ျဖစ္ႏိုင္ရင္ ကိုယ့္အရပ္ေဒသမွာပဲ ေနခ်င္တာေပါ့။ တိုက္ပြဲေတြ ျဖစ္ေနလို႔သာ”လို႔ ေျပာလာသူကေတာ့ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ကေန စစ္ေဘးေရွာင္ရင္း ရန္ကုန္ကို ေရာက္ရွိလာသူ အသက္၅၂အ႐ြယ္ ခူမီးတိုင္းရင္းသား ဦးေအာင္ေက်ာ္ဦးပဲ ျဖစ္ပါတယ္။

၂၀၁၉ခုႏွစ္က ပလက္ဝၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ မၾကာခဏျဖစ္ေနတဲ့ စစ္ပြဲေတြေၾကာင့္ ပလက္၀ၿမိဳ႕၊ ေႂကြေသာင္ ေက်း႐ြာမွာ ဆက္လက္ေနထိုင္မယ္ဆိုရင္ အသက္အႏၲရယ္စိုးရိမ္ရတဲ့အတြက္ ကိုေအာင္ေက်ာ္ဦးတို႔ေနထိုင္ရာ ေဒသကေန ၁၅မိုင္ေဝးတဲ့ ပီေခ်ာင္းကို စက္ေလွနဲ႔ျဖတ္ၿပီး ရန္ကုန္ကို ကားနဲ႔ မိသားစုေလးေယာက္ ေရာက္ရွိလာခဲ့ၾကတာျဖစ္တယ္လို႔ ဦးေအာင္ေက်ာ္ဦးက ေျပာပါတယ္။

“ရန္ကုန္လာတာေတာ့ ခက္ခဲတာေပါ့။ လမ္းမွာ AA နဲ႔ပဲ ေတြ႕မလား စစ္တပ္နဲ႔ပဲ ေတြ႕မလား ပိုက္ဆံကိုလည္း ေခြၽတာၿပီးလာရတာ လမ္းမွာ ထမင္းေတာင္ငတ္တယ္” လို႔ ဦးေအာင္ေက်ာ္ဦးက ရွင္းျပပါတယ္။

ဦးေအာင္ေက်ာ္ဦးတို႔ မိသားစုဟာ ရန္ကုန္ၿမိဳ႕ကို ၂၀၂၀ခုႏွစ္ မတ္လ အေစာပိုင္းက စတင္ေရာက္ရွိလာခဲ့ၿပီး ခူမီး ခ်င္းမ်ိဳးႏြယ္မွ ဘာသာေရးဆရာေတြနဲ႔ဆက္သြယ္ကာ ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္ရွိ တပ္ႀကီးကုန္းေက်း႐ြာ၊ စာျဖဴစုရပ္ကြက္ကို ေျပာင္းေ႐ႊေနထိုင္ေနၾကတာျဖစ္ပါတယ္။္

လက္ရွိအေျခအေနမွာေတာ့ အသက္ (၂၇)ႏွစ္အ႐ြယ္ သမီးျဖစ္သူက အထည္ခ်ဳပ္ စက္႐ုံမွာ အလုပ္လုပ္ကိုင္ေနတဲ့အတြက္ သမီးျဖစ္သူရဲ႕ လုပ္အားခနဲ႔ စားဝတ္ေနေရးကို ေျဖရွင္းေနၾကရပါတယ္။

“ဘယ္သူက ကိုယ့္အရပ္ေဒသမွာ မေနခ်င္ပဲရွိပါ့မလဲ။ ေနခ်င္တာေပါ့။ အဲ့ဒီမွာေနရင္ ဘယ္ေန႔ေသမွန္းမသိဘူး။ အာ့ေၾကာင့္ ဒီကိုေျပာင္းလာရတာ” လို႔ ခ်င္းျပည္နယ္ မီးလက္ဝ ေက်း႐ြာကေန ေမွာ္ဘီစစ္ေဘးေရွာင္စခန္းကို ေျပာင္းေ႐ႊ႕လာတဲ့ ေဒၚဘိုးေဟြ႕က ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို ႔တိုက္ပြဲျဖစ္ခဲ့တာေၾကာင့္ ယခင္ဆန္တစ္အိတ္ကို ေငြက်ပ္ ႏွစ္ေသာင္းခြဲကေန ေငြက်ပ္ ခုႏွစ္ေသာင္း၊ ေငြက်ပ္ တစ္သိန္းအထိျမင့္တက္သြားတဲ့အတြက္ စား၀တ္ေနေရး အခက္အခဲ ျဖစ္ခဲ့ရတယ္လို႔လည္း ေျပာပါတယ္။

အေနနဲ႔ ကိုယ့္ရပ္ကိုယ့္ေဒသကို စႊန႔္ခြာၿပီး ရန္ကုန္ၿမိဳ႕ကို ေရာက္ခါစမွာလည္း ဘာသာစကားမတူညီမႈ၊ နယ္ေျမမကြၽမ္းက်င္မွာ စတဲ့ အခက္အခဲေတြ ႀကဳံေတြ႕ရတဲ့အတြက္ အလုပ္အကိုင္ရရွိဖို႔ ခက္ခဲခဲ့ေပမယ့္ အိမ္ေထာင္ဦးစီးအမ်ိဳးသားက ရရာအလုပ္ကို လုပ္ကိုင္ၿပီး ရွာေဖြေကြၽးေမြးေနတာေၾကာင့္သာ အဆင္ေျပေနတာျဖစ္တယ္လို႔ ေျပာပါတယ္။

“ခေလးက သုံးေယာက္ရွိတယ္၊ ႏို႔စိုအ႐ြယ္ရယ္၊ ေလးတန္း တစ္ေယာက္နဲ႔ KG တစ္ေယာက္ ဘယ္လိုမအဆင္မေျပဘူး။ေယာက္က်္ားက က်ပန္းလုပ္ေတာ့ အလုပ္ကမရွိတစ္ရက္ရွိတစ္ရက္ေပါ့”လို႔ ေဒၚဘိုးေဟြ႕ကေျပာပါတယ္။

ေမွာ္ဘီစစ္ေဘးေရွာင္စခန္းကို ေရာက္ရွိလာတဲ့ ေက်ာင္းသူ/သား ေတြအေနနဲ႔ ေက်ာင္းအပ္ရာသီမွာ ေက်ာင္းထြက္လက္မွတ္ မျပႏိုင္တာေတြ၊ ဘာသာစကားအခက္အခဲေတြနဲ႔ ႀကဳံေတြ႕ေနရပါတယ္။

“ကေလးေတြ ေက်ာင္းတက္ဖို႔အခက္အခဲက ေက်ာင္းထြက္လက္မွတ္ယူဖို႔ဆိုတာ ပလက္ဝျပန္သြားရတာေလ။ တစ္ခ်ိဳ႕ကျပန္သြား တာ AAကဖမ္းတာနဲ႔ လမ္းမွာမိုင္းထိၿပီးေသတာနဲ႔ ပစ္ခတ္ခံရၿပီး ေသတာနဲ႔ အာ့ေၾကာင့္ဘယ္သူမွမသြားရဲေတာ့တာ” လို႔ ေဒၚဘိုးေဟြ႕ကေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္ကေန ေျပာင္းေ႐ႊ႕လာတဲ့ ေက်ာင္းသား/သူေတြအေနနဲ႔ ေက်ာင္းပညာ သင္ယူႏိုင္ေရးအတြက္ ေမွာ္ဘီၿမိဳ႕နယ္ ပညာေရးမွဴးနဲ႔ေတြ႕ဆုံကာ ညိဳႏႈိင္းၿပီးျဖစ္ေၾကာင္း ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်း အေရးေပၚကူညီေရးနဲ႔ ျပန္လည္ထူေထာင္ေရးေကာ္မတီ (RRCCI)ဆီကေန သိရပါတယ္။

ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕၊ တပ္ႀကီးကုန္းေက်း႐ြာမွာ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕ ဆမီး၊ မီးလက္ဝ၊ မယိုင္၊ က်ီးေလ၊ ေလာင္းကဒူး၊ ရိကၡာ၊ ၿမိဳ႕သစ္၊ သာေက်ာ္၊ ကူတန္ဝ၊ တြီဆီးဝ၊ ေႂကြေသာင္၊ လွယ္လွ၊ ရဲေအာင္ေက်း႐ြာကေန စစ္ေဘးေရွာင္လာတဲ့ အိမ္ေထာင္စုေပါင္း (၃၄)စု ရွိၿပီး လူဦးေရ (၁၃၆) ဦးရွိတယ္လို႔ တပ္ႀကီးကုန္းေက်း႐ြာ စစ္ေရွာင္စခန္းက တာဝန္ခံျဖစ္သူ ဦးထြန္းဘဲ့ဆီကေန သိရပါတယ္။

စစ္ေဘးေရွာင္ေတြ ယာယီေနထိုင္ႏိုင္ဖို႔အတြက္ ဓနိမိုး၊ ထရံကာ ဝါးခင္းတဲေတြကို ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရး ေကာ္မတီက ေဆာက္လုပ္ေပးထားတာ ျဖစ္ပါတယ္။

“ ဗုံးနဲ႔က်ဲတယ္ မိုင္းေထာင္တယ္။ အဲ့ဒါေၾကာင့္ က်မတို႔ေတာထဲမွာသြားရင္ မိုင္းနင္းမိတယ္။ တိုက္ပြဲမိရင္ ဗုံးက်ဲခံရလို႔ေသတယ္။ ပလက္ဝမွာ ဘာသြားလုပ္စားမွာလဲ မေသ႐ုံတမယ္ပဲ လူေတြက အသက္လုေျပးေနရတာ” လို႔ ေဒၚဘိုးေဟြ႕က ပလက္ဝၿမိဳ႕မီးလက္၀ ေက်း႐ြာမွာ ေနထိုင္ခဲ့စဥ္က အေတြ႕အႀကဳံကို ျပန္ေျပာပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕ေပၚက ခ်င္းစစ္ေဘးေရွာင္စခန္းမွာ စစ္ေရွာင္သူ (၄,၇၉၅) ဦး ရွိၿပီး စိမ္းစင္း႐ြာမွာ စစ္ေရွာင္သူ (၅၁၄) ဦး၊ ဆမီးၿမိဳ႕မွာ စစ္ေရွာင္သူ (၃,၄၀၁) ဦး၊ မီးဇာ႐ြာမွာ စစ္ေရွာင္သူ (၂,၀၂၂)ဦး၊ စုစုေပါင္း စစ္ေရွာင္သူ (၁၀,၇၃၂)ဦး စုစုေပါင္းအိမ္ေျခ (၂၄၁၄) စုရွိတယ္လို႔ ခ်င္စစ္ေဘးေရွာင္ ျပည္သူမ်ားအေရးေပၚ ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရး ေကာ္မတီ (RRCCI)ရဲ႕ စာရင္းေတြအရ သိရပါတယ္။

လက္ရွိမွာလည္း ပလက္ဝၿမိဳ႕ စစ္ေရွာင္စခန္းမွာ စစ္ေဘးေရွာင္ျပည္သူ ဦးေရ (၂၀,၀၀၀)ကေန (၆၀,၀၀၀) ဝန္းက်င္ က်န္ရွိေနေသးတယ္လို႔ RRCCI ရဲ႕ စစ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕မွာေတာ့ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႔ ႏွစ္ဖက္တိုက္ပြဲေၾကာင့္ ရခိုင္ျပည္နယ္ဘက္က ခ်င္းစစ္ေဘးေရွာင္သူဦးေရ ၈ေထာင္ ေက်ာ္ရွိတယ္လို႔ ခ်င္းစစ္ေရွာင္ျပည္သူမ်ားအေရးေပၚ ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရး ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ပလက္ဝၿမိဳ႕နယ္အတြင္း ျပည္သူေတြလြတ္လပ္စြာ ခရီးသြားလာခြင့္မရျခင္း၊ ၿမိဳ႕အတြင္း ေျပးဆြဲေနတဲ့ ယာဥ္လိုင္းေတြရပ္ဆိုင္းသြားျခင္း၊ ကုန္ေစ်းႏႈန္းမ်ား အဆမတန္ႀကီးျမႇင့္ျခင္း၊ ဆန္ဝယ္ယူ၍ မရရွိႏိုင္ျခင္းတို႔ေၾကာင့္ အိမ္ေထာင္စု (၁၇၇၁)စု၊ လူဦးေရ (၈၃၀၃)မွာ စားနိပ္ရိကၡာျပတ္လတ္တဲ့ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့အတြက္ သက္ဆိုင္ရာအစိုးရနင့္လူမႈေရးအဖြဲ႕အစည္းမ်ားမွ ကူညီေပးဖို႔အတြက္ ၾသဂုတ္ (၃)ရက္ေန႔က ပလက္ဝၿမိဳ႕နယ္ စားနပ္ရိကၡာဖူလုံေရး အေထာက္အကူျပဳေကာ္မတီက ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ကာ အကူအညီေတာင္းခဲ့ပါတယ္။

ပလက္ဝၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲမ်ားေၾကာင့္ ၂၀၁၈ ခုႏွစ္ကေန လက္ရွိအခ်ိန္ထိေပ်ာက္ဆုံးေနတဲ့ လူဦးေရ (၂၀)အထိရွိၿပီး ေသဆုံးသူ ဦးေရမွာ ၂၀၂၀ဇန္နဝါရီကေန လက္ရွိအေျခအေနထိ လူဦးေရ (၄၀)ခန႔္ရွိတယ္လို႔ ပလက္ဝၿမိဳ႕နယ္တိုက္ပြဲေရွာင္ႏွင့္သဘာဝေဘးကူညီေရးအဖြဲ႕(CISC)ရဲ႕ ထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြျဖစ္တဲ့ KNU၊ DKBA၊ KNU/KNLA-PC၊ ABSDF၊ CNF၊ PNLO ALP၊ RCSS၊ NMPS နဲ႔ LUD တို႔ဟာ တစ္ႏိုင္ငံလုံး အပစ္အခတ္ တိုက္ခိုက္ေရး သေဘာတူစာခ်ဳပ္(NCA) လက္မွတ္ထိုးထားေပမယ့္ AAနဲ႔ ျမန္မာ့တပ္မေတာ္တို႔အၾကား၊ TNLA နဲ႔ ျမန္မာ့တပ္မေတာ္တို႔အၾကား တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေပၚေနဆဲျဖစ္ပါတယ္း

ျပည္ထဲေရးဝန္ႀကီးဌာနက ၂၀၂၀ခုႏွစ္ မတ္လ (၂၃)ရက္ေန႔မွာ (AA)ကို အၾကမ္းဖက္ အုပ္စုနဲ႔ မတရားအသင္းအျဖစ္ ေၾကညာခဲ့ပါတယ္။

၂၀၂၀ခုႏွစ္ ဇန္နဝါရီလကေန ဇူလိုင္လအထိ ALP/AA နဲ ျမန္မာ့တပ္မေတာ္တို႔ၾကား တိုက္ပြဲျဖစ္ပြားခဲ့တဲ့အတြက္ စစ္ေဘးေရွာင္ဦးေရဟာ သုံးေသာင္းခန႔္ရွိတယ္လို႔ ၿငိမ္းခ်မ္းေရးႏွင့္လုံၿခဳံမႈဆိုင္ရာျမန္မာအင္စတီက်ဴ(MIPS)ရဲ႕ စစ္တမ္းအရ သိရပါတယ္။

“က်ေနာ္ညီနဲ႔ သူ႔သူငယ္ခ်င္းေလးေယာက္ကို AAက ဖမ္းသြားတာ အခုထိ ဘာသတင္းမွမၾကားရဘူး၊ က်ေနာ္လည္း ဒါေၾကာင့္ ပလက္ဝကေန ရန္ကုန္ကို ေျပးလာရတယ္။ အေမလည္းရွိေသးတာကိုး ကၽြန္ေတာ့အေမကို သူမ်ားသတ္လို႔မေသေစခ်င္ဘူး”လို႔ တပ္ႀကီးကုန္းေက်း႐ြာ စစ္ေရွာင္စခန္းက ကံလြတ္က ေျပာပါတယ္။

အခုလို တိုက္ပြဲေတြ ျဖစ္ေပၚေနတာနဲ႔ပတ္သက္ၿပီး အမွန္တကယ္ ခံစားရသည္မွာ ျပည္သူမ်ားသာျဖစ္တဲ့အတြက္ အျမန္ဆုံး ၿငိမ္းခ်မ္းေစခ်င္ေၾကာင္း ေမွာ္ဘီၿမိဳ႕နယ္ တပ္ႀကီးကုန္းေက်း႐ြာ စစ္ေရွာင္စခန္းက စစ္ေဘးသင့္ျပည္သူေတြက ေျပာဆိုေနၾကပါတယ္။

“ေနစရာရွိတာမွန္ေပမဲ့ ဘယ္ေတာ့ေျပာင္းရမယ္မွန္းမသိဘူး ။ အဲဒါကိုေတြးၿပီးပဲ စိတ္ပူေနရတာ ပလက္ဝက တိုက္ပြဲေတြကလည္း ဘယ္ေတာ့ၿပီးမယ္မွန္းသိေသးတာမဟုတ္ဘူး။ ျဖစ္ႏိုင္ရင္ ကိုယ့္ေဒသကိုပဲ ျပန္ခ်င္တယ္ အရင္လိုဘဝမ်ိဳးမွာ ေနခ်င္တယ္”လို႔ ေျပာရင္း ဦးေအာင္ေက်ာ္ဦးတစ္ေယာက္ စစ္ပြဲေတြ ရပ္မယ့္တစ္ေန႔ကို ေမွ်ာ္မွန္းရင္း မ်က္ရည္ေတြဝဲကာ အျပင္ကိုေငးၾကည့္ေနပါေတာ့တယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ခူမီးခ်င္းစစ္ေဘးေရွာင္ေတြရဲ႕အနာဂတ္

Related posts

Leave a Comment

VOM News

FREE
VIEW