ကယားဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ထားတဲ့ကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ကယားဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ထားတဲ့ကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

နေပြည်‌‌ေတာ်၊ဩဂုတ်၂၀
ကောင်းလက်ျာ(VOM)

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိူကို ကယားပြည်နယ်နေ့ပွဲတော်ကျင်းပတဲ့ မြေနေရာကိစ္စနဲ့အစိုးရအဖွဲ့က စက်ယန္တယားတွေ ဝယ်ယူငှားရမ်တဲ့အပေါ် စွပ်စွဲ ပြစ်တင်ထားတာကို စုံစမ်းစစ်ဆေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးဦးပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ အဆိုပါ အဖွဲ့ဥက္ကဌ ခူးသဲရယ်(ဖရူဆိုမြို့ပြည်နယ်မဲဆန္ဒ နယ် အမှတ် ( ၁ )က ပြောပါတယ်။

“ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ စွပ်စွဲပြစ်တင်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်‌‌‌ေ ဆးရေးအဖွဲ့ဖွဲ့လိုက်တာပါ။ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများလည်း လုပ်ဆောင်နေပါပြီ ” လို့ပြောပြပါတယ်။

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လေးပုံတစ်ပုံက ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၅)ပုဒ်မ၂၆၃( ခ ) အရ လက်မှတ်ရေးထိုး တင်ပြလာတဲ့အတွက် ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိူကို စွပ်စွဲပြစ်တင်တဲ့ကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဩဂုတ်လ ၁၄ ရက်နေ့ကပြည်နယ်လွှတ်တော်ဥက္က ဌက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ကယားဒေးကွင်းနေရာနဲ့ပတ်သက်လို့ ဒေသခံ တိုင်းရင်းသားတွေနဲ့ အရပ် ဖက်အဖွဲ့စည်းတွေက အစဉ်တစ်စိုက် ကန့်ကွက်ခဲ့ကြပြီး အဆိုပါနေရာဟာလေယာဉ်ကွင်း လုံခြုံရေးကိစ္စများနဲ့လည်း သက်ဆိုင်နေတာကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင်တာဖြစ်သင့်ကြောင်း ကယားအခြေစိုက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဦးကျော်ထင်အောင်က ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကိုစွပ်စွဲပြစ်တင်‌သည့်ကိစ္စနှင့် ဆက်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းလိုက်သည့်ကိစ္စကို ကယား ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိူထံ ဩဂုတ်၂၀ရက် နေ့နံနက်က ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းသော်လည်းလက်ခံဖြေကြားမှုမပြုခဲ့ပါ။

ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲ ပြစ်တင်တဲ့ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်း‌စစ်ဆေးရေး အဖွဲ့ကိုပြည်နယ် မဲန္ဒနယ်အမှတ် ၁ ဖရူဆိုမြို့နယ် ကိုယ်စားလှယ် ခူးသဲရယ်က ဥက္ကဌ အဖြစ်တာဝန်ယူပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် အတွင်းရေးမှူးတစ်ဦးအဖွဲ့ဝင် သုံးဦး စုစုပေါင်း ၅ ဦးနဲ့ဖွဲ့ စည်းလိုက်တာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကယားဝန်ကြီးချုပ်

zawgyi

ကယားဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္ထားတဲ့ကိစၥ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း

ေနျပည္‌‌ေတာ္၊ဩဂုတ္၂၀
ေကာင္းလက္်ာ(VOM)

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရွိူကို ကယားျပည္နယ္ေန႔ပြဲေတာ္က်င္းပတဲ့ ေျမေနရာကိစၥနဲ႔အစိုးရအဖြဲ႕က စက္ယႏၲယားေတြ ဝယ္ယူငွားရမ္တဲ့အေပၚ စြပ္စြဲ ျပစ္တင္ထားတာကို စုံစမ္းစစ္ေဆးဖို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ငါးဦးပါဝင္တဲ့ စစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းလိုက္တယ္လို႔ အဆိုပါ အဖြဲ႕ဥကၠဌ ခူးသဲရယ္(ဖ႐ူဆိုၿမိဳ႕ျပည္နယ္မဲဆႏၵ နယ္ အမွတ္ ( ၁ )က ေျပာပါတယ္။

“ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ စြပ္စြဲျပစ္တင္ထားတဲ့ကိစၥနဲ႔ပတ္သက္လို႔ စစ္‌‌‌ေ ဆးေရးအဖြဲ႕ဖြဲ႕လိုက္တာပါ။ စုံစမ္းစစ္ေဆးေရးလုပ္ငန္းမ်ားလည္း လုပ္ေဆာင္ေနပါၿပီ ” လို႔
ေျပာျပပါတယ္။

ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလးပုံတစ္ပုံက ဖြဲ႕စည္းပုံအေျခခံဥပေဒအခန္း(၅)ပုဒ္မ၂၆၃( ခ ) အရ လက္မွတ္ေရးထိုး တင္ျပလာတဲ့အတြက္ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ဦးအယ္လ္ေဖာင္းရွိူကို စြပ္စြဲျပစ္တင္တဲ့ကိစၥ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကိုဩဂုတ္လ ၁၄ ရက္ေန႔ကျပည္နယ္လႊတ္ေတာ္ဥကၠ ဌက လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့
တာလည္း ျဖစ္ပါတယ္။

ကယားေဒးကြင္းေနရာနဲ႔ပတ္သက္လို႔ ေဒသခံ တိုင္းရင္းသားေတြနဲ႔ အရပ္ ဖက္အဖြဲ႕စည္းေတြက အစဥ္တစ္စိုက္ ကန႔္ကြက္ခဲ့ၾကၿပီး အဆိုပါေနရာဟာ
ေလယာဥ္ကြင္း လုံၿခဳံေရးကိစၥမ်ားနဲ႔လည္း သက္ဆိုင္ေနတာေၾကာင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြက စြပ္စြဲျပစ္တင္တာျဖစ္သင့္ေၾကာင္း ကယားအေျခစိုက္ ႏိုင္ငံေရး တက္ႂကြ လႈပ္ရွားသူ ဦးေက်ာ္ထင္ေအာင္က ေျပာပါတယ္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုစြပ္စြဲျပစ္တင္‌သည့္ကိစၥႏွင့္ ဆက္လ်ဥ္း၍ စုံစမ္းစစ္ေဆးေရးအဖြဲ႕
ဖြဲ႕စည္းလိုက္သည့္ကိစၥကို ကယား ျပည္နယ္ အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ဦးအယ္လ္ေဖာင္းရွိူထံ ဩဂုတ္၂၀ရက္ ေန႔နံနက္က ဖုန္းျဖင့္ဆက္သြယ္စုံစမ္းေမးျမန္းေသာ္လည္းလက္ခံေျဖၾကား
မႈမျပဳခဲ့ပါ။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိကို စြပ္စြဲ ျပစ္တင္တဲ့ ကိစၥနဲ႔ပတ္သက္လို႔ စုံစမ္း‌စစ္ေဆးေရး အဖြဲ႕ကိုျပည္နယ္ မဲႏၵနယ္အမွတ္ ၁ ဖ႐ူဆိုၿမိဳ႕နယ္ ကိုယ္စားလွယ္ ခူးသဲရယ္က ဥကၠဌ အျဖစ္တာဝန္ယူၿပီး တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး အပါအဝင္ အတြင္းေရးမႉးတစ္ဦးအဖြဲ႕ဝင္ သုံးဦး စုစုေပါင္း ၅ ဦးနဲ႔ဖြဲ႕ စည္းလိုက္တာလည္းျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကယားဝန္ႀကီးခ်ဳပ္

Related posts

Leave a Comment

VOM News

FREE
VIEW