မြစ်ကြီးနား-ပူတာအိုကားလမ်း‌ပေါ်ရှိ အင်းကောမတံတားကျိုးကျပြီး အသွားအလာ ပြတ်တောက်

မြစ်ကြီးနား-ပူတာအိုကားလမ်း‌ပေါ်ရှိ အင်းကောမတံတားကျိုးကျပြီး အသွားအလာ ပြတ်တောက်

နေပြည်တော်၊ဩဂုတ်၂၁-၂၀၂၀
ကောင်းလက်ျာ(VOM)

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပေါ်မှာရှိတဲ့ အင်းကောမ‌ ချောင်းကူးတံတားဟာ ဒီကနေ့ မနက် ၄ နာရီကျော်လောက်မှာ ကျိုးကျပျက်ဆီးခဲ့တဲ့ နှစ်ဖက်အသွားအလာတွေ ပြတ်တောက်ခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

“အင်းကောမချောင်းက ရေစီးသန်တဲ့အတွက် ‌တံတားကျိုးရင် ဘာမှလုပ်မရဘူး။နောက်ပြီး တံတားက ဆောက်လုပ်ရေးဌာနအပိုင် တံတားဆိုတော့ သူတို့ပြင်ဖို့ ကြိုးစားနေပေမယ့် မလွယ်သေးဘူး”လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရူံးမှ ရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်း မိုင်တိုင် ၆ နဲ့ ၁၄၈ ဖာလုံအနီးမှာရှိတဲ့ အရှည်၂၃၅ ပေ၊အမြင့် ၃၅ ပေခန့်ရှိတဲ့ တံတားပေါ်မှာ ဘိလပ်မြေအိတ်တွေသယ်လာတဲ့ ၆ ဘီး ကုန်တင်ယာဉ်တစ်စင်းဟာ တံတားပေါ်ကိုဖြစ်သွားတဲ့အချိန် ကျိုးကျသွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းနဲ့ ယာဉ်အကူတို့ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရူံးကနေ သိရပါတယ်။

ကျိုးကျခဲ့တဲ အင်းကောမ ချောင်းကူးတံတားဟာ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူ
တာအိုသွားတဲ့ အဓိက ကားလမ်းမကြီးပေါ်မှာ တည်ရှိ‌နေပြီး လက်တလော ချောင်းကမ်းနှစ်ဘက်မှာ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နဲ့ အိမ်စီး‌မော်‌တော်ယာဉ်တွေ ပိတ်မိနေလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Photo -ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး
#voiceofmyanmar #VOM #ကချင်

Zawgyi

ျမစ္ႀကီးနား-ပူတာအိုကားလမ္း‌ေပၚရွိ အင္းေကာမတံတားက်ိဳးက်ၿပီး အသြားအလာ ျပတ္ေတာက္

ေနျပည္ေတာ္၊ဩဂုတ္၂၁-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကခ်င္ျပည္နယ္၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္၊ ျမစ္ႀကီးနား-ပူတာအိုလမ္းေပၚမွာရွိတဲ့ အင္းေကာမ‌ ေခ်ာင္းကူးတံတားဟာ ဒီကေန႔ မနက္ ၄ နာရီေက်ာ္ေလာက္မွာ က်ိဳးက်ပ်က္ဆီးခဲ့တဲ့ ႏွစ္ဖက္အသြားအလာေတြ ျပတ္ေတာက္ခဲ့တယ္လို႔ ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

“အင္းေကာမေခ်ာင္းက ေရစီးသန္တဲ့အတြက္ ‌တံတားက်ိဳးရင္ ဘာမွလုပ္မရဘူး။ေနာက္ၿပီး တံတားက ေဆာက္လုပ္ေရးဌာနအပိုင္ တံတားဆိုေတာ့ သူတို႔ျပင္ဖို႔ ႀကိဳးစားေနေပမယ့္ မလြယ္ေသးဘူး”လို႔ ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မွဴး႐ူံးမွ ရဲမႉးအဆင့္ရွိသူတစ္ဦးက ေျပာပါတယ္။

ျမစ္ႀကီးနား-ဆြမ္ပရာဘြမ္-ပူတာအိုကားလမ္း မိုင္တိုင္ ၆ နဲ႔ ၁၄၈ ဖာလုံအနီးမွာရွိတဲ့ အရွည္၂၃၅ ေပ၊အျမင့္ ၃၅ ေပခန႔္ရွိတဲ့ တံတားေပၚမွာ ဘိလပ္ေျမအိတ္ေတြသယ္လာတဲ့ ၆ ဘီး ကုန္တင္ယာဥ္တစ္စင္းဟာ တံတားေပၚကိုျဖစ္သြားတဲ့အခ်ိန္ က်ိဳးက်သြားခဲ့တာျဖစ္ၿပီး ယာဥ္ေမာင္းနဲ႔ ယာဥ္အကူတို႔ ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့တယ္လို႔ ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႕မႉး႐ူံးကေန သိရပါတယ္။

က်ိဳးက်ခဲ့တဲ အင္းေကာမ ေခ်ာင္းကူးတံတားဟာ ျမစ္ႀကီးနား-ဆြမ္ပရာဘြမ္-ပူ
တာအိုသြားတဲ့ အဓိက ကားလမ္းမႀကီးေပၚမွာ တည္ရွိ‌ေနၿပီး လက္တေလာ ေခ်ာင္းကမ္းႏွစ္ဘက္မွာ ကုန္တင္ယာဥ္၊ ခရီးသည္တင္ယာဥ္နဲ႔ အိမ္စီး‌ေမာ္‌ေတာ္ယာဥ္ေတြ ပိတ္မိေနလို႔ ေဒသခံေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

Photo -ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံး
#voiceofmyanmar #VOM #ကခ်င္

Related posts

Leave a Comment

VOM News

FREE
VIEW