သတင်းထောက်တွေကို အကြမ်းဖက်ဥပဒေတွေနဲ့ အရေးယူတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်ဖြစ်

သတင်းထောက်တွေကို အကြမ်းဖက်ဥပဒေတွေနဲ့ အရေးယူတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်ဖြစ်

နေပြည်တော်၊ သြဂုတ်- ၂၁-၂၀၂၀
ရှိုင်းအောင်(VOM)

သတင်းထောက်တွေကို သတင်းမီဒီယာဥပဒေနဲ့အရေးမယူဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ၊ အကြမ်းဖက်သမားအဖြစ် အရေးယူတာဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အရေးယူခံရတာဖြစ်ပြီး ဒါဟာမဖြစ်သင့်တဲ့ကိစ္စဖြစ်တဲ့အတွက် နှံပြည်စုတ်ကို အမြောက်နဲ့ပစ်တာပဲလို့ သတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင်က ဒီကနေ့ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် မဏ္ဍိုင် ၄ ရပ်အလုပ်ရုံဆွေးနွေးပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

“သတင်းမမှားဘူး သတင်းရေးတာကို အကြမ်းဖက်သမားအဖြစ် ဒီအကြမ်းဖက်ဥပဒေ တိုက်ဖျက်ရေးအရ အရေးယူရင်တော့ ဒါမဟုတ်တော့ဘူးထင်တယ်။ နှံပြည်စုတ်ကို အမြောက်နဲ့ပစ်တာပဲ ဒါတော့မဖြစ်သင့်ဘူး၊ ရေးသင့်တဲ့သတင်း တိုင်းပြည်ကိုအသိပေး သင့်တဲ့သတင်း လျှို့ဝှက်ချက်ကလွဲလို့ ပွင့်ပွင့်လင်းလင်းသတင်းတွေ စီးမျောမှာ ဖြစ်ပါတယ် ” လို့ သတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင် က ပြောပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာလိုက်တဲ့သတင်းနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က VoiceofMyanmarသတင်းဌာနကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားပြီ ခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့တာနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ကနေ သတင်းမီဒီယာဥပဒေနဲ့အရေးမယူဘဲနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပထမဦးဆုံး အရေးယူခဲ့ပါတယ်။

အဲ့ဒီသတင်းကို ထပ်ဆင့်ပြီး ကူးယူဖော်ပြတဲ့ ရန်ကုန်က သတင်းဌာန၊ AA နဲ့ပတ်သတ်ပြီးတိုက်ပွဲဖြစ်လို့ လူတွေထွက်ပြေးတယ်လို့ သတင်းရေးခဲ့တဲ့ ရခိုင်ကသတင်းဌာန၊ RFA ဒီလေးခုဟာ အကြမ်းဖက်မှုဥပဒေနဲ့ အရေးယူခံရတာဖြစ်တယ်လို့ သတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင် က ပြောပါတယ်။

“ဒီသတင်းတွေဟာ အမှန်အကန်သတင်းတွေရေးတာဖြစ်တယ်၊ လှုံ့ဆော်တာတွေလည်းမပါဘူး ဖွတာဆွတာတွေလည်းမပါဘူး၊ ဖြစ်ရပ်အမှန်ကိုရေးတယ်၊ မီဒီယာဥပဒေအရ သတင်းတစ်ပုဒ်ဟာ တိကျရမယ်၊ မှန်ကန်ရမယ် အဲ့ဒီအတိုင်းသူရေးတာ မှားရင်ချက်ခြင်းဖြေရှင်းရမယ်” လို့ သတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင်ကပြောပါတယ်။

သတင်းအချက်အလက်ရယူခြင်းနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုများအပိုင်းတွေကို တပ်မတော်ပြန်ကြားရေးအဖွဲ့အရာရှိ ဗိုလ်မှူးချုပ် ရဲရင့်အောင်ကလည်း “ဒီနေရာမှာတော့ တည်ဆဲဥပဒေအပိုင်းဖြစ်ပါတယ်၊ တချို့သော သာမာန်ကိစ္စရပ်များသည် MPC နဲ့ညှိနှိုင်းပြီးတော့မှ MPC ကတစ်ဆင့် ကန့်ကွက်ပြီးတော့မှ ပြီးပြတ်သွားတဲ့ ကိစ္စရပ်များလည်းရှိပါတယ်၊ တချို့သောကိစ္စရပ်များကတော့ ကျနော်တို့ ဥပဒေကြောင်းအရ စည်းနှောင်အားရှိတဲ့ အခြေအနေမျိုးမှာ ဖြေရှင်းရခက်တဲ့အခြေအနေများလည်း ရှိပါတယ်၊ ဒါလေးတွေကို သတင်းမီဒီယာသမားများအနေနဲ့ သိရှိပြီးတော့ ဒါလေးကိုတော့ ဂရုပြုဆောင်ရွက်သွားဖို့တင်ပြလိုပါတယ်” လို့ ဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။

သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီ ရယူနိုင်ရေး၊ သတင်းမှီငြမ်းကိုးကားမှုတွေနဲ့ ပတ်သက်ရင် ခိုင်လုံတဲ့ သတင်းထုတ်ပြန်ချက် ပြောရေးဆိုခွင့်ရှိသူတွေရဲ့ ပြောကြားချက်ကိုသာ မှီငြမ်းကိုးကားပေးဖို့ ၊တပ်မတော်က ကြေငြာထားတဲ့ ကြေငြာချက်တွေ ထုတ်ပြန်ချက်တွေ၊ ပြောကြားချက်တွေကိုလည်း အနှစ်အသားမပျောက် အဓိပ္ပာယ်ပြောင်းလဲမှုမရှိအောင် မှန်မှန်ကန်ကန်ရေးသားပေးဖို့ကို ဗိုလ်မှူးချုပ် ရဲရင့်အောင်ကပြောပါတယ်။

“သတင်းရဲ့အနှစ်အသားသည် ခေါင်းစဉ်ဖြစ်ပါတယ်၊ သတင်းရဲ့သဘောသဘာဝအရ လည်း ခေါင်းစဉ်ကိုစိတ်ဝင်စားအောင်ထုတ်ရတယ်ဆိုတာ သိရှိပြီးဖြစ်ပါတယ်၊ ဒီခေါင်းစဉ်အပေါ်မှာပဲ မှားယွင်းတဲ့သက်ရောက်မှုမျိုး အဓိပ္ပာယ်ထင်ယောင်ထင်မှား မဖြစ်စေအောင် သတိပြုရေးသွားဖို့လည်း တင်ပြဆွေးနွေးတယ်”လို့ တပ်မတော်ပြန်ကြားရေးအဖွဲ့အရာရှိ ဗိုလ်မှူးချုပ် ရဲရင့်အောင်က ပြောခဲ့ပါတယ်။

မီဒီယာဥပဒေမှာ ပြဌာန်းပြီးသားဖြစ်တဲ့ အခန်း- ၃၊ ပုဒ်မ ၄ (ဃ)မှာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းကနေ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီဆိုတဲ့ စကားရပ်ပါရှိပြီးဖြစ်တဲ့အတွက် မီဒီယာတွေရဲ့ သတင်းအချက်အလက်ရယူခွင့်ကတော့ ပေးထားပြီးဖြစ်တယ်လို့လည်း တပ်မတော်ပြန်ကြားရေးအဖွဲ့အရာရှိ ဗိုလ်မှူးချုပ် ရဲရင့်အောင်က ဒီကနေ့ဆွေးနွေးမှုမှာပြောကြားခဲ့တာဖြစ်ပါတယ်။

#VoiceofMyanmar #VOM #မဏ္ဍိုင်၄ရပ်တွေ့ဆုံပွဲ #လွပ်လပ်စွာသတင်းရယူခွင့် #အကြမ်းဖက်ဥပဒေ

Zawgyi

သတင္းေထာက္ေတြကုိ အၾကမ္းဖက္ဥပေဒေတြနဲ႔ အေရးယူတာ ျမန္မာႏုိင္ငံမွာ ပထမဦးဆုံးအႀကိမ္ျဖစ္

ေနျပည္ေတာ္၊ ၾသဂုတ္- ၂၁-၂၀၂၀
ရႈိင္းေအာင္(VOM)

သတင္းေထာက္ေတြကုိ သတင္းမီဒီယာဥပေဒနဲ႔အေရးမယူဘဲ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးဥပေဒအရ၊ အၾကမ္းဖက္သမားအျဖစ္ အေရးယူတာဟာ ျမန္မာႏုိင္ငံမွာ ပထမဦးဆုံး အေရးယူခံရတာျဖစ္ၿပီး ဒါဟာမျဖစ္သင့္တဲ့ကိစၥျဖစ္တဲ့အတြက္ ႏွံျပည္စုတ္ကုိ အေျမာက္နဲ႔ပစ္တာပဲလုိ႔ သတင္းမီဒီယာေကာင္စီဥကၠဌ ဦးအုန္းႀကိဳင္က ဒီကေန႔ ေနျပည္ေတာ္၊ ျပန္ၾကားေရးဝန္ႀကီးဌာနမွာျပဳလုပ္တဲ့ စတုတၳအႀကိမ္ေျမာက္ မ႑ဳိင္ ၄ ရပ္အလုပ္ရုံေဆြးေႏြးပြဲမွာ ေျပာခဲ့တာျဖစ္ပါတယ္။

“သတင္းမမွားဘူး သတင္းေရးတာကုိ အၾကမ္းဖက္သမားအျဖစ္ ဒီအၾကမ္းဖက္ဥပေဒ တုိက္ဖ်က္ေရးအရ အေရးယူရင္ေတာ့ ဒါမဟုတ္ေတာ့ဘူးထင္တယ္။ ႏွံျပည္စုတ္ကုိ အေျမာက္နဲ႔ပစ္တာပဲ ဒါေတာ့မျဖစ္သင့္ဘူး၊ ေရးသင့္တဲ့သတင္း တုိင္းျပည္ကုိအသိေပး သင့္တဲ့သတင္း လွ်ိဳ႕ဝွက္ခ်က္ကလြဲလုိ႔ ပြင့္ပြင့္လင္းလင္းသတင္းေတြ စီးေမ်ာမွာ ျဖစ္ပါတယ္ ” လုိ႔ သတင္းမီဒီယာေကာင္စီဥကၠဌ ဦးအုန္းႀကိဳင္ က ေျပာပါတယ္။

ရခုိင္လက္နက္ကုိင္အဖြဲ႔ AA ကုိ ႏုိင္ငံေတာ္အစုိးရက အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကျငာလုိက္တဲ့သတင္းနဲ႔ပတ္သက္လို႔ ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔က VoiceofMyanmarသတင္းဌာနကေန ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ရပ္တန္႔သြားၿပီ ေခါင္းစဥ္နဲ႔ သတင္းေဖာ္ျပခဲ့တာနဲ႔ပတ္သက္လို႔ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျမန္မာႏုိင္ငံျပည္သူ႔ရဲတပ္ဖြဲ႕ကေန သတင္းမီဒီယာဥပေဒနဲ႔အေရးမယူဘဲနဲ႔ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးဥပေဒအရ ပထမဦးဆုံး အေရးယူခဲ့ပါတယ္။

အဲ့ဒီသတင္းကုိ ထပ္ဆင့္ၿပီး ကူးယူေဖာ္ျပတဲ့ ရန္ကုန္က သတင္းဌာန၊ AA နဲ႔ပတ္သတ္ၿပီးတုိက္ပြဲျဖစ္လုိ႔ လူေတြထြက္ေျပးတယ္လုိ႔ သတင္းေရးခဲ့တဲ့ ရခုိင္ကသတင္းဌာန၊ RFA ဒီေလးခုဟာ အၾကမ္းဖက္မႈဥပေဒနဲ႔ အေရးယူခံရတာျဖစ္တယ္လုိ႔ သတင္းမီဒီယာေကာင္စီဥကၠဌ ဦးအုန္းႀကိဳင္ က ေျပာပါတယ္။

“ဒီသတင္းေတြဟာ အမွန္အကန္သတင္းေတြေရးတာျဖစ္တယ္၊ လွဳံ႕ေဆာ္တာေတြလည္းမပါဘူး ဖြတာဆြတာေတြလည္းမပါဘူး၊ ျဖစ္ရပ္အမွန္ကုိေရးတယ္၊ မီဒီယာဥပေဒအရ သတင္းတစ္ပုဒ္ဟာ တိက်ရမယ္၊ မွန္ကန္ရမယ္ အဲ့ဒီအတုိင္းသူေရးတာ မွားရင္ခ်က္ျခင္းေျဖရွင္းရမယ္” လုိ႔ သတင္းမီဒီယာေကာင္စီဥကၠဌ ဦးအုန္းႀကိဳင္ကေျပာပါတယ္။

သတင္းအခ်က္အလက္ရယူျခင္းနဲ႔ပတ္သက္တဲ့ စိန္ေခၚမႈမ်ားအပုိင္းေတြကို တပ္မေတာ္ျပန္ၾကားေရးအဖြဲ႕အရာရွိ ဗုိလ္မွဴးခ်ဳပ္ ရဲရင့္ေအာင္ကလည္း “ဒီေနရာမွာေတာ့ တည္ဆဲဥပေဒအပုိင္းျဖစ္ပါတယ္၊ တခ်ိဳ႕ေသာ သာမာန္ကိစၥရပ္မ်ားသည္ MPC နဲ႔ညွိႏႈိင္းၿပီးေတာ့မွ MPC ကတစ္ဆင့္ ကန္႔ကြက္ၿပီးေတာ့မွ ၿပီးျပတ္သြားတဲ့ ကိစၥရပ္မ်ားလည္းရွိပါတယ္၊ တခ်ိဳ႕ေသာကိစၥရပ္မ်ားကေတာ့ က်ေနာ္တုိ႔ ဥပေဒေၾကာင္းအရ စည္းေႏွာင္အားရွိတဲ့ အေျခအေနမ်ိဳးမွာ ေျဖရွင္းရခက္တဲ့အေျခအေနမ်ားလည္း ရွိပါတယ္၊ ဒါေလးေတြကုိ သတင္းမီဒီယာသမားမ်ားအေနနဲ႔ သိရွိၿပီးေတာ့ ဒါေလးကုိေတာ့ ဂရုျပဳေဆာင္ရြက္သြားဖုိ႔တင္ျပလုိပါတယ္” လုိ႔ ေဆြးေႏြးတင္ျပခဲ့တာျဖစ္ပါတယ္။

သက္ဆုိင္ရာဌာန အဖြဲ႔အစည္းေတြရဲ႕ သတ္မွတ္ထားတဲ့ စည္းကမ္းနဲ႔အညီ ရယူႏုိင္ေရး၊ သတင္းမွီျငမ္းကုိးကားမႈေတြနဲ႔ ပတ္သက္ရင္ ခုိင္လုံတဲ့ သတင္းထုတ္ျပန္ခ်က္ ေျပာေရးဆုိခြင့္ရွိသူေတြရဲ႕ ေျပာၾကားခ်က္ကုိသာ မွီျငမ္းကုိးကားေပးဖုိ႔ ၊တပ္မေတာ္က ေၾကျငာထားတဲ့ ေၾကျငာခ်က္ေတြ ထုတ္ျပန္ခ်က္ေတြ၊ ေျပာၾကားခ်က္ေတြကုိလည္း အႏွစ္အသားမေပ်ာက္ အဓိပၸာယ္ေျပာင္းလဲမႈမရွိေအာင္ မွန္မွန္ကန္ကန္ေရးသားေပးဖုိ႔ကို ဗုိလ္မွဴးခ်ဳပ္ ရဲရင့္ေအာင္ကေျပာပါတယ္။

“သတင္းရဲ႕အႏွစ္အသားသည္ ေခါင္းစဥ္ျဖစ္ပါတယ္၊ သတင္းရဲ႕သေဘာသဘာဝအရ လည္း ေခါင္းစဥ္ကုိစိတ္ဝင္စားေအာင္ထုတ္ရတယ္ဆုိတာ သိရွိၿပီးျဖစ္ပါတယ္၊ ဒီေခါင္းစဥ္အေပၚမွာပဲ မွားယြင္းတဲ့သက္ေရာက္မႈမ်ိဳး အဓိပၸာယ္ထင္ေယာင္ထင္မွား မျဖစ္ေစေအာင္ သတိျပဳေရးသြားဖုိ႔လည္း တင္ျပေဆြးေႏြးတယ္”လို႔ တပ္မေတာ္ျပန္ၾကားေရးအဖြဲ႕အရာရွိ ဗုိလ္မွဴးခ်ဳပ္ ရဲရင့္ေအာင္က ေျပာခဲ့ပါတယ္။

မီဒီယာဥပေဒမွာ ျပဌာန္းၿပီးသားျဖစ္တဲ့ အခန္း- ၃၊ ပုဒ္မ ၄ (ဃ)မွာ သက္ဆုိင္ရာဌာန အဖြဲ႔အစည္းကေန သတ္မွတ္ထားတဲ့ စည္းကမ္းနဲ႔အညီဆုိတဲ့ စကားရပ္ပါရွိၿပီးျဖစ္တဲ့အတြက္ မီဒီယာေတြရဲ႕ သတင္းအခ်က္အလက္ရယူခြင့္ကေတာ့ ေပးထားၿပီးျဖစ္တယ္လို႔လည္း တပ္မေတာ္ျပန္ၾကားေရးအဖြဲ႕အရာရွိ ဗုိလ္မွဴးခ်ဳပ္ ရဲရင့္ေအာင္က ဒီကေန႔ေဆြးေႏြးမႈမွာေျပာၾကားခဲ့တာျဖစ္ပါတယ္။

#VoiceofMyanmar #VOM #မ႑ိဳင္၄ရပ္ေတြ႕ဆုံပြဲ #လြပ္လပ္စြာသတင္းရယူခြင့္ #အၾကမ္းဖက္ဥပေဒ

Related posts

Leave a Comment

VOM News

FREE
VIEW