ကိုဗစ်-၁၉ ကပ်ရောဂါဟာ နှစ်နှစ်အတွင်းအဆုံးသတ်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပြော

ကိုဗစ်-၁၉ ကပ်ရောဂါဟာ နှစ်နှစ်အတွင်းအဆုံးသတ်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပြော

ဂျီနီဗာ၊ သြဂုတ်-၂၂-၂၀၂၀
မျိုးဆက် (VOM)

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုတွေဟာ နှစ်နှစ်အတွင်း အဆုံးသတ်သွားနိုင်တယ်လို့ မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့ကထုတ်ဖော်ပြောဆိုပါတယ်။

၁၉၈၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးရောဂါ အဆုံးသတ်ဖို့ နှစ်နှစ်ကြာမြင့်ခဲ့ကြောင်း၊ ဒါပေမယ့် လက်ရှိနည်းပညာတိုးတက်ထွန်းကားမှုတွေက ကပ်ရောဂါကို အချိန်တိုးအတွင်း ရပ်တန့်စေနိုင်တယ်လို့ သြဂုတ် ၂၁ ရက်က ဂျီနီဗာမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ တက်ဒရို့က ပြောပါတယ်။

လူမှုဆက်သွယ်မှုတွေ ပိုရှိလာတာနဲ့အမျှ ဗိုင်းရပ်စ်ဟာ ကူးစက်ပျံ့ပွားဖို့ အခွင့်အလမ်းကောင်းတွေရှိနေကြောင်း၊ တစ်ချိန်တည်းမှာပဲ မိမိတို့မှာရှိတဲ့ နည်းပညာတွေ၊ အသိပညာတွေက ဒါကိုရပ်တန့်နိုင်မယ်လို့ သူကပြောဆိုပြီး နိုင်ငံတွေစည်းလုံးကြဖို့ တစ်ကမ္ဘာလုံးစည်းလုံးကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

၁၉၈၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးကြောင့် ကမ္ဘာတစ်ဝန်းမှာ လူ သန်း ၅၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် လူ ရှစ်သိန်းနီးပါး သေဆုံးခဲ့ပြီဖြစ်ပြီး ၂၂ ဒသမ ၇ သန်းကျော် ကူးစက်ခံနေရတာဖြစ်ပါတယ်။

ကပ်ရောဂါကာလအတွင်း ဝတ်စုံတွေနဲ့ပတ်သက်တဲ့ မရိုးဖြောင့်တဲ့အကျင့်ပျက်ချစားမှုတွေဟာ ရာဇဝတ်မှုဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက မှတ်ချက်ပြုပြောဆိုလိုက်ပြီး ဘယ်လိုအကျင့်ပျက်ချစားမှုမျိုးကိုမှ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

Rer: BBC
Photo:Reuters
#voiceofmyamar #VOM #ဂျီနီဗာ

Zawgyi

ကိုဗစ္-၁၉ ကပ္ေရာဂါဟာ နွစ္နွစ္အတြင္းအဆံုးသတ္သြားနိုင္တယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ အၾကီးအကဲေျပာ

ဂ်ီနီဗာ၊ ၾသဂုတ္-၂၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုဗစ္-၁၉ ကပ္ေရာဂါကူးစက္ပ်ံ႕နွံ႕မႈေတြဟာ နွစ္နွစ္အတြင္း အဆံုးသတ္သြားနိုင္တယ္လို႔ ေမွ်ာ္လင္႔ေၾကာင္း ကမၻာ႔က်န္းမာေရးအဖြဲ႔အၾကီးအကဲ တက္ဒရို႔ကထုတ္ေဖာ္ေျပာဆိုပါတယ္။

၁၉၈၁ ခုနွစ္မွာ ျဖစ္ပြားခ႔ဲတဲ႔ စပိန္္တုပ္ေကြးေရာဂါ အဆံုးသတ္ဖို႔ နွစ္နွစ္ၾကာျမင္႔ခဲ႔ေၾကာင္း၊ ဒါေပမယ္႔ လက္ရိွနည္းပညာတိုးတက္ထြန္းကားမႈေတြက ကပ္ေရာဂါကို အခ်ိန္တိုးအတြင္း ရပ္တန္႔ေစနိုင္တယ္လို႔ ၾသဂုတ္ ၂၁ ရက္က ဂ်ီနီဗာမွာျပဳလုပ္တဲ႔သတင္းစာရွင္းလင္းပြဲမွာ တက္ဒရို႕က ေျပာပါတယ္။

လူမႈဆက္သြယ္မႈေတြ ပိုရိွလာတာနဲ႔အမွ် ဗိုင္းရပ္စ္ဟာ ကူးစက္ပ်ံ႕ပြားဖို႔ အခြင္႔အလမ္းေကာင္းေတြရိွေနေၾကာင္း၊ တစ္ခ်ိန္တည္းမွာပဲ မိမိတို႔မွာရိွတဲ႔ နည္းပညာေတြ၊ အသိပညာေတြက ဒါကိုရပ္တန္႔နိုင္မယ္လို႔ သူကေျပာဆိုျပီး နိုင္ငံေတြစည္းလံုးၾကဖို႔ တစ္ကမၻာလံုးစည္းလံုးၾကဖို႔ တိုက္တြန္းေျပာဆိုလုိက္ပါတယ္။

၁၉၈၁ ခုနွစ္မွာ ျဖစ္ပြားခဲ႔တဲ႔ စပိန္တုပ္ေကြးေၾကာင္႔ ကမၻာတစ္၀န္းမွာ လူ သန္း ၅၀ ထက္မနည္း ေသဆံုးခဲ႔ရပါတယ္။ လက္ရိွျဖစ္ပြားေနတဲ႔ ကိုဗစ္ကပ္ေရာဂါေၾကာင္႔ လူ ရွစ္သိန္းနီးပါး ေသဆံုးခဲ႔ျပီျဖစ္ျပီး ၂၂ ဒသမ ၇ သန္းေက်ာ္ ကူးစက္ခံေနရတာျဖစ္ပါတယ္။

ကပ္ေရာဂါကာလအတြင္း ၀တ္စံုေတြနဲ႔ပတ္သက္တဲ႔ မရိုးေျဖာင္႔တဲ႔အက်င္႔ပ်က္ခ်စားမႈေတြဟာ ရာဇ၀တ္မႈျဖစ္တယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔အၾကီးအကဲက မွတ္ခ်က္ျပဳေျပာဆိုလိုက္ျပီး ဘယ္လိုအက်င္႔ပ်က္ခ်စားမႈမ်ိဳးကိုမွ လက္မခံနိုင္ဘူးလို႔ ဆိုပါတယ္။

Rer: BBC
Photo:Reuters
#voiceofmyamar #VOM #ဂ်ီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW