ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ပြုကြောင်း ကြေငြာထားပေမယ့် မြေပြင်အခြေအနေမှာ ၇၅ ယူနစ်သာ ကင်းလွတ်ခွင့်ရရှိ

ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ပြုကြောင်း ကြေငြာထားပေမယ့် မြေပြင်အခြေအနေမှာ ၇၅ ယူနစ်သာ ကင်းလွတ်ခွင့်ရရှိ

ရန်ကုန်၊ သြဂုတ် ၂၂-၂၀၂၀
သိဂီ ၤ(VOM)

ဇူလိုင်လအတွက် မီတာခကို ၁၅၀ ယူနစ်ကင်းလွတ်ခွင့်ပြုကြောင်း အစိုးရက ကြေငြာခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ပြည်သူတွေဟာ ၇၅ ယူနစ်ကင်းလွတ်ခွင့် ၃၈၀၀ ကျပ်သာ ရရှိတယ်လို့ သိရပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကနေ ဇူလိုင်လကို အရင်က ၇၅ ယူနစ်သာ ကင်းလွတ်ခွင့်ပြုထားရာကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ဇူလိုင်လအပါအဝင် သြဂုတ်လကနေ ဒီဇင်ဘာလကုန်( ၂၀၂၀ နှစ်ကုန်အထိ) ကို လစဉ် ယူနစ် ၁၅၀ ( ၁၁၅၀၀ကျပ်) ကို ဓာတ်အားခ ကင်းလွတ်ခွင့်ပြုသွားမယ်လို့ ထပ်မံထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မြေပြင်အခြေအနေမှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက ပြည်သူတွေအနေနဲ့ ၁၅၀ ကင်းလွတ်ခွင့်အပြည့်မရဘဲ ၇၅ ယူနစ်ကင်းလွတ်ခွင့်သာရရှိတဲ့အပေါ်မှာ ပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။

“ ဇူလိုင်ကို ၁၅၀ ယူနစ်ကင်းလွတ်ခွင့်ရမယ်လို့ ကြေငြာတော့ ဝမ်းသာနေတာ။ ကျမတို့အိမ်က ၇၀၀၀ ကျော်ကျတော့ မီတာထပ်မဆောင်ရတော့ဘူးပေါ့။ ဘယ်ဟုတ်လိမ့်မလဲ ၇၅ ယူနစ်အတွက် ၃၈၀၀ပဲ ကင်းလွတ်ခွင့်ရတယ်။ လိုတာထပ်ပေးလိုက်ရတယ်။ ဒါစာထွက်ပြီးမှဆောင်ရတာပါ။ တကယ်ဆို ကြေငြာစာမှာထဲက အပြည့်စုံကို ဖော်ပြသင့်တယ်။ ခုတော့ ဘယ်လိုနားလည်ရမှန်းမသိဘူး”လို့ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်နေထိုင်သူ မအေးမာကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC ကတော့ ဇူလိူင်လအတွက် ထပ်တိုးကင်းလွတ်ခွင့်ပြုလိုက်တဲ့ ၇၅ ယူနစ်ကင်းလွတ်ခွင့်ကို သြဂုတ်လ ပေးဆောင်ရမယ့် မီတာခထဲကနေ ထုတ်နုတ်ပေးမှာဖြစ်ပြီး နုတ်ထားမယ့် တန်ဖိုးကိုတော့သေချာမသိရသေးဘူးလို့သိရပါတယ်။

“ ၇၅ ကင်းလွတ်ခွင့်ပြုကြောင်းစာထုတ်တာ နောက်ကျတာကြောင့်ပါတယ်။ မီတာစာရွက်တွေက ၇၅ ယူနစ်ကင်းလွတ်ခွင့်နဲ့ထွက်ပြီးနေတော့ ခုလကို ၇၅ ယူနစ်ကင်းလွတ်ခွင့်ပဲရတဲ့သဘာပါ။ နောက်လကျန်တဲ့ ၇၅ ယူနစ်ကို ကင်းလွတ်ခွင့်ထပ်ပေးမှာပါ။ ဘယ်လိုနှုန်းထားနဲ့ ကင်းလွတ်ခွင့်ပြုမှာလဲဆိုတာကတော့ သေချာမသိဘူး။”လို့ YESC ရဲ့ Call Center က တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒါကြောင့် မီတာယူနစ် ၁၅၀ ကင်းလွတ်ခွင့်နဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုမေးမြန်းဖို့အတွက် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြောဆိုခွင့်ရှိသူတွေကို ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ဇူလိုင်လ အပါအဝင် သြဂုတ်လကနေ ဒီဇင်ဘာလအထိ လစဉ် မီတာယူနစ် ၁၅၀ ကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်ချိန်ဟာ တိုင်းနဲ့ပြည်နယ်ဒေသအသီးသီးက မြို့နယ်၊ ကျေးရွာတွေဆီကို မီတာပေးဆောင်ရမယ့် နှုန်းထားစာရွက်ရောက်ရှိနေချိန်ဖြစ်တဲ့အပြင် တချို့နေရာတွေမှာ မီတာခတွေပေးဆောင်ပြီးဖြစ်တဲ့ အနေအထားတွေလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ယူနစ္ ၁၅၀ ကင္းလြတ္ခြင့္ျပဳေၾကာင္း ေႀကၿငာထားေပမယ့္ ေျမျပင္အေျခအေနမွာ ၇၅ ယူနစ္သာ ကင္းလြတ္ခြင့္ရ႐ွိ

ရန္ကုန္၊ ႀသဂုတ္ ၂၂-၂၀၂၀
သိဂီ ၤ(VOM)

ဇူလုိင္လအတြက္ မီတာခကုိ ၁၅၀ ယူနစ္ကင္းလြတ္ခြင့္ျပဳေၾကာင္း အစိုးရက ေႀကၿငာခဲ့ေပမယ့္ တကယ့္လက္ေတြ႔မွာေတာ့ ျပည္သူေတြဟာ ၇၅ ယူနစ္ကင္းလြတ္ခြင့္ ၃၈၀၀ က်ပ္သာ ရရွိတယ္လို႔ သိရပါတယ္။

လွ်ပ္စစ္နဲ႔စြမ္းအင္၀န္ႀကီးဌာနကေန ဇူလုိင္လကုိ အရင္က ၇၅ ယူနစ္သာ ကင္းလြတ္ခြင့္ျပဳထားရာကေန ၿပီးခဲ့တဲ့ ႀသဂုတ္လ ၁၈ ရက္ေန႔က ဇူလုိင္လအပါအ၀င္ ႀသဂုတ္လကေန ဒီဇင္ဘာလကုန္( ၂၀၂၀ ႏွစ္ကုန္အထိ) ကို လစဥ္ ယူနစ္ ၁၅၀ ( ၁၁၅၀၀က်ပ္) ကုိ ဓာတ္အားခ ကင္းလြတ္ခြင့္ျပဳသြားမယ္လို႔ ထပ္မံထုတ္ျပန္ေႀကၿငာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ေျမျပင္အေျခအေနမွာေတာ့ တုိင္းနဲ႔ျပည္နယ္အသီးသီးက ျပည္သူေတြအေနနဲ႔ ၁၅၀ ကင္းလြတ္ခြင့္အျပည့္မရဘဲ ၇၅ ယူနစ္ကင္းလြတ္ခြင့္သာရရွိတဲ့အေပၚမွာ ေျပာဆိုေ၀ဖန္မႈေတြရွိေနပါတယ္။

“ ဇူလိုင္ကုိ ၁၅၀ ယူနစ္ကင္းလြတ္ခြင့္္ရမယ္လို႔ ေႀကၿငာေတာ့ ၀မ္းသာေနတာ။ က်မတုိ႔အိမ္က ၇၀၀၀ ေက်ာ္က်ေတာ့ မီတာထပ္မေဆာင္ရေတာ့ဘူးေပါ့။ ဘယ္ဟုတ္လိမ့္မလဲ ၇၅ ယူနစ္အတြက္ ၃၈၀၀ပဲ ကင္းလြတ္ခြင့္ရတယ္။ လိုတာထပ္ေပးလိုက္ရတယ္။ ဒါစာထြက္ၿပီးမွေဆာင္ရတာပါ။ တကယ္ဆုိ ေႀကၿငာစာမွာထဲက အျပည့္စုံကုိ ေဖာ္ျပသင့္တယ္။ ခုေတာ့ ဘယ္လိုနားလည္ရမွန္းမသိဘူး”လုိ႔ရန္ကုန္ၿမိဳ႕၊ ကမာရြတ္ၿမိဳ႕နယ္ေနထုိင္သူ မေအးမာကေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပုိေရးရွင္း YESC ကေတာ့ ဇူလူိင္လအတြက္ ထပ္တုိးကင္းလြတ္ခြင့္ျပဳလုိက္တဲ့ ၇၅ ယူနစ္ကင္းလြတ္ခြင့္ကို ႀသဂုတ္လ ေပးေဆာင္ရမယ့္ မီတာခထဲကေန ထုတ္ႏုတ္ေပးမွာျဖစ္ၿပီး ႏုတ္ထားမယ့္ တန္ဖိုးကုိေတာ့ေသခ်ာမသိရေသးဘူးလို ႔သိရပါတယ္။

“ ၇၅ ကင္းလြတ္ခြင့္ျပဳေၾကာင္းစာထုတ္တာ ေနာက္က်တာေၾကာင့္ပါတယ္။ မီတာစာရြက္ေတြက ၇၅ ယူနစ္ကင္းလြတ္ခြင့္နဲ႔ထြက္ၿပီးေနေတာ့ ခုလကုိ ၇၅ ယူနစ္ကင္းလြတ္ခြင့္ပဲရတဲ့သဘာပါ။ ေနာက္လက်န္တဲ့ ၇၅ ယူနစ္ကုိ ကင္းလြတ္ခြင့္ထပ္ေပးမွာပါ။ ဘယ္လုိႏႈန္းထားနဲ႔ ကင္းလြတ္ခြင့္ျပဳမွာလဲဆုိတာကေတာ့ ေသခ်ာမသိဘူး။”လို႔ YESC ရဲ႕ Call Center က တာ၀န္က်၀န္ထမ္းတစ္ဦးက ေျပာပါတယ္။

ဒါေၾကာင့္ မီတာယူနစ္ ၁၅၀ ကင္းလြတ္ခြင့္္နဲ႔ပတ္သက္ၿပီး အေသးစိတ္အေျခအေနကုိေမးျမန္းဖို႔အတြက္ လွ်ပ္စစ္နဲ႔စြမ္းအင္၀န္ႀကီးဌာနက ေျပာဆုိခြင့္ရွိသူေတြကို ဖုန္းနဲ႔အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။

ဇူလုိင္လ အပါအ၀င္ ႀသဂုတ္လကေန ဒီဇင္ဘာလအထိ လစဥ္ မီတာယူနစ္ ၁၅၀ ကင္းလြတ္ခြင့္ျပဳေၾကာင္း ထုတ္ျပန္ခ်ိန္ဟာ တိုင္းနဲ႔ျပည္နယ္ေဒသအသီးသီးက ၿမိဳ႕နယ္၊ ေက်းရြာေတြဆီကို မီတာေပးေဆာင္ရမယ့္ နႈန္းထားစာရြက္ေရာက္ရွိေနခ်ိန္ျဖစ္တဲ့အျပင္ တခ်ိဳ႕ေနရာေတြမွာ မီတာခေတြေပးေဆာင္ၿပီးျဖစ္တဲ့ အေနအထားေတြလည္း ရွိခဲ့ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW