သတ္တုတွင်း(၂) ညွှန်ကြားရေးမှူး အပါအဝင် ဝန်ထမ်း ၄ ဦးကို အဂတိအမှုနဲ့ အရေးယူ

သတ္တုတွင်း(၂) ညွှန်ကြားရေးမှူး အပါအဝင် ဝန်ထမ်း ၄ ဦးကို အဂတိအမှုနဲ့ အရေးယူ

ဟုမ္မလင်း ၊ သြဂုတ် ၂၂ – ၂၀၂၀
ကိုတိုးကြိး (VOM)

စစ်ကိုင်းတိုင်း သတ္တုတွင်းဦးစီးဌာန(၂)မှာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း ၄ ယောက်ကို မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

“ ရဲစခန်းမှူးဟောင်း နုတ်ထွက်သွားပြီးဖြစ်တဲ့ ရဲအုပ် မျိုးမင်းညွှန့် နဲ့ သတ္တုတွင်းက ဦးအောင်နိုင်ကို မိုင်းကိုင်းနယ်မြေရဲစခန်းမှာ ၂၀.၈. ၂၀၂၀ ရက်နေ့က အဂတိမှု နှစ်မှုနဲ့ အမှုဖွင့်ထားတယ်၊ ဟုမ္မလင်းမြို့မရဲစခန်းမှာလည်း အမှုဖွင့်ထားတာရှိသေးတယ် ”လို့ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာက ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရွှေလုပ်ငန်းရှင် နစ်နာသူတွေရဲ့ တင်ပြတိုင်တန်းစာအရ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ က စစ်ဆေးဆောင်ရွက်ရာမှာ စစ်ကိုင်းတိုင်း သတ္တုတွင်း ဦးစီးဌာန မုံရွာရုံးခွဲက ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဟာ ရွှေမျှောလုပ်ကွက် လုပ်ကိုင်ခွင့်ချထားပေးရာမှာ လုပ်ပိုင်ခွင့်ရှိသူတစ်ယောက်ဖြစ်တယ်လို့ ပြောဆိုပြီး ရွှေလုပ်ကွက် လျှောက်ထားတဲ့ ကုမ္မဏီဆီကနေ ငွေကျပ် သိန်း(၄၀)ကို လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

အမှတ်(၂) သတ္တုတွင်းလုပ်ငန်း(မုံရွာ)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယမန်နေဂျာ ဦးလင်းထင်ဆိုသူကလည်း ရွှေမျှောလုပ်ကိုင်တဲ့ ကုမ္မဏီတစ်ခုဆီက ငွေကျပ် (၂၀၃) သိန်းကို ရယူခဲ့တာဖြစ်ပြီး ဟုမ္မလင်းမြို့ နယ်၊ မိုင်းကိုင်းနယ်မြေရဲစခန်းမှာ ပြီးခဲ့တဲ့နှစ်က စခန်းမှူး တာဝန်ထမ်းဆောင်ခဲ့သူ ရဲအုပ် မျိုးမင်းညွှန့် ( အခုနှုတ်ထွက်ပြီး)သူကလည်း စခန်းမှူး တာဝန်ထမ်းဆောင်နေချိန် ရွှေမျှောလုပ်ကွက်တစ်ခုမှာ ရွှေမျှောမောင်းနေတဲ့ လူသုံး ယောက်ဆီကနေ ငွေကျပ် သိန်း(၅၀) နဲ့ ရွှေမျှောပိလို့ လူတယောက်သေဆုံးတဲ့ အမှုမှာ ရွှေလုပ်ကွက် ပိုင်ရှင်ဆီကနေ ငွေကျပ်သိန်း(၅၀) ကို တောင်းယူခဲ့တာဖြစ်ပါတယ်။

အခုလို ငွေကြေးတောင်းယူခဲ့ကြတာဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုခဲ့တဲ့အတွက်
ညွှန်ကြားရေးမှူး ဦးအောင်နိုင်နဲ့ ရဲစခန်းမှူးဟောင်း ရဲအုပ် မျိုးမင်းညွှန့် တို့နှစ်ယောက်ကို မိုင်းကိုင်းနယ်မြေရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ အကြီးတန်းစာရေး တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ရှုရှုယဉ်ဟာ ဟုမ္မလင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန မြို့နယ်မြေစာရင်း ဦးစီးမှူးရုံးမှာ မြေတိုင်း – ၄ တာဝန်ကို ထမ်းဆောင်နေတဲ့ ဦးစိုးမိုးအောင်ဆီကနေ မြို့နယ်စီမံခန့်ခွဲရေးကော်မတီရုံးက အသေးစား ရွှေလုပ်ကွက် လျှောက်ထားခြင်းအပေါ် ထောက်ခံစာရရှိရေးအတွက် ငွေကျပ် သုံးသိန်း ငါးသောင်းကို တောင်းခံရယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

မြို့နယ်ထွေအုပ်စာရေး ဒေါ်ရှုရှုယဉ်ကို မြေစာရင်းအမှုတွဲထိန်း မြေတိုင်း -၄ ဦးစိုးမိုးအောင်က ငွေကျပ် သုံးသိန်းငါးသောင်းပေးခဲ့တာဟာ အဂတိလိုက်စားမှုကျူးလွန်ဖို့ အားပေးကူညီရာ ရောက်တာကြောင့် စုံးစမ်းစစ်ဆေးရေးအဖွဲ့က ဒေါ်ရှုရှုယဉ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၇ နဲ့အမှုဖွင့်အရေးယူထားပြီး ဦးစိုးမိုးအောင်ကိုတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇/ ၆၃ အရ အမှုဖွင့်အရေးယူကာ စစ်ကိုင်းတိုင်း တရားလွှတ်တော်ရုံးမှာ တရားစွဲဆိုနိုင်ဖို့အတွက် မုံရွာမြို့မရဲစခန်းမှာ ယာယီထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း

Zawgyi

သတၱဳတြင္း(၂) ညႊန္ၾကားေရးမွဴး အပါအ၀င္ ၀န္ထမ္း ၄ ဦးကို အဂတိအမႈနဲ႔ အေရးယူ

ဟုမၼလင္း ၊ ၾသဂုတ္ ၂၂ – ၂၀၂၀
ကိုတိုးၾကိး (VOM)

စစ္ကိုင္းတိုင္း သတၱဳတြင္းဦးစီးဌာန(၂)မွာ ညႊန္ၾကားေရးမွဴးအျဖစ္ တာ၀န္ထမ္းေဆာင္ေနသူတစ္ဦး အပါအ၀င္ ဌာနဆိုင္ရာ ၀န္ထမ္း ၄ ေယာက္ကို ျမန္မာနိုင္ငံအဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က အမႈဖြင္႔အေရးယူလိုက္တယ္လို႔ သိရပါတယ္။

“ ရဲစခန္းမွဴးေဟာင္း ႏုတ္ထြက္သြားျပီးျဖစ္တဲ႔ ရဲအုပ္ မ်ိဳးမင္းညႊန္႔ နဲ႔ သတၱဳတြင္းက ဦးေအာင္နိုင္ကို မိုင္းကိုင္းနယ္ေျမရဲစခန္းမွာ ၂၀.၈. ၂၀၂၀ ရက္ေန႔က အဂတိမႈ ႏွစ္မႈနဲ႔ အမႈဖြင္႔ထားတယ္၊ ဟုမၼလင္းျမိဳ႕မရဲစခန္းမွာလည္း အမႈဖြင္႔ထားတာရွိေသးတယ္ ”လို႔ ဟုမၼလင္းျမိဳ႕နယ္၊ နမ္႔ေတာေက်းရြာက ေရႊလုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။

ေရႊလုပ္ငန္းရွင္ နစ္နာသူေတြရဲ႕ တင္ျပတိုင္တန္းစာအရ ျမန္မာနိုင္ငံ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးအဖြဲ႔ က စစ္ေဆးေဆာင္ရြက္ရာမွာ စစ္ကိုင္းတိုင္း သတၱဳတြင္း ဦးစီးဌာန မံုရြာရံုးခြဲက ညႊန္ၾကားေရးမွဴး ဦးေအာင္နိုင္ဟာ ေရႊေမွ်ာလုပ္ကြက္ လုပ္ကိုင္ခြင္႔ခ်ထားေပးရာမွာ လုပ္ပိုင္ခြင္႔ရွိသူတစ္ေယာက္ျဖစ္တယ္လို႔ ေျပာဆိုျပီး ေရႊလုပ္ကြက္ ေလွ်ာက္ထားတဲ႔ ကုမၼဏီဆီကေန ေငြက်ပ္ သိန္း(၄၀)ကို လက္ခံရယူခဲ႔တာ ျဖစ္ပါတယ္။

အမွတ္(၂) သတၱဳတြင္းလုပ္ငန္း(မံုရြာ)မွာ တာ၀န္ထမ္းေဆာင္ေနတဲ႔ ဒုတိယမန္ေနဂ်ာ ဦးလင္းထင္ဆိုသူကလည္း ေရႊေမွ်ာလုပ္ကိုင္တဲ့ ကုမၼဏီတစ္ခုဆီက ေငြက်ပ္ (၂၀၃) သိန္းကို ရယူခဲ႔တာျဖစ္ျပီး ဟုမၼလင္းျမိဳ႕ နယ္၊ မိုင္းကိုင္းနယ္ေျမရဲစခန္းမွာ ၿပီးခဲ့တဲ့ႏွစ္က စခန္းမွဴး တာ၀န္ထမ္းေဆာင္ခဲ႔သူ ရဲအုပ္ မ်ိဳးမင္းညႊန္႔ ( အခုႏႈတ္ထြက္ျပီး)သူကလည္း စခန္းမွဴး တာ၀န္ထမ္းေဆာင္ေနခ်ိန္ ေရႊေမွ်ာလုပ္ကြက္တစ္ခုမွာ ေရႊေမွ်ာေမာင္းေနတဲ႔ လူသံုး ေယာက္ဆီကေန ေငြက်ပ္ သိန္း(၅၀) နဲ႔ ေရႊေမွ်ာပိလို႔ လူတေယာက္ေသဆံုးတဲ႔ အမႈမွာ ေရႊလုပ္ကြက္ ပိုင္ရွင္ဆီကေန ေငြက်ပ္သိန္း(၅၀) ကို ေတာင္းယူခဲ႔တာျဖစ္ပါတယ္။

အခုလို ေငြေၾကးေတာင္းယူခဲ႔ၾကတာဟာ ရာထူးတာ၀န္ကို အလြဲသံုးစားျပဳခဲ့တဲ့အတြက္
ညႊန္ၾကားေရးမွဴး ဦးေအာင္နိုင္နဲ႔ ရဲစခန္းမွဴးေဟာင္း ရဲအုပ္ မ်ိဳးမင္းညႊန္႕ တို႔ႏွစ္ေယာက္ကို မိုင္းကိုင္းနယ္ေျမရဲစခန္းမွာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒအရ အမႈဖြင္႔အေရးယူခဲ႔တာျဖစ္ပါတယ္။

ဒါ႔အျပင္ ဟုမၼလင္းျမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွာ အၾကီးတန္းစာေရး တာ၀န္ထမ္းေဆာင္ေနတဲ႔ ေဒၚရႈရႈယဥ္ဟာ ဟုမၼလင္းျမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲေရးနဲ႔ စာရင္းအင္းဦးစီးဌာန ျမိဳ႕နယ္ေျမစာရင္း ဦးစီးမွဴးရံုးမွာ ေျမတိုင္း – ၄ တာ၀န္ကို ထမ္းေဆာင္ေနတဲ႔ ဦးစိုးမိုးေအာင္ဆီကေန ျမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီရံုးက အေသးစား ေရႊလုပ္ကြက္ ေလွ်ာက္ထားျခင္းအေပၚ ေထာက္ခံစာရရွိေရးအတြက္ ေငြက်ပ္ သံုးသိန္း ငါးေသာင္းကို ေတာင္းခံရယူခဲ႔တယ္လို႔ စစ္ေဆးေပၚေပါက္ခဲ႔ပါတယ္။

ျမိဳ႕နယ္ေထြအုပ္စာေရး ေဒၚရႈရႈယဥ္ကို ေျမစာရင္းအမႈတြဲထိန္း ေျမတိုင္း -၄ ဦးစိုးမိုးေအာင္က ေငြက်ပ္ သံုးသိန္းငါးေသာင္းေပးခဲ႔တာဟာ အဂတိလိုက္စားမႈက်ဴးလြန္ဖို႔ အားေပးကူညီရာ ေရာက္တာေၾကာင္႔ စံုးစမ္းစစ္ေဆးေရးအဖြဲ႔က ေဒၚရႈရႈယဥ္ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၇ နဲ႔အမႈဖြင္႔အေရးယူထားျပီး ဦးစိုးမိုးေအာင္ကိုေတာ႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၇/ ၆၃ အရ အမႈဖြင္႔အေရးယူကာ စစ္ကိုင္းတိုင္း တရားလႊတ္ေတာ္ရံုးမွာ တရားစြဲဆိုနိုင္ဖို႔အတြက္ မံုရြာျမိဳ႕မရဲစခန္းမွာ ယာယီထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဟုမၼလင္း

Related posts

Leave a Comment

VOM News

FREE
VIEW