ကိုဗစ်-၁၉ လူနာတွေကို သွေးရည်ကြည်ကုထုံးနဲ့ကုသဖို့ အမေရိကန်မှာခွင့်ပြု

ကိုဗစ်-၁၉ လူနာတွေကို သွေးရည်ကြည်ကုထုံးနဲ့ကုသဖို့ အမေရိကန်မှာခွင့်ပြု

ဝါရှင်တန်၊ သြဂုတ် ၂၄-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်မှာ ကိုဗစ်-၁၉ လူနာတွေကို သွေးရည်ကြည်ကုထုံးနဲ့ ကုသဖို့အတွက် အရေးပေါ်ခွင့်ပြုချက်ကို အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA)က ခွင့်ပြုလိုက်ပါတယ်။

သွေးရည်ကြည်ကုထုံးဟာ ရောဂါကနေ ပြန်လည်သက်သာလာသူတွေရဲ့ ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းကြွယ်ဝတဲ့ သွေးရည်ကြည်တွေကို အသုံးပြုကုသတာဖြစ်ပြီး အမေရိကန်မှာတော့ ဒီကုထုံးကို လူပေါင်း ၇၀၀၀၀ကျော်မှာ ကုသထားပြီးဖြစ်ပါတယ်။

သွေးရည်ကြည်ကုထုံးကို အသုံးပြုကုသမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်ကို ၃၅ရာခိုင်နှုန်းအထိ လျော့ချနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုပါတယ်။

အမေရိကန်FDA အနေနဲ့ နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ ရောဂါကုထုံးဆိုင်ရာနည်းလမ်းတွေ၊ ကာကွယ်ဆေးထွက်ပေါ်လာဖို့ ဟန့်တားမှုတွေပြုလုပ်နေတယ်လို့ ဒေါ်နယ်ထရန့်က စွပ်စွဲပြောဆိုပြီးနောက် တစ်ရက်အကြာမှာ သွေးရည်ကြည်ကုထုံးကို ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်ဟာ ရီပတ်ဘလစ်ကန်ညီလာခံပွဲမှာ သွေးရည်ကြည်ကုထုံးနဲ့ပတ်သက်ပြီး အရေးပေါ်ကုထုံးအဖြစ် ခွင့်ပြုချက်ဟာ သမိုင်းဝင်ကြေညာချက်ဖြစ်ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

Ref : BBC
Photo: AP
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

ကိုဗစ္-၁၉ လူနာေတြကို ေသြးရည္ၾကည္ကုထံုးနဲ႔ကုသဖို႔ အေမရိကန္မွာခြင္႔ျပဳ

ဝါရွင္တန္၊ ၾသဂုတ္ ၂၄-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္မွာ ကိုဗစ္-၁၉ လူနာေတြကို ေသြးရည္ၾကည္ကုထံုးနဲ႔ ကုသဖို႔အတြက္ အေရးေပၚခြင့္ျပဳခ်က္ကို အေမရိကန္အစားအစာနဲ႔ ေဆးဝါးကြပ္ကဲေရးအဖြဲ႔ (FDA)က ခြင္႔ျပဳလိုက္ပါတယ္။

ေသြးရည္ၾကည္ကုထံုးဟာ ေရာဂါကေန ျပန္လည္သက္သာလာသူေတြရဲ႕ ခႏၶာကုိယ္ထဲက ပဋိပစၥည္းၾကြယ္ဝတဲ့ ေသြးရည္ၾကည္ေတြကို အသံုးျပဳကုသတာျဖစ္ျပီး အေမရိကန္မွာေတာ႔ ဒီကုထံုးကို လူေပါင္း ၇၀၀၀၀ေက်ာ္မွာ ကုသထားျပီးျဖစ္ပါတယ္။

ေသြးရည္ၾကည္ကုထံုးကို အသံုးျပဳကုသမယ္ဆိုရင္ ကိုဗစ္-၁၉ ေရာဂါေၾကာင္႔ ေသဆံုးသူအေရအတြက္ကုိ ၃၅ရာခုိင္ႏႈန္းအထိ ေလ်ာ့ခ်ႏုိင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရန္႔က ထုတ္ေဖာ္ေျပာဆိုပါတယ္။

အေမရိကန္FDA အေနနဲ႔ ႏုိင္ငံေရးအေၾကာင္းျပခ်က္ေတြနဲ႔ ေရာဂါကုထံုးဆုိင္ရာနည္းလမ္းေတြ၊ ကာကြယ္ေဆးထြက္ေပၚလာဖို႔ ဟန္႔တားမႈေတြျပဳလုပ္ေနတယ္လို႔ ေဒၚနယ္ထရန္႔က စြပ္စဲြေျပာဆုိျပီးေနာက္ တစ္ရက္အၾကာမွာ ေသြးရည္ၾကည္ကုထံုးကို ခြင္႔ျပဳေပးလိုက္တာျဖစ္ပါတယ္။

ေဒၚနယ္ထရန္႔ဟာ ရီပတ္ဘလစ္ကန္ညီလာခံပဲြမွာ ေသြးရည္ၾကည္ကုထံုးနဲ႔ပတ္သက္ျပီး အေရးေပၚကုထံုးအျဖစ္ ခြင္႔ျပဳခ်က္ဟာ သမိုင္း၀င္ေၾကညာခ်က္ျဖစ္ျပီး လူ႔အသက္ေပါင္းမ်ားစြာကို ကယ္တင္နိုင္လိမ္႔မယ္လို႔ ေျပာပါတယ္။

Ref : BBC
Photo: AP
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW