စီမံကိန်းမလုပ်ဖြစ်တဲ့မြေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လုပ်ပိုင်ခွင့်ပေးဖို့ပြင်ဆင်တဲ့ ပဲခူးဝန်ကြီးချုပ်ကို တိုင်ကြား

စီမံကိန်းမလုပ်ဖြစ်တဲ့မြေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လုပ်ပိုင်ခွင့်ပေးဖို့ပြင်ဆင်တဲ့ ပဲခူးဝန်ကြီးချုပ်ကို တိုင်ကြား နေပြည်တော်၊ဩဂုတ်၂၄-၈-၂၀၂၀ ကောင်းလက်ျာ(VOM) လွန်ခဲ့တဲ့၂၅ နှစ်ခန့်က ပဲခူးကောလိပ်(အခုတက္ကသိုလ်)တည်ဆောက်ဖို့ သိမ်းဆည်းခဲ့ပြီးနောက် လက်ရှိအစိုးရလက်ထက်မှာ ပိုလျံမြေတွေကို မူလတောင်သူတွေဆီကို ပြန်မပေးဘဲ နီးစပ်သူလုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ချပေးဖို့ ပြင်ဆင်နေတဲ့အတွက် မူလတောင်သူတွေက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တာဝန်ရှိသူတွေကို တင်ပြတိုင်ကြားခဲ့တယ်လို့ ဦးဆောင်သူတွေဆီကနေ သိရပါတယ်။ အဲ့ဒီပြဿနာနဲ့ပတ်သက်လို့ ပဲခူးတိုင်‌းဝန်ကြီးချုပ် ဦးဝင်းသိန်းကိုအရေးယူပေးဖို့ နစ်နာသူမူလတောင်သူတွေက လက်မှတ်ရေးထိုးကာ ဩဂုတ်လ၂၂ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတနဲ့ အမျိုးသားလွှတ်တော် ပြည်သူလွှတ်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီကို တင်ပြခဲ့တယ်လို့ နစ်နာသူ စောထိန်လင်းကပြောပါတယ်။ ” အဲ့ဒီလုပ်ငန်းရှင်ဆီကို ဒီမြေတွေ စီမံခန့်ခွဲခွင့်ပေးထားတယ်လို့ဝန်ကြီးချုပ် ကျွန်တော်တို့ကို တရားဝင်ပြောတယ်၊ အသံဖိုင်တွေလည်းရှိတယ်။ ပြောမယ်ဆို ဒီမြေတွေတန်ဖိုးက သူတို့ပေးမယ့် နစ်နာကြေး ကျပ်သိန်း ၃၀ အဆတစ်ရာမက တန်သွားပြီ။ တန်ရာတန်ကြေး ပေးရင်တော့ ကျေနပ်မယ်”လို့ စောထိန်လင်းကပြောပါတယ်။ သိမ်းဆည်းမြေတွေကို…

Read More

ကိုဗစ်-၁၉ လူနာတွေကို သွေးရည်ကြည်ကုထုံးနဲ့ကုသဖို့ အမေရိကန်မှာခွင့်ပြု

ကိုဗစ်-၁၉ လူနာတွေကို သွေးရည်ကြည်ကုထုံးနဲ့ကုသဖို့ အမေရိကန်မှာခွင့်ပြု ဝါရှင်တန်၊ သြဂုတ် ၂၄-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်မှာ ကိုဗစ်-၁၉ လူနာတွေကို သွေးရည်ကြည်ကုထုံးနဲ့ ကုသဖို့အတွက် အရေးပေါ်ခွင့်ပြုချက်ကို အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA)က ခွင့်ပြုလိုက်ပါတယ်။ သွေးရည်ကြည်ကုထုံးဟာ ရောဂါကနေ ပြန်လည်သက်သာလာသူတွေရဲ့ ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းကြွယ်ဝတဲ့ သွေးရည်ကြည်တွေကို အသုံးပြုကုသတာဖြစ်ပြီး အမေရိကန်မှာတော့ ဒီကုထုံးကို လူပေါင်း ၇၀၀၀၀ကျော်မှာ ကုသထားပြီးဖြစ်ပါတယ်။ သွေးရည်ကြည်ကုထုံးကို အသုံးပြုကုသမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်ကို ၃၅ရာခိုင်နှုန်းအထိ လျော့ချနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုပါတယ်။ အမေရိကန်FDA အနေနဲ့ နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ ရောဂါကုထုံးဆိုင်ရာနည်းလမ်းတွေ၊ ကာကွယ်ဆေးထွက်ပေါ်လာဖို့ ဟန့်တားမှုတွေပြုလုပ်နေတယ်လို့ ဒေါ်နယ်ထရန့်က စွပ်စွဲပြောဆိုပြီးနောက် တစ်ရက်အကြာမှာ သွေးရည်ကြည်ကုထုံးကို ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ ရီပတ်ဘလစ်ကန်ညီလာခံပွဲမှာ သွေးရည်ကြည်ကုထုံးနဲ့ပတ်သက်ပြီး အရေးပေါ်ကုထုံးအဖြစ် ခွင့်ပြုချက်ဟာ သမိုင်းဝင်ကြေညာချက်ဖြစ်ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။…

Read More

ရခိုင်ပြည်နယ်အစိုးရက UN, INGO နဲ့ NGO တွေကို ကန့်သတ်ချက်တွေထုတ်ပြန်

ရခိုင်ပြည်နယ်အစိုးရက UN, INGO နဲ့ NGO တွေကို ကန့်သတ်ချက်တွေထုတ်ပြန် စစ်တွေ၊ သြဂုတ် ၂၄-၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်တွင်းရှိ UN, INGO, NGO တွေအနေနဲ့ စီမံကိန်းလုပ်ငန်း၊ ဆွေးနွေးပွဲ၊ သင်တန်း၊ အစည်းအဝေးနဲ့ အသိပညာပေးလုပ်ငန်းတွေကို ကိုဗစ် ၁၉ ရောဂါကူးစက်နေချိန်ကာလနဲ့ ထိန်းချုပ်နိုင်မှုမရှိမီကာလအထိ လုံးဝဆောင်ရွက်ခွင့်မပြုကြောင်း သြဂုတ်လ ၂၁ရက်နေ့က ထုတ်ပြန်ထားထားတာဖြစ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ထုတ်ပြန်ချက်မှာ အဲ့ဒီအဖွဲ့အစည်းတွေအနေနဲ့ စားနပ်ရိက္ခာထောက်ပံ့ခြင်းလုပ်ငန်း၊ ကိုဗစ် -၁၉ ကာကွယ်ရေးပစ္စည်းတွေထောက်ပံ့ခြင်းလုပ်ငန်း၊ ရေနဲ့ မိလ္လာရေဆိုးစနစ်ဆောင်ရွက်ခြင်းလုပ်ငန်း စတာတွေကိုသာ ဆောင်ရွက်ခွင့်ပြုတယ်လို့ အသိပေးကြေညာထားတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ယခုလိုမျိုးကိုဗစ်ကူးစပ်ပြန့်ပွားနေတဲ့ကာလမှာ UN,INGO, NGO တွေရဲ့ သိရှိလိုက်နာဆောင်ရွက်မယ့်အရာတွေကို ထုတ်ပြန်တာဟာ ကောင်းတဲ့အရာတစ်ခုဖြစ်တယ်လို့ စစ်တွေမြို့က NGO ဝန်ထမ်းတစ်ဦးကပြောပါတယ်။ စစ်တွေမြို့ခံ…

Read More

ကုံးမုံကျေးရွာမှာ သနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ‌အလောင်းသုံးလောင်းတွေ့

ကုံးမုံကျေးရွာမှာ သနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ‌အလောင်းသုံးလောင်းတွေ့ နေပြည်တော်၊ဩဂုတ်၂၄-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ကုံးမုံကျေးရွာအနီး တောစပ်တစ်နေရာမှာ ဒီကနေ့မနက်ပိုင်းက သေနတ်ဒဏ်ရာတွေနဲ့သေဆုံနေတဲ့ အမျိုးသားသုံးဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ နယ်စည်းမခြားပရဟိတအဖွဲ့မှ ကိုသျှားထက်ပိုင်က ပြောပါတယ်။ ” သေနတ်ဒဏ်ရာတွေကများတော့ လူလုံးတောင်သိပ်မကွဲတော့ဘူး။ အရွယ်တွေက လူလတ်ပိုင်းတွေလို့ ခန့်မှန်းရပြီး အလောင်းတွေကို သီပေါဆေးရုံပို့ဆောင်ပေးလိုက်တယ်” လို့ ကိုသျှားထက်ပိုင်ကပြောပါတယ်။ သေဆုံးသူတွေဟာ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်သူရဲ့လက်ချက်ကြောင့် သေဆုံးရတယ်ဆိုတာ အခုအချိန်ထိတော့ မသိရသေးပါဘူး။ အမျိုးသားသုံးဦး သေနတ်ဒဏ်ရာတွေနဲ့လဲကျသေဆုံးနေတဲ့အနီးမှာ မီးလောင်ထားတဲ့ ဆိုင်ကယ်တစ်စင်း နဲ့ ကျည်ဆံခွံတွေကို တွေ့ရတဲ့အပြင် အဲ့ဒီဒေသဟာ လူကိုသေနတ်နဲ့ပစ်သတ်ပြီး မကြာခဏ လာရောက်စွန့်ပစ်လေ့ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ကုံးမုံရွာအနီးမှာ အရင်နှစ် ဒီဇင်ဘာလကလည်း အမျိုးသားသုံးဦး၊ အခုနှစ် ဇန်နဝါရီလကလည်း လူငါးဦးကို သေနတ်နဲ့ပစ်သတ်ကာ အလောင်းတွေ လာစွန့်ပစ်ခဲ့သေးတယ်လို့ သိရပါတယ်။ ဓါတ်ပုံ-သျှားထက်ပိုင် #voiceofmyanmar #VOM…

Read More

ကရင့်အာဇာနည်အခမ်းအနားမှာ သဝဏ်လွှာဖတ်ခဲ့တဲ ဒေါ်စိန်ထွေးကို ပုဒ်မ၂၀နဲ့ ထပ်တိုးအမှုဖွင့်

ကရင့်အာဇာနည်အခမ်းအနားမှာ သဝဏ်လွှာဖတ်ခဲ့တဲ ဒေါ်စိန်ထွေးကို ပုဒ်မ၂၀နဲ့ ထပ်တိုးအမှုဖွင့် မန္တလေး၊ သြဂုတ် ၂၄-၂၀၂၀ မှူးသခင် (VOM) ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ နှစ် ၇ဝပြည့် ကရင့်အာဇာနည်နေ့အခမ်းအနားမှာ သဝဏ်လွှာဖတ်ကြားခဲ့တဲ့ ဒေါ်စိန်ထွေးဆိုသူကို ကျောက်တံတားမြို့မရဲစခန်းက တရားလိုပြုလုပ်ပြီး ငြိမ်းစုစီပုဒ်မ-၂၀နဲ့ ဒီကနေ့မှာပဲ ထပ်တိုးအမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကရင့်အာဇာနည်နေ့အခမ်းအနားကိုဦးဆောင်တဲ့ စသိန်းဇော်မင်းပြောပြတာက ” အစကတော့ ကျွန်တော်တို့ကိုယ်ပိုင်ခံဝန်ယူမယ်ပေါ့၊ ကျွန်တော်တို့နှစ်ယောက်ထဲဆိုတော့ ခုကတော့ မစိန်ထွေးကိုပါ အမှုပေါင်းထည့်လိုက်တော့ ကျွန်တော်တို့ကိုယ်ပိုင်ခံဝန်မယူတော့ဘူး၊ ရဲအာမခံလဲမယူတော့ဘူး၊ ရဲအစစ်လဲမခံတော့ဘူး၊ ကျွန်တော်တို့ထောင်ထဲကိုပဲတန်းသွားမယ် “လို့ပြောပါတယ်။ ဒေါ်စိန်ထွေးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့မနက်ပိုင်းကပြုလုပ်တဲ့ ကရင့်အာဇာနည်နေ့အခမ်းအနားကျင်းပနေချိန် ရဲတပ်ဖွဲ့ကနေ ၂၀၁၉ခုနှစ်က အမှုရင်ဆိုင်ဖို့အတွက် ဖမ်းဆီးခဲ့ပြီး အခမ်းအနားဦးဆောင်သူ ၂ ဦးဖြစ်တဲ့ စသိန်းဇော်မင်းနဲ့ စောဆာကွာလာတို့ကိုပါ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ “ကျွန်တော်တို့ပွဲလုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ကိုလာဖမ်းတယ်၊ ခဏဆိုပြီးတော့ခေါ်သွားတယ်၊ ပြီးတော့တနေကုန်ကြာတယ်၊ အခမ်းအနားကိုလည်း မပြီးသေးဘဲနဲ့ဖျက်သိမ်းခိုင်းတယ်၊ ခုလဲကြည့်…

Read More

ဖဒိုမြို့မှာ ဖျားနာ‌ရောဂါနဲ့ လာ‌ရောက်ကုသမှုခံယူ‌နေသူ ကိုဗစ်သံသယနဲ့ သေဆုံး

ဖဒိုမြို့မှာ ဖျားနာ‌ရောဂါနဲ့ လာ‌ရောက်ကုသမှုခံယူ‌နေသူ ကိုဗစ်သံသယနဲ့ သေဆုံး နေပြည်တော်၊ဩဂုတ်၂၄-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်‌း‌၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ မြို့ချောင်းတိုက်နယ်ဆေးရုံမှာ ဖျားနာရောဂါနဲ့ လာရောက်ကုမှုခံယူနေရတဲ့ အမျိုးသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက ကိုဗစ်သံသယနဲ့ သေဆုံးသွားတယ်လို့ ပဲခူးမြို့ကလျာဏမိတ္တလူမှုကူညီရေးအသင်းကနေ သိရပါတယ်။ ‌”မနေ့ညက မြို့ချောင်းဆေးရုံကနေ ပဲခူးကိုလွဲတယ်။ ပဲခူးရောက်တော့ ကိုရိုနားဗိုင်းရပ်စ် သံသယနဲ့ ကြပ်မတ်ကုပေးခဲ့ရပြီး ဒီနေ့မနက် ၉ နာရီကျော်လောက် ဆုံးသွားတယ်။ ချက်ခြင်း မီးသင်္ဂြိုလ်လိုက်ပါတယ်”လို့ကလျာဏမိတ္တလူမှုကူညီရေးအသင်းမှ ဦးကုလား‌ကပြောပါတယ်။ သေဆုံးသွားသူဟာ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ ထီးလက်ကျေးရွာနေမှာနေတဲ့ ဦးအောင်စိုးမိုးဆိုသူဖြစ်ပြီး ပဲခူး‌ဆေးရုံမှာ ကိုဗစ်သံသယလူနာအဖြစ် ဒီကနေ့ဩဂုတ်လ၂၄ရက်နေ့မှာပဲ သေဆုံးသွားကာ လက်ရှိမှာ ရောဂါရှိမရှိစစ်ဆေးဖို့ အမျိုးသားဓါတ်ခွဲခန်းကို တို့ဖက် နမူနာတွေပို့ဆောင်စစ်ဆေးဖို့ လုပ်ဆောင်နေတယ်လို့ ပဲခူးတိုင်‌း ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူ ဒေါက်တာ ရန်နိုင်မောင်က ပြောပါတယ်။ သေဆုံးသူ ကိုဗစ်သံသယလူနာကို ဒီကနေ့မနက် ၁၀ နာရီခွဲခန့်က…

Read More

မာကျူရီဒြပ်ပေါင်း လွန်ကဲစွာပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ကျန်းမာရေးအရ သုံးစွဲရန်မသင့်

မာကျူရီဒြပ်ပေါင်း လွန်ကဲစွာပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ကျန်းမာရေးအရ သုံးစွဲရန်မသင့် မုံရွာ ၊ သြဂုတ် ၂၄ – ၂၀၂၀ ကိုတိုးကြီး (VOM) အလှကုန်ပစ္စည်းတွေဟာ လူတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးကို အထောက်အကူပြုပေးနိုင်သလို မာကျူရီဒြပ်ပေါင်းတွေ အလွန်အကျွံပါဝင်နေတဲ့အတွက် အဲ့ဒီအလှကုန်ပစ္စည်းတွေကို သုံးစွဲမိတယ်ဆိုရင် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်တယ်လို့ မြန်မာနိုင်ငံဆေးဝါးသုတေသန ဓာတုအဆိပ်သုတေသနဌာနခွဲရဲ့ ဒြပ်ခွဲအဖြေတွေအရ သိရပါတယ်။ “ ကမ္ဘာ့အသိအမှတ်ပြု အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က သတ်မှတ်ပြဌာန်းထားတဲ့ မာကျူရီဒြပ်ပေါင်း ပါဝင်မှုနှုန်းထားပမာဏဟာ (1 ppm) ဖြစ်တယ် ၊ ဈေးကွက်တင် ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတချို့ကို ဝယ်ယူပြီး ကုတ်နံပါတ် အမှတ်အသားတပ်လို့ ပစ္စည်းတမျိုးချင်းစီကို သတ္ထုဒြပ်စင်တွေ တိုင်းတာတဲ့ ( Atomic Absorption Spectrophtometer )ကိရိယာနဲ့ တိုင်းတာစစ်ဆေးကြည့်တယ် ၊ အဖြေကတော့ အလှကုန်ပစ္စည်းထဲမှာ မာကျူရီဒြပ်ပေါင်း ပါဝင်ရမယ့် သတ်မှတ်နှုန်းထားပမာဏအထက်…

Read More
VOM News

FREE
VIEW