ကရင့်အာဇာနည်အခမ်းအနားမှာ သဝဏ်လွှာဖတ်ခဲ့တဲ ဒေါ်စိန်ထွေးကို ပုဒ်မ၂၀နဲ့ ထပ်တိုးအမှုဖွင့်

ကရင့်အာဇာနည်အခမ်းအနားမှာ သဝဏ်လွှာဖတ်ခဲ့တဲ ဒေါ်စိန်ထွေးကို ပုဒ်မ၂၀နဲ့ ထပ်တိုးအမှုဖွင့်

မန္တလေး၊ သြဂုတ် ၂၄-၂၀၂၀
မှူးသခင် (VOM)

ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ နှစ် ၇ဝပြည့် ကရင့်အာဇာနည်နေ့အခမ်းအနားမှာ သဝဏ်လွှာဖတ်ကြားခဲ့တဲ့ ဒေါ်စိန်ထွေးဆိုသူကို ကျောက်တံတားမြို့မရဲစခန်းက တရားလိုပြုလုပ်ပြီး ငြိမ်းစုစီပုဒ်မ-၂၀နဲ့ ဒီကနေ့မှာပဲ ထပ်တိုးအမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ကရင့်အာဇာနည်နေ့အခမ်းအနားကိုဦးဆောင်တဲ့ စသိန်းဇော်မင်းပြောပြတာက ” အစကတော့ ကျွန်တော်တို့ကိုယ်ပိုင်ခံဝန်ယူမယ်ပေါ့၊ ကျွန်တော်တို့နှစ်ယောက်ထဲဆိုတော့ ခုကတော့ မစိန်ထွေးကိုပါ အမှုပေါင်းထည့်လိုက်တော့ ကျွန်တော်တို့ကိုယ်ပိုင်ခံဝန်မယူတော့ဘူး၊ ရဲအာမခံလဲမယူတော့ဘူး၊ ရဲအစစ်လဲမခံတော့ဘူး၊ ကျွန်တော်တို့ထောင်ထဲကိုပဲတန်းသွားမယ် “လို့ပြောပါတယ်။

ဒေါ်စိန်ထွေးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့မနက်ပိုင်းကပြုလုပ်တဲ့ ကရင့်အာဇာနည်နေ့အခမ်းအနားကျင်းပနေချိန် ရဲတပ်ဖွဲ့ကနေ ၂၀၁၉ခုနှစ်က အမှုရင်ဆိုင်ဖို့အတွက် ဖမ်းဆီးခဲ့ပြီး အခမ်းအနားဦးဆောင်သူ ၂ ဦးဖြစ်တဲ့ စသိန်းဇော်မင်းနဲ့ စောဆာကွာလာတို့ကိုပါ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။

“ကျွန်တော်တို့ပွဲလုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ကိုလာဖမ်းတယ်၊ ခဏဆိုပြီးတော့ခေါ်သွားတယ်၊ ပြီးတော့တနေကုန်ကြာတယ်၊ အခမ်းအနားကိုလည်း မပြီးသေးဘဲနဲ့ဖျက်သိမ်းခိုင်းတယ်၊ ခုလဲကြည့် မစိန်ထွေးကို ကျွန်တော်တို့အမှုတွဲထဲမှာ ထပ်ပြီးတော့ပေါင်းထည့်တယ်၊ အမှန်က မစိန်ထွေးကိုထည့်စရာမလိုဘူးလေ၊ မစိန်ထွေးက ဘာဆိုင်လို့လဲ အဲ့တာကျွန်တော်တို့အမှုတွဲမှာ မနှစ်ကအမှုနဲ့ မစိန်ထွေးကိုထည့်လိုက်တယ်၊ အရင်နှစ်ကငြိမ်းစုစီ ၁၉၊ ဒီနှစ်ကတော့၂ဝနဲ့ပေါ့၊ အစိုးရက ပင်လုံလဲလုပ်နေကြတယ်၊ အစိုးရက UPDJCပဲလုပ်နေကြတယ်၊ လုပ်သာလုပ်ရတာ အောက်ခြေမှာကကျတော့ ဒီလိုဆိုတော့ ပြောချင်တာက အစိုးရကိုယ်တိုင်က တိုင်းရင်းသားစည်းလုံးမှုကိုမလိုလားဘူး၊ တန်းတူအခွင့်အရေးဆိုတာ အစိုးရကိုယ်တိုင်က မပေးချင်တာ၊ အစိုးရကိုယ်တိုင်ကိုက မလေးစားတာ”လို့ ကရင့်အာဇာနည်နေ့အခမ်းအနားဦးဆောင်သူ စသိန်းဇော်မင်းကပြောပါတယ်။

ကရင့်အာဇာနည်နေ့အခမ်းအနားကိုဦးဆောင်သူ နှစ်ဦးဖြစ်တဲ့ စသိန်းဇော်မင်း၊ စောဆာကွာလာတို့နဲ့အတူ ဒေါ်စိန်ထွေးကို ဒီကနေ့မနက်ပိုင်းက ကျောက်တံတားမြို့နယ်တရားရုံးမှာ ပထမအကြိမ် ရုံးထုတ်ကာ အမှုကိုစတင်စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းကို သြဂုတ်လ ၂၇ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

Photo – မင်းနေထူး
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ကရင့္အာဇာနည္အခမ္းအနားမွာ သဝဏ္လႊာဖတ္ခဲ့တဲ ေဒၚစိန္ေထြးကို ပုဒ္မ၂၀နဲ႔ ထပ္တိုးအမႈဖြင့္

မႏၲေလး၊ ၾသဂုတ္ ၂၄-၂၀၂၀
မွဴးသခင္ (VOM)

ရန္ကုန္ၿမိဳ႔မွာျပဳလုပ္ခဲ့တဲ့ ႏွစ္ ၇ဝျပည့္ ကရင့္အာဇာနည္ေန႔အခမ္းအနားမွာ သဝဏ္လႊာဖတ္ၾကားခဲ့တဲ့ ေဒၚစိန္ေထြးဆိုသူကို ေက်ာက္တံတားၿမိဳ႕မရဲစခန္းက တရားလိုျပဳလုပ္ၿပီး ၿငိမ္းစုစီပုဒ္မ-၂၀နဲ႔ ဒီကေန႔မွာပဲ ထပ္တိုးအမႈဖြင့္ခဲ့တယ္လို႔ သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္ၿပီး ကရင့္အာဇာနည္ေန႔အခမ္းအနားကိုဦးေဆာင္တဲ့ စသိန္းေဇာ္မင္းေျပာျပတာက ” အစကေတာ့ ကြၽန္ေတာ္တို ႔ကိုယ္ပိုင္ခံဝန္ယူမယ္ေပါ့၊ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ထဲဆိုေတာ့ ခုကေတာ့ မစိန္ေထြးကိုပါ အမႈေပါင္းထည့္လိုက္ေတာ့ ကြၽန္ေတာ္တို႔ကိုယ္ပိုင္ခံဝန္မယူေတာ့ဘူး၊ ရဲအာမခံလဲမယူေတာ့ဘူး၊ ရဲအစစ္လဲမခံေတာ့ဘူး၊ ကြၽန္ေတာ္တို႔ေထာင္ထဲကိုပဲတန္းသြားမယ္ “လို႔ေျပာပါတယ္။

ေဒၚစိန္ေထြးကို ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၂ ရက္ေန႔မနက္ပိုင္းကျပဳလုပ္တဲ့ ကရင့္အာဇာနည္ေန႔အခမ္းအနားက်င္းပေနခ်ိန္ ရဲတပ္ဖြဲ႕ကေန ၂၀၁၉ခုႏွစ္က အမႈရင္ဆိုင္ဖို႔အတြက္ ဖမ္းဆီးခဲ့ၿပီး အခမ္းအနားဦးေဆာင္သူ ၂ ဦးျဖစ္တဲ့ စသိန္းေဇာ္မင္းနဲ႔ ေစာဆာကြာလာတို႔ကိုပါ ရဲတပ္ဖြဲ႕ကဖမ္းဆီးခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ပြဲလုပ္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ကိုလာဖမ္းတယ္၊ ခဏဆိုၿပီးေတာ့ေခၚသြားတယ္၊ ၿပီးေတာ့တေနကုန္ၾကာတယ္၊ အခမ္းအနားကိုလည္း မၿပီးေသးဘဲနဲ႔ဖ်က္သိမ္းခိုင္းတယ္၊ ခုလဲၾကည့္ မစိန္ေထြးကို ကြၽန္ေတာ္တို႔အမႈတြဲထဲမွာ ထပ္ၿပီးေတာ့ေပါင္းထည့္တယ္၊ အမွန္က မစိန္ေထြးကိုထည့္စရာမလိုဘူးေလ၊ မစိန္ေထြးက ဘာဆိုင္လို႔လဲ အဲ့တာကြၽန္ေတာ္တို႔အမႈတြဲမွာ မႏွစ္ကအမႈနဲ႔ မစိန္ေထြးကိုထည့္လိုက္တယ္၊ အရင္ႏွစ္ကၿငိမ္းစုစီ ၁၉၊ ဒီႏွစ္ကေတာ့၂ဝနဲ႔ေပါ့၊ အစိုးရက ပင္လုံလဲလုပ္ေနၾကတယ္၊ အစိုးရက UPDJCပဲလုပ္ေနၾကတယ္၊ လုပ္သာလုပ္ရတာ ေအာက္ေျခမွာကက်ေတာ့ ဒီလိုဆိုေတာ့ ေျပာခ်င္တာက အစိုးရကိုယ္တိုင္က တိုင္းရင္းသားစည္းလုံးမႈကိုမလိုလားဘူး၊ တန္းတူအခြင့္အေရးဆိုတာ အစိုးရကိုယ္တိုင္က မေပးခ်င္တာ၊ အစိုးရကိုယ္တိုင္ကိုက မေလးစားတာ”လို႔ ကရင့္အာဇာနည္ေန႔အခမ္းအနားဦးေဆာင္သူ စသိန္းေဇာ္မင္းကေျပာပါတယ္။

ကရင့္အာဇာနည္ေန႔အခမ္းအနားကိုဦးေဆာင္သူ ႏွစ္ဦးျဖစ္တဲ့ စသိန္းေဇာ္မင္း၊ ေစာဆာကြာလာတို႔နဲ႔အတူ ေဒၚစိန္ေထြးကို ဒီကေန႔မနက္ပိုင္းက ေက်ာက္တံတားၿမိဳ႔နယ္တရား႐ုံးမွာ ပထမအႀကိမ္ ႐ုံးထုတ္ကာ အမႈကိုစတင္စစ္ေဆးခဲ့ၿပီး ေနာက္ရံုးခ်ိန္းကို ၾသဂုတ္လ ၂၇ရက္ေန႔ကို ထပ္မံခ်ိန္းဆိုခဲ့တယ္လို႔ သိရပါတယ္။

Photo – မင္းေနထူး
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW