ကုံးမုံကျေးရွာမှာ သနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ‌အလောင်းသုံးလောင်းတွေ့

ကုံးမုံကျေးရွာမှာ သနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ‌အလောင်းသုံးလောင်းတွေ့

နေပြည်တော်၊ဩဂုတ်၂၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ကုံးမုံကျေးရွာအနီး တောစပ်တစ်နေရာမှာ ဒီကနေ့မနက်ပိုင်းက သေနတ်ဒဏ်ရာတွေနဲ့သေဆုံနေတဲ့ အမျိုးသားသုံးဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ နယ်စည်းမခြားပရဟိတအဖွဲ့မှ ကိုသျှားထက်ပိုင်က ပြောပါတယ်။

” သေနတ်ဒဏ်ရာတွေကများတော့ လူလုံးတောင်သိပ်မကွဲတော့ဘူး။ အရွယ်တွေက လူလတ်ပိုင်းတွေလို့ ခန့်မှန်းရပြီး အလောင်းတွေကို သီပေါဆေးရုံပို့ဆောင်ပေးလိုက်တယ်” လို့ ကိုသျှားထက်ပိုင်ကပြောပါတယ်။

သေဆုံးသူတွေဟာ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်သူရဲ့လက်ချက်ကြောင့် သေဆုံးရတယ်ဆိုတာ အခုအချိန်ထိတော့ မသိရသေးပါဘူး။

အမျိုးသားသုံးဦး သေနတ်ဒဏ်ရာတွေနဲ့လဲကျသေဆုံးနေတဲ့အနီးမှာ မီးလောင်ထားတဲ့ ဆိုင်ကယ်တစ်စင်း နဲ့ ကျည်ဆံခွံတွေကို တွေ့ရတဲ့အပြင် အဲ့ဒီဒေသဟာ လူကိုသေနတ်နဲ့ပစ်သတ်ပြီး မကြာခဏ လာရောက်စွန့်ပစ်လေ့ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ကုံးမုံရွာအနီးမှာ အရင်နှစ် ဒီဇင်ဘာလကလည်း အမျိုးသားသုံးဦး၊ အခုနှစ် ဇန်နဝါရီလကလည်း လူငါးဦးကို သေနတ်နဲ့ပစ်သတ်ကာ အလောင်းတွေ လာစွန့်ပစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-သျှားထက်ပိုင်
#voiceofmyanmar #VOM #သီပေါ

Zawgyi

ကံုးမံုေက်းရြာမွာ သနတ္ဒဏ္ရာေတြနဲ႔ ေသဆံုးေနတဲ့ ‌အေလာင္းသုံးေလာင္းေတြ႕

ေနျပည္ေတာ္၊ဩဂုတ္၂၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္၊ ကုံးမုံေက်း႐ြာအနီး ေတာစပ္တစ္ေနရာမွာ ဒီကေန႔မနက္ပိုင္းက ေသနတ္ဒဏ္ရာေတြနဲ႔ေသဆံုေနတဲ့ အမ်ိဳးသားသုံးဦးရဲ႕အေလာင္းကို ေတြ႕ရွိခဲ့တယ္လို႔ နယ္စည္းမျခားပရဟိတအဖြဲ႕မွ ကိုသွ်ားထက္ပိုင္က ေျပာပါတယ္။

” ေသနတ္ဒဏ္ရာေတြကမ်ားေတာ့ လူလုံးေတာင္သိပ္မကြဲေတာ့ဘူး။ အ႐ြယ္ေတြက လူလတ္ပိုင္းေတြလို႔ ခန႔္မွန္းရၿပီး အေလာင္းေတြကို သီေပါေဆး႐ုံပို႔ေဆာင္ေပးလိုက္တယ္” လို႔ ကိုသွ်ားထက္ပိုင္ကေျပာပါတယ္။

ေသဆုံးသူေတြဟာ ဘယ္အဖြဲ႕အစည္းနဲ႔ ဘယ္သူရဲ႕လက္ခ်က္ေၾကာင့္ ေသဆုံးရတယ္ဆိုတာ အခုအခ်ိန္ထိေတာ့ မသိရေသးပါဘူး။

အမ်ိဳးသားသုံးဦး ေသနတ္ဒဏ္ရာေတြနဲ ႔လဲက်ေသဆုံးေနတဲ့အနီးမွာ မီးေလာင္ထားတဲ့ ဆိုင္ကယ္တစ္စင္း နဲ႔ က်ည္ဆံခြံေတြကို ေတြ႕ရတဲ့အျပင္ အဲ့ဒီေဒသဟာ လူကိုေသနတ္နဲ႔ပစ္သတ္ၿပီး မၾကာခဏ လာေရာက္စြန႔္ပစ္ေလ့ရွိတယ္လို႔ ေဒသခံေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

ကုံးမုံ႐ြာအနီးမွာ အရင္ႏွစ္ ဒီဇင္ဘာလကလည္း အမ်ိဳးသားသုံးဦး၊ အခုႏွစ္ ဇန္နဝါရီလကလည္း လူငါးဦးကို ေသနတ္နဲ႔ပစ္သတ္ကာ အေလာင္းေတြ လာစြန႔္ပစ္ခဲ့ေသးတယ္လို႔ သိရပါတယ္။

ဓါတ္ပုံ-သွ်ားထက္ပိုင္
#voiceofmyanmar #VOM #သီေပါ

Related posts

Leave a Comment

VOM News

FREE
VIEW