ဖဒိုမြို့မှာ ဖျားနာ‌ရောဂါနဲ့ လာ‌ရောက်ကုသမှုခံယူ‌နေသူ ကိုဗစ်သံသယနဲ့ သေဆုံး

ဖဒိုမြို့မှာ ဖျားနာ‌ရောဂါနဲ့ လာ‌ရောက်ကုသမှုခံယူ‌နေသူ ကိုဗစ်သံသယနဲ့ သေဆုံး

နေပြည်တော်၊ဩဂုတ်၂၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်‌း‌၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ မြို့ချောင်းတိုက်နယ်ဆေးရုံမှာ ဖျားနာရောဂါနဲ့ လာရောက်ကုမှုခံယူနေရတဲ့ အမျိုးသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက ကိုဗစ်သံသယနဲ့ သေဆုံးသွားတယ်လို့ ပဲခူးမြို့ကလျာဏမိတ္တလူမှုကူညီရေးအသင်းကနေ သိရပါတယ်။

‌”မနေ့ညက မြို့ချောင်းဆေးရုံကနေ ပဲခူးကိုလွဲတယ်။ ပဲခူးရောက်တော့ ကိုရိုနားဗိုင်းရပ်စ် သံသယနဲ့ ကြပ်မတ်ကုပေးခဲ့ရပြီး ဒီနေ့မနက် ၉ နာရီကျော်လောက် ဆုံးသွားတယ်။ ချက်ခြင်း မီးသင်္ဂြိုလ်လိုက်ပါတယ်”လို့ကလျာဏမိတ္တလူမှုကူညီရေးအသင်းမှ ဦးကုလား‌ကပြောပါတယ်။
သေဆုံးသွားသူဟာ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ ထီးလက်ကျေးရွာနေမှာနေတဲ့ ဦးအောင်စိုးမိုးဆိုသူဖြစ်ပြီး ပဲခူး‌ဆေးရုံမှာ ကိုဗစ်သံသယလူနာအဖြစ် ဒီကနေ့ဩဂုတ်လ၂၄ရက်နေ့မှာပဲ သေဆုံးသွားကာ လက်ရှိမှာ ရောဂါရှိမရှိစစ်ဆေးဖို့ အမျိုးသားဓါတ်ခွဲခန်းကို တို့ဖက် နမူနာတွေပို့ဆောင်စစ်ဆေးဖို့ လုပ်ဆောင်နေတယ်လို့ ပဲခူးတိုင်‌း ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူ ဒေါက်တာ ရန်နိုင်မောင်က ပြောပါတယ်။

သေဆုံးသူ ကိုဗစ်သံသယလူနာကို ဒီကနေ့မနက် ၁၀ နာရီခွဲခန့်က ပဲခူးမြို့နယ်၊ ဆင်ဖြူကွင်း သုဿန်ကို ပဲခူးမြို့နယ်ကလျာဏမိတ္တလူမှုကူညီရေးအသင်းက ကျန်းမာရေးညွန်ကြားချက်တွေနဲ့အညီ သယ်ဆောင်ပြီး မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်တွေနဲ့အခြားမြို့ကြီးတွေမှာတော့ ဩဂုတ် ၁၆ ရက်နေ့က စတင်ပြီး COVID-19 ကူးစက်မှု ပြန်လည်ဖြစ်ပွား‌နေပြီး ဒီက‌နေ့အချိန်ထိ လူဦးရေ ၇၀ နီးပါး‌ရောဂါပိုးစစ်‌ဆေးတွေ့ထားရတဲ့အပြင် ကူးစက်မှု မြန်ဆန်တာကြောင့် ပြည်သူများအကြား ရောဂါလက္ခဏာမပြဘဲ ကူးစက်နေသူများရှိနေမှာကို ယူဆတယ်လို့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သတိပေးထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဖဒို

Zawgyi

ဖဒိုၿမိဳ႔မွာ ဖ်ားနာ‌ေရာဂါနဲ႔ လာ‌ေရာက္ကုသမႈခံယူ‌ေနသူ ကိုဗစ္သံသယနဲ႔ ေသဆုံး

ေနျပည္ေတာ္၊ဩဂုတ္၂၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္‌း‌၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ဖဒိုၿမိဳ႕၊ ၿမိဳ႕ေခ်ာင္းတိုက္နယ္ေဆး႐ုံမွာ ဖ်ားနာေရာဂါနဲ႔ လာေရာက္ကုမႈခံယူေနရတဲ့ အမ်ိဳးသားတစ္ဦး ဒီကေန႔ မနက္ပိုင္းက ကိုဗစ္သံသယနဲ႔ ေသဆုံးသြားတယ္လို႔ ပဲခူးၿမိဳ႕ကလ်ာဏမိတၱလူမႈကူညီေရးအသင္းကေန သိရပါတယ္။

‌”မေန႔ညက ၿမိဳ႕ေခ်ာင္းေဆး႐ုံကေန ပဲခူးကိုလြဲတယ္။ ပဲခူးေရာက္ေတာ့ ကို႐ိုနားဗိုင္းရပ္စ္ သံသယနဲ႔ ၾကပ္မတ္ကုေပးခဲ့ရၿပီး ဒီေန႔မနက္ ၉ နာရီေက်ာ္ေလာက္ ဆုံးသြားတယ္။ ခ်က္ျခင္း မီးသၿဂႋဳလ္လိုက္ပါတယ္”လို ႔ကလ်ာဏမိတၱလူမႈကူညီေရးအသင္းမွ ဦးကုလား‌ကေျပာပါတယ္။
ေသဆံုးသြားသူဟာ ေက်ာက္တံခါးၿမိဳ႕နယ္၊ ဖဒိုၿမိဳ႕၊ ထီးလက္ေက်း႐ြာေနမွာေနတဲ့ ဦးေအာင္စိုးမိုးဆိုသူျဖစ္ၿပီး ပဲခူး‌ေဆးရံုမွာ ကိုဗစ္သံသယလူနာအျဖစ္ ဒီကေန႔ဩဂုတ္လ၂၄ရက္ေန႔မွာပဲ ေသဆုံးသြားကာ လက္ရွိမွာ ေရာဂါရွိမရွိစစ္ေဆးဖို႔ အမ်ိဳးသားဓါတ္ခြဲခန္းကို တို႔ဖက္ နမူနာေတြပို႔ေဆာင္စစ္ေဆးဖို႔ လုပ္ေဆာင္ေနတယ္လို႔ ပဲခူးတိုင္‌း က်န္းမာေရး ဦးစီးဌာနမွတာဝန္ရွိသူ ေဒါက္တာ ရန္ႏိုင္ေမာင္က ေျပာပါတယ္။

ေသဆုံးသူ ကိုဗစ္သံသယလူနာကို ဒီကေန႔မနက္ ၁၀ နာရီခြဲခန႔္က ပဲခူးၿမိဳ႕နယ္၊ ဆင္ျဖဴကြင္း သုႆန္ကို ပဲခူးၿမိဳ႕နယ္ကလ်ာဏမိတၱလူမႈကူညီေရးအသင္းက က်န္းမာေရးၫြန္ၾကားခ်က္ေတြနဲ႔အညီ သယ္ေဆာင္ၿပီး မီးသၿဂႋဳလ္ေပးခဲ့တယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္မွာရွိတဲ့ စစ္ေတြနဲ႔အျခားၿမိဳ႕ႀကီးေတြမွာေတာ့ ဩဂုတ္ ၁၆ ရက္ေန႔က စတင္ၿပီး COVID-19 ကူးစက္မႈ ျပန္လည္ျဖစ္ပြား‌ေနၿပီး ဒီက‌ေန႔အခ်ိန္ထိ လူဦးေရ ၇၀ နီးပါး‌ေရာဂါပိုးစစ္‌ေဆးေတြ႕ထားရတဲ့အျပင္ ကူးစက္မႈ ျမန္ဆန္တာေၾကာင့္ ျပည္သူမ်ားအၾကား ေရာဂါလကၡဏာမျပဘဲ ကူးစက္ေနသူမ်ားရွိေနမွာကို ယူဆတယ္လို႔ က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္သတိေပးထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဖဒို

Related posts

Leave a Comment

VOM News

FREE
VIEW