ရခိုင်ပြည်နယ်အစိုးရက UN, INGO နဲ့ NGO တွေကို ကန့်သတ်ချက်တွေထုတ်ပြန်

ရခိုင်ပြည်နယ်အစိုးရက UN, INGO နဲ့ NGO တွေကို ကန့်သတ်ချက်တွေထုတ်ပြန်

စစ်တွေ၊ သြဂုတ် ၂၄-၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်တွင်းရှိ UN, INGO, NGO တွေအနေနဲ့ စီမံကိန်းလုပ်ငန်း၊ ဆွေးနွေးပွဲ၊ သင်တန်း၊ အစည်းအဝေးနဲ့ အသိပညာပေးလုပ်ငန်းတွေကို ကိုဗစ် ၁၉ ရောဂါကူးစက်နေချိန်ကာလနဲ့ ထိန်းချုပ်နိုင်မှုမရှိမီကာလအထိ လုံးဝဆောင်ရွက်ခွင့်မပြုကြောင်း သြဂုတ်လ ၂၁ရက်နေ့က ထုတ်ပြန်ထားထားတာဖြစ်ပါတယ်။

ပြည်နယ်အစိုးရရဲ့ထုတ်ပြန်ချက်မှာ အဲ့ဒီအဖွဲ့အစည်းတွေအနေနဲ့ စားနပ်ရိက္ခာထောက်ပံ့ခြင်းလုပ်ငန်း၊ ကိုဗစ် -၁၉ ကာကွယ်ရေးပစ္စည်းတွေထောက်ပံ့ခြင်းလုပ်ငန်း၊ ရေနဲ့ မိလ္လာရေဆိုးစနစ်ဆောင်ရွက်ခြင်းလုပ်ငန်း စတာတွေကိုသာ ဆောင်ရွက်ခွင့်ပြုတယ်လို့ အသိပေးကြေညာထားတာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ယခုလိုမျိုးကိုဗစ်ကူးစပ်ပြန့်ပွားနေတဲ့ကာလမှာ UN,INGO, NGO တွေရဲ့ သိရှိလိုက်နာဆောင်ရွက်မယ့်အရာတွေကို ထုတ်ပြန်တာဟာ ကောင်းတဲ့အရာတစ်ခုဖြစ်တယ်လို့ စစ်တွေမြို့က NGO ဝန်ထမ်းတစ်ဦးကပြောပါတယ်။

စစ်တွေမြို့ခံ NGO ဝန်ထမ်းတစ်အမျိုးသမီးတစ်ဦးပြောပြတာကတော့ ” သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို အခုအချိန်မှာ မလုပ်ဖြစ်တာကတော့ကောင်းပါတယ်။ တကယ်လို့ ဒီကာလမှာ အဲ့ဒါတွေလုပ်ဖြစ်ရင် အရမ်းစိုးရိမ်စရာကောင်းပါတယ်။ ဒါကြောင့် အဲဒီလိုထုတ်ပြန်ထားတာကတော့ အဆင်ပြေတယ်၊ ကောင်းတယ်လို့ပဲမြင်ပါတယ်။” လို့ သူ့သဘောထားကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါ ကူးစပ်မှုမြှင့်တက်လာတာနဲ့အညီ ပြည်နယ်အစိုးရရဲ့ထုတ်ပြန်ချက်အရ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ အသိပညာပေးလုပ်ငန်းတွေ ရပ်တန့်ထားရတာဟာ NGO တွေနဲ့ ပြည်သူတွေအတွက် အနည်းနဲ့အများအခက်အခဲတွေရှိပေမယ့် လုပ်ငန်းတာဝန်တွေထမ်းဆောင်တဲ့အခါ အိမ်ကနေ အလုပ်လုပ်လာရကြောင်းနဲ့ လုပ်ငန်းခွင်ကို ကိုယ်တိုင်သွားရောက်လုပ်ကိုင်ရတာမဟုတ်တဲ့အတွက် ရုံးအလုပ်တွေလုပ်ရတဲ့အခါ အားနည်းချက်တွေရှိတယ်လို့ စစ်တွေအခြေစိုက် NGO ဝန်ထမ်းအမျိုးသမီးက ပြောပါတယ်။

” ဒီရောဂါက လူတွေဖန်တီးတာမဟုတ်ဘဲ သဘာဝအတိုင်းဖြစ်လာတဲ့ ရောဂါဆိုတော့ ဘာပဲဖြစ်ဖြစ် ကျမတို့အနေနဲ့ ဒီ Case ဖြစ်လာရင် ရပ်ထားရတယ်ဆိုပေမယ့် ကျမတို့က Home Stay အလုပ်လုပ်ကြတယ်။ လုပ်လို့ရသလောက်တော့လုပ်ကြတာပေါ့။ နောက်တစ်ခုက ဘာလဲဆိုတော့ အချိန်ကြာတယ်။ ကိုယ်သက်မှတ်ထားတဲ့အတိုင်း အလုပ်မပြီးနိုင်ဘူး။ လူတွေကို ကူညီဖို့အတွက်လည်း အဆင်မပြေနိုင်ဘူး။ စက်ပစ္စည်းကိရိယာတွေမရှိ၊ လုံလောက်မှုမရှိဘူးဆိုရင် ထောက်ပံ့ရေးလုပ်ငန်းတွေလည်း အဆင်မပြေသလို ဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာ လုပ်နေတဲ့အဖွဲ့အစည်းတွေဆိုရင်လည်း ပိုပြီးတော့ နှောင့်နှေးသွားမယ်လို့ ထင်ပါတယ်။” လို့ စစ်တွေအခြေစိုက် NGO ဝန်ထမ်းအမျိုးသမီးက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက် ဒုတိယအပိုဒ်မှာ ခွင့်ပြုလုပ်ငန်းတွေဖြစ်တဲ့ စားနပ်ရိက္ခာထောက်ပံ့ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းတွေထောက်ပံ့တာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအနက် မဖြစ်မနေဆောင်ရွက်သင့်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်သူတွေအားလုံးဟာ ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)တပ်တာ၊ Face Shield တပ်ဆင်တာ၊ လက်အိတ်ဝတ်ဖို့၊ လက်သန့်ဆေး (Hand Jel) တွေနဲ့ မကြာခဏလက်ဆေးဖို့ တစ်ဦးနဲ့တစ်ဦး အနည်းဆုံး (၆) ပေခွာပြီးနေထိုင်ဖို့ ပစ္စည်းထောက်ပံ့မှုတွေ ဆောင်ရွက်တဲ့အခါမှာလည်း ဒုက္ခသည်စခန်း စီမံခန့်ခွဲမှုကော်မတီနဲ့ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေဆီကို ပေးအပ်ကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

ရခိုင်မျိုးနွယ်စုအစည်းအရုံး(REC) ဥက္ကဌ ဦးဇော်ဇော်ထွန်းကလည်း “ ကိုဗစ်ပိုးတွေ့တဲ့ လူနာတွေထဲမှာ NGO ဝန်ထမ်းတွေလည်းပါနေတယ်။ ဆိုတော့ သူတို့ထဲက တချို့ဆိုလို့ရှိရင်လည်း IDP Campတွေကို သွားရတာတွေရှိတဲ့အခါမှာ IDP Camp တွေဆိုတာကလည်း Social Distancing အနေအထားနဲ့ နေရတာမဟုတ်ဘူးလေ။ ရောဂါကူးစပ်နိုင်ခြေအများကြီး ရှိတဲ့နေရာတွေဖြစ်တယ်။ အဲ့ဒီအုပ်စုတွေအများကြီးနီးပါးမှာ NGO ဝန်ထမ်းတွေက Positive တွေ့ခဲ့တာတွေများတဲ့အတွက် နောက်ထပ်တစ်ခါထပ်သွားရင် Contect ဖြစ်ပြီးတော့ အဲ့ဒီ Camp တွေကိုကူးသွားမှာကို အစိုးရဖက်က စိုးရိမ်မှုရှိပုံရပါတယ်။” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားတာမရှိပါဘူး။

UN ,INGO နဲ့ NGO တွေဟာ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေနဲ့ IDP Camp တွေအတွက် စားနက်ရိက္ခာထောက်ပံ့ရေးတွေ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးနဲ့ ထောက်ပံ့ရေးတွေ လုပ်ဆောင်နေတဲ့အပြင် ရခိုင်ပြည်နယ်ရဲ့ ဒေသတွင်းဖွဲ့ဖြိုးရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောကူးစပ်မှုမြင့်တက်နေပြီး တစ်ပြည်နယ်လုံးမှာ ကိုဗစ် ၁၉ အတည်ပြုလူနာဦးရေ (၇၀) ကျော် ရှိလာပြီလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရခိုင္ျပည္နယ္အစိုးရက UN, INGO နဲ႔ NGO ေတြကို ကန႔္သတ္ခ်က္ေတြထုတ္ျပန္

စစ္ေတြ၊ ၾသဂုတ္ ၂၄-၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕က ျပည္နယ္တြင္းရွိ UN, INGO, NGO ေတြအေနနဲ႔ စီမံကိန္းလုပ္ငန္း၊ ေဆြးေႏြးပြဲ၊ သင္တန္း၊ အစည္းအေဝးနဲ႔ အသိပညာေပးလုပ္ငန္းေတြကို ကိုဗစ္ ၁၉ ေရာဂါကူးစက္ေနခ်ိန္ကာလနဲ႔ ထိန္းခ်ဳပ္ႏိုင္မႈမရွိမီကာလအထိ လုံးဝေဆာင္႐ြက္ခြင့္မျပဳေၾကာင္း ၾသဂုတ္လ ၂၁ရက္ေန႔က ထုတ္ျပန္ထားထားတာျဖစ္ပါတယ္။

ျပည္နယ္အစိုးရရဲ႕ထုတ္ျပန္ခ်က္မွာ အဲ့ဒီအဖြဲ႕အစည္းေတြအေနနဲ႔ စားနပ္ရိကၡာေထာက္ပံ့ျခင္းလုပ္ငန္း၊ ကိုဗစ္ -၁၉ ကာကြယ္ေရးပစၥည္းေတြေထာက္ပံ့ျခင္းလုပ္ငန္း၊ ေရနဲ႔ မိလႅာေရဆိုးစနစ္ေဆာင္႐ြက္ျခင္းလုပ္ငန္း စတာေတြကိုသာ ေဆာင္႐ြက္ခြင့္ျပဳတယ္လို႔ အသိေပးေၾကညာထားတာျဖစ္ပါတယ္။

ဒီထုတ္ျပန္ခ်က္ကို ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းရဲ႕ လက္မွတ္နဲ႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အစိုးရအေနနဲ႔ ယခုလိုမ်ိဳးကိုဗစ္ကူးစပ္ျပန႔္ပြားေနတဲ့ကာလမွာ UN,INGO, NGO ေတြရဲ႕ သိရွိလိုက္နာေဆာင္႐ြက္မယ့္အရာေတြကို ထုတ္ျပန္တာဟာ ေကာင္းတဲ့အရာတစ္ခုျဖစ္တယ္လို႔ စစ္ေတြၿမိဳ႕က NGO ဝန္ထမ္းတစ္ဦးကေျပာပါတယ္။

စစ္ေတြၿမိဳ႕ခံ NGO ဝန္ထမ္းတစ္အမ်ိဳးသမီးတစ္ဦးေျပာျပတာကေတာ့ ” သင္တန္းေတြ၊ ေဆြးေႏြးပြဲေတြကို အခုအခ်ိန္မွာ မလုပ္ျဖစ္တာကေတာ့ေကာင္းပါတယ္။ တကယ္လို႔ ဒီကာလမွာ အဲ့ဒါေတြလုပ္ျဖစ္ရင္ အရမ္းစိုးရိမ္စရာေကာင္းပါတယ္။ ဒါေၾကာင့္ အဲဒီလိုထုတ္ျပန္ထားတာကေတာ့ အဆင္ေျပတယ္၊ ေကာင္းတယ္လို႔ပဲျမင္ပါတယ္။” လို႔ သူ႔သေဘာထားကို ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ကိုဗစ္ ၁၉ ေရာဂါ ကူးစပ္မႈျမႇင့္တက္လာတာနဲ႔အညီ ျပည္နယ္အစိုးရရဲ႕ထုတ္ျပန္ခ်က္အရ သင္တန္းေတြ၊ ေဆြးေႏြးပြဲေတြ၊ အသိပညာေပးလုပ္ငန္းေတြ ရပ္တန႔္ထားရတာဟာ NGO ေတြနဲ႔ ျပည္သူေတြအတြက္ အနည္းနဲ႔အမ်ားအခက္အခဲေတြရွိေပမယ့္ လုပ္ငန္းတာဝန္ေတြထမ္းေဆာင္တဲ့အခါ အိမ္ကေန အလုပ္လုပ္လာရေၾကာင္းနဲ႔ လုပ္ငန္းခြင္ကို ကိုယ္တိုင္သြားေရာက္လုပ္ကိုင္ရတာမဟုတ္တဲ့အတြက္ ႐ုံးအလုပ္ေတြလုပ္ရတဲ့အခါ အားနည္းခ်က္ေတြရွိတယ္လို႔ စစ္ေတြအေျခစိုက္ NGO ဝန္ထမ္းအမ်ိဳးသမီးက ေျပာပါတယ္။

” ဒီေရာဂါက လူေတြဖန္တီးတာမဟုတ္ဘဲ သဘာဝအတိုင္းျဖစ္လာတဲ့ ေရာဂါဆိုေတာ့ ဘာပဲျဖစ္ျဖစ္ က်မတို႔အေနနဲ႔ ဒီ Case ျဖစ္လာရင္ ရပ္ထားရတယ္ဆိုေပမယ့္ က်မတို႔က Home Stay အလုပ္လုပ္ၾကတယ္။ လုပ္လို႔ရသေလာက္ေတာ့လုပ္ၾကတာေပါ့။ ေနာက္တစ္ခုက ဘာလဲဆိုေတာ့ အခ်ိန္ၾကာတယ္။ ကိုယ္သက္မွတ္ထားတဲ့အတိုင္း အလုပ္မၿပီးႏိုင္ဘူး။ လူေတြကို ကူညီဖို႔အတြက္လည္း အဆင္မေျပႏိုင္ဘူး။ စက္ပစၥည္းကိရိယာေတြမရွိ၊ လုံေလာက္မႈမရွိဘူးဆိုရင္ ေထာက္ပံ့ေရးလုပ္ငန္းေတြလည္း အဆင္မေျပသလို ဖြံ႕ၿဖိဳးတိုးတက္ေရးပိုင္းမွာ လုပ္ေနတဲ့အဖြဲ႕အစည္းေတြဆိုရင္လည္း ပိုၿပီးေတာ့ ေႏွာင့္ေႏွးသြားမယ္လို႔ ထင္ပါတယ္။” လို႔ စစ္ေတြအေျခစိုက္ NGO ဝန္ထမ္းအမ်ိဳးသမီးက ေျပာပါတယ္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ ဒုတိယအပိုဒ္မွာ ခြင့္ျပဳလုပ္ငန္းေတြျဖစ္တဲ့ စားနပ္ရိကၡာေထာက္ပံ့ေရး၊ ကိုဗစ္-၁၉ ကာကြယ္ေရးပစၥည္းေတြေထာက္ပံ့တာနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြအနက္ မျဖစ္မေနေဆာင္႐ြက္သင့္တဲ့လုပ္ငန္းေတြကို လုပ္ေဆာင္သူေတြအားလုံးဟာ ကိုဗစ္ ၁၉ ကာကြယ္ေရးအတြက္ ႏွာေခါင္းစည္း(Mask)တပ္တာ၊ Face Shield တပ္ဆင္တာ၊ လက္အိတ္ဝတ္ဖို႔၊ လက္သန႔္ေဆး (Hand Jel) ေတြနဲ႔ မၾကာခဏလက္ေဆးဖို႔ တစ္ဦးနဲ႔တစ္ဦး အနည္းဆုံး (၆) ေပခြာၿပီးေနထိုင္ဖို႔ ပစၥည္းေထာက္ပံ့မႈေတြ ေဆာင္႐ြက္တဲ့အခါမွာလည္း ဒုကၡသည္စခန္း စီမံခန႔္ခြဲမႈေကာ္မတီနဲ႔ ရပ္ကြက္/ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးေတြဆီကို ေပးအပ္ၾကဖို႔ တိုက္တြန္းထားတာျဖစ္ပါတယ္။

ရခိုင္မ်ိဳးႏြယ္စုအစည္းအ႐ုံး(REC) ဥကၠဌ ဦးေဇာ္ေဇာ္ထြန္းကလည္း “ ကိုဗစ္ပိုးေတြ႕တဲ့ လူနာေတြထဲမွာ NGO ဝန္ထမ္းေတြလည္းပါေနတယ္။ ဆိုေတာ့ သူတို႔ထဲက တခ်ိဳ႕ဆိုလို႔ရွိရင္လည္း IDP Campေတြကို သြားရတာေတြရွိတဲ့အခါမွာ IDP Camp ေတြဆိုတာကလည္း Social Distancing အေနအထားနဲ႔ ေနရတာမဟုတ္ဘူးေလ။ ေရာဂါကူးစပ္ႏိုင္ေျခအမ်ားႀကီး ရွိတဲ့ေနရာေတြျဖစ္တယ္။ အဲ့ဒီအုပ္စုေတြအမ်ားႀကီးနီးပါးမွာ NGO ဝန္ထမ္းေတြက Positive ေတြ႕ခဲ့တာေတြမ်ားတဲ့အတြက္ ေနာက္ထပ္တစ္ခါထပ္သြားရင္ Contect ျဖစ္ၿပီးေတာ့ အဲ့ဒီ Camp ေတြကိုကူးသြားမွာကို အစိုးရဖက္က စိုးရိမ္မႈရွိပုံရပါတယ္။” လို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းကိုင္ေျဖၾကားတာမရွိပါဘူး။

UN ,INGO နဲ႔ NGO ေတြဟာ ရခိုင္ျပည္နယ္အတြင္း စစ္ေဘးေရွာင္ဒုကၡသည္စခန္းေတြနဲ႔ IDP Camp ေတြအတြက္ စားနက္ရိကၡာေထာက္ပံ့ေရးေတြ၊ က်န္းမာေရးဆိုင္ရာ အသိပညာေပးနဲ႔ ေထာက္ပံ့ေရးေတြ လုပ္ေဆာင္ေနတဲ့အျပင္ ရခိုင္ျပည္နယ္ရဲ႕ ေဒသတြင္းဖြဲ႕ၿဖိဳးေရးလုပ္ငန္းေတြကို ကူညီေဆာင္႐ြက္ေပးေနတဲ့ ႏိုင္ငံတကာအဖြဲ႕အစည္းေတြျဖစ္ပါတယ္။

လက္ရွိမွာ ရခိုင္ျပည္နယ္အတြင္း ကို႐ိုနာဗိုင္းရပ္ေရာကူးစပ္မႈျမင့္တက္ေနၿပီး တစ္ျပည္နယ္လုံးမွာ ကိုဗစ္ ၁၉ အတည္ျပဳလူနာဦးေရ (၇၀) ေက်ာ္ ရွိလာၿပီလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW