စီမံကိန်းမလုပ်ဖြစ်တဲ့မြေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လုပ်ပိုင်ခွင့်ပေးဖို့ပြင်ဆင်တဲ့ ပဲခူးဝန်ကြီးချုပ်ကို တိုင်ကြား

စီမံကိန်းမလုပ်ဖြစ်တဲ့မြေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လုပ်ပိုင်ခွင့်ပေးဖို့ပြင်ဆင်တဲ့ ပဲခူးဝန်ကြီးချုပ်ကို တိုင်ကြား

နေပြည်တော်၊ဩဂုတ်၂၄-၈-၂၀၂၀
ကောင်းလက်ျာ(VOM)

လွန်ခဲ့တဲ့၂၅ နှစ်ခန့်က ပဲခူးကောလိပ်(အခုတက္ကသိုလ်)တည်ဆောက်ဖို့ သိမ်းဆည်းခဲ့ပြီးနောက် လက်ရှိအစိုးရလက်ထက်မှာ ပိုလျံမြေတွေကို မူလတောင်သူတွေဆီကို ပြန်မပေးဘဲ နီးစပ်သူလုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ချပေးဖို့ ပြင်ဆင်နေတဲ့အတွက် မူလတောင်သူတွေက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တာဝန်ရှိသူတွေကို တင်ပြတိုင်ကြားခဲ့တယ်လို့ ဦးဆောင်သူတွေဆီကနေ သိရပါတယ်။

အဲ့ဒီပြဿနာနဲ့ပတ်သက်လို့ ပဲခူးတိုင်‌းဝန်ကြီးချုပ် ဦးဝင်းသိန်းကိုအရေးယူပေးဖို့ နစ်နာသူမူလတောင်သူတွေက လက်မှတ်ရေးထိုးကာ ဩဂုတ်လ၂၂ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတနဲ့ အမျိုးသားလွှတ်တော် ပြည်သူလွှတ်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီကို တင်ပြခဲ့တယ်လို့ နစ်နာသူ စောထိန်လင်းကပြောပါတယ်။

” အဲ့ဒီလုပ်ငန်းရှင်ဆီကို ဒီမြေတွေ စီမံခန့်ခွဲခွင့်ပေးထားတယ်လို့ဝန်ကြီးချုပ် ကျွန်တော်တို့ကို တရားဝင်ပြောတယ်၊ အသံဖိုင်တွေလည်းရှိတယ်။ ပြောမယ်ဆို ဒီမြေတွေတန်ဖိုးက သူတို့ပေးမယ့် နစ်နာကြေး ကျပ်သိန်း ၃၀ အဆတစ်ရာမက တန်သွားပြီ။ တန်ရာတန်ကြေး
ပေးရင်တော့ ကျေနပ်မယ်”လို့ စောထိန်လင်းကပြောပါတယ်။

သိမ်းဆည်းမြေတွေကို စီမံကိန်းလုပ်ကိုင်ခြင်းမပြုဘဲ မူလတောင်သူတွေကို ပြန်လည်ပေးအပ်ခြင်းမပြုဘဲ မိမိပိုင်လယ်မြေလို သဘောထားပြီး နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကိုစီမံကိန်းဖော်ဆောင်ဖို့လို့ဆိုကာ ပဲခူးတိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ရယူခြင်းမရှိဘဲ စီမံခန့်ခွဲခွင့်ပေးသူ ပဲခူးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းကို အရေးယူပေးဖို့ တိုင်ကြားခဲ့တာလို့လည်း သိရပါတယ်။

NLD အစိုးရလက်ထံ နိုင်ငံတော်သမ္မတကနေ စီမံကိန်းအကောင်အထည်မဖော်နိုင်တဲ့ သိမ်းဆည်းမြေတွေကို သိမ်းဆည်းခံမူလတောင်သူတွေကို အမြန်ဆုံးပြန်လည်ပေးအပ်ဖို့ ညွှန်ကြားခဲ့ပြီး ဖြစ်ပေမယ့်လည်း မှုဝါဒ(၅၂)ချက်နဲ့အညီ စီစစ်ပြီး မိမိတို့ လယ်သမားတွေကို ပြန်လည်စွန့်လွှတ်ပေးဖို့ အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် လုပ်ဆောင်ပေးခြင်း မရှ‌ိသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။

အဲ့ဒီယာမြေတွေအတွက် လက်ရှိနစ်နာကြေးမယူထားတဲ့ တောင်သူ ၆ ဦးပိုင် မြေယာဧက ၆၀ ကျော်ကို တစ်ဧက ကျပ်သိန်း ၃၀ နူန်းသာမက လုပ်ကိုင်ခွင့်ရရှိသူလို့ပြောတဲ့ ပဲခူးဒေသခံ စီးပွားရေးလုပ်ငန်းရှင်က မြေတစ်ကွက်စီ ( ပေ ၄၀၊ ပေ ၆၀)ကို ပေးအပ်မယ်လို့ ဝန်ကြီးချုပ်က‌ နစ်နာသူတောင်သူတွေကို ပြောကြားထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က စီးပွားရေးလုပ်ငန်းရှင် တင်ဒါရထားတဲ့ အဆောက်အဦးတွေဆောက်လုပ်ဖို့ အကြောင်းပြချက်နဲ့ အဲ့ဒီလယ်ယာမြေတွေပေါ်မှာ နေထိုင်နေတဲ့ လယ်သမားများပိုင် လူနေအိမ်တွေကို ရဲအင်းအားသုံးဖယ်ရှားခံခဲ့ရတယ်လို့ နစ်နာသူတောင်သူတွေဆီကနေ သိရပါတယ်။

ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး-၈ ၊ ကွင်းအမှတ် (၆၂၆) ၊ ဘုရားသုံးဆူကွင်းနဲ့အထက် စီတီးအနောက် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၁၇)၊ ဘုရားသုံးဆူကွင်း၊မြေ ၇၁၈ ဒဿမ ၆၅ ဧကကို ပဲခူးတက္ကသိုလ်ပိုင်‌မြေအဖြစ် ၁၉၉၅ ခုနှစ်က သိမ်းဆည်းခဲ့ပြီး၊ အခုအခါ အဲ့ဒီမြေဧရိယာထဲက ဧက ၁၆၀ ကို GTI တည်ဆောက်မယ်လို့ အစိုးရအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲ့ဒီမြေယာပြဿနာနှင့်ပတ်သက်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ်ကို VOMကနေ ဩဂုတ်လ၂၃ ရက်နေ့က စတင်ပြီး ဖုန်းနဲ့ဆက်သွယ်စုံစမ်းမေးမြန်းနေပေမယ့် လက်ခံဖြေကြားမှုမရှိခဲ့ပါဘူး။

Photo – တင်စိုး
#voiceofmyanmar #VOM #ပဲခူး

Zawgyi

စီမံကိန္းမလုပ္ျဖစ္တဲ့ေျမေတြကို စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ လုပ္ပိုင္ခြင့္ေပးဖို႔ျပင္ဆင္တဲ့ ပဲခူးဝန္ႀကီးခ်ဳပ္ကို တိုင္ၾကား

ေနျပည္ေတာ္၊ဩဂုတ္၂၄-၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

လြန္ခဲ့တဲ့၂၅ ႏွစ္ခန႔္က ပဲခူးေကာလိပ္(အခုတကၠသိုလ္)တည္ေဆာက္ဖို႔ သိမ္းဆည္းခဲ့ၿပီးေနာက္ လက္ရွိအစိုးရလက္ထက္မွာ ပိုလ်ံေျမေတြကို မူလေတာင္သူေတြဆီကို ျပန္မေပးဘဲ နီးစပ္သူလုပ္ငန္းရွင္ေတြကို လုပ္ကိုင္ခြင့္ခ်ေပးဖို႔ ျပင္ဆင္ေနတဲ့အတြက္ မူလေတာင္သူေတြက လက္မွတ္ေရးထိုးၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ တာဝန္ရွိသူေတြကို တင္ျပတိုင္ၾကားခဲ့တယ္လို႔ ဦးေဆာင္သူေတြဆီကေန သိရပါတယ္။

အဲ့ဒီျပႆနာနဲ႔ပတ္သက္လို႔ ပဲခူးတိုင္‌းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းကိုအေရးယူေပးဖို႔ နစ္နာသူမူလေတာင္သူေတြက လက္မွတ္ေရးထိုးကာ ဩဂုတ္လ၂၂ ရက္ေန႔က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံေတာ္သမၼတနဲ႔ အမ်ိဳးသားလႊတ္ေတာ္ ျပည္သူလႊတ္ေတာ္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ဆီကို တင္ျပခဲ့တယ္လို႔ နစ္နာသူ ေစာထိန္လင္းကေျပာပါတယ္။

” အဲ့ဒီလုပ္ငန္းရွင္ဆီကို ဒီေျမေတြ စီမံခန႔္ခြဲခြင့္ေပးထားတယ္လို႔ဝန္ႀကီးခ်ဳပ္ ကြၽန္ေတာ္တို႔ကို တရားဝင္ေျပာတယ္၊ အသံဖိုင္ေတြလည္းရွိတယ္။ ေျပာမယ္ဆို ဒီေျမေတြတန္ဖိုးက သူတို႔ေပးမယ့္ နစ္နာေၾကး က်ပ္သိန္း ၃၀ အဆတစ္ရာမက တန္သြားၿပီ။ တန္ရာတန္ေၾကး
ေပးရင္ေတာ့ ေက်နပ္မယ္”လို႔ ေစာထိန္လင္းကေျပာပါတယ္။

သိမ္းဆည္းေျမေတြကို စီမံကိန္းလုပ္ကိုင္ျခင္းမျပဳဘဲ မူလေတာင္သူေတြကို ျပန္လည္ေပးအပ္ျခင္းမျပဳဘဲ မိမိပိုင္လယ္ေျမလို သေဘာထားၿပီး နီးစပ္တဲ့ စီးပြားေရးလုပ္ငန္းရွင္ကိုစီမံကိန္းေဖာ္ေဆာင္ဖို႔လို႔ဆိုကာ ပဲခူးတိုင္းအစိုးရအဖြဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္ရယူျခင္းမရွိဘဲ စီမံခန႔္ခြဲခြင့္ေပးသူ ပဲခူးတိုင္း‌ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းကို အေရးယူေပးဖို႔ တိုင္ၾကားခဲ့တာလို႔လည္း သိရပါတယ္။

NLD အစိုးရလက္ထံ ႏိုင္ငံေတာ္သမၼတကေန စီမံကိန္းအေကာင္အထည္မေဖာ္ႏိုင္တဲ့ သိမ္းဆည္းေျမေတြကို သိမ္းဆည္းခံမူလေတာင္သူေတြကို အျမန္ဆုံးျပန္လည္ေပးအပ္ဖို႔ ၫႊန္ၾကားခဲ့ၿပီး ျဖစ္ေပမယ့္လည္း မႈဝါဒ(၅၂)ခ်က္နဲ႔အညီ စီစစ္ၿပီး မိမိတို႔ လယ္သမားေတြကို ျပန္လည္စြန႔္လႊတ္ေပးဖို႔ အႀကိမ္ႀကိမ္တင္ျပခဲ့ေပမယ့္ လုပ္ေဆာင္ေပးျခင္း မရွ‌ိေသးဘူးလို႔ ေတာင္သူေတြက ေျပာပါတယ္။

အဲ့ဒီယာေျမေတြအတြက္ လက္ရွိနစ္နာေၾကးမယူထားတဲ့ ေတာင္သူ ၆ ဦးပိုင္ ေျမယာဧက ၆၀ ေက်ာ္ကို တစ္ဧက က်ပ္သိန္း ၃၀ ႏူန္းသာမက လုပ္ကိုင္ခြင့္ရရွိသူလို႔ေျပာတဲ့ ပဲခူးေဒသခံ စီးပြားေရးလုပ္ငန္းရွင္က ေျမတစ္ကြက္စီ ( ေပ ၄၀၊ ေပ ၆၀)ကို ေပးအပ္မယ္လို႔ ဝန္ႀကီးခ်ဳပ္က‌ နစ္နာသူေတာင္သူေတြကို ေျပာၾကားထားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၃၁ ရက္ေန႔က စီးပြားေရးလုပ္ငန္းရွင္ တင္ဒါရထားတဲ့ အေဆာက္အဦးေတြေဆာက္လုပ္ဖို႔ အေၾကာင္းျပခ်က္နဲ႔ အဲ့ဒီလယ္ယာေျမေတြေပၚမွာ ေနထိုင္ေနတဲ့ လယ္သမားမ်ားပိုင္ လူေနအိမ္ေတြကို ရဲအင္းအားသုံးဖယ္ရွားခံခဲ့ရတယ္လို႔ နစ္နာသူေတာင္သူေတြဆီကေန သိရပါတယ္။

ပဲခူးၿမိဳ႕နယ္၊ ဥႆာၿမိဳ႕သစ္၊ ရပ္ကြက္ႀကီး-၈ ၊ ကြင္းအမွတ္ (၆၂၆) ၊ ဘုရားသုံးဆူကြင္းနဲ႔အထက္ စီတီးအေနာက္ ေက်း႐ြာအုပ္စု၊ ကြင္းအမွတ္(၆၁၇)၊ ဘုရားသုံးဆူကြင္း၊ေျမ ၇၁၈ ဒႆမ ၆၅ ဧကကို ပဲခူးတကၠသိုလ္ပိုင္‌ေျမအျဖစ္ ၁၉၉၅ ခုႏွစ္က သိမ္းဆည္းခဲ့ၿပီး၊ အခုအခါ အဲ့ဒီေျမဧရိယာထဲက ဧက ၁၆၀ ကို GTI တည္ေဆာက္မယ္လို႔ အစိုးရအဖြဲ႕က ထုတ္ျပန္ထားတာျဖစ္ပါတယ္။

အဲ့ဒီေျမယာျပႆနာႏွင့္ပတ္သက္ၿပီး ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ကို VOMကေန ဩဂုတ္လ၂၃ ရက္ေန႔က စတင္ၿပီး ဖုန္းနဲ႔ဆက္သြယ္စုံစမ္းေမးျမန္းေနေပမယ့္ လက္ခံေျဖၾကားမႈမရွိခဲ့ပါဘူး။

Photo – တင္စိုး
#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW