မာကျူရီဒြပ်ပေါင်း လွန်ကဲစွာပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ကျန်းမာရေးအရ သုံးစွဲရန်မသင့်

မာကျူရီဒြပ်ပေါင်း လွန်ကဲစွာပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ကျန်းမာရေးအရ သုံးစွဲရန်မသင့်

မုံရွာ ၊ သြဂုတ် ၂၄ – ၂၀၂၀
ကိုတိုးကြီး (VOM)

အလှကုန်ပစ္စည်းတွေဟာ လူတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးကို အထောက်အကူပြုပေးနိုင်သလို မာကျူရီဒြပ်ပေါင်းတွေ အလွန်အကျွံပါဝင်နေတဲ့အတွက် အဲ့ဒီအလှကုန်ပစ္စည်းတွေကို သုံးစွဲမိတယ်ဆိုရင် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်တယ်လို့ မြန်မာနိုင်ငံဆေးဝါးသုတေသန ဓာတုအဆိပ်သုတေသနဌာနခွဲရဲ့ ဒြပ်ခွဲအဖြေတွေအရ သိရပါတယ်။

“ ကမ္ဘာ့အသိအမှတ်ပြု အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က သတ်မှတ်ပြဌာန်းထားတဲ့ မာကျူရီဒြပ်ပေါင်း ပါဝင်မှုနှုန်းထားပမာဏဟာ (1 ppm) ဖြစ်တယ် ၊ ဈေးကွက်တင် ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတချို့ကို ဝယ်ယူပြီး ကုတ်နံပါတ် အမှတ်အသားတပ်လို့ ပစ္စည်းတမျိုးချင်းစီကို သတ္ထုဒြပ်စင်တွေ တိုင်းတာတဲ့ ( Atomic Absorption Spectrophtometer )ကိရိယာနဲ့ တိုင်းတာစစ်ဆေးကြည့်တယ် ၊ အဖြေကတော့ အလှကုန်ပစ္စည်းထဲမှာ မာကျူရီဒြပ်ပေါင်း ပါဝင်ရမယ့် သတ်မှတ်နှုန်းထားပမာဏအထက် သာလွန်ပြီး ပါဝင်နေတဲ့ အလှကုန်ပစ္စည်း တချို့တွေရတယ် ၊ ပါဝင်နေတဲ့ မာကျူရီဒြပ်ပေါင်း ပမာဏအချိုးကတော့ (12 . 9 ppm) ကနေ (2314.9 ppm ) အထိ ဖြစ်နေတာကို တွေ့ရတယ် ၊ အဲ့ဒီအချိုးဟာ အရမ်းကြောက်စရာကောာင်းတဲ့ အချိုးပမာဏဖြစ်တယ် ၊ အလှကုန်ပစ္စည်းလို့ပဲ ပြောလို့ရပါ့မယ် ၊ အမျိုးအစားနဲ့ ကုန်ပစ္စည်းနာမည်ကို လုပ်ငန်းကျင့်ဝတ်အရ ထုတ်ဖော်ပြောလို့ မဖြစ်ဘူး ” လို့ ကျန်းမာရေးထောက်ကူပြု သုတေသီအဖွဲ့ဝင် ဒေါက်တာ သီဟဇော်က ပြောပါတယ်။

အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါ မာကျူရီဒြပ်ပေါင်း ( Mercury compounds ) တွေကို မဖြစ်မနေ အခြေခံပြီးထုတ်လုပ်ရတာဖြစ်တဲ့အတွက် မာကျူရီဒြပ်ပေါင်း ပါဝင်ရမယ့် ပမာဏအချိုးအစားကို သက်ဆိုင်ရာက သတ်မှတ်ပေးထားပြီး အလွန်အကျွံသုံးစွဲတာတွေ မလုပ်ဖို့ကိုလည်း တားမြစ်ကန့်သတ်ထားပါတယ် ၊ မာကျူရီ ဒြပ်ပေါင်းတွေ လွန်ကဲစွာ ပါဝင်နေတဲ့ အလှကုန်ပစ္စည်းတွေကို ရေရှည်သုံးစွဲမိတယ်ဆိုခဲ့ရင် ဦးဏှောက်နဲ့ အာရုံကြော ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ် ၊ အရေပြားနဲ့ အစာအဆိပ်သင့် စတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးထောက်ကူပြုအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အလှကုန်ပစ္စည်းတွေကို လုပ်ငန်းသဘောအရ ရေရှည်သုံးစွဲနေရတဲ့ ဗျူတီးစလွန်တွေအနေနဲ့ မာကျူရီဒြပ်ပေါင်းအကြောင်းကို ကိုယ်တိုင်နားလည်ထားဖို့လိုအပ်ပြီး နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာ အလှကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲတာမျိုး လုပ်သင့်တယ်လို့ အရေပြားအထူးကု ဆရာဝန်ကြီးတစ်ဦးကလည်း (VOM )သတင်းဌာနကို အကြံပြုပြောဆိုထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

မာက်ဴရီျဒပ္ေပါင္း လြန္ကဲစြာပါဝင္တဲ့ အလွကုန္ပစၥည္းေတြကို က်န္းမာေရးအရ သုံးစြဲရန္မသင့္

မုံ႐ြာ ၊ ၾသဂုတ္ ၂၄ – ၂၀၂၀
ကိုတိုးႀကီး (VOM)

အလွကုန္ပစၥည္းေတြဟာ လူေတြရဲ႕ တကိုယ္ေရသန႔္ရွင္းေရးကို အေထာက္အကူျပဳေပးႏိုင္သလို မာက်ဴရီျဒပ္ေပါင္းေတြ အလြန္အကြၽံပါဝင္ေနတဲ့အတြက္ အဲ့ဒီအလွကုန္ပစၥည္းေတြကို သုံးစြဲမိတယ္ဆိုရင္ က်န္းမာေရးကို ဆိုး႐ြားစြာထိခိုက္ႏိုင္တယ္လို႔ ျမန္မာႏိုင္ငံေဆးဝါးသုေတသန ဓာတုအဆိပ္သုေတသနဌာနခြဲရဲ႕ ျဒပ္ခြဲအေျဖေတြအရ သိရပါတယ္။

“ ကမာၻ႔အသိအမွတ္ျပဳ အေမရိကန္ျပည္ေထာင္စု အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးအဖြဲ႕က သတ္မွတ္ျပဌာန္းထားတဲ့ မာက်ဴရီျဒပ္ေပါင္း ပါဝင္မႈႏႈန္းထားပမာဏဟာ (1 ppm) ျဖစ္တယ္ ၊ ေဈးကြက္တင္ ေရာင္းခ်ေနတဲ့ အလွကုန္ပစၥည္းတခ်ိဳ႕ကို ဝယ္ယူၿပီး ကုတ္နံပါတ္ အမွတ္အသားတပ္လို႔ ပစၥည္းတမ်ိဳးခ်င္းစီကို သတၳဳျဒပ္စင္ေတြ တိုင္းတာတဲ့ ( Atomic Absorption Spectrophtometer )ကိရိယာနဲ႔ တိုင္းတာစစ္ေဆးၾကည့္တယ္ ၊ အေျဖကေတာ့ အလွကုန္ပစၥည္းထဲမွာ မာက်ဴရီျဒပ္ေပါင္း ပါဝင္ရမယ့္ သတ္မွတ္ႏႈန္းထားပမာဏအထက္ သာလြန္ၿပီး ပါဝင္ေနတဲ့ အလွကုန္ပစၥည္း တခ်ိဳ႕ေတြရတယ္ ၊ ပါဝင္ေနတဲ့ မာက်ဴရီျဒပ္ေပါင္း ပမာဏအခ်ိဳးကေတာ့ (12 . 9 ppm) ကေန (2314.9 ppm ) အထိ ျဖစ္ေနတာကို ေတြ႕ရတယ္ ၊ အဲ့ဒီအခ်ိဳးဟာ အရမ္းေၾကာက္စရာေကာာင္းတဲ့ အခ်ိဳးပမာဏျဖစ္တယ္ ၊ အလွကုန္ပစၥည္းလို႔ပဲ ေျပာလို႔ရပါ့မယ္ ၊ အမ်ိဳးအစားနဲ႔ ကုန္ပစၥည္းနာမည္ကို လုပ္ငန္းက်င့္ဝတ္အရ ထုတ္ေဖာ္ေျပာလို႔ မျဖစ္ဘူး ” လို႔ က်န္းမာေရးေထာက္ကူျပဳ သုေတသီအဖြဲ႕ဝင္ ေဒါက္တာ သီဟေဇာ္က ေျပာပါတယ္။

အလွကုန္ပစၥည္းေတြ ထုတ္လုပ္တဲ့အခါ မာက်ဴရီျဒပ္ေပါင္း ( Mercury compounds ) ေတြကို မျဖစ္မေန အေျခခံၿပီးထုတ္လုပ္ရတာျဖစ္တဲ့အတြက္ မာက်ဴရီျဒပ္ေပါင္း ပါဝင္ရမယ့္ ပမာဏအခ်ိဳးအစားကို သက္ဆိုင္ရာက သတ္မွတ္ေပးထားၿပီး အလြန္အကြၽံသုံးစြဲတာေတြ မလုပ္ဖို႔ကိုလည္း တားျမစ္ကန႔္သတ္ထားပါတယ္ ၊ မာက်ဴရီ ျဒပ္ေပါင္းေတြ လြန္ကဲစြာ ပါဝင္ေနတဲ့ အလွကုန္ပစၥည္းေတြကို ေရရွည္သုံးစြဲမိတယ္ဆိုခဲ့ရင္ ဦးေဏွာက္နဲ႔ အာ႐ုံေၾကာ ၊ အစာအိမ္နဲ႔ အူလမ္းေၾကာင္း ၊ ဆီးလမ္းေၾကာင္းနဲ႔ ေက်ာက္ကပ္ ၊ အေရျပားနဲ႔ အစာအဆိပ္သင့္ စတဲ့ ေနာက္ဆက္တြဲေရာဂါေတြ ျဖစ္လာႏိုင္တယ္လို႔ က်န္းမာေရးေထာက္ကူျပဳအဖြဲ႕ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ အလွကုန္ပစၥည္းေတြကို လုပ္ငန္းသေဘာအရ ေရရွည္သုံးစြဲေနရတဲ့ ဗ်ဴတီးစလြန္ေတြအေနနဲ႔ မာက်ဴရီျဒပ္ေပါင္းအေၾကာင္းကို ကိုယ္တိုင္နားလည္ထားဖို႔လိုအပ္ၿပီး နားလည္တတ္ကြၽမ္းတဲ့ ပညာရွင္ေတြနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီးမွသာ အလွကုန္ပစၥည္းေတြကို ဝယ္ယူသုံးစြဲတာမ်ိဳး လုပ္သင့္တယ္လို႔ အေရျပားအထူးကု ဆရာဝန္ႀကီးတစ္ဦးကလည္း (VOM )သတင္းဌာနကို အႀကံျပဳေျပာဆိုထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW