ပြည်ပကနေ အထည်အော်ဒါပြတ်လတ်မှုကြောင့် စက်ရုံပိတ်ခြင်း၊ လုပ်သားအင်အားလျော့ချတဲ့ကိစ္စရပ်တွေ စက်တင်ဘာလမှာ ပိုပြီးဖြစ်လာနိုင်

ပြည်ပကနေ အထည်အော်ဒါပြတ်လတ်မှုကြောင့် စက်ရုံပိတ်ခြင်း၊ လုပ်သားအင်အားလျော့ချတဲ့ကိစ္စရပ်တွေ စက်တင်ဘာလမှာ ပိုပြီးဖြစ်လာနိုင်

ရန်ကုန်၊ ဩဂုတ် ၂၅-၂၀၂၀
သိင်္ဂီ (VOM)

ပြည်ပကနေ အထည်အော်ဒါမှာယူမှု ပြတ်လတ်ဖွယ်ရှိတာကြောင့် လာမယ့်စက်တင်ဘာလကစပြီး ပြည်တွင်းမှာ စက်ရုံတွေကို ယာယီအလုပ်ရက်ရှည်ပိတ်ခြင်း၊ လုပ်သားအင်အားလျော့ချခြင်း ၊ လစာလျှော့ချခြင်း စတဲ့ကိစ္စရပ်တွေ ပိုပြီးဖြစ်လာနိုင်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ပြည်တွင်းကအထည်တွေကို အမေရိကန်နဲ့ ယူရိုနိုင်ငံတွေက အဓိက အော်ဒါမှာယူနေတာဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီနိုင်ငံတွေရဲ့ ကိုဗစ် ရောဂါကူးစက်မှုဟာ လျော့ကျခြင်းမရှိတာကြောင့် အထည်အော်ဒါမှာယူမှု ပြတ်လတ်လာဖွယ်ရှိနေပြီး အော်ဒါမှာယူမှုပြတ်လတ်ပါက စက်ရုံတွေ ရေရှည်ရပ်တည်ရေးအတွက် လုပ်ငန်းရှင်တွေနဲ့ အလုပ်သမား ဆွေးနွေးညှိနှိုင်းပြီး ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

“ ၉ လပိုင်း လဆန်းကို တွေ့ပါလိမ့်မယ် တစ်ရုံပြီး တစ်ရုံ ခေတ္တနားတာနဲ့ ပိတ်တာနဲ့ တချို့ စက်ရုံတွေကလည်း ဝန်ထမ်းတွေနဲ့ ဒီလကုန် ညှိနှိုင်းကြမယ်၊ ၁၅ ရက်ပိတ်တာတို့ လစာလျှော့ယူဖို့ စတာတွေ လုပ်လာကြတော့မယ်။ အားလုံးကိုတော့ မဆိုလိုဘူး။ ဒါပေမယ့် အများစုမှာ ဖြစ်နေတယ်” လို့ လက်ဝါးအထည်ချုပ်စက်ရုံပိုင်ရှင် ဒေါက်တာ ခင်မောင်အေးက ပြောပါတယ်။

လက်ရှိမှာ စက်ရုံတွေဟာ အလုပ်သမားအင်အားလျှော့ချခြင်း၊ စက်ရုံ၊အလုပ်ရုံအပြီးပိတ်သိမ်းခြင်းအပါအဝင် ယာယီပိတ်သိမ်းခြင်း ၊ လုပ်ခလစာမပေးချေပဲ ထွက်ပြေးသွားတဲ့ စက်ရုံစုစုပေါင်း မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းက “ကျနော်တို့ကို အော်ဒါအပ်မယ့် အမေရိကန်၊ ဥရောပ နိုင်ငံတော်တော်များများက ဆိုးဆိုးရွားရွားခံနေရသေးတာဖြစ်တဲ့အတွက် ဒီလို အဝတ်အထည်နဲ့ ဖက်ရှင် ဒီဇိုင်း Industry တွေက ဦးမော့လာနိုင်ဖွယ် မရှိသေးပါဘူး။ မရှိတဲ့အတွက် အော်ဒါတွေက ထင်သလောက်ကြီး ဝင်မလာသေးပါဘူး။ ဒါကြောင့် CMP လက်ခစား အထည်ချုပ်လုပ်ငန်းများရဲ့ အနာဂတ်က သက်ပြင်းချလောက်ရမယ့်အနေအထား စိတ်အေးလက်အေး နေရမယ့် အနေအထားထိ မရောက်သေးပါဘူး။ စိတ်ပူနေရဆဲဖြစ်တယ်”လို့ ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ ပြည်တွင်းအလုပ်သမား ၃ သိန်းနီးပါးဟာ အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး အလုပ်ပြန်လည်ရရှိမှုနူန်းက သောင်းဂဏန်းဝန်းကျင်သာရှိခဲ့တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

#vpoiceofmyanmar #VOM #ရန်ကုန်

Zawgyi

ျပည္ပကေန အထည္ေအာ္ဒါျပတ္လတ္မႈေၾကာင့္ စက္႐ုံပိတ္ျခင္း၊ လုပ္သားအင္အားေလ်ာ့ခ်တဲ့ကိစၥရပ္ေတြ စက္တင္ဘာလမွာ ပိုၿပီးျဖစ္လာႏိုင္

ရန္ကုန္၊ ဩဂုတ္ ၂၅-၂၀၂၀
သိဂႌ (VOM)

ျပည္ပကေန အထည္ေအာ္ဒါမွာယူမႈ ျပတ္လတ္ဖြယ္႐ွိတာေၾကာင့္ လာမယ့္စက္တင္ဘာလကစၿပီး ျပည္တြင္းမွာ စက္႐ုံေတြကို ယာယီအလုပ္ရက္ရွည္ပိတ္ျခင္း၊ လုပ္သားအင္အားေလ်ာ့ခ်ျခင္း ၊ လစာေလ်ွာ့ခ်ျခင္း စတဲ့ကိစၥရပ္ေတြ ပိုၿပီးျဖစ္လာႏိုင္တယ္လို႔ အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြဆီကေန သိရပါတယ္။

ျပည္တြင္းကအထည္ေတြကို အေမရိကန္နဲ႔ ယူရိုနိုင္ငံေတြက အဓိက ​ေအာ္ဒါမွာယူေနတာျဖစ္ပါတယ္။

လက္႐ွိမွာ အဲ့ဒီႏိုင္ငံေတြရဲ႕ ကိုဗစ္ ေရာဂါကူးစက္မႈဟာ ေလ်ာ့က်ျခင္းမ႐ွိတာေၾကာင့္ အထည္ေအာ္ဒါမွာယူမႈ ျပတ္လတ္လာဖြယ္႐ွိေနၿပီး ေအာ္ဒါမွာယူမႈျပတ္လတ္ပါက စက္႐ုံေတြ ေရရွည္ရပ္တည္ေရးအတြက္ လုပ္ငန္းရွင္ေတြနဲ႔ အလုပ္သမား ေဆြးေနြးညႇိႏွိုင္းၿပီး ဆက္လုပ္သြြားမယ္လို႔ သိရပါတယ္။

“ ၉ လပိုင္း လဆန္းကို ေတြ႕ပါလိမ့္မယ္ တစ္႐ုံၿပီး တစ္႐ုံ ေခတၱနားတာနဲ႔ ပိတ္တာနဲ႔ တခ်ိဳ့ စက္႐ုံေတြကလည္း ဝန္ထမ္းေတြနဲ႔ ဒီလကုန္ ညႇိႏွိုင္းၾကမယ္၊ ၁၅ ရက္ပိတ္တာတို့ လစာေလၽွာ့ယူဖို့ စတာေတြ လုပ္လာၾကေတာ့မယ္။ အားလုံးကိုေတာ့ မဆိုလိုဘူး။ ဒါေပမယ့္ အမ်ားစုမွာ ျဖစ္ေနတယ္” လို႔ လက္ဝါးအထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ ေဒါက္တာ ခင္ေမာင္ေအးက ေျပာပါတယ္။

လက္႐ွိမွာ စက္႐ုံ​ေတြဟာ အလုပ္သမားအင္အားေလၽွာ့ခ်ျခင္း၊ စက္ရုံ၊အလုပ္႐ုံအျပီးပိတ္သိမ္းျခင္းအပါအဝင္ ယာယီပိတ္သိမ္းျခင္း ၊ လုပ္ခလစာမ​ေပးေခ်ပဲ ထြက္​ေျပးသြားတဲ့ စက္႐ုံစုစုေပါင္း ျမန္မာတစ္ႏိုင္ငံလုံးမွာ ၂၀၀ ဝန္းက်င္႐ွိေနၿပီျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာနိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း ဗဟိုအလုပ္အမွုေဆာင္ ဦးထြန္းထြန္းက “က်ေနာ္တို့ကို ေအာ္ဒါအပ္မယ့္ အေမရိကန္၊ ဥေရာပ နိုင္ငံေတာ္ေတာ္မ်ားမ်ားက ဆိုးဆိုးရြားရြားခံေနရေသးတာျဖစ္တဲ့အတြက္ ဒီလို အဝတ္အထည္နဲ႔ ဖက္ရွင္ ဒီဇိုင္း Industry ေတြက ဦးေမာ့လာနိုင္ဖြယ္ မရွိေသးပါဘူး။ မရွိတဲ့အတြက္ ေအာ္ဒါေတြက ထင္သေလာက္ႀကီး ဝင္မလာေသးပါဘူး။ ဒါေၾကာင့္ CMP လက္ခစား အထည္ခ်ဳပ္လုပ္ငန္းမ်ားရဲ့ အနာဂတ္က သက္ျပင္းခ်ေလာက္ရမယ့္အေနအထား စိတ္ေအးလက္ေအး ေနရမယ့္ အေနအထားထိ မေရာက္ေသးပါဘူး။ စိတ္ပူေနရဆဲျဖစ္တယ္”လို့ ေျပာပါတယ္။

ကိုဗစ္ကပ္ေရာဂါကာလမွာ ျပည္တြင္းအလုပ္သမား ၃ သိန္းနီးပါးဟာ အလုပ္လက္မဲ့ျဖစ္ခဲ့ရၿပီး အလုပ္ျပန္လည္ရ႐ွိမႈႏူန္းက ေသာင္းဂဏန္းဝန္းက်င္သာ႐ွိခဲ့တယ္လို႔ အလုပ္သမားအဖြဲ႔အစည္းေတြဆီကေန သိရပါတယ္။

#vpoiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW