ရန်ကုန်တိုင်းလွှတ်တော်မှာ မေခွန်း ၂ခုပဲမေးဖို့ကန့်သတ်လိုက်တဲ့အတွက် ပြည်သူ့ဘဏ္ဍငွေကိုအလွဲသုံးရာရောက်

ရန်ကုန်တိုင်းလွှတ်တော်မှာ မေခွန်း ၂ခုပဲမေးဖို့ကန့်သတ်လိုက်တဲ့အတွက် ပြည်သူ့ဘဏ္ဍငွေကိုအလွဲသုံးရာရောက်

ရန်ကုန်၊ သြဂုတ် ၂၆-၂၀၂၀
ယဉ်ပပထွန်း ( VOM)

သြဂုတ်လ ၂၄ရက်နေ့ကပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မေးခွန်း ၂ ခုနဲ့လွှတ်တော်လုပ်တာက ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးရာရောက်တဲ့အပြင် လွှတ်တော်ကိုလည်း ပြည်သူလူထုရဲ ့လေးစားမူကိုလျော့ပါးစေတယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက VOM ကိုပြောပါတယ်။

ရန်ကုန်တိုင်း ပထမအကြိမ်လွှတ်တော်အစည်းမှာဆိုရင် လွှတ်တော်ဥက္ကဋ္ဌက ပြည်သူလူထုဘက်ဂျက်ကို ခြွေတာခဲ့သလို တစ်နှစ်ပတ်လုံး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာနဲ့အသုံးစရိတ်က သန်း ၇၀ လေက်ပဲသုံးတယ်လို့လည်း သိရပါတယ်။

” အခုလွှတ်တော်က ပြည်သူဘဏ္ဍငွေတွေ အရမ်းကိုသုံးတာတွေ့ရပါတယ် ။ ဥပဒေအရ လွှတ်တော်မှာ ပထမ ၁ နာရီက မေးခွန်းတွေမေးရမယ် ။ အန်တီတို့တုန်းက မေးခွန်းကို ၁၅ ခု သို့မဟုတ် ၁၀ ခုလောက် အနည်းဆုံးမေးကြတယ်။ လွှတ်တော်ကျင်းပတိုင်း ပထမ ၁ နာရီက မေးခွန်းမဖြစ်မနေမေးကြရတယ်။ မေးခွန်းမရှိဘူးဆိုရင် လွှတ်တော် မကျင်းပနဲ့ပေါ့ ။ အခုက လွှတ်တော်ကိုလည်းခေါ်သေးတယ်၊ မေးခွန်း ၂ ခုထဲခွင့်ပြုတယ် ဆိုတာမျိုးက ပြည်သူဘဏ္ဍငွေကို အလွဲသုံးရာရောက်ပါတယ် “လို့ဒေါက်တာညိုညိုသင်းကပြောပါတယ်။

မေးခွန်း နှစ်ခုအတွက်နဲ့လွှတ်တော်ကိုကျင်းပတဲ့အခါမှာ နိုင်ငံတော်ကနေပြီး ၁၅ သိန်းခန့်ထုတ်ယူသုံးစွဲလိုက်ရင် မေးခွန်းတစ်ခုကို ၇ သိန်း ခွဲလောက်တန်နေတယ်လို့လည်း ဒေါ်ညိုညိုသင်းက သုံးသပ်ပြောဆိုပါတယ်။

” လွှတ်တော် အကြီးအကဲခေါင်းဆောင်ကြီတွေ အမျှော်အမြင်နဲ့ဆောင်ရွက်ဈေင်တယ်။ ဒီအချိန်မှာ ပြည်သူလူထုတွေ လိုအပ်ချက်တွေအရမ်းများနေတဲ့အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မေးခွန်းတွေအများကြီးမေးစေချင်ပါတယ်” လို့ ဒေါက်ဒေါက်တာညိုညိုသင်းကပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့ကပြုလုပ်တဲ ရန်ကုန်တိုင်း ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးမှာမေးခဲ့တဲ့ မေးခွန်း၂ခုဟာ အရင်ကမေးခွန်းဟောင်းတွေဖြစ်ပြီးတော့ လွှတ်တော်ကျင်းပတာကိုလည်း မနက် ၁၀နာရီကျော်ကနေ ကျင်းပပြီး ၁၀ နာရီ မိနစ် ၂၀ မှာပြီးစီးခဲ့တယ်လို့ ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်( ၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြေပါတယ်။

“လွှတ်တော်ကျင်းပတဲ့အခါမှာ ကိုယ်စားလှယ်တွေတတ်ရင် ထောက်ပံ့ကြေးအဖြစ်တစ်ရက်ကို ငွေကျပ် နှစ်သောင်းရတယ် ။ ၁၂၇ ဦးတတ်ရောက်တော့ မေးခွန်းတစ်ခုရဲ့တန်ဖိုးက ၁၁ သိန်းကျော်လောက်ဖြစ်နေပြီ။ အန်ကယ်က မကျေနပ်ဘူး ။ အန်ကယ်အရင်က NLD ကိုယ်စားလောင်းအဖြစ်တုန်းကလဲ ထောက်ပြပြောဆိုခဲ့တယ် ။ အန်ကယ်ဆိုရင် အခုလွှတ်တော်အစည်းအဝေးမှာ မေခွန်း ၇ ခုမေးထားတယ် ။ ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက်အစည်းအဝေးမှာလည်း မေးခွန်း ၁၀ ခုကျော်လောက်ရှိတယ် ။ အစိုးရက ဖြေပေးရမယ့်တာဝန်တွေရှိနေပါတယ် ။ မေးခွန်းအကြွေးတွေ အန်ကယ်တစ်ယောက်ထဲမဟုတ်ပါဘူး အခြားကိုယ်စားလှယ်တွေလဲ ရှိနေပါတယ် ” လို့ ဦးကျော်ဇေယျကပြောပါတယ်။

အခုလို လွှတ်တော်အစည်းအဝေးမှာ မေးခွန်း တစ်ခု (သို့မဟုတ်) မေးခွန်း နှစ်ခုမေးပြီး လွှတ်တော်ကျင်းပတာကို ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်( ၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကလဲ ၂၀၁၈ ခုနှစ်အတွင်းက သူ့ရဲ့လူမူကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်ထောက်ပြရေးသားခဲ့ဘူးပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းလႊတ္ေတာ္မွာ ေမခြန္း ၂ခုပဲေမးဖို႔ကန္႔သတ္လိုက္တဲ့အတြက္ ျပည္သူ႔ဘ႑ေငြကိုအလဲြသံုးရာေရာက္

ရန္ကုန္၊ ၾသဂုတ္ ၂၆-၂၀၂၀
ယဥ္ပပထြန္း ( VOM)

ၾသဂုတ္လ ၂၄ရက္ေန႔ကျပဳလုပ္ခဲ့တဲ့ ဒုတိယအၾကိမ္ ရန္ကုန္တိုင္းလႊတ္ေတာ္ (၁၂)ၾကိမ္ေျမာက္ပံုမွန္အစည္းအေဝးမွာ ေမးခြန္း ၂ ခုနဲ ့လႊတ္ေတာ္လုပ္တာက ျပည္သူ႔ဘ႑ာေငြကို အလဲြသံုးရာေရာက္တဲ့အျပင္ လႊတ္္ေတာ္ကိုလည္း ျပည္သူလူထုရဲ ့ေလးစားမူကိုေလ်ာ့ပါးေစတယ္လို ့ရန္ကုန္ေစာင့္ၾကည့္အဖြဲ ့တည္ေထာင္သူ ေဒါက္တာညိုညိုသင္းက VOM ကိုေျပာပါတယ္။

ရန္ကုန္တိုင္း ပထမအၾကိမ္လႊတ္ေတာ္အစည္းမွာဆိုရင္ လႊတ္ေတာ္ဥကၠ႒က ျပည္သူလူထုဘက္ဂ်က္ကို ေျခြတာခဲ့သလို တစ္ႏွစ္ပတ္လံုး လႊတ္ေတာ္ကုိယ္စားလွယ္ေတြရဲ႕ လစာနဲ ့အသံုးစရိတ္က သန္း ၇၀ ေလက္ပဲသံုးတယ္လို႔လည္း သိရပါတယ္။

” အခုလႊတ္ေတာ္က ျပည္သူဘ႑ေငြေတြ အရမ္းကုိသံုးတာေတြ ့ရပါတယ္ ။ ဥပေဒအရ လႊတ္ေတာ္မွာ ပထမ ၁ နာရီက ေမးခြန္းေတြေမးရမယ္ ။ အန္တီတို႔တုန္းက ေမးခြန္းကို ၁၅ ခု သို႔မဟုတ္ ၁၀ ခုေလာက္ အနည္းဆံုးေမးၾကတယ္။ လႊတ္ေတာ္က်င္းပတိုင္း ပထမ ၁ နာရီက ေမးခြန္းမျဖစ္မေနေမးၾကရတယ္။ ေမးခြန္းမရွိဘူးဆိုရင္ လႊတ္ေတာ္ မက်င္းပနဲ႔ေပါ့ ။ အခုက လႊတ္ေတာ္ကိုလည္းေခၚေသးတယ္၊ ေမးခြန္း ၂ ခုထဲခြင့္ျပဳတယ္ ဆုိတာမိ်ဳးက ျပည္သူဘ႑ေငြကို အလဲြသံုးရာေရာက္ပါတယ္ “လို ့ေဒါက္တာညိဳညိဳသင္းကေျပာပါတယ္။

ေမးခြန္း ႏွစ္ခုအတြက္နဲ ့လႊတ္ေတာ္ကိုက်င္းပတဲ့အခါမွာ နိုင္ငံေတာ္ကေနျပီး ၁၅ သိန္းခန္ ့ထုတ္ယူသံုးစဲြလိုက္ရင္ ေမးခြန္းတစ္ခုကို ၇ သိန္း ခဲြေလာက္တန္ေနတယ္လို႔လည္း ေဒၚညိုညိဳသင္းက သံုးသပ္ေျပာဆိုပါတယ္။

” လႊတ္ေတာ္ အၾကီးအကဲေခါင္းေဆာင္ၾကီေတြ အေမ်ွာ္အျမင္နဲ ့ေဆာင္ရြက္ေစ်င္တယ္။ ဒီအခ်ိန္မွာ ျပည္သူလူထုေတြ လုိအပ္ခ်က္ေတြအရမ္းမ်ားေနတဲ့အတြက္ေၾကာင့္ လႊတ္ေတာ္ကို္ယ္စားလွယ္ေတြကလည္း ေမးခြန္းေတြအမ်ားၾကီးေမးေစခ်င္ပါတယ္” လို႔ ေဒါက္ေဒါက္တာညိဳညိဳသင္းကေျပာပါတယ္။

ၾသဂုတ္ ၂၄ ရက္ေန႔ကျပဳလုပ္တဲ ရန္ကုန္တိုင္း ဒုတိယအၾကိမ္လႊတ္ေတာ္အစည္းအေဝးမွာေမးခဲ့တဲ့ ေမးခြန္း၂ခုဟာ အရင္ကေမးခြန္းေဟာင္းေတြျဖစ္ျပီးေတာ့ လႊတ္ေတာ္က်င္းပတာကိုလည္း မနက္ ၁၀နာရီေက်ာ္ကေန က်င္းပျပီး ၁၀ နာရီ မိနစ္ ၂၀ မွာျပီးစီးခဲ့တယ္လို ့ ဒဂံုျမိဳ ့နယ္မဲဆနၵနယ္ အမွတ္( ၂) တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပပါတယ္။

“လႊတ္ေတာ္က်င္းပတဲ့အခါမွာ ကိုယ္စားလွယ္ေတြတတ္ရင္ ေထာက္ပံ့ေၾကးအျဖစ္တစ္ရက္ကို ေငြက်ပ္ ႏွစ္ေသာင္းရတယ္ ။ ၁၂၇ ဦးတတ္ေရာက္ေတာ့ ေမးခြန္းတစ္ခုရဲ ့တန္ဖိုးက ၁၁ သိန္းေက်ာ္ေလာက္ျဖစ္ေနျပီ။ အန္ကယ္က မေက်နပ္ဘူး ။ အန္ကယ္အရင္က NLD ကို္ယ္စားေလာင္းအျဖစ္တုန္းကလဲ ေထာက္ျပေျပာဆိုခဲ့တယ္ ။ အန္ကယ္ဆိုရင္ အခုလႊတ္ေတာ္အစည္းအေဝးမွာ ေမခြန္း ၇ ခုေမးထားတယ္ ။ ျပီးခဲ့တဲ့ ၁၁ ၾကိမ္ေျမာက္အစည္းအေဝးမွာလည္း ေမးခြန္း ၁၀ ခုေက်ာ္ေလာက္႐ွိတယ္ ။ အစုိးရက ေျဖေပးရမယ့္တာဝန္ေတြ႐ွိေနပါတယ္ ။ ေမးခြန္းအေၾကြးေတြ အန္ကယ္တစ္ေယာက္ထဲမဟုတ္ပါဘူး အျခားကိုယ္စားလွယ္ေတြလဲ ႐ွိေနပါတယ္ ” လို့ ဦးေက်ာ္ေဇယ်ကေျပာပါတယ္။

အခုလို လႊတ္ေတာ္အစည္းအေဝးမွာ ေမးခြန္း တစ္ခု (သို႔မဟုတ္) ေမးခြန္း ႏွစ္ခုေမးျပီး လႊတ္ေတာ္က်င္းပတာကို ဆိပ္ၾကီးခေနာင္တိုျမိဳ ့နယ္ မဲဆနၵနယ္အမွတ္( ၁) တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚစနၵာမင္းကလဲ ၂၀၁၈ ခုႏွစ္အတြင္းက သူ႔ရဲ႕လူမူကြန္ယက္စာမ်က္ႏွာေပၚမွာ ေဝဖန္ေထာက္ျပေရးသားခဲ့ဘူးပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW