ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး ဒေသခံပြည်သူ (၂) ဦးသေဆုံးကာ အမျိုးသမီး (၃) ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး ဒေသခံပြည်သူ (၂) ဦးသေဆုံးကာ အမျိုးသမီး (၃) ဦးဒဏ်ရာရ

ကျောက်တော်၊ ဩဂုတ် ၂၇- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားတဲ့အပြင် အမျိုးသမီး (၃) ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့၊ ရှမ်းရွာရပ်ကွက်မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းနဲ့ သေဆုံးသွားသူဟာ အသက် (၃၀) အရွယ် ဦးနိုင်ဝင်း(၃၀) နှစ်ဖြစ်ကာ ခန္ဓာကိုယ်တွေမှာ ကျည်ဖောက်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားသူ ဦးနိုင်ဝင်းရဲ့ အမဖြစ်သူ ဒေါ်မလှမြင့်ပြောပြတာက” မောင်လေးက အပေါ့သွားတာ။ အဲဒါမှာ လမ်းမှာစစ်သားတွေနဲ့တွေ့ပြီးတော့ စစ်သားတွေကဖမ်းပြီး သတ်တာပါ။ အဲ့ဒီစစ်သားတွေက သေနတ်နဲ့ပစ်သတ်လို့ပြီးတော့ ကျမတို့အိမ်ရှေ့က ကုက္ကိုပင်အောက်မှာ ထိုင်နေကြသေးတယ်။ အဲ့ဒီစစ်သားတွေက ကျမအိမ်ထဲမှာလည်း ဝင်ပြီးနေခဲ့ကြသေးတယ်။ မနက် ၄ နာရီလောက်မှ ထွက်သွားကြတယ်။ နောက်က သေနတ်နဲ့ပစ်တာမှာ ရင်ဘတ်ကထွက်သွားတယ်။ ပေါင်တွေမှာလည်း ဖောက်သွားတယ်။” လို့ ပြောပြပါတယ်။

သေဆုံးသူအမျိုးသားရဲ့အလောင်းကို ရဲတပ်ဖွဲ့က ကျောက်တော်ဆေးရုံကို လာရောက်ပို့ဆောင်ခဲ့ပြီး ဒီကနေ့နေ့လယ်ပိုင်းမှာ သင်္ဂြိုလ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ ဒီကနေ့ နံနက် ၁ နာရီ ၃၅ မိနစ်ခန့်မှာ ကျောက်တော်- ဝါးကင်းကျေးရွာသွားလမ်းကြောင်းပေါ်မှာ အပြန်အလှန်မီးအချက်ပြမှု ပြုလုပ်နေတဲ့သူ ၂ဦးကို စစ်ဆေးဖို့ခေါ်ယူရာ ထွက်ပြေးတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်းနဲ့ ပစ်ခတ်မှုကြောင့် အသက် (၃၀)ခန့်ရှိ အမျိုးသားကို လက်ကိုင်စကားပြောစက်တစ်လုံး၊ ငွေကျပ် ၁၀၀၀ နဲ့အတူ အသေဖမ်းဆီးရမိတဲ့အပြင် ကျန်တစ်ဦးမှာ ထွက်ပြေးလွှတ်မြောက်သွားတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက် ၁၀ နာရီကျော်လောက်ကလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပြီး အမျိုးသမီး တစ်ဦးသေဆုံးကာ (၃) ဦးဒဏ်ရာရရှိသွားတယ်လို့ အပေါက်ဝဒေသခံတွေနဲ့ ကျောက်တော်မြို့နယ်က လူမှုကူညီရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးတစ်ဦးနဲ့ အတူ ဒဏ်ရာရရှိသွားတဲ့အမျိုးသမီးတွေ ပျိုးစိုက်နေတဲ့ လယ်ကွင်းထဲကို လက်နက်ကျည်လာရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။

ဒဏ်ရာရသူတွေကို ကျောက်တော်ဆေးရုံကိုပို့ဆောင်ကာ ဆေးကုသမှုခံယူနေရပြီး ဆေးကုသမှုခံယူနေစဉ်အတွင်း ဒီကနေ့ ညနေ ၃ နာရီလောက်မှာ အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးမှာ အသက် ၄၁ နှစ်အရွယ် ဒေါ်မဘုဆိုသူဖြစ်ပြီး ဝမ်းဗိုက်ကျည်ဖောက်ဒဏ်ရာရှိသွားကာ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို ပို့ဆောင်ဖို့လုပ်နေစဉ် သေဆုံးသွားတာဖြစ်တယ်လို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့ ဥက္ကဌ ကိုညီပုကပြောပါတယ်။

အပေါက်ဝကျေးရွာက သေဆုံးဒဏ်ရာရရှိသူတွေကို ဆေးရုံသို့လိုက်ပါပို့ဆောင်ရာမှာပါဝင်တဲ့ ကိုညီပုကတော့ ” သေသွားတာက ဒေါ်မဘုပါ။ ကျန်တဲ့သူတွေကတော့ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ သူတို့က လယ်ကွင်းထဲမှာပျိုးစိုက်နေကြတာ။ အဲဒီအချိန်မှာ မနက်က အပေါက်ဝရဲစခန်းမှာနေတဲ့ တပ်မတော်စစ်ကြောင်းထွက်လာတဲ့အခါပစ်ခတ်မှုဖြစ်ကြတဲ့အခါမှာ သူတို့က ကြောက်ပြီးပြေးကြတဲ့အခါ လက်နက်ကြီးကျည်လာကျတာပါ။” လို့ ပြောပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရမှုပိုမိုမြင့်တက်လာပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည်ကျေးရွာမှာလက်နက်ကြီးကျပြီး (၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၂) ယောက်နဲ့ အမျိုးသား (၂) ယောက်ဒဏ်ရာရတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ဖူးပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါကူးစပ်မှုမြှင့်တက်နေပြီး တစ်ဖက်မှာလည်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံရခိုင်ပြည်သူတွေ ပိုထိခိုက်လာနေတာဖြစ်ပါတယ်။

လက်ရှိအချိန် ကျောက်တော်မြို့နယ်ဟာ ကိုဗစ် ၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေတွေ့ရှိထားတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကျောက်တော်

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ပစ္ခတ္မႈျဖစ္ၿပီး ေဒသခံျပည္သူ (၂) ဦးေသဆုံးကာ အမ်ိဳးသမီး (၃) ဦးဒဏ္ရာရ

ေက်ာက္ေတာ္၊ ဩဂုတ္ ၂၇- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ဒီကေန႔ မနက္ပိုင္းက ပစ္ခတ္မႈျဖစ္ၿပီး အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးေသဆုံးသြားတဲ့အျပင္ အမ်ိဳးသမီး (၃) ဦးဒဏ္ရာရရွိသြားတယ္လို႔ သိရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕၊ ရွမ္း႐ြာရပ္ကြက္မွာ အမ်ိဳးသားတစ္ဦး ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္းနဲ႔ ေသဆုံးသြားသူဟာ အသက္ (၃၀) အ႐ြယ္ ဦးႏိုင္ဝင္း(၃၀) ႏွစ္ျဖစ္ကာ ခႏၶာကိုယ္ေတြမွာ က်ည္ေဖာက္ဒဏ္ရာေတြနဲ႔ ေသဆုံးသြားတာျဖစ္တယ္လို႔ သိရပါတယ္။

ေသဆံုးသြားသူ ဦးႏိုင္ဝင္းရဲ႔ အမျဖစ္သူ ေဒၚမလွျမင့္ေျပာျပတာက” ေမာင္ေလးက အေပါ့သြားတာ။ အဲဒါမွာ လမ္းမွာစစ္သားေတြနဲ႔ေတြ႕ၿပီးေတာ့ စစ္သားေတြကဖမ္းၿပီး သတ္တာပါ။ အဲ့ဒီစစ္သားေတြက ေသနတ္နဲ႔ပစ္သတ္လို႔ၿပီးေတာ့ က်မတို႔အိမ္ေရွ႕က ကုကၠိဳပင္ေအာက္မွာ ထိုင္ေနၾကေသးတယ္။ အဲ့ဒီစစ္သားေတြက က်မအိမ္ထဲမွာလည္း ဝင္ၿပီးေနခဲ့ၾကေသးတယ္။ မနက္ ၄ နာရီေလာက္မွ ထြက္သြားၾကတယ္။ ေနာက္က ေသနတ္နဲ႔ပစ္တာမွာ ရင္ဘတ္ကထြက္သြားတယ္။ ေပါင္ေတြမွာလည္း ေဖာက္သြားတယ္။” လို႔ ေျပာျပပါတယ္။

ေသဆံုးသူအမ်ိဳးသားရဲ႕အေလာင္းကို ရဲတပ္ဖြဲ႕က ေက်ာက္ေတာ္ေဆး႐ုံကို လာေရာက္ပို႔ေဆာင္ခဲ့ၿပီး ဒီကေန႔ေန႔လယ္ပိုင္းမွာ သၿဂႋဳလ္လိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္မွာေတာ့ ဒီကေန႔ နံနက္ ၁ နာရီ ၃၅ မိနစ္ခန႔္မွာ ေက်ာက္ေတာ္- ဝါးကင္းေက်း႐ြာသြားလမ္းေၾကာင္းေပၚမွာ အျပန္အလွန္မီးအခ်က္ျပမႈ ျပဳလုပ္ေနတဲ့သူ ၂ဦးကို စစ္ေဆးဖို႔ေခၚယူရာ ထြက္ေျပးတာေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္တစ္ဦးက ေျခာက္လွန႔္ပစ္ခတ္ခဲ့ရေၾကာင္းနဲ႔ ပစ္ခတ္မႈေၾကာင့္ အသက္ (၃၀)ခန႔္ရွိ အမ်ိဳးသားကို လက္ကိုင္စကားေျပာစက္တစ္လုံး၊ ေငြက်ပ္ ၁၀၀၀ နဲ႔အတူ အေသဖမ္းဆီးရမိတဲ့အျပင္ က်န္တစ္ဦးမွာ ထြက္ေျပးလႊတ္ေျမာက္သြားတယ္လို႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီကေန႔ မနက္ ၁၀ နာရီေက်ာ္ေလာက္ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝေက်း႐ြာမွာ ပစ္ခတ္မႈျဖစ္ၿပီး အမ်ိဳးသမီး တစ္ဦးေသဆုံးကာ (၃) ဦးဒဏ္ရာရရွိသြားတယ္လို႔ အေပါက္ဝေဒသခံေတြနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္က လူမႈကူညီေရးေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။

ေသဆံုးသူ အမ်ိဳးသမီးတစ္ဦးနဲ႔ အတူ ဒဏ္ရာရရွိသြားတဲ့အမ်ိဳးသမီးေတြ ပ်ိဳးစိုက္ေနတဲ့ လယ္ကြင္းထဲကို လက္နက္က်ည္လာေရာက္ေပါက္ကြဲၿပီး က်ည္စထိမွန္ဒဏ္ရာရရွိခဲ့ၾကတာျဖစ္ပါတယ္။

ဒဏ္ရာရသူေတြကို ေက်ာက္ေတာ္ေဆး႐ုံကိုပို႔ေဆာင္ကာ ေဆးကုသမႈခံယူေနရၿပီး ေဆးကုသမႈခံယူေနစဥ္အတြင္း ဒီကေန႔ ညေန ၃ နာရီေလာက္မွာ အမ်ိဳးသမီး တစ္ဦး ေသဆုံးသြားတယ္လို႔ ကူညီကယ္ဆယ္ေရးလုပ္ေနသူေတြနဲ႔ ေဒသခံေတြကေျပာပါတယ္။

ေသဆုံးသြားတဲ့အမ်ိဳးသမီးမွာ အသက္ ၄၁ ႏွစ္အ႐ြယ္ ေဒၚမဘုဆိုသူျဖစ္ၿပီး ဝမ္းဗိုက္က်ည္ေဖာက္ဒဏ္ရာရွိသြားကာ ဒဏ္ရာျပင္းထန္တာေၾကာင့္ စစ္ေတြေဆး႐ုံကို ပို႔ေဆာင္ဖို႔လုပ္ေနစဥ္ ေသဆုံးသြားတာျဖစ္တယ္လို႔ ျဖဴစင္ေမတၱာပရဟိတအဖြဲ႕ ဥကၠဌ ကိုညီပုကေျပာပါတယ္။

အေပါက္ဝေက်း႐ြာက ေသဆုံးဒဏ္ရာရရွိသူေတြကို ေဆး႐ုံသို႔လိုက္ပါပို႔ေဆာင္ရာမွာပါဝင္တဲ့ ကိုညီပုကေတာ့ ” ေသသြားတာက ေဒၚမဘုပါ။ က်န္တဲ့သူေတြကေတာ့ ေက်ာက္ေတာ္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနပါတယ္။ သူတို႔က လယ္ကြင္းထဲမွာပ်ိဳးစိုက္ေနၾကတာ။ အဲဒီအခ်ိန္မွာ မနက္က အေပါက္ဝရဲစခန္းမွာေနတဲ့ တပ္မေတာ္စစ္ေၾကာင္းထြက္လာတဲ့အခါပစ္ခတ္မႈျဖစ္ၾကတဲ့အခါမွာ သူတို႔က ေၾကာက္ၿပီးေျပးၾကတဲ့အခါ လက္နက္ႀကီးက်ည္လာက်တာပါ။” လို႔ ေျပာျပပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းကိုင္ေျဖၾကားတာမရွိပါဘူး။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးပဋိပကၡေတြေၾကာင့္ ေဒသခံအရပ္သားျပည္သူေတြ ေသဆုံး၊ ဒဏ္ရာရရမႈပိုမိုျမင့္တက္လာၿပီး ၿပီးခဲ့တဲ့ ဩဂုတ္လ ၂၂ ရက္ေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္ရံသာစည္ေက်း႐ြာမွာလက္နက္ႀကီးက်ၿပီး (၃) ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးအပါအဝင္ အမ်ိဳးသမီး (၂) ေယာက္နဲ႔ အမ်ိဳးသား (၂) ေယာက္ဒဏ္ရာရတဲ့ျဖစ္စဥ္လည္း ျဖစ္ခဲ့ဖူးပါတယ္။

လက္ရွိမွာ ရခိုင္ျပည္နယ္အတြင္း ကိုဗစ္ ၁၉ ေရာဂါကူးစပ္မႈျမွင့္တက္ေနၿပီး တစ္ဖက္မွာလည္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြေၾကာင့္ ေဒသခံရခိုင္ျပည္သူေတြ ပိုထိခိုက္လာေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္ ေက်ာက္ေတာ္ၿမိဳ႕နယ္ဟာ ကိုဗစ္ ၁၉ ဓာတ္ခြဲအတည္ျပဳလူနာေတြေတြ႕ရွိထားတဲ့ ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕နယ္ေတြထဲက တစ္ခုျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေက်ာက္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW