AA ဖမ်းသွားတဲ့ ခူမီးချင်းလူငယ် ၄ဦးထဲက ၃ဦးကိုပြန်လွှတ်ပေး

AA ဖမ်းသွားတဲ့ ခူမီးချင်းလူငယ် ၄ဦးထဲက ၃ဦးကိုပြန်လွှတ်ပေး

ရန်ကုန်၊သြဂုတ် ၂၇-၂၀၂၀
အေးချမ်းသူ(VOM)

‌ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က ဖမ်းဆီးသွားတဲ့ ပလက်ဝဒေသခံ ခူမီးချင်းလူငယ်၄ ဦးထဲက လူငယ် ၃ဦးကို မနေ့ သြဂုတ်လ ၂၅ရက်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးခဲ့တယ်လို့ ချင်းပြည်သူများအရေးပေါ်ကူညီရေးနှင့်ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI)ကနေ သိရပါတယ်။

ပလက်ဝမြို့နယ်ရှိ ခူမီးချင်းလူငယ် ဆလိုင်းအောင်စိုးအပါအဝင် လူငယ် ၄ဦးတို့ဟာ ဇူလိုင်လ ၂၉ရက်က ကျောက်တော်ကနေ ပလက်ဝကိုပြန်လာချိန် လမ်းခုလတ်မှာရှိတဲ့ ငသရိုင်းရွာမှာ AA အဖွဲ့ရဲက ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့ (RRCCI)အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ မိုင်နန်းဝေကပြောပါတယ်။

“မနေ့က ညနေ၅နာရီလောက်မှာ ပလက်ဝရောက်လာတယ်။ အစ်မတို့ကိုဖုန်းဆက်တယ်။သူတို့ပြန်လွတ်လာတယ်ပေါ့။ သူတို့က ကိုအောင်စိုးကိုဖမ်းချင်တာ၊ သူတို့နဲ့မဆိုင်လို့ပြန်လွှတ်တာ”လို့ မိုင်နန်းဝေကပြောပါတယ်။

အေအေကနေ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေဟာ ဆလိုင်းခင်မောင်ထွန်း၊ ဆလိုင်းဘင်ဂျမင်နဲ့ ဆလိုင်းအောင်ထွန်းကို တို့ဖြစ်ပြီး ဆလိုင်းအောင်စိုးကိုတော့ AA အဖွဲ့က ဆက်လက်ဖမ်းဆီးထားတဲ့အပြင် ဖမ်းဆီးတဲ့ အကြောင်းအရင်းကိုတော့ မသိရဘူးလို့ (RRCCI) ပြန်ကြားရေးတာဝန်ခံ မိုင်နန်းဝေကပြောပါတယ်။

ပြန်လည်လွှတ်မြောက်လာသူတွေကို ကူညီပေးဖို့အတွက် လက်တလောမှာ အဖွဲ့အစည်းတွေနဲ့တိုင်ပင်ဆောင်ရွက်နေပြီး ခူမီးချင်းဒေသခံတွေအနေနဲ့ အေအေအဖွဲ့ကို အနှောင့်အယှက်ပေးတာမရှိဘူးလို့ သိရပါတယ်။

အခုလိုလုပ်ရပ်တွေကြောင့် ခရီးသွားလာရာမှာလည်း အန္တရယ်ရှိတယ်လို့ ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေးအထောက်အကူပြုကော်မတီမှ အဖွဲ့ခေါင်းဆောင် ဆလိုင်းရာကျော်ကပြောပါတယ်။

‌ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ်ကနေ လက်ရှိအချိန်ထိပျောက်ဆုံးနေတဲ့ လူဦးရေ (၂၀)အထိရှိပြီး သေဆုံးသူ ဦးရေမှာ ၂၀၂၀ဇန်နဝါရီကနေ လက်ရှိအခြေအနေထိ လူဦးရေ (၄၀)ခန့်ရှိတယ်လို့ ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့်သဘာဝဘေးကူညီရေးအဖွဲ့(CISC)ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

#voiceofmyanmar #VOM #ပလက်ဝ

Zawgyi

AA ဖမ္းသြားတဲ့ ခူမီးခ်င္းလူငယ္ ၄ဦးထဲက ၃ဦးကိုျပန္လႊတ္ေပး

ရန္ကုန္၊ျသဂုတ္ ၂၇-၂၀၂၀
ေအးခ်မ္းသူ(VOM)

‌ရခိုင္လက္နက္ကိုင္အဖြဲ႔(AA)က ဖမ္းဆီးသြားတဲ့ ပလက္ဝေဒသခံ ခူမီးခ်င္းလူငယ္၄ ဦးထဲက လူငယ္ ၃ဦးကုိ မေန႔ ၾသဂုတ္လ ၂၅ရက္ေန႔ ညေနပိုင္းက ျပန္လႊတ္ေပးခဲ့တယ္လို႔ ခ်င္းျပည္သူမ်ားအေရးေပၚကူညီေရးႏွင့္ျပန္လည္ထူေထာင္ေရးေကာ္မတီ(RRCCI)ကေန သိရပါတယ္။

ပလက္ဝၿမိဳ႕နယ္႐ွိ ခူမီးခ်င္းလူငယ္ ဆလိုင္းေအာင္စိုးအပါအဝင္ လူငယ္ ၄ဦးတုိ႔ဟာ ဇူလိုင္လ ၂၉ရက္က ေက်ာက္ေတာ္ကေန ပလက္၀ကိုျပန္လာခ်ိန္ လမ္းခုလတ္မွာရွိတဲ့ ငသရိုင္းရြာမွာ AA အဖြဲ႕ရဲက ဖမ္းဆီးျခင္းကိုခံခဲ့ရတာျဖစ္တယ္လို႔ (RRCCI)အဖြဲ႔မွ ျပန္ၾကားေရးတာဝန္ခံ မိုင္နန္းေဝကေျပာပါတယ္။

“မေန႔က ညေန၅နာရီေလာက္မွာ ပလက္ဝေရာက္လာတယ္။ အစ္မတို႔ကုိဖုန္းဆက္တယ္။သူတို႔ျပန္လြတ္လာတယ္ေပါ့။ သူတို႔က ကိုေအာင္စိုးကုိဖမ္းခ်င္တာ၊ သူတုိ႔နဲ႔မဆိုင္လို႔ျပန္လႊတ္တာ”လို႔ မိုင္နန္းေဝကေျပာပါတယ္။

ေအေအကေန ဖမ္းဆီးေခၚေဆာင္ခံရၿပီး ျပန္လည္လြတ္ေျမာက္လာသူေတြဟာ ဆလိုင္းခင္ေမာင္ထြန္း၊ ဆလိုင္းဘင္ဂ်မင္နဲ႔ ဆလိုင္းေအာင္ထြန္းကို တို့ျဖစ္ၿပီး ဆလိုင္းေအာင္စိုးကိုေတာ့ AA အဖြဲ႕က ဆက္လက္ဖမ္းဆီးထားတဲ့အျပင္ ဖမ္းဆီးတဲ့ အေၾကာင္းအရင္းကိုေတာ့ မသိရဘူးလို႔ (RRCCI) ျပန္ၾကားေရးတာဝန္ခံ မိုင္နန္းေဝကေျပာပါတယ္။

ျပန္လည္လႊတ္ေျမာက္လာသူေတြကို ကူညီေပးဖို႔အတြက္ လက္တေလာမွာ အဖြဲ႔အစည္းေတြနဲ႔တိုင္ပင္ေဆာင္ရြက္ေနၿပီး ခူမီးခ်င္းေဒသခံေတြအေနနဲ႔ ေအေအအဖြဲ႔ကုိ အေႏွာင့္အယွက္ေပးတာမရွိဘူးလို႔ သိရပါတယ္။

အခုလိုလုပ္ရပ္ေတြေၾကာင့္ ခရီးသြားလာရာမွာလည္း အႏၲရယ္႐ွိတယ္လို႔ ပလက္ဝၿမိဳ႕နယ္ စားနပ္ရိကၡာဖူလုံေရးအေထာက္အကူျပဳေကာ္မတီမွ အဖြဲ႔ေခါင္းေဆာင္ ဆလိုင္းရာေက်ာ္ကေျပာပါတယ္။

‌ပလက္ဝၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲမ်ားေၾကာင့္ ၂၀၁၈ ခုႏွစ္ကေန လက္ရွိအခ်ိန္ထိေပ်ာက္ဆုံးေနတဲ့ လူဦးေရ (၂၀)အထိရွိၿပီး ေသဆုံးသူ ဦးေရမွာ ၂၀၂၀ဇန္နဝါရီကေန လက္ရွိအေျခအေနထိ လူဦးေရ (၄၀)ခန႔္ရွိတယ္လို႔ ပလက္ဝၿမိဳ႕နယ္တိုက္ပြဲေရွာင္ႏွင့္သဘာဝေဘးကူညီေရးအဖြဲ႕(CISC)ရဲ႕ ထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။

#voiceofmyanmar #VOM #ပလက္ဝ

Related posts

Leave a Comment

VOM News

FREE
VIEW