ရွှေဘိုကမ္ဘောဇဘဏ်ခွဲ မန်နေဂျာက လုပ်ငန်းရှင်တစ်ဦးဆီကနေ သိန်းတစ်ထောင်ကျော် လိမ်လည်

ရွှေဘိုကမ္ဘောဇဘဏ်ခွဲ မန်နေဂျာက လုပ်ငန်းရှင်တစ်ဦးဆီကနေ သိန်းတစ်ထောင်ကျော် လိမ်လည်

ရွှေဘိုကမ္ဘောဇဘဏ်ခွဲ မန်နေဂျာက လုပ်ငန်းရှင်တစ်ဦးဆီကနေ သိန်းတစ်ထောင်ကျော် လိမ်လည်

မန္တလေး ၊ သြဂုတ်- ၂၉ -၂၀၂၀
ရှိုင်းအောင်(VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၆) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၁)က မန်နေဂျာဟာ ပဲပွဲရုံလုပ်ငန်းရှင် ဦးစိုးတင့် ဆီကနေ စိုက်စပ်လို့ခေါ်တဲ့ ချေးငွေလုပ်ငန်းလုပ်ဖို့ပြောပြီး ငွေကျပ်သိန်းပေါင်းများစွာ လိမ်လည်ခဲ့တယ်လို့ မန္တလေးမြို့က မီဒီယာစင်တာမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အလိမ်ခံရသူ ဦးစိုးတင့်က ပြောခဲ့ပါတယ်။

ပဲလုပ်ငန်းလုပ်ကိုင်ဖို့ ငွေလိုအပ်နေတဲ့အတွက် ဦးစိုးတင့်ဟာ အမှတ် (၆) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၁)မှာ အိမ်ကိုပေါင်နှံပြီး သိန်း ၁၅၀၀ ချေးခဲ့တာဖြစ်ပြီး ၁၁၈၆ သိန်းကို ၂၀၁၉ ခုနှစ်အတွက် ဘဏ်ကို အကျေအလည်ဆပ်ဖို့ ပြန်သွင်းထားတဲ့အချိန်မှာ ဘဏ်မန်နေဂျာ ဒေါ်ခင်အေးမြင့်က ငွေကိုဒီအတိုင်းထားရင် အကျိုးမရှိဘူး ငွေတွေလည်းနစ်နာတယ်၊ ဒီအတိုင်းမထားပါနဲ့ ဘဏ်အတွက် အကျိုးကျေးဇူးရှိအောင် စိုက်စပ်လေးလုပ်ပေးပါဆိုပြီးပြောပြတာကြောင့် ယုံကြည်ပြီး ဇွန်လ ၂၁ ရက်နေ့မှာ ကျပ်သိန်း ၆၀၀၊ ၂၄ ရက်နေ့မှာ ကျပ်သိန်း ၄၇၀ ၊ ဇူလိုင်လ ၁ ရက်နေ့မှာ ကျပ်သိန်း ၁၀၀ ကို လက်မှတ်ထိုးခဲ့တာဖြစ်တယ်လို့ ဦးစိုးတင့်က ပြောပါတယ်။

“သက်တမ်းတိုးရင်လည်း ရွှေဘိုမှာဆိုရင်တော့ ကမ္ဘောဇဘဏ်မန်နေဂျာက အကြီးဆုံးပဲဗျ၊ အဲ့တော့ သူ့ကိုယုံကြည်ပြီးတော့ ဘဏ်မန်နေဂျာရုံးခန်းမှာ လက်မှတ်ထိုးပြီးတော့ ဘဏ်ချက် နှစ်စောင်ရေးပေးခဲ့ပါတယ်။ ဘဏ်ချက် ၂ စောင်ကို ထုတ်သုံးပြီးတော့ ၁၀ ရက်လောက်နေတော့ အကောင့်ထဲကို မဝင်လို့ သွားပြောမှ သူက ဖြေးဖြေးမှ၊ တနင်္လာနေ့မှ စသဖြင့်ဒီလိုကြိမ်ဖန်များစွားပြောပြီးတော့ ရှောင်တယ်” လို့ ဦးစိုးတင့်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၁)ကို ဇူလိုင်လ ၁၂ ရက်နေ့မှာ ဦးစိုးတင့်က ငွေသွားထုတ်တဲ့အချိန်မှာ ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်ခင်အေးမြင့်က ဘဏ်မန်နေဂျာရုံးခန်းကို ခေါ်ပြီး ငွေတွေကို အလွဲသုံးစားလုပ်မိကြောင်းဝန်ခံပြီး ဘဏ်ဥက္ကဋ္ဌကို သွားရောက်အကူအညီတောင်းကာ ဖြေရှင်းပေးမယ်ပြောပြီးတော့ ရှိခိုးတောင်းပန်ခဲ့တယ်လို့ ဦးစိုးတင့်ကပြောပါတယ်။

ဘဏ်မန်နေဂျာဖြစ်တဲ့ ဒေါ်ခင်အေးမြင့် ချိန်းဆိုတဲ့ ဇူလိုင် လ ၁၅ ရက်နေမှာ ဘဏ်စာရင်းစစ်တွေရောက်လာတဲ့အတွက် ဖြစ်စဉ်ကိုတိုင်ကြားခဲ့တာကြောင့် စာရင်းစစ်အဖွဲ့ဦးဆောင်သူ မဆုမွန်ဦးက “ဘဏ်ဌာနမှာ လုပ်သားပေါင်း ၂ သောင်းကျော်ရှိပါတယ်။သူတို့ရဲ့ဂုဏ်ကျက်သရေတွေကို ထိခိုက်နိုင်ပါတယ်။ ဦးစိုးတင့်အနေနဲ့ ဆင်ဆင်ခြင်ခြင်လုပ်ပေးပါဦး၊ ကျမအထက်ကိုတင်ပြပြီးပြောဆိုတောင်းပန်ပေးပါ့မယ်” ဆိုပြိးတင်ပြတဲ့ အသံံံံံံံံံံံံံံံံဖိုင်ရှိတယ်လို့ ဦးစိုးတင့်က ပြောပါတယ်။

ရန်ကုန်က ကမ္ဘောဇဘဏ်ရုံးချုပ်ကို ဇူလိုင်လ ၁၈ ရက်နေ့မှာ တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံ ပြီးအကျိုးအကြောင်းပြောပြခဲ့ပြီး၊ဇူလိုင်လ ၂၂ ရက်နေ့မှာ ကမ္ဘောဇဘဏ်ရဲ့ MD ဖြစ်တဲ့ ဦးအောင်ကျော်မိုးက ငွေတွေကို ပြန်လည်ရအောင် လုပ်ပေးမယ်ပြောခဲ့ပေမယ့် ဒီနေ့အချိန်ထိ ဘဏ်ကတာဝန်ရှိသူတွေဟာ တစ်စုံတရာဆောင်ရွက်ထားခြင်းမျိုး မရှိသေးဘဲ ငွေတပြားတချပ်မှာ ပြန်လည်မရရှိသေးဘူးလို့ ဦးစိုးတင့်က ပြောပါတယ်။

ငွေကြေးလိမ်လည်ခံရတဲ့အမှုကို လိုက်လံဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကတော့
“ရည်ရွယ်ချက်က ဘာလဲဆိုတော့ ဒီပုဂ္ဂိုလ်တွေက ဒေါ်ခင်အေးမြင့်ကို ယုံလို့ ငွေပေးအပ်ခဲ့တာ မဟုတ်ဘူး ယူနီဖောင်းအပြည်စုံနဲ့ ဘဏ်နဲ့အလုပ်လုပ်မယ်ဆိုလို့ ကမ္ဘောဇဘဏ်ရဲ့ ဂုဏ်သတင်းကို ယုံလို့ သူတို့က အပ်ခဲ့တာ၊ ဥပဒေကြောင်းရ ကျတော်ပြောမယ် ခင်အေးမြင့်လုပ်သွားတာ ကျတော်တို့ ကမ္ဘေဇဘဏ်နဲ့ မဆိုင်ဘူး ရွှေဘိုဘဏ်နဲ့ဘဲဆိုင်တယ်၊ ရုံးချုပ်ဘဏ်နဲ့မဆိုင်ဘူးလို့ ပြောလို့မရဘူး သူတို့ဘဏ်နဲ့ နာမည်နဲ့ ဂုဏ်သတင်းကို ယုံကြည်တဲ့အတွက် အပ်ခဲ့တာ သူတို့အကုန်တာဝန်ယူရမှာ ဘယ်လိုဖြေရှင်းပေးမှာလဲ ဒီပြဿနာကို ဒီကိစ္စဒီတောင်သူတွေကို ရှင်းပေးပါ သူတို့အိမ်ကိုလည်း ပေါင်ထားရပါတယ်။ ဒီကိစ္စ ကျွန်တော်တို့ တရားစွဲတော့မှာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ခန္တီးမြို့ ကမ္ဘောဇဘဏ်ရဲ့ ဒုတိယဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးဟာ ငွေစုထားတဲ့ လုပ်ငန်းရှင်တဦးရဲ့ အကောင့်ထဲကနေ သိန်း ၅ထောင်ကို ပိုင်ရှင်မသိဘဲ အွန်လိုင်းစနစ်နဲ့ ထုတ်ယူတာပေါ်ပေါက်တဲ့အတွက် ဘဏ်ရဲ့တာဝန်ခံတယောက်ကနေ မုံရွာမှာအမှုဖွင့်တိုင်တန်းလို့ ဖမ်းဆီးအရေးယူမှုဖြစ်စဉ်တခု ပေါ်ပေါက်ခဲ့ပါသေးတယ်။

#VoiceofMyanmar #VOM # KBZBank # ငွေကြေးလိမ်လည်မှု #ရွှေဘိုကမ္ဘောဇ

ေ႐ႊဘိုကေမာၻဇဘဏ္ခြဲ မန္ေနဂ်ာက လုပ္ငန္းရွင္တစ္ဦးဆီကေန သိန္းတစ္ေထာင္ေက်ာ္ လိမ္လည္

မႏၲေလး ၊ ၾသဂုတ္- ၂၉ -၂၀၂၀
ရႈိင္းေအာင္(VOM)

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕၊ အမွတ္ (၆) ရပ္ကြက္မွာ ဖြင့္လွစ္ထားတဲ့ ကေမာၻဇဘဏ္ ဘဏ္ခြဲ (၁)က မန္ေနဂ်ာဟာ ပဲပြဲ႐ုံလုပ္ငန္းရွင္ ဦးစိုးတင့္ ဆီကေန စိုက္စပ္လို႔ေခၚတဲ့ ေခ်းေငြလုပ္ငန္းလုပ္ဖို႔ေျပာၿပီး ေငြက်ပ္သိန္းေပါင္းမ်ားစြာ လိမ္လည္ခဲ့တယ္လို႔ မႏၲေလးၿမိဳ႕က မီဒီယာစင္တာမွာျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ အလိမ္ခံရသူ ဦးစိုးတင့္က ေျပာခဲ့ပါတယ္။

ပဲလုပ္ငန္းလုပ္ကိုင္ဖို႔ ေငြလိုအပ္ေနတဲ့အတြက္ ဦးစိုးတင့္ဟာ အမွတ္ (၆) ရပ္ကြက္မွာ ဖြင့္လွစ္ထားတဲ့ ကေမာၻဇဘဏ္ ဘဏ္ခြဲ (၁)မွာ အိမ္ကိုေပါင္ႏွံၿပီး သိန္း ၁၅၀၀ ေခ်းခဲ့တာျဖစ္ၿပီး ၁၁၈၆ သိန္းကို ၂၀၁၉ ခုႏွစ္အတြက္ ဘဏ္ကို အေက်အလည္ဆပ္ဖို႔ ျပန္သြင္းထားတဲ့အခ်ိန္မွာ ဘဏ္မန္ေနဂ်ာ ေဒၚခင္ေအးျမင့္က ေငြကိုဒီအတိုင္းထားရင္ အက်ိဳးမရွိဘူး ေငြေတြလည္းနစ္နာတယ္၊ ဒီအတိုင္းမထားပါနဲ႔ ဘဏ္အတြက္ အက်ိဳးေက်းဇူးရွိေအာင္ စိုက္စပ္ေလးလုပ္ေပးပါဆိုၿပီးေျပာျပတာေၾကာင့္ ယုံၾကည္ၿပီး ဇြန္လ ၂၁ ရက္ေန႔မွာ က်ပ္သိန္း ၆၀၀၊ ၂၄ ရက္ေန႔မွာ က်ပ္သိန္း ၄၇၀ ၊ ဇူလိုင္လ ၁ ရက္ေန႔မွာ က်ပ္သိန္း ၁၀၀ ကို လက္မွတ္ထိုးခဲ့တာျဖစ္တယ္လို႔ ဦးစိုးတင့္က ေျပာပါတယ္။

“သက္တမ္းတိုးရင္လည္း ေ႐ႊဘိုမွာဆိုရင္ေတာ့ ကေမာၻဇဘဏ္မန္ေနဂ်ာက အႀကီးဆုံးပဲဗ်၊ အဲ့ေတာ့ သူ႔ကိုယုံၾကည္ၿပီးေတာ့ ဘဏ္မန္ေနဂ်ာ႐ုံးခန္းမွာ လက္မွတ္ထိုးၿပီးေတာ့ ဘဏ္ခ်က္ ႏွစ္ေစာင္ေရးေပးခဲ့ပါတယ္။ ဘဏ္ခ်က္ ၂ ေစာင္ကို ထုတ္သုံးၿပီးေတာ့ ၁၀ ရက္ေလာက္ေနေတာ့ အေကာင့္ထဲကို မဝင္လို႔ သြားေျပာမွ သူက ေျဖးေျဖးမွ၊ တနလၤာေန႔မွ စသျဖင့္ဒီလိုႀကိမ္ဖန္မ်ားစြားေျပာၿပီးေတာ့ ေရွာင္တယ္” လို႔ ဦးစိုးတင့္က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ကေမာၻဇဘဏ္ ဘဏ္ခြဲ (၁)ကို ဇူလိုင္လ ၁၂ ရက္ေန႔မွာ ဦးစိုးတင့္က ေငြသြားထုတ္တဲ့အခ်ိန္မွာ ဘဏ္မန္ေနဂ်ာျဖစ္သူ ေဒၚခင္ေအးျမင့္က ဘဏ္မန္ေနဂ်ာ႐ုံးခန္းကို ေခၚၿပီး ေငြေတြကို အလြဲသုံးစားလုပ္မိေၾကာင္းဝန္ခံၿပီး ဘဏ္ဥကၠ႒ကို သြားေရာက္အကူအညီေတာင္းကာ ေျဖရွင္းေပးမယ္ေျပာၿပီးေတာ့ ရွိခိုးေတာင္းပန္ခဲ့တယ္လို႔ ဦးစိုးတင့္ကေျပာပါတယ္။

ဘဏ္မန္ေနဂ်ာျဖစ္တဲ့ ေဒၚခင္ေအးျမင့္ ခ်ိန္းဆိုတဲ့ ဇူလိုင္ လ ၁၅ ရက္ေနမွာ ဘဏ္စာရင္းစစ္ေတြေရာက္လာတဲ့အတြက္ ျဖစ္စဥ္ကိုတိုင္ၾကားခဲ့တာေၾကာင့္ စာရင္းစစ္အဖြဲ႕ဦးေဆာင္သူ မဆုမြန္ဦးက “ဘဏ္ဌာနမွာ လုပ္သားေပါင္း ၂ ေသာင္းေက်ာ္ရွိပါတယ္။သူတို႔ရဲ႕ဂုဏ္က်က္သေရေတြကို ထိခိုက္ႏိုင္ပါတယ္။ ဦးစိုးတင့္အေနနဲ႔ ဆင္ဆင္ျခင္ျခင္လုပ္ေပးပါဦး၊ က်မအထက္ကိုတင္ျပၿပီးေျပာဆိုေတာင္းပန္ေပးပါ့မယ္” ဆိုၿပိးတင္ျပတဲ့ အသံံံံံံံံံံံံံံံံဖိုင္ရွိတယ္လို႔ ဦးစိုးတင့္က ေျပာပါတယ္။

ရန္ကုန္က ကေမာၻဇဘဏ္႐ုံးခ်ဳပ္ကို ဇူလိုင္လ ၁၈ ရက္ေန႔မွာ တာဝန္ရွိသူေတြကို သြားေရာက္ေတြ႕ဆုံ ၿပီးအက်ိဳးအေၾကာင္းေျပာျပခဲ့ၿပီး၊ဇူလိုင္လ ၂၂ ရက္ေန႔မွာ ကေမာၻဇဘဏ္ရဲ႕ MD ျဖစ္တဲ့ ဦးေအာင္ေက်ာ္မိုးက ေငြေတြကို ျပန္လည္ရေအာင္ လုပ္ေပးမယ္ေျပာခဲ့ေပမယ့္ ဒီေန႔အခ်ိန္ထိ ဘဏ္ကတာဝန္ရွိသူေတြဟာ တစ္စုံတရာေဆာင္႐ြက္ထားျခင္းမ်ိဳး မရွိေသးဘဲ ေငြတျပားတခ်ပ္မွာ ျပန္လည္မရရွိေသးဘူးလို႔ ဦးစိုးတင့္က ေျပာပါတယ္။

ေငြေၾကးလိမ္လည္ခံရတဲ့အမႈကို လိုက္လံေဆာင္႐ြက္ေပးတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦး ကေတာ့
“ရည္႐ြယ္ခ်က္က ဘာလဲဆိုေတာ့ ဒီပုဂၢိဳလ္ေတြက ေဒၚခင္ေအးျမင့္ကို ယုံလို႔ ေငြေပးအပ္ခဲ့တာ မဟုတ္ဘူး ယူနီေဖာင္းအျပည္စုံနဲ႔ ဘဏ္နဲ႔အလုပ္လုပ္မယ္ဆိုလို႔ ကေမာၻဇဘဏ္ရဲ႕ ဂုဏ္သတင္းကို ယုံလို႔ သူတို႔က အပ္ခဲ့တာ၊ ဥပေဒေၾကာင္းရ က်ေတာ္ေျပာမယ္ ခင္ေအးျမင့္လုပ္သြားတာ က်ေတာ္တို႔ ကေမၻဇဘဏ္နဲ႔ မဆိုင္ဘူး ေ႐ႊဘိုဘဏ္နဲ႔ဘဲဆိုင္တယ္၊ ႐ုံးခ်ဳပ္ဘဏ္နဲ႔မဆိုင္ဘူးလို႔ ေျပာလို႔မရဘူး သူတို႔ဘဏ္နဲ႔ နာမည္နဲ႔ ဂုဏ္သတင္းကို ယုံၾကည္တဲ့အတြက္ အပ္ခဲ့တာ သူတို႔အကုန္တာဝန္ယူရမွာ ဘယ္လိုေျဖရွင္းေပးမွာလဲ ဒီျပႆနာကို ဒီကိစၥဒီေတာင္သူေတြကို ရွင္းေပးပါ သူတို႔အိမ္ကိုလည္း ေပါင္ထားရပါတယ္။ ဒီကိစၥ ကြၽန္ေတာ္တို႔ တရားစြဲေတာ့မွာပါ” လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္လ ၂၀ ရက္ေန႔ကလည္း စစ္ကိုင္းတိုင္း ခႏၲီးၿမိဳ႕ ကေမာၻဇဘဏ္ရဲ႕ ဒုတိယဘဏ္ခြဲတာဝန္ခံ ႀကီးၾကပ္ေရးမႉးဟာ ေငြစုထားတဲ့ လုပ္ငန္းရွင္တဦးရဲ႕ အေကာင့္ထဲကေန သိန္း ၅ေထာင္ကို ပိုင္ရွင္မသိဘဲ အြန္လိုင္းစနစ္နဲ႔ ထုတ္ယူတာေပၚေပါက္တဲ့အတြက္ ဘဏ္ရဲ႕တာဝန္ခံတေယာက္ကေန မုံ႐ြာမွာအမႈဖြင့္တိုင္တန္းလို႔ ဖမ္းဆီးအေရးယူမႈျဖစ္စဥ္တခု ေပၚေပါက္ခဲ့ပါေသးတယ္။

#VoiceofMyanmar #VOM # KBZBank # ေငြေၾကးလိမ္လည္မႈ #ေ႐ႊဘိုကေမာၻဇ

Related posts

Leave a Comment

VOM News

FREE
VIEW