နန်ဆန်ယန်အပါအဝင် ရွာသုံးရွာက နေရပ်ပြန်စစ်ရှောင်တွေကို နေအိမ်နဲ့ ဆိုလာမီး ထောက်ပံ့မယ်

နန်ဆန်ယန်အပါအဝင် ရွာသုံးရွာက နေရပ်ပြန်စစ်ရှောင်တွေကို နေအိမ်နဲ့ ဆိုလာမီး ထောက်ပံ့မယ်

မြစ်ကြီးနား၊ စက်တင်ဘာ ၂-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်က နန်ဆန်ယန်၊ ဒတ်ဘတ်ယန်နဲ့ တာလောကြီး ကျေးရွာတွေက နေရပ်ပြန် စစ်ရှောင်အိမ်ထောင်စု ၁၉၀ ကျော်ရဲ့ ပျက်စီးနေတဲ့ နေအိမ်တွေကို ပြန်ဆောက်ပေးသွားမှာဖြစ်သလို တစ်အိမ်ကို ၂ သိန်း ၇ သောင်းတန်းဖိုရှိတဲ့ ဆိုလာနဲ့ ဘတ်ထရီမီးချောင်းအစုံကိုလည်း ထောက်ပံ့ပေးသွာမှာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

ပျက်စီးသွားတဲ့အိမ်အတွက် ငွေကျပ် ၇၅ သိန်းတန် အိမ်အသစ် တည်ဆောက်ပေးမှာဖြစ်ပြီး တစ်ဝက်တစ်ပျက် ပျက်စီးခဲ့တဲ့ အိမ်တွေအတွက် ပြင်ဆင်စရိတ် ငွေကျပ် ၃၅ သိန်းကိုအိမ်ပိုင်ရှင်ဆီ ပေးအပ်သွားမယ်လို့ သိရပါတယ်။

နေရပ်ပြန်စစ်ရှောင် မိသားစုတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအနေနဲ့ ကော်မတီ ၉ ခု ဖွဲ့စည်းထားပြီး ရေ ၊ မီး နဲ့ နေအိမ် ထောက်ပံ့ပေးဖို့ သက်ဆိုင်ရာကော်မတီတွေကနေ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံကနေ ယွမ်သန်း ၂၀၀ ကူညီမယ့်အထဲက သြဂုတ်လ ၅ ရက်နေ့မှာ လှူးဒါန်းတဲ့ ယွမ် ၄ သန်းနဲ့ နန်ဆန်ယန်ကျေးရွာအပါ ကျေးရွာ ၃ ရွာက နေရပ်ပြန်တွေကို ထောက်ပံ့ကူညီပေးသွားမယ့် အစီအစဉ်ကို “ နန်ဆန်ယန်ရွာမှာ ပြန်ရွှေ့လာတဲ့ ၉၈ အိမ်ထောင်စုကို ဆိုလာတွေ ကူညီမယ် နေအိမ်ပျက်နေတဲ့ အလုံးတွေကို ပြန်ဆောက်ပေးမယ်၊ ပျက်နေတဲ့အလုံးတွေကိုတော့ ဆရာတို့က အသစ်ဆောက်ပေးမယ်၊ နောက် ရေနဲ့ မီးဆိုတော့ လောလောဆယ်တော့ ဓာတ်အားလိုင်းမရတဲ့အခါကျတော့ ဆိုလာပဲ တပ်ပေးရမယ် “ လို့ ဦးဇော်ဇော်ကပြောပါတယ်။

နန်ဆန်ယန်ကျေးရွာက သင်းအုပ်ဆရာ ဆရာဇော်လေးကတော့ နေရပ်ပြန်တွေအတွက် အရင်ကအခြေအနေလို ပြန်ရောက်နိုင်ဖို့ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဝိုင်းဝန်ကူညီမှ အဆင်ပြေနိုင်မယ်လို့ ပြောပါတယ်။

လက်ရှိလျှပ်စစ်မီးရရှိသွားပြီဖြစ်တဲ့ တာလောကြီးကျေးရွာမှာ မီတာဘောက်နဲ့ မီးကြိုးသွယ်တန်းစရိတ် ထောက်ပံ့ပေးသွားမှာဖြစ်ပြီး နန်ဆန်ယန်နဲ့ ၊ ဒဘတ်ယန်ကျေးရွာတွေကတော့ လျှပ်စစ်မီးမရလို့ ဆိုလာဘတ်ထရီနဲ့ မီးချောင်းတွေ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

နေရပ်ပြန်အခြေချနေထိုင်တဲ့ စစ်ရှောင်အိမ်ထောင်စုတွေကတော့ နန်ဆန်ယန်ကျေးရွာမှာ ၉၈ စု ၊ ဒဘတ်ယန်ကျေးရွာမှာ ၃၄ စုနဲ့ တာလောကြီးကျေးရွာမှာ ၅၆ စု ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နန်ဆန်ယန်

Zawgyi

နန္ဆန္ယန္အပါအဝင္ ႐ြာသုံး႐ြာက ေနရပ္ျပန္စစ္ေရွာင္ေတြကို ေနအိမ္နဲ႔ ဆိုလာမီး ေထာက္ပံ့မယ္

ျမစ္ႀကီးနား၊ စက္တင္ဘာ ၂-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္က နန္ဆန္ယန္၊ ဒတ္ဘတ္ယန္နဲ႔ တာေလာႀကီး ေက်း႐ြာေတြက ေနရပ္ျပန္ စစ္ေရွာင္အိမ္ေထာင္စု ၁၉၀ ေက်ာ္ရဲ႕ ပ်က္စီးေနတဲ့ ေနအိမ္ေတြကို ျပန္ေဆာက္ေပးသြားမွာျဖစ္သလို တစ္အိမ္ကို ၂ သိန္း ၇ ေသာင္းတန္းဖိုရွိတဲ့ ဆိုလာနဲ႔ ဘတ္ထရီမီးေခ်ာင္းအစုံကိုလည္း ေထာက္ပံ့ေပးသြာမွာျဖစ္တယ္လို႔ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဇာ္က ေျပာပါတယ္။

ပ်က္စီးသြားတဲ့အိမ္အတြက္ ေငြက်ပ္ ၇၅ သိန္းတန္ အိမ္အသစ္ တည္ေဆာက္ေပးမွာျဖစ္ၿပီး တစ္ဝက္တစ္ပ်က္ ပ်က္စီးခဲ့တဲ့ အိမ္ေတြအတြက္ ျပင္ဆင္စရိတ္ ေငြက်ပ္ ၃၅ သိန္းကိုအိမ္ပိုင္ရွင္ဆီ ေပးအပ္သြားမယ္လို႔ သိရပါတယ္။

ေနရပ္ျပန္စစ္ေရွာင္ မိသားစုေတြနဲ႔ ပတ္သက္ၿပီး ျပည္နယ္အစိုးရအေနနဲ႔ ေကာ္မတီ ၉ ခု ဖြဲ႕စည္းထားၿပီး ေရ ၊ မီး နဲ႔ ေနအိမ္ ေထာက္ပံ့ေပးဖို႔ သက္ဆိုင္ရာေကာ္မတီေတြကေန ေဆာင္႐ြက္သြားမယ္လို႔လည္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံကေန ယြမ္သန္း ၂၀၀ ကူညီမယ့္အထဲက ၾသဂုတ္လ ၅ ရက္ေန႔မွာ လႉးဒါန္းတဲ့ ယြမ္ ၄ သန္းနဲ႔ နန္ဆန္ယန္ေက်း႐ြာအပါ ေက်း႐ြာ ၃ ႐ြာက ေနရပ္ျပန္ေတြကို ေထာက္ပံ့ကူညီေပးသြားမယ့္ အစီအစဥ္ကို “ နန္ဆန္ယန္႐ြာမွာ ျပန္ေ႐ႊ႕လာတဲ့ ၉၈ အိမ္ေထာင္စုကို ဆိုလာေတြ ကူညီမယ္ ေနအိမ္ပ်က္ေနတဲ့ အလုံးေတြကို ျပန္ေဆာက္ေပးမယ္၊ ပ်က္ေနတဲ့အလုံးေတြကိုေတာ့ ဆရာတို႔က အသစ္ေဆာက္ေပးမယ္၊ ေနာက္ ေရနဲ႔ မီးဆိုေတာ့ ေလာေလာဆယ္ေတာ့ ဓာတ္အားလိုင္းမရတဲ့အခါက်ေတာ့ ဆိုလာပဲ တပ္ေပးရမယ္ “ လို႔ ဦးေဇာ္ေဇာ္ကေျပာပါတယ္။

နန္ဆန္ယန္ေက်း႐ြာက သင္းအုပ္ဆရာ ဆရာေဇာ္ေလးကေတာ့ ေနရပ္ျပန္ေတြအတြက္ အရင္ကအေျခအေနလို ျပန္ေရာက္ႏိုင္ဖို႔ အစိုးရနဲ႔ အရပ္ဘက္အဖြဲ႕အစည္းေတြ ဝိုင္းဝန္ကူညီမွ အဆင္ေျပႏိုင္မယ္လို႔ ေျပာပါတယ္။

လက္ရွိလွ်ပ္စစ္မီးရရွိသြားၿပီျဖစ္တဲ့ တာေလာႀကီးေက်း႐ြာမွာ မီတာေဘာက္နဲ႔ မီးႀကိဳးသြယ္တန္းစရိတ္ ေထာက္ပံ့ေပးသြားမွာျဖစ္ၿပီး နန္ဆန္ယန္နဲ႔ ၊ ဒဘတ္ယန္ေက်း႐ြာေတြကေတာ့ လွ်ပ္စစ္မီးမရလို႔ ဆိုလာဘတ္ထရီနဲ႔ မီးေခ်ာင္းေတြ ေထာက္ပံ့ေပးမွာျဖစ္ပါတယ္။

ေနရပ္ျပန္အေျခခ်ေနထိုင္တဲ့ စစ္ေရွာင္အိမ္ေထာင္စုေတြကေတာ့ နန္ဆန္ယန္ေက်း႐ြာမွာ ၉၈ စု ၊ ဒဘတ္ယန္ေက်း႐ြာမွာ ၃၄ စုနဲ႔ တာေလာႀကီးေက်း႐ြာမွာ ၅၆ စု ရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #နန္ဆန္ယန္

Related posts

Leave a Comment

VOM News

FREE
VIEW