ကယားပြည်နယ်ဝန်ကြီးချုပ်ကိုသမ္မတအမိန့်နဲ့ တာဝန်ကနေရပ်စဲတာဟာ ဥပဒေကိုလေးစားလိုက်နာမှုဖြစ်ပေမယ့် ကယားလွှတ်တော်ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဆောင်ရွက်ခဲ့ကြောင်း ပါတီဗဟိုထုတ်ပြန်

ကယားပြည်နယ်ဝန်ကြီးချုပ်ကိုသမ္မတအမိန့်နဲ့ တာဝန်ကနေရပ်စဲတာဟာ ဥပဒေကိုလေးစားလိုက်နာမှုဖြစ်ပေမယ့် ကယားလွှတ်တော်ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဆောင်ရွက်ခဲ့ကြောင်း ပါတီဗဟိုထုတ်ပြန်

 

မန္တလေး ၊စက်တင်ဘာ-၄-၂၀၂၀

Voice Of Myanmar

 

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှို ကိုနိုင်ငံတော်သမ္မတက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ၂၆၃၊ ပုဒ်မခွဲ(၅) ၊ပုဒ်မခွဲငယ်(၂)အရရာထူးကရပ်စဲလိုက်ကြောင်း စက်တင်ဘာ ၃ ရက်ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။

 

မြေယာနဲ့စက်ယန္တယားဝယ်ယူရေးကိစ္စတွေနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လေးပုံတစ်ပုံစွပ်စွဲပြစ်တင်တဲ့ကိစ္စစုံစမ်းစစ်‌ဆေးမှုအပြီးမှာနိုင်ငံတော်သမ္မတကလက်မှတ်ရေးထိုးပြီးတာဝန်ကနေရပ်စဲလိုက်တာဖြစ်ကြောင်း  ပြည်နယ်လွှတ်တော်အမတ်ခူးသဲရယ်ကပြောပါတယ်။

 

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဝန်ကြီးချုပ်ကလာရောက်စစ်ဆေးမှုမခံပေမယ့်စုံစမ်းမှုများပြီးသွားချိန်စက်တင်ဘာ၁ရက်နေ့ကပြည်နယ်လွှတ်တော်မှာမဲခွဲဆုံးဖြတ်ရာကန့်ကွက်မဲ၄မဲ၊‌ထောက်ခံမဲ၁၄မဲနဲ့အတည်ပြုခဲ့တာကြောင့်တာဝန်ကရပ်ဆိုင်းဖို့သမ္မတကိုတင်ပြခဲ့တာလည်းဖြစ်ပါတယ်။

 

NLD ပါတီဗဟိုရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလိုဆုံးဖြတ်ခဲ့တာဟာ  ဥပဒေကိုလေးစားလိုက်နာမှုဖြစ်ပေမယ့် ကယားလွှတ်တော်ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဆောင်ရွက်ခဲ့ကြောင်းဖေါ်ပြထားပါတယ်၊

 

“စွပ်စွဲပြစ်တင်မှုဖြစ်စဉ်သည် လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်၏ လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရာထားရာတွင် ပါဝင်ခဲ့ခြင်းမရှိသဖြင့် အလားတူ ပါဝင်ခြင်းမရှိသော အဖွဲ့ချုပ်အဖွဲ့ဝင် ကိုယ်စားလှည်များနှင်းလည်းကောင်း အဖွဲ့ချုပ်အဖွဲ့ဝင်မဟုတ်သည့် အခြားအစုအဖွဲ့ဝင် ကိုယ်စားလှယ်များ၏ အင်အားကိုရယူပြီးလည်းကောင်းအဖွဲ့ချုပ်၏ နိုင်ငံရေးပုံရိပ်ကို ထိခိုက်စေမည့်အချိန်ကိုက်ဆောင်ရွက်မှုဖြစ်သဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းရှုမြင်သုံးသပ်ထားပြီး

နောက်နောင်ဒီဖြစ်စဉ်မျိုးကို ပေါ်ပေါက်ခြင်းမရှိအောင် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။“လို့ရေးသားထုတ်ပြန်ထားပါတယ်။

 

ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုရဲ့လူမူကွန်ယက်စာမျက်နှာမှာတော့

” အခြေအနေဖြစ်လာတဲ့အပေါ်အားလုံးကိုနားလည်ကြောင်းနဲ့အထက်အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက်အပေါ်ကျေနပ်ကြောင်းနဲ့၂၀၁၆ဝန်ကြီးချုပ်တာဝန်ယူကတည်းကကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ကြိုးပမ်းခဲ့တာကိုအာမခံကြောင်း၊သူနဲ့ပူးပေါင်းဆောင်ရွက်သူအားလုံးကိုကျေးဇူးတင်ပါတယ်”လို့ရေးသားထားပါတယ်။

 

NLDပါတီဗဟိုဒုတိယဥက္ကဋ္ဌဒေါက်တာဇော်မြင့်မောင်ကလည်း” ပရိုစီဂျာမှားနေတာတစ်ချက်ရှိတယ်၊စွပ်စွဲပြစ်တင်တဲ့သူကလေးပုံတစ်ပုံရှိရမယ်၊စွပ်စွဲပြစ်တင်တဲ့သူထဲကဒီကိစ္စမှာပုဂ္ဂိုလ်ရေးဆန်တဲ့အတွက်မပါချင်ပါဘူးတဲ့တစ်ယောက်ထွက်သွားတယ်၊နောက်တစ်ချက်ကဘာလဲဆိုရင်စုံစမ်းစစ်ဆေးရေးအဖွဲ့ကထွက်လိုက်တယ်၊ဒါကဘယ်ပရိုစီဂျာမှာမှမရှိဘူး၊တိုင်တဲ့သူကတရားသူကြီးခန့်လိုက်တဲ့အခါတရားလိုကိုတရားသူကြီးခန့်လိုက်တာဖြစ်သွားတာ၊ဒီပရိုစီဂျာနှစ်ခုမှားနေတယ်”လို့ဝေဖန်ပြောကြားခဲ့ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၅)၊ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပုဒ်မ၂၆၃(ခ)အရပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌အရေအတွက်လေးပုံတစ်ပုံကလက်မှတ်ရေးထိုးတင်ပြလာတဲ့ပြည်နယ်ဝန်ကြီးချုပ်ကိုစွပ်စွဲပြစ်တင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဥက္ကဋ္ဌနဲ့အတွင်းရေးမှုးအပါအဝင်အဖွဲ့ဝင်၅ဦးနဲ့ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။

 

ပြည်နယ်ဝန်ကြီးချုပ်ဟာကယားဒေးကွင်းမြေနေရာကိုစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်ဖို့ခွင့်ပြုခဲ့တဲ့ကိစ္စအပြင်အစိုးရအဖွဲ့ကနေစက်ယန္တယားကြီးတွေဝယ်ယူငှားရမ်းသုံးစွဲခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လေးပုံတစ်ပုံကစွပ်စွဲပြစ်တင်ခဲ့တာဖြစ်တယ်လို့ပြည်နယ်လွှတ်တော်ရုံးရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

 

ဒီလိုကိစ္စတွေဖြစ်ပေမယ့်လည်း နိုဝင်ဘာမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဦးအလ်ဖေါင်းရှိုက မူလအတိုင်း ကယားပြည်နယ်လွှတ်တော်အတွက် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကနေ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

 

#voiceofmyanmar #VOM #ကယားပြည်နယ်  #အယ်ဖေါင်းရှို

Zawgyi

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ကို သမၼတအမိန႔္နဲ႔ တာဝန္ကေန ရပ္စဲတာဟာ ဥပေဒကိုေလးစားလိုက္နာမႈျဖစ္ေပမယ့္ ကယားလႊတ္ေတာ္ဥကၠ႒ရဲ႕ ပုဂၢိဳလ္ေရးအာဃာတနဲ႔ ေဆာင္႐ြက္ခဲ့ေၾကာင္း ပါတီဗဟိုထုတ္ျပန္

မႏၲေလး ၊ စက္တင္ဘာ -၄-၂၀၂၀
Voice Of Myanmar

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရႈိ ကို ႏိုင္ငံေတာ္သမၼတက ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ
အေျခခံဥပေဒပုဒ္မ၂၆၃ ပုဒ္မခြဲ(၅) ၊ ပုဒ္မခြဲငယ္ (၂)အရ ရာထူးကရပ္စဲလိုက္ေၾကာင္း စက္တင္ဘာ ၃ ရက္ရက္စြဲနဲ႔ထုတ္ျပန္ခဲ့ပါတယ္။

ေျမယာနဲ႔စက္ယႏၲယားဝယ္ယူေရးကိစၥေတြနဲ႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံ စြပ္စြဲျပစ္တင္တဲ့ကိစၥ စုံစမ္းစစ္‌ေဆးမႈအၿပီးမွာ ႏိုင္ငံေတာ္သမၼတက လက္မွတ္ေရးထိုးၿပီး တာဝန္ကေန ရပ္စဲလိုက္တာျဖစ္ေၾကာင္း ျပည္နယ္လႊတ္ေတာ္အမတ္ ခူးသဲရယ္ က ေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဝန္ႀကီးခ်ဳပ္က လာေရာက္စစ္ေဆးမႈမခံေပမယ့္ စုံစမ္းမႈမ်ားၿပီးသြားခ်ိန္ စက္တင္ဘာ ၁ ရက္ေန႔က ျပည္နယ္လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ရာ ကန႔္ကြက္ မဲ ၄ မဲ၊ ေထာက္ခံမဲ၁၄ မဲနဲ႔အတည္ျပဳခဲ့တာေၾကာင့္ တာဝန္ကရပ္ဆိုင္းဖို႔ သမၼတကို တင္ျပခဲ့တာလည္း ျဖစ္ပါတယ္။

NLD ပါတီဗဟိုရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ဒီလိုဆုံးျဖတ္ခဲ့တာဟာ ဥပေဒကိုေလးစားလိုက္နာမႈျဖစ္ေပမယ့္ ကယားလႊတ္ေတာ္ဥကၠ႒ရဲ႕ ပုဂၢိဳလ္ေရးအာဃာတနဲ႔ ေဆာင္႐ြက္ခဲ့ေၾကာင္းေဖၚျပထားပါတယ္၊

“စြပ္စြဲျပစ္တင္မႈျဖစ္စဥ္သည္ လႊတ္ေတာ္ဥကၠ႒ကိုယ္တိုင္၏ လာမည့္ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းရာထားရာတြင္ ပါဝင္ခဲ့ျခင္းမရွိသျဖင့္ အလားတူ ပါဝင္ျခင္းမရွိေသာ အဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္ ကိုယ္စားလွည္မ်ားႏွင္းလည္းေကာင္း အဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္မဟုတ္သည့္ အျခားအစုအဖြဲ႕ဝင္ ကိုယ္စားလွယ္မ်ား၏ အင္အားကိုရယူၿပီးလည္းေကာင္းအဖြဲ႕ခ်ဳပ္၏ ႏိုင္ငံေရးပုံရိပ္ကို ထိခိုက္ေစမည့္အခ်ိန္ကိုက္ေဆာင္႐ြက္မႈျဖစ္သျဖင့္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕အေနျဖင့္ လႊတ္ေတာ္ဥကၠ႒သည္ ဥပေဒႏွင့္အညီ ေလ်ာ္ကန္သင့္ျမတ္မွန္ကန္စြာ ေဆာင္႐ြက္ျခင္းမျပဳဘဲ ပုဂၢိဳလ္ေရးအာဃာတျဖင့္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္းရႈျမင္သုံးသပ္ထားၿပီး
ေနာက္ေနာင္ဒီျဖစ္စဥ္မ်ိဳးကို ေပၚေပါက္ျခင္းမရွိေအာင္ ၾကပ္မတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကျငာအပ္ပါသည္။ “ လို႔ေရးသားထုတ္ျပန္ထားပါတယ္။

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ဦးအယ္လ္ေဖာင္းရႈိရဲ႕ လူမူကြန္ယက္စာမ်က္ႏွာမွာေတာ့
” အေျခအေနျဖစ္လာတဲ့အေပၚအားလုံးကိုနားလည္ေၾကာင္းနဲ႔ အထက္အႀကီးအကဲေတြရဲ႕ ဆုံးျဖတ္ခ်က္အေပၚေက်နပ္ေၾကာင္းနဲ႔ ၂၀၁၆ ဝန္ႀကီးခ်ဳပ္တာဝန္ယူကတည္းက ကိုယ္စြမ္းဉာဏ္စြမ္းရွိသေလာက္ ႀကိဳးပမ္းခဲ့တာကို အာမခံေၾကာင္း၊ သူနဲ႔ပူးေပါင္းေဆာင္႐ြက္သူအားလုံးကို ေက်းဇူးတင္ပါတယ္”လို႔ ေရးသားထားပါတယ္။

NLDပါတီဗဟို ဒုတိယဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္ကလည္း ” ပ႐ိုစီဂ်ာမွားေနတာ တစ္ခ်က္ရွိတယ္၊ စြပ္စြဲျပစ္တင္တဲ့သူက ေလးပုံတစ္ပုံရွိရမယ္၊ စြပ္စြဲျပစ္တင္တဲ့သူထဲက ဒီကိစၥမွာ ပုဂၢိဳလ္ေရးဆန္တဲ့အတြက္ မပါခ်င္ပါဘူးတဲ့ တစ္ေယာက္ထြက္သြားတယ္၊ ေနာက္တစ္ခ်က္က ဘာလဲဆိုရင္ စုံစမ္းစစ္ေဆးေရးအဖြဲ႕က ထြက္လိုက္တယ္၊ ဒါက ဘယ္ပ႐ိုစီဂ်ာမွာမွ မရွိဘူး ၊ တိုင္တဲ့သူက တရားသူႀကီးခန႔္လိုက္တဲ့အခါ တရားလိုကို တရားသူႀကီးခန႔္လိုက္တာျဖစ္သြားတာ၊ ဒီပ႐ိုစီဂ်ာႏွစ္ခုမွားေနတယ္” လို႔ ေဝဖန္ေျပာၾကားခဲ့ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း(၅)၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံဥပေဒပုဒ္မ ၂၆၃(ခ)အရ ျပည္နယ္လႊတ္‌ေတာ္ကိုယ္စားလွယ္‌အေရအတြက္ေလးပုံတစ္ပုံက လက္မွတ္ေရးထိုး တင္ျပလာတဲ့ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဥကၠ႒နဲ႔အတြင္းေရးမႈးအပါအဝင္အဖြဲ႕ဝင္ ၅ ဦးနဲ႔ဖြဲ႕စည္းခဲ့တာလည္းျဖစ္ပါတယ္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ဟာ ကယားေဒးကြင္း ေျမေနရာကို စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ ေဆာင္႐ြက္ဖို႔ ခြင့္ျပဳခဲ့တဲ့ကိစၥအျပင္ အစိုးရအဖြဲ႕ကေန စက္ယႏၲယားႀကီးေတြ ဝယ္ယူငွားရမ္း သုံးစြဲခဲ့တဲ့ ကိစၥေတြနဲ႔ ပတ္သက္လို႔ ပြင့္လင္းျမင္သာမႈမရွိဘူးဆိုၿပီး ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလးပုံတစ္ပုံက စြပ္စြဲျပစ္တင္ခဲ့တာျဖစ္တယ္လို႔ ျပည္နယ္လႊတ္ေတာ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

ဒီလိုကိစၥေတြျဖစ္ေပမယ့္လည္း ႏိုဝင္ဘာမွာ က်င္းပမယ့္ေ႐ြးေကာက္ပြဲမွာ ဦးအလ္ေဖါင္းရႈိက မူလအတိုင္း ကယားျပည္နယ္လႊတ္ေတာ္အတြက္ မယ္စဲ့ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) ကေန ျပန္လည္ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကယားျပည္နယ္ #အယ္ေဖါင္းရႈိ

Related posts

Leave a Comment

VOM News

FREE
VIEW